Premier League

ယူနိုက်တက် ပင်နယ်တီပိုမိုရရှိအောင် သင်ပြပေးခဲ့တဲ့ ဆရာသမားက မော်ရင်ညိုပါလို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရက်ရှ်ဖို့ဒ်


မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပင်နယ်တီပိုမိုရရှိစေဖို့အတွက် ပင်နယ်တီပြစ်ဒဏ်ဘောတောင်းဆိုရာမှာ ပိုပြီး ပါးပါးနပ်နပ် လုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က ယခုလအစောပိုင်းမှာ ယူနိုက်တက်ရဲ့ များပြားလှတဲ့ ပင်နယ်တီအရေအတွက်ကို လှောင်ပြောင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၅ ခုနှစ်မှာ အန်းဖီးကို စတင်ရောက်ရှိတဲ့အချိန်ကနေ လက်ရှိအချိန်အထိ ရရှိထားတဲ့ ပင်နယ်တီအရေအတွက်ထက် ယူနိုက်တက် ၂ နှစ်အတွင်းရရှိခဲ့တဲ့ အရေအတွက်က ပိုများတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ နည်းပြမော်ရင်ညိုနေရာမှာ နည်းပြဆိုးလ်ရှား အစားထိုးခန့်အပ်ခံခဲ့ရပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံမှာ ပင်နယ်တီ ၄၂ ကြိမ်အထိ ရရှိခဲ့ပေမယ့် လီဗာပူးလ်ကတော့ ၁၉ ကြိမ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရက်ရှ်ဖို့ဒ်က မော်ရင်ညိုဟာ ပြိုင်ဘက်အသင်း ပင်နယ်တီဧရိယာအတွင်းမှာ ထိတွေ့ခြင်းခံခဲ့ရပြီးနောက် အခြေအနေကို ချဉ်းကပ်တဲ့နည်းလမ်းကို ပြောင်းလဲဖို့ တောင်းဆိုခဲ့သူဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။


“တိုက်စစ်ကစားသမားတွေအနေနဲ့ကတော့ ကျွန်တော်တို့ တိုက်စစ်ဆင်ပြီး ဂိုးတွေသွင်းယူချင်တယ်။ ခင်ဗျား ဘောလုံးကို ပြေးလိုက်နေတဲ့အချိန် ဒါမှမဟုတ် ဘောလုံးနဲ့အတူ လိမ်ခေါက်နေတဲ့အချိန်မှာ ခင်ဗျားဆီက ဘောလုံးကို ဖျက်ထုတ်ဖို့ လာတာကို မြင်ခဲ့ရင် ခင်ဗျား ဖျက်ထုတ်တာ မခံချင်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက ဂိုးသွင်းယူဖို့အတွက် အခွင့်အရေးကို ရှာဖွေနေလို့ပါ”

“ခင်ဗျားဆီက ဘောလုံးကို တစ်စုံတယောက်က ယူသွားတာကို ခွင့်ပြုစရာ လုံးဝ အကြောင်းမရှိပါဘူး။ ဂိုးသွင်းယူဖို့နဲ့ ဂိုးတွေ ကာကွယ်ချင်တာက ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်ပြီး ပင်နယ်တီတွေလည်း ဖြစ်ပျက်နိုင်တယ်ဆိုတာ ခင်ဗျား သိပါတယ်”


“ဒါပေမယ့် ခင်ဗျား ပင်နယ်တီမရကောင်း မရနိုင်တဲ့ အချိန်တွေလည်း ရှိခဲ့မှာပါ။ ကျွန်တော် ဟိုဆေး နည်းပြအဖြစ် ရှိနေခဲ့တဲ့အချိန်တုန်းက ကျွန်တော် ပင်နယ်တီရခဲ့သင့်တဲ့ အခြေအနေ ၅ ကြိမ်၊ ၆ ကြိမ်လောက် ရှိခဲ့တာကို မှတ်မိပါသေးတယ်။ ဟိုဆေးက ကျွန်တော့်ကို ‘မင်း ခုလုပ်နေတဲ့နည်းလမ်းကို ပိုကောင်းအောင် မလုပ်နိုင်ဘူးဆိုရင် ပင်နယ်တီပေးတာ ခံရမှာမဟုတ်ဘူး’တဲ့။ အဲဒီလို သူပြောပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ စတင်ပြီး ပင်နယ်တီအနည်းငယ် ရရှိလာခဲ့ပါတယ်”

“အဲဒါက ခင်ဗျား လေ့လာသင်ကြားဖို့နဲ့ နားလည်ဖို့လိုအပ်တဲ့ တိုးတက်မှုနဲ့ပတ်သက်တဲ့ တစ်စုံတရာဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ပင္နယ္တီပိုမိုရရွိေစဖို႔အတြက္ ပင္နယ္တီျပစ္ဒဏ္ေဘာေတာင္းဆိုရာမွာ ပိုၿပီး ပါးပါးနပ္နပ္ လုပ္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။


လီဗာပူးလ္နည္းၿပ ယာဂင္ ကေလာ့ပ္က ယခုလအေစာပိုင္းမွာ ယူနိုက္တက္ရဲ့ မ်ားျပားလွတဲ့ ပင္နယ္တီအေရအတြက္ကို ေလွာင္ေျပာင္ခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၂၀၁၅ ခုႏွစ္မွာ အန္းဖီးကို စတင္ေရာက္ရွိတဲ့အခ်ိန္ကေန လက္ရွိအခ်ိန္အထိ ရရွိထားတဲ့ ပင္နယ္တီအေရအတြက္ထက္ ယူနိုက္တက္ ၂ ႏွစ္အတြင္းရရွိခဲ့တဲ့ အေရအတြက္က ပိုမ်ားတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ နည္းျပေမာ္ရင္ညိဳေနရာမွာ နည္းျပဆိုးလ္ရွား အစားထိုးခန႔္အပ္ခံခဲ့ရၿပီးေနာက္ပိုင္း မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံမွာ ပင္နယ္တီ ၄၂ ႀကိမ္အထိ ရရွိခဲ့ေပမယ့္ လီဗာပူးလ္ကေတာ့ ၁၉ ႀကိမ္သာ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ရက္ရွ္ဖို႔ဒ္က ေမာ္ရင္ညိဳဟာ ၿပိဳင္ဘက္အသင္း ပင္နယ္တီဧရိယာအတြင္းမွာ ထိေတြ႕ျခင္းခံခဲ့ရၿပီးေနာက္ အေျခအေနကို ခ်ဥ္းကပ္တဲ့နည္းလမ္းကို ေျပာင္းလဲဖို႔ ေတာင္းဆိုခဲ့သူျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။


“တိုက္စစ္ကစားသမားေတြအေနနဲ႔ကေတာ့ ကၽြန္ေတာ္တို႔ တိုက္စစ္ဆင္ၿပီး ဂိုးေတြသြင္းယူခ်င္တယ္။ ခင္ဗ်ား ေဘာလုံးကို ေျပးလိုက္ေနတဲ့အခ်ိန္ ဒါမွမဟုတ္ ေဘာလုံးနဲ႔အတူ လိမ္ေခါက္ေနတဲ့အခ်ိန္မွာ ခင္ဗ်ားဆီက ေဘာလုံးကို ဖ်က္ထုတ္ဖို႔ လာတာကို ျမင္ခဲ့ရင္ ခင္ဗ်ား ဖ်က္ထုတ္တာ မခံခ်င္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက ဂိုးသြင္းယူဖို႔အတြက္ အခြင့္အေရးကို ရွာေဖြေနလို႔ပါ”

“ခင္ဗ်ားဆီက ေဘာလုံးကို တစ္စုံတေယာက္က ယူသြားတာကို ခြင့္ျပဳစရာ လုံးဝ အေၾကာင္းမရွိပါဘူး။ ဂိုးသြင္းယူဖို႔နဲ႔ ဂိုးေတြ ကာကြယ္ခ်င္တာက ကၽြန္ေတာ္တို႔ရဲ့ ဆႏၵျဖစ္ၿပီး ပင္နယ္တီေတြလည္း ျဖစ္ပ်က္နိုင္တယ္ဆိုတာ ခင္ဗ်ား သိပါတယ္”


“ဒါေပမယ့္ ခင္ဗ်ား ပင္နယ္တီမရေကာင္း မရနိုင္တဲ့ အခ်ိန္ေတြလည္း ရွိခဲ့မွာပါ။ ကၽြန္ေတာ္ ဟိုေဆး နည္းျပအျဖစ္ ရွိေနခဲ့တဲ့အခ်ိန္တုန္းက ကၽြန္ေတာ္ ပင္နယ္တီရခဲ့သင့္တဲ့ အေျခအေန ၅ ႀကိမ္၊ ၆ ႀကိမ္ေလာက္ ရွိခဲ့တာကို မွတ္မိပါေသးတယ္။ ဟိုေဆးက ကၽြန္ေတာ့္ကို ‘မင္း ခုလုပ္ေနတဲ့နည္းလမ္းကို ပိုေကာင္းေအာင္ မလုပ္နိုင္ဘူးဆိုရင္ ပင္နယ္တီေပးတာ ခံရမွာမဟုတ္ဘူး’တဲ့။ အဲဒီလို သူေျပာၿပီးတဲ့ေနာက္မွာေတာ့ ကၽြန္ေတာ္တို႔ စတင္ၿပီး ပင္နယ္တီအနည္းငယ္ ရရွိလာခဲ့ပါတယ္”

“အဲဒါက ခင္ဗ်ား ေလ့လာသင္ၾကားဖို႔နဲ႔ နားလည္ဖို႔လိုအပ္တဲ့ တိုးတက္မႈနဲ႔ပတ္သက္တဲ့ တစ္စုံတရာျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.