Premier League

16 Jan နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်က ဖူလ်ဟမ်အသင်းကို အငှားနဲ့ထွက်ကစားနေတဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အနာဂတ်ရှိတယ်လို့ ပြောကြားခဲ့ပြီး မကြာသေးမီက ကစားခဲ့တဲ့ပွဲစဉ်တွေမှာ မြင်တွေ့ခဲ့ရတဲ့ ကြံ့ခိုင်မှုအတိုင်း တစ်ရာသီလုံး ဆက်လက်ထိန်းသိမ်းသွားပြီး အသင်းကို ပြန်လာခဲ့မယ်ဆိုရင် အလွန်ဝမ်းသာမိမယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအပယ်ခံ ဒန်နီ ဒရင့်ဝါးတားဟာ တူရကီကလပ်အသင်းနဲ့ ၆ လ အငှားစာချုပ်ကို အပြီးသတ်နိုင်ဖို့ွှတွက် အစ္စတန်ဘူလ်ကို သွားရောက်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး လွန်ခဲ့တဲ့ရက်အနည်းငယက် သဘောတူညီမှုရရှိခဲ့တာဖြစ်ပေမယ့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေကြောင့် ခရီးသွားလာမှု ကန့်သတ်ထားတဲ့အတွက် အနည်းငယ်နှောင့်နှေးနေခဲ့ပြီး လက်ရှိမှာတော့ ဆေးစစ်မှုခံယူပြီးနောက် လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေကို အပြီးသတ်တော့မယ်လို့ သိရ။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ နည်းပြဟောင်း အေဗရန်ဂရန့် ချဲလ်ဆီးကို အံ့အားသင့်ဖွယ်ပြန်လာမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်မိဘူးလို့ ပြောကြားခဲ့ပြီး အဲဒီအကြောင်းကို ဘာမှ မသိတာကြောင့် နောက်ထပ် ဘာမှ ပြောစရာမရှိဘဲ အသင်းမှာ အတွေ့အကြုံရှိတဲ့သူတွေ ရှိနေတာက အရမ်းကောင်းမွန်တဲ့အရာဖြစ်နိုင်တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြဟောင်း အေဗရန် ဂရန့်က စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်သွားဖို့ကိစ္စနဲ့ပတ်သက်ပြီး လန်ဒန်ကလပ်အသင်းဆီကနေ တရားဝင်ချဉ်းကပ်မှုမျိုး မရရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး အခုအချိန်မှာ အားလုံးလိုအပ်နေတာက အချိန်ဖြစ်တယ်လို့ ပြောကြားခဲ့။ နည်းပြ ဖရန့်လမ်းပတ်အနေနဲ့ ၎င်းရဲ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပြီး အသင်းအတွက်လည်း ကောင်းမွန်တဲ့အရာဖြစ်လိမ့်မယ်လို့ ယုံကြည်နေ။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်က ခရစ်စ်မတ်ကာလမှာ ၄၈ နာရီအတွင်း ချဲလ်ဆီးအသင်း ၂ ပွဲကစားခဲ့ရတဲ့အချိန်မှာ ဘယ်သူကမှ လာကူညီပေးမယ့်သူမရှိဘူးလို့ ညည်းတွားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်အချိန်ဇယားရေးဆွဲမှု မညီမျှကို ဝေဖန်ပြောကြားခဲ့။ ယခုရာသီဟာ သာမန်ရာသီမဟုတ်ဘူးလို့ လမ်းပတ်က ယုံကြည်နေပြီး ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မတူညီတဲ့အသင်းတွေအတွက် ကြီးမားတဲ့အခက်အခဲတွေ ဆက်ဖြစ်နေဦးမယ်လို့ ပြောကြားခဲ့။


-အေစီမီလန်အသင်းဟာ ချဲလ်ဆီးနောက်ခံကစားသမား တိုမိုရီကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့အတွက် အလွန်နီးစပ်နေပြီလို့ ဂျီအန်လူကာ ဒီမာဇီယိုက Sky Italia ကို ပြောကြားခဲ့ပြီး အပြီးသတ်ခေါ်ယူခွင့်မှာ ပမာဏ အတည်မပြုနိုင်သေးတာဖြစ်တာကြောင့် သဘောတူညီမှုက တနင်္လာနေ့မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းရတယ်လို့ ပြောကြားခဲ့။


-အာဆင်နယ်ဂန္တဝင်နောက်ခံကစားသမား မာတင်ကီယွန်က ပရီးမီးယားလိဂ်မှာ အသားကျဖို့အတွက် ရုန်းကန်နေရတဲ့ ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာဟာ အထောင်တိုက်စစ်မှူးဖြစ်တာကြောင့် အလယ်မှာပဲ ကစားခိုင်းသင့်တယ်လို့ နည်းပြလမ်းပတ်ကို အကြံပေးခဲ့ပြီး ဂျေမီဗာဒီက လက်စတာစီးတီးအတွက် တောင်ပံမှာ ကစားနေရသလိုဖြစ်တယ်လို့ သတိပေးခဲ့။


-ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိုကမ့်ဘ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်စီးတီးနဲ့ပွဲက တံကောက်ကြောဒဏ်ရာကြောင့် လူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ ကန်တေဟာ သောကြာနေ့မှာ လေ့ကျင့်ရေး ပြန်လည်ဆင်းနေပြီဖြစ်တာကြောင့် လက်စတာစီးတီးနဲ့ကစားရမယ့် အင်္ဂါနေ့ညပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ သိရ။ ရီးစ် ဂျိမ်းစ်ကလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီလို့ ကြာသပတေးနေ့မှာ နည်းပြလမ်းပတ်က အတည်ပြုခဲ့ပြီး အက်စ်တွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ခရစ္စတင်ဆန်ကလည်း ပြန်လည်ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့် ဇူးမား၊ သီယာဂို ဆေးလ်ဗားတို့အတွဲမှာ အလှည့်ကျအသုံးပြုနိုင်တော့မှာဖြစ်တဲ့အတွက် လမ်းပတ်အတွက် သတင်းကောင်းဖြစ်လာ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္ လမ္းပတ္က ဖူလ္ဟမ္အသင္းကို အငွားနဲ႔ထြက္ကစားေနတဲ့ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ အနာဂတ္ရွိတယ္လို႔ ေျပာၾကားခဲ့ၿပီး မၾကာေသးမီက ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ျမင္ေတြ႕ခဲ့ရတဲ့ ႀကံ့ခိုင္မႈအတိုင္း တစ္ရာသီလုံး ဆက္လက္ထိန္းသိမ္းသြားၿပီး အသင္းကို ျပန္လာခဲ့မယ္ဆိုရင္ အလြန္ဝမ္းသာမိမယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအပယ္ခံ ဒန္နီ ဒရင့္ဝါးတားဟာ တူရကီကလပ္အသင္းနဲ႔ ၆ လ အငွားစာခ်ဳပ္ကို အၿပီးသတ္နိုင္ဖို႔ႊတြက္ အစၥတန္ဘူလ္ကို သြားေရာက္ခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ၿပီး လြန္ခဲ့တဲ့ရက္အနည္းငယက္ သေဘာတူညီမႈရရွိခဲ့တာျဖစ္ေပမယ့္ ကိုဗစ္-၁၉ စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ခရီးသြားလာမႈ ကန႔္သတ္ထားတဲ့အတြက္ အနည္းငယ္ေႏွာင့္ေႏွးေနခဲ့ၿပီး လက္ရွိမွာေတာ့ ေဆးစစ္မႈခံယူၿပီးေနာက္ လိုအပ္တဲ့စာရြက္စာတမ္းကိစၥေတြကို အၿပီးသတ္ေတာ့မယ္လို႔ သိရ။


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္ဟာ နည္းျပေဟာင္း ေအဗရန္ဂရန႔္ ခ်ဲလ္ဆီးကို အံ့အားသင့္ဖြယ္ျပန္လာမယ္ဆိုတဲ့ သတင္းေတြနဲ႔ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္မျဖစ္မိဘူးလို႔ ေျပာၾကားခဲ့ၿပီး အဲဒီအေၾကာင္းကို ဘာမွ မသိတာေၾကာင့္ ေနာက္ထပ္ ဘာမွ ေျပာစရာမရွိဘဲ အသင္းမွာ အေတြ႕အၾကဳံရွိတဲ့သူေတြ ရွိေနတာက အရမ္းေကာင္းမြန္တဲ့အရာျဖစ္နိုင္တယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးနည္းျပေဟာင္း ေအဗရန္ ဂရန႔္က စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ျပန္သြားဖို႔ကိစၥနဲ႔ပတ္သက္ၿပီး လန္ဒန္ကလပ္အသင္းဆီကေန တရားဝင္ခ်ဥ္းကပ္မႈမ်ိဳး မရရွိခဲ့ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ၿပီး အခုအခ်ိန္မွာ အားလုံးလိုအပ္ေနတာက အခ်ိန္ျဖစ္တယ္လို႔ ေျပာၾကားခဲ့။ နည္းၿပ ဖရန႔္လမ္းပတ္အေနနဲ႔ ၎ရဲ့အလုပ္ကို ေကာင္းေကာင္းလုပ္နိုင္မွာျဖစ္ၿပီး အသင္းအတြက္လည္း ေကာင္းမြန္တဲ့အရာျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေန။


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္ လမ္းပတ္က ခရစ္စ္မတ္ကာလမွာ ၄၈ နာရီအတြင္း ခ်ဲလ္ဆီးအသင္း ၂ ပြဲကစားခဲ့ရတဲ့အခ်ိန္မွာ ဘယ္သူကမွ လာကူညီေပးမယ့္သူမရွိဘူးလို႔ ညည္းတြားခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ့ ပြဲစဥ္အခ်ိန္ဇယားေရးဆြဲမႈ မညီမၽွကို ေဝဖန္ေျပာၾကားခဲ့။ ယခုရာသီဟာ သာမန္ရာသီမဟုတ္ဘူးလို႔ လမ္းပတ္က ယုံၾကည္ေနၿပီး ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ မတူညီတဲ့အသင္းေတြအတြက္ ႀကီးမားတဲ့အခက္အခဲေတြ ဆက္ျဖစ္ေနဦးမယ္လို႔ ေျပာၾကားခဲ့။


-ေအစီမီလန္အသင္းဟာ ခ်ဲလ္ဆီးေနာက္ခံကစားသမား တိုမိုရီကို အငွားစာခ်ဳပ္နဲ႔ ေခၚယူနိုင္ဖို႔အတြက္ အလြန္နီးစပ္ေနၿပီလို႔ ဂ်ီအန္လူကာ ဒီမာဇီယိုက Sky Italia ကို ေျပာၾကားခဲ့ၿပီး အၿပီးသတ္ေခၚယူခြင့္မွာ ပမာဏ အတည္မျပဳနိုင္ေသးတာျဖစ္တာေၾကာင့္ သေဘာတူညီမႈက တနလၤာေန႔မွာ အၿပီးသတ္နိုင္ဖို႔ ေမၽွာ္မွန္းရတယ္လို႔ ေျပာၾကားခဲ့။


-အာဆင္နယ္ဂႏၲဝင္ေနာက္ခံကစားသမား မာတင္ကီယြန္က ပရီးမီးယားလိဂ္မွာ အသားက်ဖို႔အတြက္ ႐ုန္းကန္ေနရတဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉး တီမို ဗာနာဟာ အေထာင္တိုက္စစ္မႉးျဖစ္တာေၾကာင့္ အလယ္မွာပဲ ကစားခိုင္းသင့္တယ္လို႔ နည္းျပလမ္းပတ္ကို အႀကံေပးခဲ့ၿပီး ေဂ်မီဗာဒီက လက္စတာစီးတီးအတြက္ ေတာင္ပံမွာ ကစားေနရသလိုျဖစ္တယ္လို႔ သတိေပးခဲ့။


-ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မိုကမ့္ဘ္နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ မန္စီးတီးနဲ႔ပြဲက တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လူစာရင္းမွာ မပါဝင္နိုင္ခဲ့တဲ့ ကန္ေတဟာ ေသာၾကာေန႔မွာ ေလ့က်င့္ေရး ျပန္လည္ဆင္းေနၿပီျဖစ္တာေၾကာင့္ လက္စတာစီးတီးနဲ႔ကစားရမယ့္ အဂၤါေန႔ညပြဲစဥ္မွာ ပါဝင္ကစားေပးနိုင္ဖြယ္ရွိတယ္လို႔ သိရ။ ရီးစ္ ဂ်ိမ္းစ္ကလည္း ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီလို႔ ၾကာသပေတးေန႔မွာ နည္းျပလမ္းပတ္က အတည္ျပဳခဲ့ၿပီး အက္စ္တြန္ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ခရစၥတင္ဆန္ကလည္း ျပန္လည္ပါဝင္ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ ဇူးမား၊ သီယာဂို ေဆးလ္ဗားတို႔အတြဲမွာ အလွည့္က်အသုံးျပဳနိုင္ေတာ့မွာျဖစ္တဲ့အတြက္ လမ္းပတ္အတြက္ သတင္းေကာင္းျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.