Premier League

ဘယ်တော့မှ မေ့မရနိုင်မယ့် ဥရောပအကောင်းဆုံးအသင်းကို ရူးခါနေအောင်လုပ်ပြီးသွင်းယူခဲ့တဲ့ ကန်တိုနာရဲ့သွင်းဂိုး


ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး အဲရစ် ကန်တိုနာဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် မြူးနစ်ဖြစ်ရပ်ဆိုး နှစ် ၄၀ မြောက် အမှတ်ရဖွယ်ပွဲစဉ်မှာ မယုံကြည်နိုင်ဖွယ် သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကို နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားရရှိအောင် ၁၅ ဂိုးသွင်းယူပြီး ကူညီပေးခဲ့တဲ့ ၁၉၉၆-၁၉၉၇ ရာသီအကုန်မှာ ကန်တိုနာဟာ အသက် ၃၀ အရွယ်သာရှိသေးပေမယ့် ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး အဲဒီအချိန်တုန်းက ကန်တိုနာဟာ အသက် ၃၀ အရွယ်သာရှိသေးတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ပြင်သစ်မှော်ဆရာအနေနဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့အတွက် စောလွန်းသေးတယ်လို့ ခံစားခဲ့ရပြီး ရာသီပြီးမှ အနားယူတဲ့ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာဖြစ်တဲ့အတွက် ယူနိုက်တက်ပရိသတ်တွေဟာ ၎င်းတို့ရဲ့အသင်းခေါင်းဆောင်ကို နှုတ်ဆက်စကားပြောဖို့ အခွင့်အရေး မရရှိခဲ့ကြတာဖြစ်ပါတယ်။


နောက်ထပ်တစ်နှစ်အကြာမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ကစားသမားနဲ့ ဝန်ထမ်း ၁၁ ဦးအထိ သေဆုံးခဲ့တဲ့ မြူးနစ် လေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ဆိုး နှစ် ၄၀ ပြည့်အနေနဲ့ရော ကန်တိုနာ နှုတ်ဆက်ပွဲအနေနဲ့ပါ ဥရောပအကောင်းဆုံးကစားသမား ၁၁ ဦးအသင်းနဲ့ ခြေစမ်းပွဲကို စီစဉ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ကန်တိုနာက ဥရောပအကောင်းဆုံး ၁၁ ဦးအသင်းအတွက် ပထမပိုင်းမှာ ကစားပေးဖို့ ရွေးချယ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြောင်းလဲကစားပေးခဲ့တဲ့အချိန်မှာတော့ ၎င်းရဲ့ကစားသမားဘဝ အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။


ကန်တိုနာဟာ ပင်နယ်တီဧရိယာထောင့်ကနေ နောက်ခံကစားသမား တစ်ဦးချင်းစီကို ကျော်ဖြတ်လာခဲ့ပြီး ဂိုးကန်သွင်းတော့မယ့်အချိန်မှာ ဂိုးစည်းပေါ်မှာ ပိတ်ဆို့ဖို့ စောင့်ဆိုင်းနေတဲ့ နောက်ခံကစားသမားကို အရူးလုပ်ပြီး ဘောလုံးကို အသာအယာ ကလော် သွင်းယူသွားခဲ့တာဟာ မြင်တွေ့ရသူတိုင်း မပြုံးဘဲမနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဥရောပအကောင်းဆုံးအသင်းမှာ လောရန့်စ် ဘလန့်(နောင်တစ်ချိန်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ်နောက်ခံကစားသမား)၊ ဂျင်း ပီအဲ ပါပင်၊ ပေါလ် ဂက်စ်ကွိုင်နီ၊ ယူနိုက်တက်ကစားသမားဟောင်း မာ့ခ် ဟုချ်၊ ဘရိုင်ယန် ရော့ဘ်ဆင်(ယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး)၊ ကန်တိုနာရဲ့ညီ ဂျိုဝယ်တို့လို ကစားသမားတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရိုင်ယန် ဂစ်၊ ပေါလ် စခိုး၊ ဂျော်ဒီ ခရိုက်ဖ်၊ ဖီးလ် နဗီး၊ နစ်ကီ ဘတ်၊ ယူနိုက်တက်လူငယ်ကြယ်ပွင့် အဲလက်စ် နော့တ်မန်း၊ ကန်တိုနာတို့က မန်ချက်စတာယူနိုက်တက်အသင်းကို ၈-၄ နဲ့ အနိုင်ရရှိအောင် ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉး အဲရစ္ ကန္တိုနာဟာ ကစားသမားဘဝကေန အနားယူၿပီးေနာက္ ျမဴးနစ္ျဖစ္ရပ္ဆိုး ႏွစ္ ၄၀ ေျမာက္ အမွတ္ရဖြယ္ပြဲစဥ္မွာ မယုံၾကည္နိုင္ဖြယ္ သြင္းဂိုးကို သြင္းယူခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္အသင္းကို ေနာက္ထပ္တစ္ႀကိမ္ ပရီးမီးယားလိဂ္ဖလားရရွိေအာင္ ၁၅ ဂိုးသြင္းယူၿပီး ကူညီေပးခဲ့တဲ့ ၁၉၉၆-၁၉၉၇ ရာသီအကုန္မွာ ကန္တိုနာဟာ အသက္ ၃၀ အရြယ္သာရွိေသးေပမယ့္ ကစားသမားဘဝကေန အနားယူၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး အဲဒီအခ်ိန္တုန္းက ကန္တိုနာဟာ အသက္ ၃၀ အရြယ္သာရွိေသးတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ ျပင္သစ္ေမွာ္ဆရာအေနနဲ႔ ကစားသမားဘဝကို အဆုံးသတ္ဖို႔အတြက္ ေစာလြန္းေသးတယ္လို႔ ခံစားခဲ့ရၿပီး ရာသီၿပီးမွ အနားယူတဲ့ဆုံးျဖတ္ခ်က္ကို ေၾကညာခဲ့တာျဖစ္တဲ့အတြက္ ယူနိုက္တက္ပရိသတ္ေတြဟာ ၎တို႔ရဲ့အသင္းေခါင္းေဆာင္ကို ႏႈတ္ဆက္စကားေျပာဖို႔ အခြင့္အေရး မရရွိခဲ့ၾကတာျဖစ္ပါတယ္။


ေနာက္ထပ္တစ္ႏွစ္အၾကာမွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အသင္းရဲ့ကစားသမားနဲ႔ ဝန္ထမ္း ၁၁ ဦးအထိ ေသဆုံးခဲ့တဲ့ ျမဴးနစ္ ေလယာဥ္ပ်က္က်တဲ့ျဖစ္ရပ္ဆိုး ႏွစ္ ၄၀ ျပည့္အေနနဲ႔ေရာ ကန္တိုနာ ႏႈတ္ဆက္ပြဲအေနနဲ႔ပါ ဥေရာပအေကာင္းဆုံးကစားသမား ၁၁ ဦးအသင္းနဲ႔ ေျခစမ္းပြဲကို စီစဥ္ခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္တိုက္စစ္မႉး ကန္တိုနာက ဥေရာပအေကာင္းဆုံး ၁၁ ဦးအသင္းအတြက္ ပထမပိုင္းမွာ ကစားေပးဖို႔ ေရြးခ်ယ္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အသင္းေဟာင္း မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ေျပာင္းလဲကစားေပးခဲ့တဲ့အခ်ိန္မွာေတာ့ ၎ရဲ့ကစားသမားဘဝ အေကာင္းဆုံးသြင္းဂိုးေတြထဲက တစ္ဂိုးကို သြင္းယူနိုင္ခဲ့ပါတယ္။


ကန္တိုနာဟာ ပင္နယ္တီဧရိယာေထာင့္ကေန ေနာက္ခံကစားသမား တစ္ဦးခ်င္းစီကို ေက်ာ္ျဖတ္လာခဲ့ၿပီး ဂိုးကန္သြင္းေတာ့မယ့္အခ်ိန္မွာ ဂိုးစည္းေပၚမွာ ပိတ္ဆို႔ဖို႔ ေစာင့္ဆိုင္းေနတဲ့ ေနာက္ခံကစားသမားကို အ႐ူးလုပ္ၿပီး ေဘာလုံးကို အသာအယာ ကေလာ္ သြင္းယူသြားခဲ့တာဟာ ျမင္ေတြ႕ရသူတိုင္း မျပဳံးဘဲမေနနိုင္ေအာင္ ျဖစ္ခဲ့ရပါတယ္။ ဥေရာပအေကာင္းဆုံးအသင္းမွာ ေလာရန႔္စ္ ဘလန႔္(ေနာင္တစ္ခ်ိန္မွာ ယူနိုက္တက္ကို ေျပာင္းေရႊ႕လာခဲ့တဲ့ ျပင္သစ္ေနာက္ခံကစားသမား)၊ ဂ်င္း ပီအဲ ပါပင္၊ ေပါလ္ ဂက္စ္ကြိဳင္နီ၊ ယူနိုက္တက္ကစားသမားေဟာင္း မာ့ခ္ ဟုခ်္၊ ဘရိုင္ယန္ ေရာ့ဘ္ဆင္(ယူနိုက္တက္ဂႏၲဝင္တိုက္စစ္မႉး)၊ ကန္တိုနာရဲ့ညီ ဂ်ိဳဝယ္တို႔လို ကစားသမားေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ရိုင္ယန္ ဂစ္၊ ေပါလ္ စခိုး၊ ေဂ်ာ္ဒီ ခရိုက္ဖ္၊ ဖီးလ္ နဗီး၊ နစ္ကီ ဘတ္၊ ယူနိုက္တက္လူငယ္ၾကယ္ပြင့္ အဲလက္စ္ ေနာ့တ္မန္း၊ ကန္တိုနာတို႔က မန္ခ်က္စတာယူနိုက္တက္အသင္းကို ၈-၄ နဲ႔ အနိုင္ရရွိေအာင္ ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.