Other Leagues

စီးတီး ၃ သင်း နောက်တစ်ဆင့်တက်ပြီး စပါးစ်အသင်း ထွက်ခွာခဲ့ရတဲ့ အက်ဖ်အေဖလားပွဲပြီး သုံးသပ်ချက်များ

ဗုဒ္ဓဟူးနေ့ညက ကျင်းပခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေမှာတော့ မန်ချက်စတာစီးတီး၊ လက်စတာစီးတီးနဲ့ နော့ဝစ်ချ်စီးတီး၊ စီးတီးသုံးသင်း နောက်တစ်ဆင့်တက်ခဲ့ပြီး ရှက်ဖီးလ်ဒ် ဝမ့်စ်ဒေး၊ ဘာမင်ဂမ်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ကတော့ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပြီလည်း ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ နာမည်ကြီး ဟေးလ်စ်ဘရော့လို့ လူတွေ အသံထွက်မှားနေတဲ့ ဟေးလ်စ်ဘားရားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ရှက်ဖီးလ် ဝမ့်စ်ဒေးနဲ့ မန်စီးတီးတို့ ပွဲစဉ်မှာတော့ ပရိသတ်အားနဲ့ တစ်ပွဲလုံးတောင့်ခံနေခဲ့တဲ့ အိမ်ရှင်အသင်းကို ပွဲချိန် ၅၃ မိနစ်မှာ သွင်းခဲ့တဲ့ အဂွေရိုရဲ့သွင်းဂိုးနဲ့ လက်ရှိချန်ပီယံတွေ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီပွဲရဲ့ ဘောလုံးပိုင်ဆိုင်မှုကလည်း ၂၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်း၊ တစ်ဖက်သတ်ဖြစ်ခဲ့တာပါ။

လက်စတာစီးတီးနဲ့ ဘာမင်ဂမ်စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်မြေခွေးတွေက ပွဲချိန် ၈၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ရီကာဒို ပါရဲရားရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဘာမင်ဂမ်ဘက်မှာတော့ ခုတလော နာမည်ကြီးနေတဲ့ လူငယ်လေး ဂျုဒ် ဘယ်လင်ဂမ် ပါဝင်မလာခဲ့ဘဲ အိမ်ရှင်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိ ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးရလဒ်ကလွဲရင် နှိုင်းယှဉ်စရာတော်တော်များများက ကွာခြားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင်ခဲ့ရတဲ့ နော့ဝစ်ချ်စီးတီးနဲ့ စပါးစ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်မြောက်လန်ဒန်သားတွေက ပွဲချိန် ၁၃ မိနစ်မှာ ဗာတွန်ဂန်ရဲ့ ဖရီးကစ်ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၇၉ မိနစ်မှာတော့ ဧည့်သည် ကနေရီတွေရဲ့ ဆွစ်ဇာလန်တိုက်စစ်မှူး ဒါမစ်က ချေပသွားခဲ့လို့ သရေရလဒ်က ပွဲချိန် မိနစ် ၁၂၀ အထိ တည်မြဲနေခဲ့လို့ ပင်နယ်တီကန်ရာမှာတော့ နော့ဝစ်ချ်ဂိုးသမား ကရူးလ်ရဲ့ လက်စွမ်းနဲ့ သုံးဂိုး-နှစ်ဂိုးရလဒ် ထွက်ပေါ်ခဲ့တာပါ။

နောက်တစ်ဆင့်ကို တက်ရောက်သွားတဲ့ အသင်းတွေအတွက် ရေးဆွဲခဲ့တဲ့ ကွာတားဖိုင်နယ်အဆင့်မှာတော့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ အာဆင်နယ်၊ နယူးကာဆယ်လ်နဲ့ မန်စီးတီး၊ လက်စတာနဲ့ ချဲလ်ဆီး၊ နော့ဝစ်ချ်နဲ့ ဒါဘီ-မန်ယူပွဲစဉ်က အနိုင်ရတဲ့အသင်းတွေ ယှဉ်ပြိုင်သွားရမှာလည်း ဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z

[zawgyi]
ဗုဒ္ဓဟူးနေ့ညက ကျင်းပခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေမှာတော့ မန်ချက်စတာစီးတီး၊ လက်စတာစီးတီးနဲ့ နော့ဝစ်ခ်ျစီးတီး၊ စီးတီးသုံးသင်း နောက်တစ်ဆင့်တက်ခဲ့ပြီး ရှက်ဖီးလ်ဒ် ဝမ့်စ်ဒေး၊ ဘာမင်ဂမ်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ကတော့ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပြီလည်း ဖြစ်ပါတယ်။




နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင်ခဲ့ရတဲ့ နော့ဝစ်ခ်ျစီးတီးနဲ့ စပါးစ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်မြောက်လန်ဒန်သားတွေက ပွဲချိန် ၁၃ မိနစ်မှာ ဗာတွန်ဂန်ရဲ့ ဖရီးကစ်ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၇၉ မိနစ်မှာတော့ ဧည့်သည် ကနေရီတွေရဲ့ ဆွစ်ဇာလန်တိုက်စစ်မှူး ဒါမစ်က ချေပသွားခဲ့လို့ သရေရလဒ်က ပွဲချိန် မိနစ် ၁၂၀ အထိ တည်မြဲနေခဲ့လို့ ပင်နယ်တီကန်ရာမှာတော့ နော့ဝစ်ခ်ျဂိုးသမား ကရူးလ်ရဲ့ လက်စွမ်းနဲ့ သုံးဂိုး-နှစ်ဂိုးရလဒ် ထွက်ပေါ်ခဲ့တာပါ။

နောက်တစ်ဆင့်ကို တက်ရောက်သွားတဲ့ အသင်းတွေအတွက် ရေးဆွဲခဲ့တဲ့ ကွာတားဖိုင်နယ်အဆင့်မှာတော့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ အာဆင်နယ်၊ နယူးကာဆယ်လ်နဲ့ မန်စီးတီး၊ လက်စတာနဲ့ ချဲလ်ဆီး၊ နော့ဝစ်ခ်ျနဲ့ ဒါဘီ-မန်ယူပွဲစဉ်က အနိုင်ရတဲ့အသင်းတွေ ယှဉ်ပြိုင်သွားရမှာလည်း ဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
KIZARNO
SPORTS A2Z