Premier League Transfer News

16 Jan နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းကနေ ဘာစီလိုနာအသင်းကို နွေရာသီမှာ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီထားခဲ့တဲ့ နောက်ခံလူ အဲရစ် ဂါစီယာကို ဆောင်းရာသီမှာတင် ကြိုတင်ခေါ်ယူဖို့အတွက် တာဝန်ရှိသူတွေကြား ထပ်မံညှိနှိုင်းသွားဖွယ်ရှိနေပြီး လေ့ကျင့်မှုလျော်ကြေး ပါဝင်နေတဲ့ ကိစ္စကြောင့် နှစ်သင်းကြား အဆင်ပြေနိုင်ဖွယ်ရှိ။

– စီးရီးအေကလပ် ဆာဆူအိုလိုအသင်းရဲ့ ကွင်းလယ်ကစားသမား မန်ညူယယ်လ် လိုကာတယ်လီကို ခေါ်ယူဖို့ မန်ချက်စတာစီးတီး အသင်းဘက်က စိတ်ဝင်စားနေပြီး ဆက်သွယ်စုံစမ်းခဲ့ကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အတည်ပြုပြောကြားသွားခဲ့။

– အသင်းနဲ့ အံမဝင်တဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာ ယိုဗစ်ချ်နဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့နေရာမှာ အစားထိုးဖို့ လူသစ်ရှာဖွေနေတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ မန်ချက်စတာစီးတီးနဲ့ နွေရာသီမှာ စာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ကြိုးစားသွားဖို့ရှိနေ။

– အသင်းခေါင်းဆောင်ဟောင်း ဗင်းဆန့် ကွန်ပနီကိုင်တွယ်နေတဲ့ အန်ဒါလက်ချ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေပြီး ၁၇ ပွဲမှာ ၁၀ ဂိုးနဲ့ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး လူးကပ်စ် နမီချာက သူ့အနေနဲ့ လာမယ့်ရာသီမှာ အစ်တီဟတ်ကို ပြန်ရောက်လို့ ကစားခွင့်မရတော့ရင် အသင်းက အပြီးသတ်ထွက်ခွာတော့မယ်လို့ဆို။

– နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ နောက်ဆုံးမိနစ်ပင်နယ်တီကို မိုးပေါ်ထောင်ကန်ခဲ့လို့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ ရာဟင်းမ် စတာလင်ဘက်ကနေ နည်းပြ ဂွါဒီယိုလာက ကာကွယ်ပြောလိုက်ပြီး သူသာ မရှိရင် မန်စီးတီးတို့အနေနဲ့ ဒီအဆင့်အတန်းကိုတောင် ရောက်လာမှာ မဟုတ်ဘူးလို့ဆို။

– ဘာစီလိုနာအသင်းမှာ ဂွါဒီယိုလာနည်းပြစဉ်က လက်တွဲကစားခဲ့ဖူးတဲ့ လက်ရှိ နယူးယောက် ရက်ဒ်ဘူးလ်နည်းပြ သီယာရီ အွန်နရီက သူ့ကို အဲ့ဒီတုန်းက ပြောခဲ့တဲ့ အောင်မြင်မှုထက် ကစားသမားတွေကို တိုးတက်အောင်လုပ်ပေးရာကရတဲ့ ပီတိက ပိုမိုကြီးမားတယ်ဆိုတဲ့ စကားကို အမြဲတမ်းအမှတ်ရနေကြောင်းဆို။

– မန်ချက်စတာစီးတီးရဲ့ နည်းစနစ်ပိုင်း တာဝန်ရှိသူတွေအနေနဲ့ ခြေစွမ်းမပြနိုင်တဲ့ တောင်ပံတိုက်စစ်တွေနေရာမှာ အပြောင်းအလဲလုပ်ဖို့ အသင်းဘုတ်အဖွဲ့ဆီကနေ အထူးခွင့်ပြုချက် တောင်းခံသွားဖွယ်ရှိနေပြီး ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်လာ။

– အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ခြေစွမ်းပြသနေတဲ့ လူငယ်ကစားသမား ဖီးလ် ဖိုဒန်ဟာ ဒေးဗစ် ဆေးလ်ဗားကို အစားထိုးနိုင်ဖို့ နီးစပ်လာနေပြီဖြစ်ပြီး အသင်းဖော် ကီဗင် ဒီဘရိုင်းနားလိုလည်း အသင်းကို အကျိုးပြုနိုင်နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူတွေ သုံးသပ်။

– နွေရာသီမှာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌအပြောင်းအလဲတွေကြောင့် လီယွန်နယ် မက်ဆီကို နူးကမ့်ကနေ ထွက်ခွာအောင် မစည်းရုံးနိုင်ခဲ့ရင် မန်ချက်စတာစီးတီးတာဝန်ရှိသူတွေအနေနဲ့ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်တဲ့ အီဒင် ဟာဇတ်ကို ခေါ်ယူပေးမယ်လို့ သတင်းတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းကေန ဘာစီလိုနာအသင္းကို ေႏြရာသီမွာ ေျပာင္းေ႐ႊ႕ဖို႔အတြက္ သေဘာတူညီထားခဲ့တဲ့ ေနာက္ခံလူ အဲရစ္ ဂါစီယာကို ေဆာင္းရာသီမွာတင္ ႀကိဳတင္ေခၚယူဖို႔အတြက္ တာဝန္ရွိသူေတြၾကား ထပ္မံညႇိႏႈိင္းသြားဖြယ္ရွိေနၿပီး ေလ့က်င့္မႈေလ်ာ္ေၾကး ပါဝင္ေနတဲ့ ကိစၥေၾကာင့္ ႏွစ္သင္းၾကား အဆင္ေျပႏိုင္ဖြယ္ရွိ။

– စီးရီးေအကလပ္ ဆာဆူအိုလိုအသင္းရဲ႕ ကြင္းလယ္ကစားသမား မန္ညဴယယ္လ္ လိုကာတယ္လီကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီး အသင္းဘက္က စိတ္ဝင္စားေနၿပီး ဆက္သြယ္စုံစမ္းခဲ့ေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူက အတည္ျပဳေျပာၾကားသြားခဲ့။

– အသင္းနဲ႔ အံမဝင္တဲ့ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ လူကာ ယိုဗစ္ခ်္နဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ေနရာမွာ အစားထိုးဖို႔ လူသစ္ရွာေဖြေနတဲ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ မန္ခ်က္စတာစီးတီးနဲ႔ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ႀကိဳးစားသြားဖို႔ရွိေန။

– အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆန႔္ ကြန္ပနီကိုင္တြယ္ေနတဲ့ အန္ဒါလက္ခ်္အသင္းမွာ အငွားနဲ႔ သြားေရာက္ကစားေနၿပီး ၁၇ ပြဲမွာ ၁၀ ဂိုးနဲ႔ ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉး လူးကပ္စ္ နမီခ်ာက သူ႔အေနနဲ႔ လာမယ့္ရာသီမွာ အစ္တီဟတ္ကို ျပန္ေရာက္လို႔ ကစားခြင့္မရေတာ့ရင္ အသင္းက အၿပီးသတ္ထြက္ခြာေတာ့မယ္လို႔ဆို။

– ေနာက္ဆုံးကစားခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ေနာက္ဆုံးမိနစ္ပင္နယ္တီကို မိုးေပၚေထာင္ကန္ခဲ့လို႔ ျပစ္တင္ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ ရာဟင္းမ္ စတာလင္ဘက္ကေန နည္းျပ ဂြါဒီယိုလာက ကာကြယ္ေျပာလိုက္ၿပီး သူသာ မရွိရင္ မန္စီးတီးတို႔အေနနဲ႔ ဒီအဆင့္အတန္းကိုေတာင္ ေရာက္လာမွာ မဟုတ္ဘူးလို႔ဆို။

– ဘာစီလိုနာအသင္းမွာ ဂြါဒီယိုလာနည္းျပစဥ္က လက္တြဲကစားခဲ့ဖူးတဲ့ လက္ရွိ နယူးေယာက္ ရက္ဒ္ဘူးလ္နည္းျပ သီယာရီ အြန္နရီက သူ႔ကို အဲ့ဒီတုန္းက ေျပာခဲ့တဲ့ ေအာင္ျမင္မႈထက္ ကစားသမားေတြကို တိုးတက္ေအာင္လုပ္ေပးရာကရတဲ့ ပီတိက ပိုမိုႀကီးမားတယ္ဆိုတဲ့ စကားကို အၿမဲတမ္းအမွတ္ရေနေၾကာင္းဆို။

– မန္ခ်က္စတာစီးတီးရဲ႕ နည္းစနစ္ပိုင္း တာဝန္ရွိသူေတြအေနနဲ႔ ေျခစြမ္းမျပႏိုင္တဲ့ ေတာင္ပံတိုက္စစ္ေတြေနရာမွာ အေျပာင္းအလဲလုပ္ဖို႔ အသင္းဘုတ္အဖြဲ႕ဆီကေန အထူးခြင့္ျပဳခ်က္ ေတာင္းခံသြားဖြယ္ရွိေနၿပီး ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ေခၚယူမယ္လို႔ သတင္းထြက္ေပၚလာ။

– အသင္းရဲ႕ ကြင္းလယ္နဲ႔ တိုက္စစ္မွာ ေျခစြမ္းျပသေနတဲ့ လူငယ္ကစားသမား ဖီးလ္ ဖိုဒန္ဟာ ေဒးဗစ္ ေဆးလ္ဗားကို အစားထိုးႏိုင္ဖို႔ နီးစပ္လာေနၿပီျဖစ္ၿပီး အသင္းေဖာ္ ကီဗင္ ဒီဘ႐ိုင္းနားလိုလည္း အသင္းကို အက်ိဳးျပဳႏိုင္ေနၿပီျဖစ္ေၾကာင္း ကြၽမ္းက်င္သူေတြ သုံးသပ္။

– ေႏြရာသီမွာ ဘာစီလိုနာအသင္းရဲ႕ ဥကၠဌအေျပာင္းအလဲေတြေၾကာင့္ လီယြန္နယ္ မက္ဆီကို ႏူးကမ့္ကေန ထြက္ခြာေအာင္ မစည္း႐ုံးႏိုင္ခဲ့ရင္ မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြအေနနဲ႔ ဂြါဒီယိုလာရဲ႕ စိတ္ႀကိဳက္ကစားသမားတစ္ဦးျဖစ္တဲ့ အီဒင္ ဟာဇတ္ကို ေခၚယူေပးမယ္လို႔ သတင္းေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.