Premier League

ယူနိုက်တက်က လီဗာပူးလ်အိမ်ကွင်းမှာ အံ့အားသင့်စရာတွေ ဆက်လုပ်ပြလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ ဘာဘာတော့ဗ်


မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က ယခုအပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားသွားမယ့် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်အတွက် အံ့အားသင့်ဖွယ် ဟောကိန်းထုတ်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘန်လေအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဒုတိယနေရာက လီဗာပူးလ်အသင်းကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရခဲ့တာကြောင့် ရမှတ်များစွာ ဆုံးရှုံးခဲ့ပြီးနောက် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။


တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်မယ့်ပွဲစဉ်ဟာ နည်းဗျူဟာတိုက်ပွဲဖြစ်လာလိမ့်မယ်လို့ ထင်မြင်နေပြီး ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ လူတွေကို ဆက်ပြီး အံ့အားသင့်စရာတွေ လုပ်ပြလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ၎င်းရဲ့အသင်းဟာ လက်ရှိချန်ပီယံ လီဗာပူးလ်နဲ့ယှဉ်ရင် နိုင်ခြေနည်းပါးတဲ့အသင်းလို့ သတ်မှတ်ခံထားရတာကြောင့် အနိုင်ရရှိသွားခဲ့မယ်ဆိုရင် လူတော်တော်များများအတွက် အံ့အားသင့်စရာဖြစ်လိမ့်မယ်လို့ ဝန်ခံပြောကြားထားပါတယ်။


“ကျွန်တော် ယူနိုက်တက် အခုသူတို့ရှိနေတဲ့ နေရာမှာ ဆက်ရှိနေတာကို မြင်ချင်ပြီး လီဗာပူးလ်နဲ့ ၆ မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်မှု မြင့်တက်လာစေချင်ပါတယ်။ ဒီပွဲက တော်တော်လေး ခက်ခဲကြမ်းတမ်းမယ့် ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ယှဉ်ပြိုင်မှုတွေလည်း အများကြီးရှိလာမှာပါ”

“အဲဒီပွဲက နည်းဗျူဟာတိုက်ပွဲဖြစ်လိမ့်မယ်လို့ ထင်ပေမယ့် သူတို့ ဘယ်လိုတွေ ပြိုင်ကြမလဲဆိုတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော်က ယူနိုက်တက် အနိုင်ရတာပဲ မြင်ချင်ပြီး လူတွေကို သူတို့တွေ ဆက်ပြီး အံ့အားသင့်အောင်လုပ်ပြလိမ့်မယ်လို့ ထင်ပါတယ်”လို့ Betfair ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာဘာဘာေတာ့ဗ္က ယခုအပတ္ တနဂၤေႏြေန႔မွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ရဲ့ပြဲစဥ္အတြက္ အံ့အားသင့္ဖြယ္ ေဟာကိန္းထုတ္ခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဘန္ေလအသင္းကို အနိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ဒုတိယေနရာက လီဗာပူးလ္အသင္းကို ၃ မွတ္ျဖတ္ၿပီး ဦးေဆာင္ေနတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရခဲ့တာေၾကာင့္ ရမွတ္မ်ားစြာ ဆုံးရႈံးခဲ့ၿပီးေနာက္ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔အတြက္ ျပင္းထန္တဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။


ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ ေတြ႕ဆုံယွဥ္ၿပိဳင္မယ့္ပြဲစဥ္ဟာ နည္းဗ်ဴဟာတိုက္ပြဲျဖစ္လာလိမ့္မယ္လို႔ ထင္ျမင္ေနၿပီး ဆိုးလ္ရွားရဲ့ယူနိုက္တက္ဟာ လူေတြကို ဆက္ၿပီး အံ့အားသင့္စရာေတြ လုပ္ျပလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက ၎ရဲ့အသင္းဟာ လက္ရွိခ်န္ပီယံ လီဗာပူးလ္နဲ႔ယွဥ္ရင္ နိုင္ေျခနည္းပါးတဲ့အသင္းလို႔ သတ္မွတ္ခံထားရတာေၾကာင့္ အနိုင္ရရွိသြားခဲ့မယ္ဆိုရင္ လူေတာ္ေတာ္မ်ားမ်ားအတြက္ အံ့အားသင့္စရာျဖစ္လိမ့္မယ္လို႔ ဝန္ခံေျပာၾကားထားပါတယ္။


“ကၽြန္ေတာ္ ယူနိုက္တက္ အခုသူတို႔ရွိေနတဲ့ ေနရာမွာ ဆက္ရွိေနတာကို ျမင္ခ်င္ၿပီး လီဗာပူးလ္နဲ႔ ၆ မွတ္အကြာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္မႈ ျမင့္တက္လာေစခ်င္ပါတယ္။ ဒီပြဲက ေတာ္ေတာ္ေလး ခက္ခဲၾကမ္းတမ္းမယ့္ ပြဲစဥ္ျဖစ္လာမွာျဖစ္ၿပီး ယွဥ္ၿပိဳင္မႈေတြလည္း အမ်ားႀကီးရွိလာမွာပါ”

“အဲဒီပြဲက နည္းဗ်ဴဟာတိုက္ပြဲျဖစ္လိမ့္မယ္လို႔ ထင္ေပမယ့္ သူတို႔ ဘယ္လိုေတြ ၿပိဳင္ၾကမလဲဆိုတာကို ကၽြန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ ကၽြန္ေတာ္က ယူနိုက္တက္ အနိုင္ရတာပဲ ျမင္ခ်င္ၿပီး လူေတြကို သူတို႔ေတြ ဆက္ၿပီး အံ့အားသင့္ေအာင္လုပ္ျပလိမ့္မယ္လို႔ ထင္ပါတယ္”လို႔ Betfair ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.