Other Leagues

ပြင်သစ်လိဂ်အသင်းကို ဝယ်ယူဖို့ဆွေးနွေးနေတဲ့ မန်စီးတီးအသင်းပိုင်ရှင်

(Unicode)

မန်စီးတီးအသင်းကိုပိုင်ဆိုင်တဲ့စော်ဘွားအုပ်စုဟာ အခုအခါမှာတော့ ပြင်သစ်လိဂ်ကအသင်းတစ်သင်းကို ထပ်မံဝယ်ယူဖို့ ဆွေးနွေးမှုများစတင်နေပြီဖြစ်ပါတယ်။ ပြင်သစ်မြေမှာပါ သူတို့ရဲ့သြဇာလွှမ်းမိုးနိုင်ဖို့ကြိုးစားလာတယ်လို့ယူဆရပါတယ်။

သူတို့ဝယ်ယူမယ့်အသင်းကတော့ Nancy အသင်းဖြစ်ပါတယ်။ ဆွေးနွေးမှုဟာ ကနဦးအဆင့်ကိုကျော်လွန်ပြီး အသေးစိတ်ညှိနှိုင်းမှုထိရောက်ရှိနေပြီလို့ ပြင်သစ်က မီဒီယာတွေကဆိုပါတယ်။

Nancy အသင်းကိုဝယ်ယူဖို့ အဘူဒါဘီအုပ်စုကကြိုးစားလာတာဟာ အခုမှမဟုတ်ပဲ လပေါင်းများစွာကြာခဲ့ပါပြီ။ အသင်းကိုဝယ်ယူပြီးရင်တော့ အသင်းရဲ့တည်ငြိမ်မှုအတွက် Nancy အသင်းရဲ့ လက်ရှိဥက္ကဌ Jacques Rousselot ကိုပဲ နှစ်ရာသီဆက်လက်ထားရှိသွားမှာဖြစ်ပါတယ်။

Nancy အသင်းဟာ အခုအခါ ပြင်သစ်လီဂူးဝမ်းမှာ အဆင့်၁၄နေရာမှာရပ်တည်လျက်ရှိပြီး အဘူဒါဘီအုပ်စုဟာ ရင်းနှီးမြုပ်နှံမှုအကြီးကြီးပြုလုပ်သွားဖို့ရှိနေပါတယ်။ အဘူဒါဘီအုပ်စုဟာ မန်စီးတီးအသင်းကိုအလုံးစုံပိုင်ဆိုင်တဲ့အပြင် နယူးယော့ခ်စီးတီးဘောလုံးအသင်းနဲ့ သြစတေးလျကလပ် မဲလ်ဘုန်းအသင်းတို့မှာလည်း ရှယ်ယာတွေပိုင်ဆိုင်ထားပါတယ်။

Nancy အသင်းရော မန်စီးတီးအသင်းလို အသင်းကြီးတစ်သင်းဖြစ်လာအောင် ပိုင်ရှင်သစ်တွေက စွမ်းဆောင်နိင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Sports A2Z
HTOO PYAE SONE

(Zawgyi)

မန္စီးတီးအသင္းကိုပိုင္ဆိုင္တဲ့ေစာ္ဘြားအုပ္စုဟာ အခုအခါမွာေတာ့ ျပင္သစ္လိဂ္ကအသင္းတစ္သင္းကို ထပ္မံဝယ္ယူဖို႔ ေဆြးေႏြးမႈမ်ားစတင္ေနၿပီျဖစ္ပါတယ္။ ျပင္သစ္ေျမမွာပါ သူတို႔ရဲ႕ၾသဇာလႊမ္းမိုးႏိုင္ဖို႔ႀကိဳးစားလာတယ္လို႔ယူဆရပါတယ္။

သူတို႔ဝယ္ယူမယ့္အသင္းကေတာ့ Nancy အသင္းျဖစ္ပါတယ္။ ေဆြးေႏြးမႈဟာ ကနဦးအဆင့္ကိုေက်ာ္လြန္ၿပီး အေသးစိတ္ညႇိႏႈိင္းမႈထိေရာက္ရွိေနၿပီလို႔ ျပင္သစ္က မီဒီယာေတြကဆိုပါတယ္။

Nancy အသင္းကိုဝယ္ယူဖို႔ အဘူဒါဘီအုပ္စုကႀကိဳးစားလာတာဟာ အခုမွမဟုတ္ပဲ လေပါင္းမ်ားစြာၾကာခဲ့ပါၿပီ။ အသင္းကိုဝယ္ယူၿပီးရင္ေတာ့ အသင္းရဲ႕တည္ၿငိမ္မႈအတြက္ Nancy အသင္းရဲ႕ လက္ရွိဥကၠဌ Jacques Rousselot ကိုပဲ ႏွစ္ရာသီဆက္လက္ထားရွိသြားမွာျဖစ္ပါတယ္။

Nancy အသင္းဟာ အခုအခါ ျပင္သစ္လီဂူးဝမ္းမွာ အဆင့္၁၄ေနရာမွာရပ္တည္လ်က္ရွိၿပီး အဘူဒါဘီအုပ္စုဟာ ရင္းႏွီးျမဳပ္ႏွံမႈအႀကီးႀကီးျပဳလုပ္သြားဖို႔ရွိေနပါတယ္။ အဘူဒါဘီအုပ္စုဟာ မန္စီးတီးအသင္းကိုအလုံးစုံပိုင္ဆိုင္တဲ့အျပင္ နယူးေယာ့ခ္စီးတီးေဘာလုံးအသင္းနဲ႔ ၾသစေတးလ်ကလပ္ မဲလ္ဘုန္းအသင္းတို႔မွာလည္း ရွယ္ယာေတြပိုင္ဆိုင္ထားပါတယ္။

Nancy အသင္းေရာ မန္စီးတီးအသင္းလို အသင္းႀကီးတစ္သင္းျဖစ္လာေအာင္ ပိုင္ရွင္သစ္ေတြက စြမ္းေဆာင္နိင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

Sports A2Z
HTOO PYAE SONE