Premier League

အဆင့်မမီတဲ့ ရူနာဆန်ကြောင့် မာတီနက်ဇ်နေရာမှာ အစားထိုးဖို့ ၃၄ နှစ်အရွယ် ဂိုးသမားကို ခေါ်ယူရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ အက်စတန်ဗီလာအသင်းကို ပြောင်းရွှေ့သွားတဲ့ ဒုတိယဂိုးသမား မာတီနက်ဇ်နေရာမှာ အစားထိုးဖို့ အဲလက်စ် ရူနာဆန်ကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင် ၁ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ရူနာဆန်ကို မန်ချက်စတာစီးတီးနဲ့ ခါရာဘောင်းဖလား ကွာတာဖိုင်နယ်ပွဲမှာ ပွဲထွက် ကစားစေခဲ့ပေမယ့် ရူနာဆန်ရဲ့ အဆင့်မမီ ဆိုးရွားတဲ့ လက်စွမ်းကြောင့် မန်ချက်စတာစီးတီးအသင်းကို ၁ ဂိုး ၄ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲမှာ ရူနာဆန်ရဲ့ လက်စွမ်းက အပျော်တမ်းအသင်းတစ်သင်းမှ ဂိုးသမား တစ်ယောက် လက်စွမ်းလောက်သာရှိခဲ့ပြီး အာဆင်နယ်ပရိသတ်များ၏ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။


အာဆင်နယ်အသင်းအနေနဲ့ ယခုအခါ ဒုတိယဂိုးသမားနေရာမှာ ရပ်တည်ဖို့ ထိုက်တန်တဲ့ လက်စွမ်းမျိုး မရှိတဲ့ ရူနာဆန်ရဲ့ သုံးစားမရတဲ့ လက်စွမ်းကြောင့် ဒုတိယဂိုးသမားနေရာအတွက် ဘရန်းဖို့ဒ်အသင်းရဲ့ ဂိုးသမားဖြစ်တဲ့ ဒေးဗစ် ရာယာကို ခေါ်ယူချင်ပေမယ့် အဆင်မပြေဖြစ်နေသလို ဘာစီလိုနာအသင်းရဲ အရန်ဂိုးသမား နီတိုကို အငှားနဲ့ ခေါ်ယူချင်လို့ကမ်းလှမ်းမှုကလည်း ဘာစီလိုနာအပေါ် မူတည်နေတဲ့အတွက် ခက်ခဲဖွယ်ရှိနေတာတွေ့ရပါတယ်။

ဒါ့ကြောင့် ယခုအခါ အာဆင်နယ်အသင်းအနေနဲ့ ဒုတိယဂိုးသမားနေရာအတွက် ရေတိုဖြေရှင်းမှုအနေနဲ့ အသင့်သုံး ပရီးမီးယားလိဂ် အတွေ့အကြုံရှိ အသက် ၃၄ နှစ်အရွယ် အက်စတန်ဗီလာ တတိယဂိုးသမား တွမ် ဟီတန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ Daily Star သတင်းဌာနက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တွမ်ဟီတန်အနေနဲ့ အက်စတန်ဗီလာအသင်းအတွက် ကစားပေးရင်း ၂၀၁၉ က ဆိုးရွားတဲ့ ဒူးဒဏ်ရာ ရရှိပြီးနောက် ပွဲထွက်မကစားခဲ့ရတာ တစ်နှစ်နီးပါး ရှိနေတာဖြစ်သလို ယခုရာသီမှာလည်း အာဆင်နယ်မှ ပြောင်းရွှေ့လာတဲ့ ဂိုးသမား မာတီနက်ဇ်ရဲ့ စွမ်းစွမ်းတမံ လက်စွမ်းပြမှုကြောင့် တတိယ ဦးစားပေးဂိုးသမားအဖြစ် ရောက်ရှိသွားခဲ့တာပါ။

ဒါ့ကြောင့် ယခုအခါ ဘန်လေနဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံကောင်းတွေရှိခဲ့ပြီး ခေါ်ယူရလွယ်ကူမယ့် မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ဂိုးသမား ဟီတန်ကို ခေါ်ယူဖို့ ယခုအခါ စိတ်ဝင်စားလာပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလမပြီးခင် ခေါ်ယူနိုင်မလား စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ်။

ယခုအပြောင်းအရွှေ့မှာ အရည်အချင်းရှိတဲ့ ဒုတိယဂိုးသမားတစ်ယောက်သာ မခေါ်ယူနိုင်ခဲ့ရင် ပထမဂိုးသမား လီနိုအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြင် ဖလားပွဲတွေအတွက်ပါ ပွဲတိုင်းပါဝင်ကစားရမယ်ဆိုရင် ပွဲပန်းမှုနဲ့ ဒဏ်ရာတွေ ကြုံတွေ့ရနိုင်လို့ အာဆင်နယ်အသင်းအတွက် မတွေးရဲစရာ အခြေအနေကို ရောက်ရှိသွားမှာဖြစ်တာကြောင့် အချိန်မီချုပ် အစုတ်သက်သာအောင် လုပ်ဆောင်သင့်နေကြောင်းလည်း ရှုမြင်သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ အက္စတန္ဗီလာအသင္းကို ေျပာင္းေ႐ႊ႕သြားတဲ့ ဒုတိယဂိုးသမား မာတီနက္ဇ္ေနရာမွာ အစားထိုးဖို႔ အဲလက္စ္ ႐ူနာဆန္ကို ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေပါင္ ၁ သန္းနဲ႔ ေခၚယူခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ႐ူနာဆန္ကို မန္ခ်က္စတာစီးတီးနဲ႔ ခါရာေဘာင္းဖလား ကြာတာဖိုင္နယ္ပြဲမွာ ပြဲထြက္ ကစားေစခဲ့ေပမယ့္ ႐ူနာဆန္ရဲ႕ အဆင့္မမီ ဆိုး႐ြားတဲ့ လက္စြမ္းေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းကို ၁ ဂိုး ၄ ဂိုးနဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ပါတယ္။ ဒီရႈံးပြဲမွာ ႐ူနာဆန္ရဲ႕ လက္စြမ္းက အေပ်ာ္တမ္းအသင္းတစ္သင္းမွ ဂိုးသမား တစ္ေယာက္ လက္စြမ္းေလာက္သာရွိခဲ့ၿပီး အာဆင္နယ္ပရိသတ္မ်ား၏ ေဝဖန္မႈေတြ ခံခဲ့ရပါတယ္။


အာဆင္နယ္အသင္းအေနနဲ႔ ယခုအခါ ဒုတိယဂိုးသမားေနရာမွာ ရပ္တည္ဖို႔ ထိုက္တန္တဲ့ လက္စြမ္းမ်ိဳး မရွိတဲ့ ႐ူနာဆန္ရဲ႕ သုံးစားမရတဲ့ လက္စြမ္းေၾကာင့္ ဒုတိယဂိုးသမားေနရာအတြက္ ဘရန္းဖို႔ဒ္အသင္းရဲ႕ ဂိုးသမားျဖစ္တဲ့ ေဒးဗစ္ ရာယာကို ေခၚယူခ်င္ေပမယ့္ အဆင္မေျပျဖစ္ေနသလို ဘာစီလိုနာအသင္းရဲ အရန္ဂိုးသမား နီတိုကို အငွားနဲ႔ ေခၚယူခ်င္လို႔ကမ္းလွမ္းမႈကလည္း ဘာစီလိုနာအေပၚ မူတည္ေနတဲ့အတြက္ ခက္ခဲဖြယ္ရွိေနတာေတြ႕ရပါတယ္။

ဒါ့ေၾကာင့္ ယခုအခါ အာဆင္နယ္အသင္းအေနနဲ႔ ဒုတိယဂိုးသမားေနရာအတြက္ ေရတိုေျဖရွင္းမႈအေနနဲ႔ အသင့္သုံး ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရွိ အသက္ ၃၄ ႏွစ္အ႐ြယ္ အက္စတန္ဗီလာ တတိယဂိုးသမား တြမ္ ဟီတန္ကို ေခၚယူဖို႔ စိတ္ဝင္စားလာၿပီး ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ Daily Star သတင္းဌာနက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

တြမ္ဟီတန္အေနနဲ႔ အက္စတန္ဗီလာအသင္းအတြက္ ကစားေပးရင္း ၂၀၁၉ က ဆိုး႐ြားတဲ့ ဒူးဒဏ္ရာ ရရွိၿပီးေနာက္ ပြဲထြက္မကစားခဲ့ရတာ တစ္ႏွစ္နီးပါး ရွိေနတာျဖစ္သလို ယခုရာသီမွာလည္း အာဆင္နယ္မွ ေျပာင္းေ႐ႊ႕လာတဲ့ ဂိုးသမား မာတီနက္ဇ္ရဲ႕ စြမ္းစြမ္းတမံ လက္စြမ္းျပမႈေၾကာင့္ တတိယ ဦးစားေပးဂိုးသမားအျဖစ္ ေရာက္ရွိသြားခဲ့တာပါ။

ဒါ့ေၾကာင့္ ယခုအခါ ဘန္ေလနဲ႔ ပရီးမီးယားလိဂ္အေတြ႕အႀကဳံေကာင္းေတြရွိခဲ့ၿပီး ေခၚယူရလြယ္ကူမယ့္ မန္ခ်က္စတာယူႏုိက္တက္ အကယ္ဒမီထြက္ ဂိုးသမား ဟီတန္ကို ေခၚယူဖို႔ ယခုအခါ စိတ္ဝင္စားလာၿပီး ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမၿပီးခင္ ေခၚယူႏိုင္မလား ေစာင့္ၾကည့္ဖို႔ပဲ ရွိပါေတာ့တယ္။

ယခုအေျပာင္းအေ႐ႊ႕မွာ အရည္အခ်င္းရွိတဲ့ ဒုတိယဂိုးသမားတစ္ေယာက္သာ မေခၚယူႏိုင္ခဲ့ရင္ ပထမဂိုးသမား လီႏိုအေနနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အျပင္ ဖလားပြဲေတြအတြက္ပါ ပြဲတိုင္းပါဝင္ကစားရမယ္ဆိုရင္ ပြဲပန္းမွဳနဲ႔ ဒဏ္ရာေတြ ႀကဳံေတြ႕ရႏုိင္လို႔ အာဆင္နယ္အသင္းအတြက္ မေတြးရဲစရာ အေျခအေနကို ေရာက္ရွိသြားမွာျဖစ္တာေၾကာင့္ အခ်ိန္မီခ်ဳပ္ အစုတ္သက္သာေအာင္ လုပ္ေဆာင္သင့္ေနေၾကာင္းလည္း ရွဳျမင္သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.