Premier League

အင်္ဂလန်လင်းမူလို့ နာမည်ကြီးနေတဲ့ အိုဝင်ရဲ့ ယခုအပတ် ပရီးမီးယားလိဂ် ခန့်မှန်းချက်များ


အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး မိုက်ကယ်အိုဝင်ဟာ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တိုရဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာလုပွဲအပါအဝင် ယခုအပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ဟောကိန်းထုတ်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘန်လေအသင်းကို အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၃ မှတ်အသာနဲ့ လီဗာပူးလ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယာဂင်ကလော့ပ်ဟာ နောက်ဆုံးကစားသမား လိဂ်ပွဲစဉ် ၃ ပွဲစလုံးမှာ နိုင်ပွဲ မရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အတွက်ရော မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပါ ကစားပေးခဲ့ဖူးတဲ့ မိုက်ကယ်အိုဝင်က ယခုအပတ် ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံးပွဲစဉ်မှာ ရမှတ်တွေ ခွဲယူသွားရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“ဟုတ်ပြီ။ ဒီပွဲကတော့ ကျိန်းသေပေါက် စူပါဆန်းဒေးဖြစ်လာမှာပဲ။ မန်ချက်စတာယူနိုက်တက်က သူတို့ရဲ့ ပြိုင်ဘက်ဟောင်းကြီးရဲ့ အထက်မှာ ရပ်တည်နေတဲ့အနေအထားနဲ့ အန်းဖီးကို သွားရမှာပါ”

“အိုလေဂန်နာဆိုးလ်ရှားရဲ့ ယူနိုက်တက်အတွက်တော့ အလှည့်အပြောင်းအချို့ ဖြစ်ခဲ့ပြီး အန်းဖီးက နိုင်ပွဲကတော့ သူတို့ရဲ့ ဆုဖလားပြိုင်ပွဲက နေရာကို ကျိန်းသေခိုင်မာသွားစေမှာဖြစ်ပါတယ်”


“လီဗာပူးလ်က ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၆၇ ပွဲ ရှုံးပွဲမရှိတဲ့ အံ့မခန်းအိမ်ကွင်းစံချိန်ကို ပိုင်ဆိုင်ထားပြီး သူတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက် နောက်ထပ်ပွဲစဉ်တစ်ပွဲလိုပဲ ပြုမူနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်”

“ဒါပေမယ့် အသင်းမှာရှိနေတဲ့လူတွေအားလုံး၊ အထူးသဖြင့် ပရိသတ်တွေက အသင်းရဲ့အိမ်ကွင်းစံချိန်ဟာ အဆုံးသတ်ရမယ့် အချိန်ရောက်လာခဲ့တယ်ဆိုရင်တောင်မှ ယူနိုက်တက်ကြောင့် ဖြစ်လိမ့်မယ်လို့ မျှော်လင့်မှာမဟုတ်ပါဘူး”

“ကျွန်တော့်တစ်ယောက်တည်းအမြင်အရ လီဗာပူးလ်ရဲ့ အိမ်ကွင်းစံချိန်က အဆုံးသတ်မယ်လို့ မမြင်ဘဲ တော်တော်ခက်ခဲတဲ့ပွဲဖြစ်လာမယ်ထင်ပါတယ်။ ၂ သင်းစလုံးက တန်ပြန်တိုက်စစ်ကစားရတာကို နှစ်သက်တယ်ဆိုတော့ ဒီပွဲက ကြောင်နဲ့ကြွက် ဇာတ်လမ်းလိုပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်”

“၂ သင်းစလုံးက တန်ပြန်တိုက်စစ်နဲ့ အဆုံးသတ်နိုင်တာကြောင့် သူတို့ရဲ့ နေရာအချို့ကို လွှတ်ထားပေးဖွယ်ရှိနေပြီး အဲဒီလိုသာ တကယ်ဖြစ်လာရင် အန်းဖီးမှာ သရေ ၁ မှတ်စီ ခွဲယူသွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ချဲလ်ဆီးအသင်းကတော့ ယနေ့ညမှာ တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ခရစ်စမတ်ပွဲကျပ်ကာလမှာ ဆိုးရွားတဲ့ရလဒ်တွေ ရရှိခဲ့ပြီးနောက် ရလဒ်ကောင်းတွေ ပြန်လည်ရယူသွားဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

“မယုံနိုင်စရာကောင်းလောက်အောင်ပဲ ဖူလ်ဟမ်က သူတို့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲစလုံးမှာ သရေကျခဲ့တယ်။ သူတို့ နောက်ဆုံးသရေကျထားတာက တော့တင်ဟမ်ဟော့စပါးနဲ့ပွဲမှာဖြစ်ပြီး အမှတ်ပေးဇယားအောက်ခြေကို ရောက်နေတဲ့အချိန်မှာ မဖြစ်မနေတိုက်ပွဲဝင်ဖို့လိုအပ်တယ်ဆိုတာကို မေးခွန်းထုတ်စရာမရှိဘူးဆိုတာ ပြသခဲ့တာပါ”

“ချဲလ်ဆီးကတော့ သူတို့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတယ်။ အဲဒါက ချဲလ်ဆီးအသင်းအတွက် မေ့ပစ်ရမယ့် ခရစ်စ်မတ်ကာလဖြစ်ခဲ့ပြီး သူတို့တွေ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံးအဝေးကွင်းပွဲမှာတော့ အနိုင်ပြန်လိုချင်နေမှာပါ။ ဖူလ်ဟမ်က ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့်လည်း ချဲလ်ဆီးက အဲဒီစိတ်ဓာတ်နဲ့ ရှေ့ဆက်သွားချင်နေမယ်လို့ ကျွန်တော် ထင်ပြီး ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်နဲ့ အနိုင်ရသွားမယ်လို့ မြင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်အသင်းကို အက်ဖ်အေဖလား အချိန်ပိုကျမှ ဂိုးသွင်းပြီးနိုင်သွားတယ်ဆိုပေမယ့် မိုက်ကယ်အိုဝင်က ယခုအပတ်မှာတော့ တော်ဝင်ဂန်းနားတွေအနေနဲ့ မိနစ် ၉၀ အတွင်းမှာ ကောင်းကောင်းလုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

“အာဆင်နယ်နဲ့ နယူးကာဆယ်တို့ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ မိနစ် ၉၀ စလုံး သူတင်ကိုယ်တင်ဖြစ်နေခဲ့တာပါ။ သူတို့တွေ အခု ပရီးမီးယားလိဂ်မှာ နောက်ထပ်တစ်ကြိမ် ပြန်လည်ရင်ဆိုင်ရဦးမှာဖြစ်ပြီး ၂ သင်းစလုံးက ပြီးခဲ့တဲ့ ပွဲတွေမှာ ရမှတ်တွေ လျော့ကျထားပါတယ်။ စတိဗ်ဘရုစ်အပေါ်မှာလည်း ဖိအားတွေကတော့ ရှိနေမှာပါ။ သူတို့တွေ ရှက်ဖီးယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ အဝေးကွင်းပွဲက ပရိသတ်တွေအတွက်တော့ လက်မခံနိုင်စရာဖြစ်ခဲ့ပြီး ဒီပွဲမှာ တုံ့ပြန်ဖို့ တောင်းဆိုမှုတွေ ခံထားရပါလိမ့်မယ်”

“အာဆင်နယ်က ပြီးခဲ့တဲ့အိမ်ကွင်းပွဲမှာ သရေကျထားပေမယ့် အမ်းမရိတ်စ်မှာ အကောင်းမြင်စိတ်တွေ ရှိနေဆဲပါ။ သူတို့တွေက လွန်ခဲ့တဲ့ရက်သတ္တပတ်လောက်က ပြသခဲ့တဲ့ ယုံကြည်ချက်ထက်ပိုတဲ့ ယုံကြည်ချက်နဲ့ ကျိန်းသေကစားသွားမှာပါ။ ဒီပွဲက နောက်ထပ်တစ်ကြိမ် ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ ထင်ပေမယ့် အခုအချိန်မှာ နယူးကာဆယ်အသင်းက စိတ်ဓာတ်ပိုင်းမှာ ကျဆင်းနေပါတယ်။ ကျွန်တော်ကတော့ အနိုင်ရမယ့်အသင်း တစ်သင်းပဲ မြင်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ် ခန့်မှန်းချက်များ

ဝုဗ် ၂-၀ ဝက်စ်ဘရွန်း

လိဒ်စ် ၃-၁ ဘရိုက်တန်

ဖူလ်ဟမ် ၁-၂ ချဲလ်ဆီး

ဝက်စ်ဟမ်း ၁-၀ ဘန်လေ

ရှက်ဖီး ၁-၂ စပါး

လက်စတာစီးတီး ၂-၁ ဆောက်သမ်တန်

လီဗာပူးလ် ၀-၀ မန်ချက်စတာယူနိုက်တက်

မန်စီးတီး ၃-၁ ပဲလေ့စ်

အာဆင်နယ် ၂-၀ နယူးကာဆယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး မိုက္ကယ္အိုဝင္ဟာ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူနိုက္တက္တိုရဲ့ အမွတ္ေပးဇယားထိပ္ဆုံးေနရာလုပြဲအပါအဝင္ ယခုအပတ္မွာ ယွဥ္ၿပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအတြက္ ေဟာကိန္းထုတ္ခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဘန္ေလအသင္းကို အနိုင္ရခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၃ မွတ္အသာနဲ႔ လီဗာပူးလ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ယာဂင္ကေလာ့ပ္ဟာ ေနာက္ဆုံးကစားသမား လိဂ္ပြဲစဥ္ ၃ ပြဲစလုံးမွာ နိုင္ပြဲ မရယူနိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ေရာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ပါ ကစားေပးခဲ့ဖူးတဲ့ မိုက္ကယ္အိုဝင္က ယခုအပတ္ ပရီးမီးယားလိဂ္ရဲ့ အႀကီးမားဆုံးပြဲစဥ္မွာ ရမွတ္ေတြ ခြဲယူသြားရလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

“ဟုတ္ၿပီ။ ဒီပြဲကေတာ့ က်ိန္းေသေပါက္ စူပါဆန္းေဒးျဖစ္လာမွာပဲ။ မန္ခ်က္စတာယူနိုက္တက္က သူတို႔ရဲ့ ၿပိဳင္ဘက္ေဟာင္းႀကီးရဲ့ အထက္မွာ ရပ္တည္ေနတဲ့အေနအထားနဲ႔ အန္းဖီးကို သြားရမွာပါ”

“အိုေလဂန္နာဆိုးလ္ရွားရဲ့ ယူနိုက္တက္အတြက္ေတာ့ အလွည့္အေျပာင္းအခ်ိဳ႕ ျဖစ္ခဲ့ၿပီး အန္းဖီးက နိုင္ပြဲကေတာ့ သူတို႔ရဲ့ ဆုဖလားၿပိဳင္ပြဲက ေနရာကို က်ိန္းေသခိုင္မာသြားေစမွာျဖစ္ပါတယ္”


“လီဗာပူးလ္က ပရီးမီးယားလိဂ္မွာ အိမ္ကြင္း ၆၇ ပြဲ ရႈံးပြဲမရွိတဲ့ အံ့မခန္းအိမ္ကြင္းစံခ်ိန္ကို ပိုင္ဆိုင္ထားၿပီး သူတို႔ရဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္နိုင္ဖို႔အတြက္ ေနာက္ထပ္ပြဲစဥ္တစ္ပြဲလိုပဲ ျပဳမူနိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္”

“ဒါေပမယ့္ အသင္းမွာရွိေနတဲ့လူေတြအားလုံး၊ အထူးသျဖင့္ ပရိသတ္ေတြက အသင္းရဲ့အိမ္ကြင္းစံခ်ိန္ဟာ အဆုံးသတ္ရမယ့္ အခ်ိန္ေရာက္လာခဲ့တယ္ဆိုရင္ေတာင္မွ ယူနိုက္တက္ေၾကာင့္ ျဖစ္လိမ့္မယ္လို႔ ေမၽွာ္လင့္မွာမဟုတ္ပါဘူး”

“ကၽြန္ေတာ့္တစ္ေယာက္တည္းအျမင္အရ လီဗာပူးလ္ရဲ့ အိမ္ကြင္းစံခ်ိန္က အဆုံးသတ္မယ္လို႔ မျမင္ဘဲ ေတာ္ေတာ္ခက္ခဲတဲ့ပြဲျဖစ္လာမယ္ထင္ပါတယ္။ ၂ သင္းစလုံးက တန္ျပန္တိုက္စစ္ကစားရတာကို ႏွစ္သက္တယ္ဆိုေတာ့ ဒီပြဲက ေၾကာင္နဲ႔ႂကြက္ ဇာတ္လမ္းလိုပဲ ျဖစ္လိမ့္မယ္ ထင္ပါတယ္”

“၂ သင္းစလုံးက တန္ျပန္တိုက္စစ္နဲ႔ အဆုံးသတ္နိုင္တာေၾကာင့္ သူတို႔ရဲ့ ေနရာအခ်ိဳ႕ကို လႊတ္ထားေပးဖြယ္ရွိေနၿပီး အဲဒီလိုသာ တကယ္ျဖစ္လာရင္ အန္းဖီးမွာ သေရ ၁ မွတ္စီ ခြဲယူသြားမယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။


ခ်ဲလ္ဆီးအသင္းကေတာ့ ယေန႔ညမွာ တန္းဆင္းရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတဲ့ ဖူလ္ဟမ္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ခရစ္စမတ္ပြဲက်ပ္ကာလမွာ ဆိုးရြားတဲ့ရလဒ္ေတြ ရရွိခဲ့ၿပီးေနာက္ ရလဒ္ေကာင္းေတြ ျပန္လည္ရယူသြားဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

“မယုံနိုင္စရာေကာင္းေလာက္ေအာင္ပဲ ဖူလ္ဟမ္က သူတို႔ရဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၅ ပြဲစလုံးမွာ သေရက်ခဲ့တယ္။ သူတို႔ ေနာက္ဆုံးသေရက်ထားတာက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲမွာျဖစ္ၿပီး အမွတ္ေပးဇယားေအာက္ေျခကို ေရာက္ေနတဲ့အခ်ိန္မွာ မျဖစ္မေနတိုက္ပြဲဝင္ဖို႔လိုအပ္တယ္ဆိုတာကို ေမးခြန္းထုတ္စရာမရွိဘူးဆိုတာ ျပသခဲ့တာပါ”

“ခ်ဲလ္ဆီးကေတာ့ သူတို႔ရဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္မွာ မန္ခ်က္စတာစီးတီးအသင္းရဲ့ အနိုင္ယူျခင္းကို ခံခဲ့ရတယ္။ အဲဒါက ခ်ဲလ္ဆီးအသင္းအတြက္ ေမ့ပစ္ရမယ့္ ခရစ္စ္မတ္ကာလျဖစ္ခဲ့ၿပီး သူတို႔ေတြ ၂၀၂၁ ခုႏွစ္ရဲ့ ပထမဆုံးအေဝးကြင္းပြဲမွာေတာ့ အနိုင္ျပန္လိုခ်င္ေနမွာပါ။ ဖူလ္ဟမ္က ေကာင္းေကာင္းကစားနိုင္ခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးက အဲဒီစိတ္ဓာတ္နဲ႔ ေရွ႕ဆက္သြားခ်င္ေနမယ္လို႔ ကၽြန္ေတာ္ ထင္ၿပီး က်ဥ္းေျမာင္းတဲ့ ဂိုးရလဒ္နဲ႔ အနိုင္ရသြားမယ္လို႔ ျမင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။


အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့အပတ္က နယူးကာဆယ္အသင္းကို အက္ဖ္ေအဖလား အခ်ိန္ပိုက်မွ ဂိုးသြင္းၿပီးနိုင္သြားတယ္ဆိုေပမယ့္ မိုက္ကယ္အိုဝင္က ယခုအပတ္မွာေတာ့ ေတာ္ဝင္ဂန္းနားေတြအေနနဲ႔ မိနစ္ ၉၀ အတြင္းမွာ ေကာင္းေကာင္းလုပ္နိုင္မယ္လို႔ ေမၽွာ္လင့္ထားပါတယ္။

“အာဆင္နယ္နဲ႔ နယူးကာဆယ္တို႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာ မိနစ္ ၉၀ စလုံး သူတင္ကိုယ္တင္ျဖစ္ေနခဲ့တာပါ။ သူတို႔ေတြ အခု ပရီးမီးယားလိဂ္မွာ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ရင္ဆိုင္ရဦးမွာျဖစ္ၿပီး ၂ သင္းစလုံးက ၿပီးခဲ့တဲ့ ပြဲေတြမွာ ရမွတ္ေတြ ေလ်ာ့က်ထားပါတယ္။ စတိဗ္ဘ႐ုစ္အေပၚမွာလည္း ဖိအားေတြကေတာ့ ရွိေနမွာပါ။ သူတို႔ေတြ ရွက္ဖီးယူနိုက္တက္ကို ရႈံးနိမ့္ခဲ့တဲ့ အေဝးကြင္းပြဲက ပရိသတ္ေတြအတြက္ေတာ့ လက္မခံနိုင္စရာျဖစ္ခဲ့ၿပီး ဒီပြဲမွာ တုံ႔ျပန္ဖို႔ ေတာင္းဆိုမႈေတြ ခံထားရပါလိမ့္မယ္”

“အာဆင္နယ္က ၿပီးခဲ့တဲ့အိမ္ကြင္းပြဲမွာ သေရက်ထားေပမယ့္ အမ္းမရိတ္စ္မွာ အေကာင္းျမင္စိတ္ေတြ ရွိေနဆဲပါ။ သူတို႔ေတြက လြန္ခဲ့တဲ့ရက္သတၱပတ္ေလာက္က ျပသခဲ့တဲ့ ယုံၾကည္ခ်က္ထက္ပိုတဲ့ ယုံၾကည္ခ်က္နဲ႔ က်ိန္းေသကစားသြားမွာပါ။ ဒီပြဲက ေနာက္ထပ္တစ္ႀကိမ္ ခက္ခဲတဲ့ပြဲစဥ္ျဖစ္လာလိမ့္မယ္လို႔ ထင္ေပမယ့္ အခုအခ်ိန္မွာ နယူးကာဆယ္အသင္းက စိတ္ဓာတ္ပိုင္းမွာ က်ဆင္းေနပါတယ္။ ကၽြန္ေတာ္ကေတာ့ အနိုင္ရမယ့္အသင္း တစ္သင္းပဲ ျမင္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မိုက္ကယ္အိုဝင္ရဲ့ ယခုအပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ ခန႔္မွန္းခ်က္မ်ား

ဝုဗ္ ၂-၀ ဝက္စ္ဘရြန္း

လိဒ္စ္ ၃-၁ ဘရိုက္တန္

ဖူလ္ဟမ္ ၁-၂ ခ်ဲလ္ဆီး

ဝက္စ္ဟမ္း ၁-၀ ဘန္ေလ

ရွက္ဖီး ၁-၂ စပါး

လက္စတာစီးတီး ၂-၁ ေဆာက္သမ္တန္

လီဗာပူးလ္ ၀-၀ မန္ခ်က္စတာယူနိုက္တက္

မန္စီးတီး ၃-၁ ပဲေလ့စ္

အာဆင္နယ္ ၂-၀ နယူးကာဆယ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.