Premier League Transfer News

16 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– မိုဟာမက် ဆီမာကန်ကို စထရာဘိုးအသင်းဆီကနေ ခေါ်ယူဖို့ RB လိုက်ပ်ဇစ်တို့ သဘောတူညီမှု ရခဲ့တာဟာ လီဗာပူးလ်အသင်းအတွက် သတင်းကောင်းလိုဖြစ်ခဲ့ပြီး သူတို့တွေအနေနဲ့ ဒါယို အူပါမီကာနိုနဲ့ အီဘရာဟီမာ ကိုနာတေတို့နှစ်ဦးထဲက တစ်ဦးကို ရရှိနိုင်ဖို့ အလားအလာ ပိုကောင်းလာ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားစာရင်းတင်ထားတယ်လို့ သတင်းထွက်နေခဲ့တဲ့ နောက်ခံလူ အီဒါ မီလီတိုရဲ့ အခြေအနေက အမှန်အကန်ဖြစ်ပြီး သူတို့အနေနဲ့ ခေါ်ယူရရှိနိုင်တယ်လို့ဆိုတာကြောင့် လီဗာပူးလ်တာဝန်ရှိသူတွေအနေနဲ့ အသင်းနဲ့ အံဝင်နိုင်ခြေကို လေးလေးနက်နက် စဉ်းစားနေ။

– မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ဇယားထိပ်တွေ့ဆုံမှုအတွက် လီဗာပူးလ်အသင်းအနေနဲ့ ပထမအသင်းက ကစားသမား ၅ ဦး မပါဝင်နိုင်ဘဲ ကစားရမှာဖြစ်ပြီး ဗန်ဒိုက်၊ ဂိုမက်ဇ်၊ ကီးတား၊ ဂျိုတာ၊ ဆီမီကတ်စ်တို့ရဲ့ အခြေအနေတွေက ကြံ့ခိုင်မှု ရရှိဖို့ ဝေးနေသေးသလို မာတစ်ပ်ရဲ့ အခြေအနေကိုပါ စောင့်ကြည့်နေရ။

– လီဗာပူးလ်အသင်းရဲ့ ဂျပန်ကစားသမား တာကူမီ မီနာမီနိုက သူ့အနေနဲ့ အင်္ဂလိပ်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် လေလာချင် ပေမယ့် ကိုဗစ်က အတားအဆီးလိုဖြစ်နေပြီး အသင်းမှာ ဂျာမန်စကားပြောသူတွေဖြစ်ကြတဲ့ ရှာကျီရီ၊ ကီးတား၊ မာနေးနဲ့ မာတစ်ပ်တို့နဲ့သာ အဓိက ဆက်သွယ်နေရတယ်လို့ဆို။

– အသင်းကနေ ထွက်ခွာတော့မယ့် ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာအတွက် အစားထိုးဖို့ ကစားသမားနှစ်ဦးကို လီဗာပူးလ် တာဝန်ရှိသူတွေ ချိန်ဆနေပြီး ဘရိုက်တန်ရဲ့ အိဗ်စ် ဘီဆူးမားနဲ့ လိုင်လီရဲ့ ရီနာတို ဆန်ချက်စ်တို့ထဲက တစ်ဦးရွေးချယ်သွားမယ်လို့ သိရ။

– လီဗာပူးလ်အသင်းကနေ ဇင်းနစ်အသင်းဆီ နွေရာသီမှာ ထွက်ခွာသွားခဲ့တဲ့ ခရိုအေးရှားနောက်ခံလူ ဒီယန် လိုဗရန်အတွက် မိမိတို့အနေနဲ့ ဝမ်းနည်းခဲ့ရတယ်လို့ တိုက်စစ်မှူး မိုဟာမက် ဆာလားက ဆိုခဲ့ပြီး နှုတ်ဆက်ချိန်မှာ သူ့အနေနဲ့ ငိုတောင်ငိုခဲ့မိတယ်လို့ ဝန်ခံသွားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူသစ် သီယာဂို ဆေးလ်ဗားရဲ့ ဇနီးဖြစ်သူ အီဆာဘယ် ဒါဆေးလ်ဗားက လီဗာပူးလ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ဟာ သူတို့အသင်းရဲ့ ဘန် ချေးလ်ဝဲလ်ထက် ညံ့တယ်လို့ ဆိုခဲ့တာကြောင့် ပရိသတ်တွေ ဝိုင်းဝန်းလှောင်ပြောင်နေကြ။

– လီဗာပူးလ်အသင်းရဲ့ ဂရိနောက်ခံလူသစ် ကော့စ်တတ်စ် ဆီမီကတ်စ်ဟာ လက်ရှိအချိန်အထိ ကြံ့ခိုင်မှုပြည့်ဝတဲ့ အနေအထားဆီ ရောက်လာခြင်း မရှိသေးသလို စက်တင်ဘာလက ကူးစက်ခံခဲ့ရတဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ ထိုးနှက်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး စာချုပ်ချုပ်စဉ်က မျက်နှာနဲ့တောင် တခြားစီဖြစ်နေတာကို ပရိသတ်တွေ စာနာသနားခဲ့ကြရ။

– သီယာဂို အယ်လ်ကန်တာရာဟာ လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ တိကျပြီး အကွက်မြင်တဲ့ ပေးပို့မှုတွေဟာ မိမိတို့ ရှေ့တန်းသုံးယောက်အတွက်တော့ ကြီးမားတဲ့ အားသာချက်အဖြစ် အထောက်အကူပြုတယ်လို့ တိုက်စစ်မှူး ဆာဒီယို မာနေး ချီးကျူးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မိုဟာမက္ ဆီမာကန္ကို စထရာဘိုးအသင္းဆီကေန ေခၚယူဖို႔ RB လိုက္ပ္ဇစ္တို႔ သေဘာတူညီမႈ ရခဲ့တာဟာ လီဗာပူးလ္အသင္းအတြက္ သတင္းေကာင္းလိုျဖစ္ခဲ့ၿပီး သူတို႔ေတြအေနနဲ႔ ဒါယို အူပါမီကာႏိုနဲ႔ အီဘရာဟီမာ ကိုနာေတတို႔ႏွစ္ဦးထဲက တစ္ဦးကို ရရွိႏိုင္ဖို႔ အလားအလာ ပိုေကာင္းလာ။

– ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားစာရင္းတင္ထားတယ္လို႔ သတင္းထြက္ေနခဲ့တဲ့ ေနာက္ခံလူ အီဒါ မီလီတိုရဲ႕ အေျခအေနက အမွန္အကန္ျဖစ္ၿပီး သူတို႔အေနနဲ႔ ေခၚယူရရွိႏိုင္တယ္လို႔ဆိုတာေၾကာင့္ လီဗာပူးလ္တာဝန္ရွိသူေတြအေနနဲ႔ အသင္းနဲ႔ အံဝင္ႏိုင္ေျခကို ေလးေလးနက္နက္ စဥ္းစားေန။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ ဇယားထိပ္ေတြ႕ဆုံမႈအတြက္ လီဗာပူးလ္အသင္းအေနနဲ႔ ပထမအသင္းက ကစားသမား ၅ ဦး မပါဝင္ႏိုင္ဘဲ ကစားရမွာျဖစ္ၿပီး ဗန္ဒိုက္၊ ဂိုမက္ဇ္၊ ကီးတား၊ ဂ်ိဳတာ၊ ဆီမီကတ္စ္တို႔ရဲ႕ အေျခအေနေတြက ႀကံ့ခိုင္မႈ ရရွိဖို႔ ေဝးေနေသးသလို မာတစ္ပ္ရဲ႕ အေျခအေနကိုပါ ေစာင့္ၾကည့္ေနရ။

– လီဗာပူးလ္အသင္းရဲ႕ ဂ်ပန္ကစားသမား တာကူမီ မီနာမီႏိုက သူ႔အေနနဲ႔ အဂၤလိပ္ဘာသာစကားကို က်ယ္က်ယ္ျပန႔္ျပန႔္ ေလလာခ်င္ ေပမယ့္ ကိုဗစ္က အတားအဆီးလိုျဖစ္ေနၿပီး အသင္းမွာ ဂ်ာမန္စကားေျပာသူေတြျဖစ္ၾကတဲ့ ရွာက်ီရီ၊ ကီးတား၊ မာေနးနဲ႔ မာတစ္ပ္တို႔နဲ႔သာ အဓိက ဆက္သြယ္ေနရတယ္လို႔ဆို။

– အသင္းကေန ထြက္ခြာေတာ့မယ့္ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ရဲ႕ ေနရာအတြက္ အစားထိုးဖို႔ ကစားသမားႏွစ္ဦးကို လီဗာပူးလ္ တာဝန္ရွိသူေတြ ခ်ိန္ဆေနၿပီး ဘ႐ိုက္တန္ရဲ႕ အိဗ္စ္ ဘီဆူးမားနဲ႔ လိုင္လီရဲ႕ ရီနာတို ဆန္ခ်က္စ္တို႔ထဲက တစ္ဦးေ႐ြးခ်ယ္သြားမယ္လို႔ သိရ။

– လီဗာပူးလ္အသင္းကေန ဇင္းနစ္အသင္းဆီ ေႏြရာသီမွာ ထြက္ခြာသြားခဲ့တဲ့ ခ႐ိုေအးရွားေနာက္ခံလူ ဒီယန္ လိုဗရန္အတြက္ မိမိတို႔အေနနဲ႔ ဝမ္းနည္းခဲ့ရတယ္လို႔ တိုက္စစ္မႉး မိုဟာမက္ ဆာလားက ဆိုခဲ့ၿပီး ႏႈတ္ဆက္ခ်ိန္မွာ သူ႔အေနနဲ႔ ငိုေတာင္ငိုခဲ့မိတယ္လို႔ ဝန္ခံသြားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူသစ္ သီယာဂို ေဆးလ္ဗားရဲ႕ ဇနီးျဖစ္သူ အီဆာဘယ္ ဒါေဆးလ္ဗားက လီဗာပူးလ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ဟာ သူတို႔အသင္းရဲ႕ ဘန္ ေခ်းလ္ဝဲလ္ထက္ ညံ့တယ္လို႔ ဆိုခဲ့တာေၾကာင့္ ပရိသတ္ေတြ ဝိုင္းဝန္းေလွာင္ေျပာင္ေနၾက။

– လီဗာပူးလ္အသင္းရဲ႕ ဂရိေနာက္ခံလူသစ္ ေကာ့စ္တတ္စ္ ဆီမီကတ္စ္ဟာ လက္ရွိအခ်ိန္အထိ ႀကံ့ခိုင္မႈျပည့္ဝတဲ့ အေနအထားဆီ ေရာက္လာျခင္း မရွိေသးသလို စက္တင္ဘာလက ကူးစက္ခံခဲ့ရတဲ့ ကိုဗစ္-၁၉ ေရာဂါရဲ႕ ထိုးႏွက္မႈကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရၿပီး စာခ်ဳပ္ခ်ဳပ္စဥ္က မ်က္ႏွာနဲ႔ေတာင္ တျခားစီျဖစ္ေနတာကို ပရိသတ္ေတြ စာနာသနားခဲ့ၾကရ။

– သီယာဂို အယ္လ္ကန္တာရာဟာ လီဗာပူးလ္အသင္းရဲ႕ အေကာင္းဆုံးကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ တိက်ၿပီး အကြက္ျမင္တဲ့ ေပးပို႔မႈေတြဟာ မိမိတို႔ ေရွ႕တန္းသုံးေယာက္အတြက္ေတာ့ ႀကီးမားတဲ့ အားသာခ်က္အျဖစ္ အေထာက္အကူျပဳတယ္လို႔ တိုက္စစ္မႉး ဆာဒီယို မာေနး ခ်ီးက်ဴးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.