Premier League Transfer News

16 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ နယူးကာဆယ်လ်နဲ့ပွဲမှာ ဘယ်နောက်ခံလူ ကီရန် တီယာနီကို ပြန်လည်ပွဲထုတ်နိုင်ခြေများနေပြီး ကြွက်သားဒဏ်ရာက ဆိုးဆိုးရွားရွားပြင်းထန်ခြင်းမရှိဘူးလို့ အက်သလက်တစ်က ဖော်ပြခဲ့ချိန်မှာ ပါဘလို မာရီကတော့ နှစ်ပွဲသုံးပွဲလောက် လွဲချော်မယ်လို့ နည်းပြ အာတီတာ အတည်ပြုသွား။

– အသင်းက ထွက်ခွာဖို့ လုပ်ဆောင်နေတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်လို ကစားသမားမျိုးကို ကာလကြာရှည် ပွဲမကစားခိုင်းဘဲ အရန်ခုံနဲ့ ပွဲထွက်လူစာရင်း ပြင်ပမှာ ထားခဲ့တာဟာ တခြားကစားသမားသစ်တွေကို ခေါ်ယူဖို့ ခက်ခဲစေကြောင်းနဲ့ ဆက်လုပ်ရင် ဘယ်သူကမှ မယုံတဲ့ အဖြစ်မျိုး ရောက်သွားလိမ့်မယ်လို့ အာဆင်နယ်အသင်းကို ဘောလုံးကျွမ်းကျင်သူ ရာဖေးလ် ဟိုနစ်ဂ်စတိုင်း သတိပေး။

– အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါးစ်အသင်းနောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်က အာဆင်နယ်အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် အက်သလက်တီကိုတိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာကို ခေါ်ယူသင့်ပြီး သူဟာ အသင်းကို စိတ်ဓာတ်ကောင်းနဲ့ မောင်းနှင်အားကို ယူဆောင်လာလိမ့်မယ်လို့ တိုက်တွန်း။

– အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်အနေနဲ့ လာမယ့်နှစ်ပတ်အတွင်းမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမတိုးနဲ့ ပြောင်းရွှေ့မယ့်အသင်းကို အပြီးသတ်ဆုံးဖြတ်သွားဖွယ်ရှိပြီး ပရိသတ်တချို့တော့ ဒါတွေ အကုန်လုံးဟာ အရည်အချင်းမပြည့်တဲ့ အက်ဒီ နကီးတီးယားကြောင့်လို့ ပြစ်တင်နေကြ။

– အာဆင်နယ်နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက အသင်းရဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို အလောတကြီး သက်တမ်းတိုးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်လိုက်ပြီး သူ့ရဲ့ အသင်းဖော် ရေးပါလာကတော့ ဂါဘွန်သားရဲ့ ကစားပုံက ခန့်မှန်းရလွယ်ပြီး ထိန်းချုပ်ဖို့ အခက်အခဲမရှိတာကြောင့် သူ့အနေနဲ့ အနည်းဆုံး ခရစ္စတယ်လ်ပဲလေ့စ်တောင်ပံသမား အီဘာရီချီ အီဇီထံက သင်ယူသင့်တယ်လို့ဆို။

– ဘာစီလိုနာအသင်းကနေ ထွက်ခွာလိုနေပြီး အာဆင်နယ်အသင်းကနေ ကမ်းလှမ်းဖို့ ရှိနေတဲ့ နံပါတ် ၂ ဂိုးသမား နီတိုက သူ့အနေနဲ့ အမ်းမရိတ်ကို အရန်ခုံတန်းဆီ အပူပေးဖို့လောက်နဲ့ ပြောင်းရွှေ့မှာ မဟုတ်ဘဲ ပထမဂိုးသမား လီနိုနဲ့ ပွဲထွက်ခွင့်ကို ယှဉ်ပြိုင်နိုင်ကြောင်း အာမခံချက်ပေးမှ လာမယ်လို့ တုံ့ပြန်သွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ဆိုးရွားတဲ့ အပြောင်းအရွှေ့ဆုံးဖြတ်ချက်ကြောင့် ယုံကြည်လို့မရတဲ့ တတိယတန်းစား ဂိုးသမားတစ်ယောက် အတွက် တစ်ပတ်လုပ်ခ ပေါင် ၄ သောင်းကုန်ကျနေပြီး အာတီတာအနေနဲ့ ဒီအမှားကို သူ့ကို ကစားခိုင်းခြင်းနဲ့ ထပ်မကျူးလွန်သင့်တော့ဘူးလို့ ဂျေမီ ရက်ဒ်နက်ပ် သတိပေး။

– RB လိုက်ပ်ဇစ်အသင်းရဲ့ ဈေးသက်သာနိုင်တဲ့ ကွင်းလယ်လူ မာဆယ်လ် ဆာဘစ်ဇာတစ်ဦးတည်းကသာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဖြေရှင်းမှု ဖြစ်လာနိုင်ပြီး ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ပရိသတ်တွေကတော့ ဟူဆင်းမ် အောဝါထက် အသက်ကြီးသလို သူ့လောက် ဖန်တီးမှု မြင့်မားခြင်းမရှိတာကိုတော့ စိုးရိမ်နေကြ။

– ချန်ပီယံရှစ်ရဲ့ အီဘရာဟီမိုဗစ်လို့ နာမည်ကြီးနေတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဗန် တုန်နီကို အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီမှာ တိုက်စစ်အားဖြည့်မှုအဖြစ် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး အလက်ဇန်းဒါး လာကာဇက်ရဲ့ အစားထိုးမှုအဖြစ် ရှုမြင်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










REF: INTERNET SOURCES
SPORTS A2Z.