Premier League

16 Jan နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်း ရရှိတဲ့ ပင်နယ်တီအရေအတွက်နဲ့ပတ်သက်ပြီး ညည်းတွားနေတာကို ရပ်တန်းက ရပ်ဖို့ လီဗာပူးလ်နည်းပြ ကလော့ပ်ကို ပြောကြားခဲ့ပြီး ၎င်းနဲ့ အသင်းအတွက် အဓိကအရေးအကြီးဆုံးက မှန်ကန်တဲ့အရာတွေဆက်လုပ်နေဖို့နဲ့ ပင်နယ်တီရရင် ဂိုးသွင်းဖို့သာဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် လီဗာပူးလ်အသင်းကို ရင်ဆိုင်ရသွားမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားက အန်းဖီးမှာ အံ့အားသင့်ဖွယ် စံချိန်တွေပိုင်ဆိုင်ထားတဲ့ လက်ရှိချန်ပီယံကို အနိုင်ယူပြီး မပျော်မရွှင်ဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ထားပေမယ့် ၎င်းရဲ့အသင်းဟာ နိုင်ခြေနည်းတဲ့အသင်းအဖြစ် သတ်မှတ်ခံရထားလိမ့်မယ်လို့ ယုံကြည်နေ။


-လီဗာပူးလ်အသင်းနည်းပြ ယာဂင် ကလော့ပ်ဟာ တနင်္ဂနွေနေ့မှာ တွေ့ဆုံယှဉ်ပြိုင်ကစားသွားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားသမားကောင်း၊ နည်းပြကောင်းတွေရှိတဲ့အသင်းဖြစ်တာကြောင့် ဘယ်တုန်းကမှ လျှော့တွက်ခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတာကြောင့် နိုင်ခြေနည်းပါးတဲ့အသင်း ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာက ယခုရာသီမှာ အတားအဆီးတွေကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း လုပ်နိုင်စွမ်းရှိသေးတဲ့အရာတွေကို သိရှိနေပြီး လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အကောင်းဆုံးအသင်းဖြစ်လာဖို့အတွက် အကောင်းဆုံးကို အနိုင်ယူဖို့ လိုတယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့အပြိုင် ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပြီး ပေါ့ဂ်ဘာရဲ့အနာဂတ်ကလည်း နောက်ဆုံးစာချုပ်သက်တမ်း ၂ နှစ်အတွင်းကို ဝင်ရောက်လာပြီဖြစ်တာကြောင့် မရေမရာဖြစ်နေတဲ့အတွက် စျေးကွက်ထဲမှာ ရိုက်စ်ထက်ပိုပြီး ကောင်းမွန်တဲ့ရွေးချယ်စရာမရှိတော့တာကြောင့် အမဲလိုက်ဖို့ ပြင်ဆင်နေပုံရတယ်လို့ သိရ။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးက ယူနိုက်တက်နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားကို လက်စတာစီးတီးနောက်ခံကစားသမား ဝက်စ်လေ ဖိုဖာနာကို ခေါ်ယူဖို့အတွက် တောင်းဆိုခဲ့တယ်လို့ သိရပြီး ဖိုဖာနာဟာ ယူနိုက်တက်ရဲ့ခံစစ်ဗဟိုမှာ မက်ဂွိုင်းယားနဲ့အတူ တွဲဖက်ကစားဖို့အတွက် အလွန်ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေ။


-မန်ချက်စတာယူနိုက်တက်အသင်းနဲ့တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲမတိုင်မီ လေ့ကျင့်ရေးကို လီဗာပူးလ် နောက်ခံကစားသမား မာတစ် ပြန်လည်ရောက်ရှိလာတာကြောင့် ယာဂင်ကလော့ပ်အတွက် တစ်အားတက်စရာဖြစ်လာခဲ့တယ်လို့ သိရပြီး တကယ်လို့ ပွဲကစားဖို့ ကြံ့ခိုင်မှုသာ ပြည့်ဝခဲ့မယ်ဆိုရင် ဖာဘင်ညိုနဲ့အတူ ဗဟိုခံစစ်မှာ ပွဲထွက်လာဖွယ်ရှိနေ။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ဘာကြောင့် မခေါ်ယူခဲ့တာလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့ပြီး အနာဂတ်မှာ ဒဏ်ရာပြဿနာတွေဖြစ်လာနိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်ခဲ့တာကြောင့် မခေါ်ယူခဲ့တာဖြစ်ပေမယ့်လည်း လီဗာပူးလ်အသင်းခေါင်းဆောင်ဟာ ၎င်းရဲ့ထင်မြင်ချက်တွေက လွဲမှားကြောင်း ရှင်းရှင်းလင်းလင်းသက်သေပြသခဲ့တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူနိုဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္း ရရွိတဲ့ ပင္နယ္တီအေရအတြက္နဲ႔ပတ္သက္ၿပီး ညည္းတြားေနတာကို ရပ္တန္းက ရပ္ဖို႔ လီဗာပူးလ္နည္းၿပ ကေလာ့ပ္ကို ေျပာၾကားခဲ့ၿပီး ၎နဲ႔ အသင္းအတြက္ အဓိကအေရးအႀကီးဆုံးက မွန္ကန္တဲ့အရာေတြဆက္လုပ္ေနဖို႔နဲ႔ ပင္နယ္တီရရင္ ဂိုးသြင္းဖို႔သာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္ လီဗာပူးလ္အသင္းကို ရင္ဆိုင္ရသြားမွာျဖစ္ၿပီး နည္းျပဆိုးလ္ရွားက အန္းဖီးမွာ အံ့အားသင့္ဖြယ္ စံခ်ိန္ေတြပိုင္ဆိုင္ထားတဲ့ လက္ရွိခ်န္ပီယံကို အနိုင္ယူၿပီး မေပ်ာ္မရႊင္ျဖစ္ေအာင္ လုပ္နိုင္မယ္လို႔ ေမၽွာ္လင့္ထားေပမယ့္ ၎ရဲ့အသင္းဟာ နိုင္ေျခနည္းတဲ့အသင္းအျဖစ္ သတ္မွတ္ခံရထားလိမ့္မယ္လို႔ ယုံၾကည္ေန။


-လီဗာပူးလ္အသင္းနည္းၿပ ယာဂင္ ကေလာ့ပ္ဟာ တနဂၤေႏြေန႔မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားသြားရမယ့္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ကစားသမားေကာင္း၊ နည္းျပေကာင္းေတြရွိတဲ့အသင္းျဖစ္တာေၾကာင့္ ဘယ္တုန္းကမွ ေလၽွာ့တြက္ခဲ့ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး လက္ရွိမွာ အမွတ္ေပးဇယားထိပ္ဆုံးမွာရွိေနတာေၾကာင့္ နိုင္ေျခနည္းပါးတဲ့အသင္း ဘယ္ေတာ့မွမျဖစ္နိုင္ဘူးလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာက ယခုရာသီမွာ အတားအဆီးေတြကို ရင္ဆိုင္ခဲ့ရေပမယ့္လည္း လုပ္နိုင္စြမ္းရွိေသးတဲ့အရာေတြကို သိရွိေနၿပီး လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ လီဗာပူးလ္နဲ႔ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ အေကာင္းဆုံးအသင္းျဖစ္လာဖို႔အတြက္ အေကာင္းဆုံးကို အနိုင္ယူဖို႔ လိုတယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္ ဝက္စ္ဟမ္းကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ရိုက္စ္ကို ေခၚယူဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ သိရၿပီး ေပါ့ဂ္ဘာရဲ့အနာဂတ္ကလည္း ေနာက္ဆုံးစာခ်ဳပ္သက္တမ္း ၂ ႏွစ္အတြင္းကို ဝင္ေရာက္လာၿပီျဖစ္တာေၾကာင့္ မေရမရာျဖစ္ေနတဲ့အတြက္ ေစ်းကြက္ထဲမွာ ရိုက္စ္ထက္ပိုၿပီး ေကာင္းမြန္တဲ့ေရြးခ်ယ္စရာမရွိေတာ့တာေၾကာင့္ အမဲလိုက္ဖို႔ ျပင္ဆင္ေနပုံရတယ္လို႔ သိရ။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမား ေပါလ္စခိုးက ယူနိုက္တက္နည္းၿပ အိုေလ ဂန္နာ ဆိုးလ္ရွားကို လက္စတာစီးတီးေနာက္ခံကစားသမား ဝက္စ္ေလ ဖိုဖာနာကို ေခၚယူဖို႔အတြက္ ေတာင္းဆိုခဲ့တယ္လို႔ သိရၿပီး ဖိုဖာနာဟာ ယူနိုက္တက္ရဲ့ခံစစ္ဗဟိုမွာ မက္ဂြိဳင္းယားနဲ႔အတူ တြဲဖက္ကစားဖို႔အတြက္ အလြန္ေကာင္းမြန္တဲ့ေခၚယူမႈျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေန။


-မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲမတိုင္မီ ေလ့က်င့္ေရးကို လီဗာပူးလ္ ေနာက္ခံကစားသမား မာတစ္ ျပန္လည္ေရာက္ရွိလာတာေၾကာင့္ ယာဂင္ကေလာ့ပ္အတြက္ တစ္အားတက္စရာျဖစ္လာခဲ့တယ္လို႔ သိရၿပီး တကယ္လို႔ ပြဲကစားဖို႔ ႀကံ့ခိုင္မႈသာ ျပည့္ဝခဲ့မယ္ဆိုရင္ ဖာဘင္ညိဳနဲ႔အတူ ဗဟိုခံစစ္မွာ ပြဲထြက္လာဖြယ္ရွိေန။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္က လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ဘာေၾကာင့္ မေခၚယူခဲ့တာလဲဆိုတာကို ရွင္းလင္းေျပာၾကားခဲ့ၿပီး အနာဂတ္မွာ ဒဏ္ရာျပႆနာေတြျဖစ္လာနိုင္ေျခနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ခဲ့တာေၾကာင့္ မေခၚယူခဲ့တာျဖစ္ေပမယ့္လည္း လီဗာပူးလ္အသင္းေခါင္းေဆာင္ဟာ ၎ရဲ့ထင္ျမင္ခ်က္ေတြက လြဲမွားေၾကာင္း ရွင္းရွင္းလင္းလင္းသက္ေသျပသခဲ့တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.