Premier League Transfer News

Transfer News: FSG ကြောင့် ရှိတာလေးနဲ့ လှအောင် ဝတ်ရတော့မယ့် ကလော့ပ်အတွက် အဖြစ်နိုင်ဆုံး နောက်ခံလူသစ်နဲ့ အလားအလာ

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ သူ့ကို ဘောင်းဘီအိတ်တွေ ခါပြနေတဲ့ အမေရိကန်တွေကြောင့် အနည်းငယ် စိတ်ညစ်နေပုံ ပေါ်ပြီး လက်ရှိလူငယ်တွေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကြံ့ကြံ့ခံ ကာကွယ်ရဖို့ ဖိအားတွေ ဝင်နေချိန်မှာ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်အနေနဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ကူညီနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်တွေမှာ ဒီယိုဂို ဂျိုတာနဲ့ သီယာဂို အယ်လ်ကန်တာရာတို့အတွက် ပေါင်သန်း ၇၀ လောက် အသုံးပြုခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ လက်ရှိမှာ လိုဗရန်ကို ရောင်းထုတ်ပြီး ခံစစ်မှာ ဒေါင်ဒေါင်မြည် ဗဟိုနောက်ခံလူ ၄ ယောက်မပြည့်ဘဲ လူငယ်+ဖာဘင်ညိုနဲ့ အပျော်ကြံချင်တဲ့ ဒဏ်ကို ခံစားနေရတာလည်းဖြစ်ပြီး ဒီနေရာမှာ အာဆင်နယ်ရဲ့ နာတိုင်းခေါ် ပေါ်လစီကတောင် သူ့ထက် သာသွားခဲ့တာပါ။

အာဆင်နယ်ဆိုလို့ သူတို့ဆီက ပြန်အစွံထုတ်ဖို့ ကြိုးစားတဲ့ ဆိုကရာတစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် အခွင့်အရေးကိုတော့ ပိုက်ဘော မိမှာစိုးတဲ့အတွက် မိုက်ကယ် အက်ဒဝပ်က ပယ်ချလိုက်ပြီး ကလော့ပ်နဲ့ ဒေါ့မွန်ဆုံဆည်းမှု ပျက်ခဲ့ရချိန်မှာ ဗန်ဒိုက်၊ ဂိုမက်ဇ်တို့ ပြန်ပါနိုင်ချိန်ကို စောင့်ရင်း ရလဒ်တွေ ကမောက်ကမဖြစ်နိုင်တဲ့ အခြေအနေကြောင့် ဈေးကွက်ထဲမှာ တစ်ခုခုတော့ မဖြစ်မနေလုပ်ရဖို့ ရှိနေပါတယ်။

လီဗာပူးလ်တို့အနေနဲ့ ငွေမသုံးဘူးဆိုရင်တော့ နောက်ဆုံးသတင်းတွေအရ အဖြစ်သင့်ဆုံး ခေါ်ယူမှုက ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ ရှိနေတဲ့ ဘရာဇီးလ်သား အယ်ဒါ မီလီတိုကိုဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် နောက်ခံလူအနေနဲ့ ဘာနေဗျူးမှာ ကစားခွင့် နည်းနေချိန်မှာ အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ညာနောက်ခံလူနဲ့ ကွင်းလယ်အဖျက်နေရာတွေမှာပါ ကစားနိုင်တဲ့ မီလီတိုဟာ ဘရာဇီးလ်လက်ရွေးစင်အဖြစ် ၈ ပွဲ ကစားဖူးသူလည်းဖြစ်ပြီး လက်ရှိမှာတော့ သူ့အတွက် ပေါ်တိုကို ပေးခဲ့ရတဲ့ ယူရိုသန်း ၅၀ တန်အောင် အသုံးပြုမခံရသလို ညာနောက်ခံမှာ ကာဗာဟယ်လ်နဲ့ နာချို၊ ဗဟိုခံစစ်မှာ ရာမို့စ်နဲ့ ဗာရွန်းတို့ကို မကျော်နိုင်တာကြောင့် သူ့အတွက် ရီးရဲလ်ဘက်ကလည်း ကုန်ကျစရိတ်တွေ လျှော့ချဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

သူ့အတွက်တော့ ရာသီဝက်အငှားကြေး ယူရို ၂ သန်းခွဲတည်းနဲ့ အလုပ်ဖြစ်နိုင်ပြီး မိုက်ကယ် အက်ဒဝပ်အနေနဲ့တော့ ရီးရဲလ်ဘက်ကနေ ချည်နှောင်လာနိုင်တဲ့ ရာသီကုန်မှာ အပြီးသတ် ခေါ်ယူမှုကို အကြောင်းပြချက်တချို့နဲ့ ရှောင်ရှားနိုင်ဖို့ပဲ လိုအပ်နေသလို သူသာလျှင် အဖြစ်နိုင်ဆုံး ရွေးချယ်မှုအဖြစ် စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ဒီကြားထဲမှာ တခြားနောက်ခံလူတွေနဲ့ သတင်းတွေ ထွက်နေခဲ့ပေမယ့် Fenway Sports Group – FSG အနေနဲ့ ငွေသုံးဖို့ မရှိနိုင်သလို အသင်းရဲ့ ချန်ပီယံကာကွယ်ဖို့ ရည်မှန်းချက် မာတစ်ပ်၊ ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ ပြန်မလာနိုင်သေးခင်မှာ ဘာတွေဖြစ်သွားမလဲဆိုတာကိုတော့ ပရိသတ်တွေ စိုးရိမ်နေရပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ငှက်ပျောသီး အခွံနွှာစားသလောက် လွယ်ကူနေတဲ့ မီလီတိုကို အငှားခေါ်ယူမှုဟာ မဖြစ်မနေ လုပ်ဆောင်သင့်ပြီး ငွေကြေးကုန်ကျမှုလည်း နည်းပါးနိုင်ချိန်မှာ လက်တွန့်နေခဲ့ရင်တော့ ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ် ရယူချင်နေတဲ့ အက်ဖ်အေဖလားနဲ့ နှစ်သိမ့်သွားရနိုင်တာဖြစ်လို့ မိုက်ကယ် အက်ဒဝပ်နဲ့ ယာဂန် ကလော့ပ်တို့ ခေါင်းချင်းရိုက်နိုင်မှ အဆင်ပြေလိမ့်မှာဖြစ်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူ႔ကို ေဘာင္းဘီအိတ္ေတြ ခါျပေနတဲ့ အေမရိကန္ေတြေၾကာင့္ အနည္းငယ္ စိတ္ညစ္ေနပုံ ေပၚၿပီး လက္ရွိလူငယ္ေတြနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ႀကံ့ႀကံ့ခံ ကာကြယ္ရဖို႔ ဖိအားေတြ ဝင္ေနခ်ိန္မွာ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္အေနနဲ႔ လုပ္ပိုင္ခြင့္ေဘာင္ထဲကေန ကူညီႏိုင္မလား ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္ေတြမွာ ဒီယိုဂို ဂ်ိဳတာနဲ႔ သီယာဂို အယ္လ္ကန္တာရာတို႔အတြက္ ေပါင္သန္း ၇၀ ေလာက္ အသုံးျပဳခဲ့တဲ့ လီဗာပူးလ္အသင္းကေတာ့ လက္ရွိမွာ လိုဗရန္ကို ေရာင္းထုတ္ၿပီး ခံစစ္မွာ ေဒါင္ေဒါင္ျမည္ ဗဟိုေနာက္ခံလူ ၄ ေယာက္မျပည့္ဘဲ လူငယ္+ဖာဘင္ညိဳနဲ႔ အေပ်ာ္ႀကံခ်င္တဲ့ ဒဏ္ကို ခံစားေနရတာလည္းျဖစ္ၿပီး ဒီေနရာမွာ အာဆင္နယ္ရဲ႕ နာတိုင္းေခၚ ေပၚလစီကေတာင္ သူ႔ထက္ သာသြားခဲ့တာပါ။

အာဆင္နယ္ဆိုလို႔ သူတို႔ဆီက ျပန္အစြံထုတ္ဖို႔ ႀကိဳးစားတဲ့ ဆိုကရာတစ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရမယ့္ အခြင့္အေရးကိုေတာ့ ပိုက္ေဘာ မိမွာစိုးတဲ့အတြက္ မိုက္ကယ္ အက္ဒဝပ္က ပယ္ခ်လိုက္ၿပီး ကေလာ့ပ္နဲ႔ ေဒါ့မြန္ဆုံဆည္းမႈ ပ်က္ခဲ့ရခ်ိန္မွာ ဗန္ဒိုက္၊ ဂိုမက္ဇ္တို႔ ျပန္ပါႏိုင္ခ်ိန္ကို ေစာင့္ရင္း ရလဒ္ေတြ ကေမာက္ကမျဖစ္ႏိုင္တဲ့ အေျခအေနေၾကာင့္ ေဈးကြက္ထဲမွာ တစ္ခုခုေတာ့ မျဖစ္မေနလုပ္ရဖို႔ ရွိေနပါတယ္။

လီဗာပူးလ္တို႔အေနနဲ႔ ေငြမသုံးဘူးဆိုရင္ေတာ့ ေနာက္ဆုံးသတင္းေတြအရ အျဖစ္သင့္ဆုံး ေခၚယူမႈက ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားနဲ႔ ထြက္ခြာဖို႔ ရွိေနတဲ့ ဘရာဇီးလ္သား အယ္ဒါ မီလီတိုကိုျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာက္ခံလူအေနနဲ႔ ဘာေနဗ်ဴးမွာ ကစားခြင့္ နည္းေနခ်ိန္မွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနတာလည္းျဖစ္ပါတယ္။

ညာေနာက္ခံလူနဲ႔ ကြင္းလယ္အဖ်က္ေနရာေတြမွာပါ ကစားႏိုင္တဲ့ မီလီတိုဟာ ဘရာဇီးလ္လက္ေ႐ြးစင္အျဖစ္ ၈ ပြဲ ကစားဖူးသူလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ သူ႔အတြက္ ေပၚတိုကို ေပးခဲ့ရတဲ့ ယူ႐ိုသန္း ၅၀ တန္ေအာင္ အသုံးျပဳမခံရသလို ညာေနာက္ခံမွာ ကာဗာဟယ္လ္နဲ႔ နာခ်ိဳ၊ ဗဟိုခံစစ္မွာ ရာမို႔စ္နဲ႔ ဗာ႐ြန္းတို႔ကို မေက်ာ္ႏိုင္တာေၾကာင့္ သူ႔အတြက္ ရီးရဲလ္ဘက္ကလည္း ကုန္က်စရိတ္ေတြ ေလွ်ာ့ခ်ဖို႔ စဥ္းစားလာခဲ့တာျဖစ္ပါတယ္။

သူ႔အတြက္ေတာ့ ရာသီဝက္အငွားေၾကး ယူ႐ို ၂ သန္းခြဲတည္းနဲ႔ အလုပ္ျဖစ္ႏိုင္ၿပီး မိုက္ကယ္ အက္ဒဝပ္အေနနဲ႔ေတာ့ ရီးရဲလ္ဘက္ကေန ခ်ည္ေႏွာင္လာႏိုင္တဲ့ ရာသီကုန္မွာ အၿပီးသတ္ ေခၚယူမႈကို အေၾကာင္းျပခ်က္တခ်ိဳ႕နဲ႔ ေရွာင္ရွားႏိုင္ဖို႔ပဲ လိုအပ္ေနသလို သူသာလွ်င္ အျဖစ္ႏိုင္ဆုံး ေ႐ြးခ်ယ္မႈအျဖစ္ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

ဒီၾကားထဲမွာ တျခားေနာက္ခံလူေတြနဲ႔ သတင္းေတြ ထြက္ေနခဲ့ေပမယ့္ Fenway Sports Group – FSG အေနနဲ႔ ေငြသုံးဖို႔ မရွိႏိုင္သလို အသင္းရဲ႕ ခ်န္ပီယံကာကြယ္ဖို႔ ရည္မွန္းခ်က္ မာတစ္ပ္၊ ဗန္ဒိုက္နဲ႔ ဂိုမက္ဇ္တို႔ ျပန္မလာႏိုင္ေသးခင္မွာ ဘာေတြျဖစ္သြားမလဲဆိုတာကိုေတာ့ ပရိသတ္ေတြ စိုးရိမ္ေနရၿပီလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ ငွက္ေပ်ာသီး အခြံႏႊာစားသေလာက္ လြယ္ကူေနတဲ့ မီလီတိုကို အငွားေခၚယူမႈဟာ မျဖစ္မေန လုပ္ေဆာင္သင့္ၿပီး ေငြေၾကးကုန္က်မႈလည္း နည္းပါးႏိုင္ခ်ိန္မွာ လက္တြန႔္ေနခဲ့ရင္ေတာ့ ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္ ရယူခ်င္ေနတဲ့ အက္ဖ္ေအဖလားနဲ႔ ႏွစ္သိမ့္သြားရႏိုင္တာျဖစ္လို႔ မိုက္ကယ္ အက္ဒဝပ္နဲ႔ ယာဂန္ ကေလာ့ပ္တို႔ ေခါင္းခ်င္း႐ိုက္ႏိုင္မွ အဆင္ေျပလိမ့္မွာျဖစ္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.