Premier League

ပြင်သစ်နောက်ခံကစားသမား ၂ ဦးကို ခေါ်ယူချင်နေပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့ကိုယ်စားလှယ်ကို ဆက်သွယ်ခဲ့တဲ့ လီဗာပူးလ်


လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်နောက်ခံကစားသမား ၂ ဦးဖြစ်တဲ့ အူပါမီကာနိုနဲ့ အီဘရာဟီမာ ကိုနာတေးတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


ခရစ်ရှန် ဖော့ခ်ရဲ့ ပြောကြားချက်အရ လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးအသင်းတို့လိုပဲ အူပါမီကာနိုရဲ့ ကိုယ်စားလှယ်ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်နောက်ခံကစားသမားဟာ ဥရောပတလွှားမှာ အလားအလာများစွာရှိတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၎င်းကို ခေါ်ယူနိုင်ဖို့အတွက် ဥရောပထိပ်တန်းအသင်းကြီးတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြတာကတော့ အံ့အားသင့်စရာ မဟုတ်တော့ပါဘူး။


Guardian ရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်အသင်းဟာ အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားကို ယခုလမှာ ရောင်းချလိုခြင်းမရှိပေမယ့် အူပါမီကာနိုကို ခေါ်ယူချင်နေတဲ့ အသင်းတွေအနေနဲ့ လာမယ့်နွေရာသီမှာ ၎င်းရဲ့ စာချုပ်လျော်ကြေး ပေါင် ၃၇.၄ သန်းကို အသက်သွင်းနိုင်လိမ့်မယ်လို့ သိရပါတယ်။ ကိုနာတေးကလည်း လိုက်ပ်ဇစ်အသင်းမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမားဟာ အမြင့်ဘောမှာ ထူးချွန်ခြင်းနဲ့ ကစားဟန်ကြောင့် ၎င်းရဲ့ အသင်းဖော် အူပါမီကာနိုထက် လီဗာပူးလ်အသင်းနဲ့ ပိုအံကိုက်တယ်လို့တောင် ပြောလို့ရပါတယ်။


လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်လတွေမှာ ဘွန်ဒက်စ်လီဂါနောက်ခံကစားသမား ၂ ဦးအတွက် ခိုင်မာတဲ့ကမ်းလှမ်းမှုနဲ့အတူ ၎င်းတို့ စိတ်ဝင်စားမှုကို ဆက်လက်ပြသသွားမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ ဗန်ဒိုက်၊ ဂျိုး ဂိုးမက်ဇ်တို့ ကာလရှည်အနားယူရမယ့်ဒဏ်ရာတွေကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေပေမယ့် လီဗာပူးလ်အသင်းဟာ ယခုလမှာ နောက်ခံကစားသမား ခေါ်ယူဖို့က မဖြစ်နိုင်ဖို့ ပိုများနေတာဖြစ်ပါတယ်။

ဂျိုယယ်လ် မာတစ်ပ်ကလည်း အန်းဖီးကို ပြောင်းရွှေ့ခဲ့ချိန်ကတည်းက ဒဏ်ရာ ပြဿနာအတော်လေးများနေခဲ့တဲ့ ကစားသမားဖြစ်ပြီး လီဗာပူးလ်ဟာ လက်ရှိမှာတော့ အနာဂတ်အတွက် အစီအစဉ် ဆွဲရတော့မှာဖြစ်ပြီး လိုက်ပ်ဇစ်နောက်ခံကစားသမား ၂ ဦးကို ခေါ်ယူဖို့က ရေရှည်အတွက် အကောင်းဆုံး စီမံကိန်း ဖြစ်လာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးလ္အသင္းဟာ လိုက္ပ္ဇစ္ေနာက္ခံကစားသမား ၂ ဦးျဖစ္တဲ့ အူပါမီကာနိုနဲ႔ အီဘရာဟီမာ ကိုနာေတးတို႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။


ခရစ္ရွန္ ေဖာ့ခ္ရဲ့ ေျပာၾကားခ်က္အရ လီဗာပူးလ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔လိုပဲ အူပါမီကာနိုရဲ့ ကိုယ္စားလွယ္ကို ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ျပင္သစ္ေနာက္ခံကစားသမားဟာ ဥေရာပတလႊားမွာ အလားအလာမ်ားစြာရွိတဲ့ ကစားသမားအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး ၎ကို ေခၚယူနိုင္ဖို႔အတြက္ ဥေရာပထိပ္တန္းအသင္းႀကီးေတြက အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနၾကတာကေတာ့ အံ့အားသင့္စရာ မဟုတ္ေတာ့ပါဘူး။


Guardian ရဲ့ ေဖာ္ျပခ်က္အရ လိုက္ပ္ဇစ္အသင္းဟာ အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံကစားသမားကို ယခုလမွာ ေရာင္းခ်လိုျခင္းမရွိေပမယ့္ အူပါမီကာနိုကို ေခၚယူခ်င္ေနတဲ့ အသင္းေတြအေနနဲ႔ လာမယ့္ေႏြရာသီမွာ ၎ရဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၃၇.၄ သန္းကို အသက္သြင္းနိုင္လိမ့္မယ္လို႔ သိရပါတယ္။ ကိုနာေတးကလည္း လိုက္ပ္ဇစ္အသင္းမွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသေနတဲ့ ကစားသမားျဖစ္ၿပီး အသက္ ၂၁ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ အျမင့္ေဘာမွာ ထူးခၽြန္ျခင္းနဲ႔ ကစားဟန္ေၾကာင့္ ၎ရဲ့ အသင္းေဖာ္ အူပါမီကာနိုထက္ လီဗာပူးလ္အသင္းနဲ႔ ပိုအံကိုက္တယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။


လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္လေတြမွာ ဘြန္ဒက္စ္လီဂါေနာက္ခံကစားသမား ၂ ဦးအတြက္ ခိုင္မာတဲ့ကမ္းလွမ္းမႈနဲ႔အတူ ၎တို႔ စိတ္ဝင္စားမႈကို ဆက္လက္ျပသသြားမလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။ ဗန္ဒိုက္၊ ဂ်ိဳး ဂိုးမက္ဇ္တို႔ ကာလရွည္အနားယူရမယ့္ဒဏ္ရာေတြေၾကာင့္ အသင္းရဲ့ ပြဲစဥ္ေတြကို လြဲေခ်ာ္ေနေပမယ့္ လီဗာပူးလ္အသင္းဟာ ယခုလမွာ ေနာက္ခံကစားသမား ေခၚယူဖို႔က မျဖစ္နိုင္ဖို႔ ပိုမ်ားေနတာျဖစ္ပါတယ္။

ဂ်ိဳယယ္လ္ မာတစ္ပ္ကလည္း အန္းဖီးကို ေျပာင္းေရႊ႕ခဲ့ခ်ိန္ကတည္းက ဒဏ္ရာ ျပႆနာအေတာ္ေလးမ်ားေနခဲ့တဲ့ ကစားသမားျဖစ္ၿပီး လီဗာပူးလ္ဟာ လက္ရွိမွာေတာ့ အနာဂတ္အတြက္ အစီအစဥ္ ဆြဲရေတာ့မွာျဖစ္ၿပီး လိုက္ပ္ဇစ္ေနာက္ခံကစားသမား ၂ ဦးကို ေခၚယူဖို႔က ေရရွည္အတြက္ အေကာင္းဆုံး စီမံကိန္း ျဖစ္လာနိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.