Premier League Transfer News

15 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– စထရာဘိုးနောက်ခံလူ မိုဟာမက် ဆီမာကန်ကို RB လိုက်ပ်ဇစ်ဆီ လက်လွှတ်ရမယ့် ချဲလ်ဆီးအသင်းအတွက်တော့ ဒီကနေ နောက်ခံလူ ဒါယို အူပါမီကာနိုကို ပြန်လည်ရရှိနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဆီမာကန်ကို မရလိုက်တဲ့ အေစီမီလန်အသင်းကိုလည်း ဖီကာယို တိုမိုရီကို အငှားချသွားဖို့ လုပ်ဆောင်နေ။

– မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေခဲ့တဲ့ တောင်ကိုရီးယားနောက်ခံလူ ဂင်မင်းဂျယ်ကို တရုတ်ဆူပါလိဂ်ကလပ် ပေကျင်းကော်အန်အသင်းကအနေ အပြိုင်ခေါ်ယူဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး ဆွန်ဟောင်မင်ရဲ့ အကူအညီနဲ့ ပြိုင်ဆိုင်လာဖို့ရှိနေ။

– တော့တင်ဟမ် ဟော့စပါးစ်အသင်းနဲ့ ပွဲစဉ်မှာ မထင်မှတ်ဘဲ ရလဒ်ကောင်းအဖြစ် အဝေးကွင်းသရေပွဲကို ရယူပြနိုင်ခဲ့တဲ့ ဖူလ်ဟမ်နည်းပြ စကော့ ပါကားအနေနဲ့ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်တဲ့ပွဲမှာ အိမ်ကွင်းရလဒ်ကောင်းကို အလိုရှိနေတယ်လို့ဆို။

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ဂျာမန်တိုက်စစ်မှူး တီမို ဗာနာကို အထောင်နေရာမှာ မထားတာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ သူ့အနေနဲ့ ဘယ်ခြမ်းမှာ ကစားနိုင်ကြောင်းနဲ့ အချိန်အနည်းငယ်ပေးဖို့သာ လိုအပ်နေတာဖြစ်ကြောင်း ရှင်းလင်း။

– ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ ဘာဆာစပေါ်လူငယ်တိုက်စစ်မှူး အလီ အက်ခ်မန်ကိုတော့ လန်ဒန်မှာ မြင်တွေ့ရနိုင်ခြေ မရှိသလောက်နည်းနေပြီး မန်ချက်စတာစီးတီးအသင်းအနေနဲ့ ရက်ပိုင်းအပြီး ယူရိုတစ်သန်းခွဲတည်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ ရှိနေ။

– အိုလာ အီနာဟာ မိမိတို့အသင်းမှာ ခြေစွမ်းပြနေနိုင်တာဟာ ချဲလ်ဆီးအသင်းရဲ့ စီမံခန့်ခွဲမှု မကောင်းတာကြောင့် အရှုံးပြခဲ့တာဖြစ်ပြီး မိမိတို့အသင်းအတွက်တော့ အမြတ်ထွက်ခဲ့သလို ဒီလိုအရည်သွေးရှိတဲ့ နောက်ခံလူကို ပိုင်ဆိုင်ထားရတာက ဂုဏ်ယူစရာလို့ ပွဲကြို စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် ဖူလ်ဟမ်နည်းပြ စကော့ ပါကား ပြောကြား။

– ချဲလ်ဆီးအသင်းရဲ့ ဈေးကွက်ထဲက နှုန်းထားကြီးမြင့်တဲ့ နောက်ခံလူတွေကို လိုက်လံစဉ်းစားနေမယ့်အစား ရှက်ဖီးလ်ဒ်ယူနိုက်တက် အသင်းမှာ အငှားချထားပြီး ခြေစွမ်းပြနေတဲ့ အီသန် အမ်ပါဒူကို ပြန်လည်ခေါ်ယူလိုက်ရင် ပေါင်သန်း ၇၀ လောက် အသုံးစရိတ်ကို ကာမိစေနိုင်မယ်လို့ Football London သုံးသပ်။

– ဒက်ကလန် ရိုက်စ်အနေနဲ့ ဇန်နဝါရီမှာ ဝက်စ်ဟမ်းအသင်းမှာ ဆက်နေဖို့အတွက် နွေရာသီမှာ ထွက်ခွာခွင့်နဲ့ ညှိနှိုင်းသွားမှာဖြစ်ပြီး လာမယ့်ရာသီမှာတော့ အသင်းကြီးတစ်သင်းနဲ့အတူ ဆုဖလားတွေကို ရယူချင်ပြီလို့ ချဲလ်ဆီးပစ်မှတ်ကွင်းလယ်လူက ဆိုထားခဲ့။

– လက်ရှိခြေစွမ်းနဲ့ ဈေးကွက်အနေအထားအရ ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီအထိ စောင့်ဆိုင်းနိုင်ရင် အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ပေါင်သန်း ၁၀၀ အောက်မှာ ခေါ်ယူနိုင်ဖွယ်ရှိပြီး ဒေါ့မွန်အသင်းအနေနဲ့ ဈေးကိုင်ထားခွင့်မရှိဘဲ ရောင်းချရနိုင်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စထရာဘိုးေနာက္ခံလူ မိုဟာမက္ ဆီမာကန္ကို RB လိုက္ပ္ဇစ္ဆီ လက္လႊတ္ရမယ့္ ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ ဒီကေန ေနာက္ခံလူ ဒါယို အူပါမီကာႏိုကို ျပန္လည္ရရွိႏိုင္ဖို႔ ပစ္မွတ္ထားေနၿပီး ဆီမာကန္ကို မရလိုက္တဲ့ ေအစီမီလန္အသင္းကိုလည္း ဖီကာယို တိုမိုရီကို အငွားခ်သြားဖို႔ လုပ္ေဆာင္ေန။

– ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းက စိတ္ဝင္စားေနခဲ့တဲ့ ေတာင္ကိုရီးယားေနာက္ခံလူ ဂင္မင္းဂ်ယ္ကို တ႐ုတ္ဆူပါလိဂ္ကလပ္ ေပက်င္းေကာ္အန္အသင္းကအေန အၿပိဳင္ေခၚယူဖို႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ဆြန္ေဟာင္မင္ရဲ႕ အကူအညီနဲ႔ ၿပိဳင္ဆိုင္လာဖို႔ရွိေန။

– ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းနဲ႔ ပြဲစဥ္မွာ မထင္မွတ္ဘဲ ရလဒ္ေကာင္းအျဖစ္ အေဝးကြင္းသေရပြဲကို ရယူျပႏိုင္ခဲ့တဲ့ ဖူလ္ဟမ္နည္းျပ စေကာ့ ပါကားအေနနဲ႔ အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ ျပန္လည္ရင္ဆိုင္တဲ့ပြဲမွာ အိမ္ကြင္းရလဒ္ေကာင္းကို အလိုရွိေနတယ္လို႔ဆို။

– ခ်ဲလ္ဆီးနည္းျပ ဖရန႔္ လမ္းပတ္အေနနဲ႔ ဂ်ာမန္တိုက္စစ္မႉး တီမို ဗာနာကို အေထာင္ေနရာမွာ မထားတာဟာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ မဟုတ္ဘဲ သူ႔အေနနဲ႔ ဘယ္ျခမ္းမွာ ကစားႏိုင္ေၾကာင္းနဲ႔ အခ်ိန္အနည္းငယ္ေပးဖို႔သာ လိုအပ္ေနတာျဖစ္ေၾကာင္း ရွင္းလင္း။

– ခ်ဲလ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ ဘာဆာစေပၚလူငယ္တိုက္စစ္မႉး အလီ အက္ခ္မန္ကိုေတာ့ လန္ဒန္မွာ ျမင္ေတြ႕ရႏိုင္ေျခ မရွိသေလာက္နည္းေနၿပီး မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ရက္ပိုင္းအၿပီး ယူ႐ိုတစ္သန္းခြဲတည္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ဖို႔ ရွိေန။

– အိုလာ အီနာဟာ မိမိတို႔အသင္းမွာ ေျခစြမ္းျပေနႏိုင္တာဟာ ခ်ဲလ္ဆီးအသင္းရဲ႕ စီမံခန႔္ခြဲမႈ မေကာင္းတာေၾကာင့္ အရႈံးျပခဲ့တာျဖစ္ၿပီး မိမိတို႔အသင္းအတြက္ေတာ့ အျမတ္ထြက္ခဲ့သလို ဒီလိုအရည္ေသြးရွိတဲ့ ေနာက္ခံလူကို ပိုင္ဆိုင္ထားရတာက ဂုဏ္ယူစရာလို႔ ပြဲႀကိဳ စိတ္ဓာတ္စစ္ဆင္ေရးအျဖစ္ ဖူလ္ဟမ္နည္းျပ စေကာ့ ပါကား ေျပာၾကား။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေဈးကြက္ထဲက ႏႈန္းထားႀကီးျမင့္တဲ့ ေနာက္ခံလူေတြကို လိုက္လံစဥ္းစားေနမယ့္အစား ရွက္ဖီးလ္ဒ္ယူႏိုက္တက္ အသင္းမွာ အငွားခ်ထားၿပီး ေျခစြမ္းျပေနတဲ့ အီသန္ အမ္ပါဒူကို ျပန္လည္ေခၚယူလိုက္ရင္ ေပါင္သန္း ၇၀ ေလာက္ အသုံးစရိတ္ကို ကာမိေစႏိုင္မယ္လို႔ Football London သုံးသပ္။

– ဒက္ကလန္ ႐ိုက္စ္အေနနဲ႔ ဇန္နဝါရီမွာ ဝက္စ္ဟမ္းအသင္းမွာ ဆက္ေနဖို႔အတြက္ ေႏြရာသီမွာ ထြက္ခြာခြင့္နဲ႔ ညႇိႏႈိင္းသြားမွာျဖစ္ၿပီး လာမယ့္ရာသီမွာေတာ့ အသင္းႀကီးတစ္သင္းနဲ႔အတူ ဆုဖလားေတြကို ရယူခ်င္ၿပီလို႔ ခ်ဲလ္ဆီးပစ္မွတ္ကြင္းလယ္လူက ဆိုထားခဲ့။

– လက္ရွိေျခစြမ္းနဲ႔ ေဈးကြက္အေနအထားအရ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေႏြရာသီအထိ ေစာင့္ဆိုင္းႏိုင္ရင္ အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကို ေပါင္သန္း ၁၀၀ ေအာက္မွာ ေခၚယူႏိုင္ဖြယ္ရွိၿပီး ေဒါ့မြန္အသင္းအေနနဲ႔ ေဈးကိုင္ထားခြင့္မရွိဘဲ ေရာင္းခ်ရႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.