Premier League Transfer News

15 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းကို တောက်လျှောက်တိုက်ခိုက်နေတဲ့ စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ မိမိတို့အသင်းမှာ ရှိခဲ့စဉ်က ပင်နယ်တီကို ဘယ်လိုရယူရမယ်ဆိုတာ သင်ပေးခဲ့ဖူးပြီး ဧရိယာထဲမှာ ပါးနပ်ဖို့နဲ့ ဂိုးမသွင်းနိုင်ရင် လှဲချဖို့ သင်ပေးခဲ့လို့ မိမိတို့ အသင်းအနေနဲ့ ပင်နယ်တီ ပိုရတာဖြစ်တာလို့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် လှောင်ပြောင်။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ နေရာမပေးနိုင်တဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်အတွက် အင်တာမီလန်အသင်းရဲ့ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ပြီး နယ်သာလန်လက်ရွေးစင်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်လာလိမ့်မယ်လို့ အသင်းဘက်က မျှော်လင့်ထား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံရှစ်ကလပ် ဘုန်းမောက်ကွင်းလယ်လူ ဒေးဗစ် ဘရွတ်ခ်စ်ကို အက်စတန်ဗီလာနဲ့အပြိုင် စောင့်ကြည့်နေပြီး ၂၃ နှစ်သားအတွက် ပေါင်သန်း ၃၀ ကျော် အသုံးပြုသွားဖို့ ရှိနေပေမယ့် တန်းတက်ဖို့ အင်အားစုဆောင်းထားလိုတဲ့ အသင်းကြောင့် ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိနေ။

– ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ်ကတော့ အသင်းရဲ့ ဗဟိုခံစစ်အားဖြည့်မှုအတွက် RB လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုထက် လက်စတာစီးတီးအသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ပြင်သစ်သား ဝက်စ်လီ ဖိုဖာနာကိုပဲ ခေါ်ယူစေဖို့ အကြံပေးထား။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် အာမက် ဂျယ်လို ထရာအိုရေးအနေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းကို လူငယ်အဆင့်မှာ ကောင်းကောင်း ဒုက္ခပေးဖူးပြီဖြစ်ပြီး UEFA လူငယ်ပြိုင်ပွဲမှာ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြပြီး တစ်ဂိုး ဖန်တီးပေးထားခဲ့။

– အသင်းမှာ ခြေစွမ်းပြနေပေမယ့် ကြံ့ခိုင်မှုနဲ့ ဒဏ်ရာတွေကြောင့် ယုံကြည်စိတ်ချနိုင်ခြင်း မရှိသေးတဲ့ နောက်ခံလူ အဲရစ် ဘိုင်လီဟာ နွေရာသီမှာ ယူနိုက်တက်တာဝန်ရှိသူတွေအတွက် နမူနာဖြစ်နေပြီး သူ့လို စွမ်းဆောင်ရည်နဲ့ သူ့ထက် ကြံ့ခိုင်မှုကောင်းသူကို ရှာဖွေသွားရမယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– နောက်ခံလူ ဒါယို အူပါမီကာနိုကို ဈေးကွက်နဲ့ ဘဏ္ဏာရေးအခြေအနေတွေကြောင့် လက်ရှိမှာ မခေါ်ယူသေးဘဲ စောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း မျက်ခြေပြတ်မခံဘဲ ရှိနေပြီး သူတို့တွေ လှုပ်ရှားတာနဲ့ တစ်ပြိုင်နက် လက်ဦးမှု ရယူနိုင်ဖို့ စီစဉ်ထား။

– ပေါင် ၄ သန်းခွဲတည်းနဲ့ ရရှိမယ့် အသက် ၁၉ နှစ်အရွယ် နိုင်ငံတကာလက်ရွေးစင်ကို မခေါ်ယူခဲ့တာဟာ ဆုံးဖြတ်ချက်အမှား ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပြီး မွိုက်ဆက်စ် ကိုင်စီဒိုအနေနဲ့ ယူနိုက်တက်ဘက်က နောက်ဆုတ်ခဲ့အပြီးမှာ အိဗ်စ် ဘီဆူးမားကို ရောင်းထုတ်မယ့် ဘရိုက်တန်ကို ရောက်ဖွယ်ရှိနေ။

– လီဗာပူးလ်ကို အနိုင်ကစားဖို့ဆိုရင် သူတို့တွေအနေနဲ့ ပုံမှန်ယှဉ်ပြိုင်ကစားပုံမှာ အန္တရာယ်ကြီးတဲ့ ဖရီးကစ်တွေနဲ့ ထောင့်ကန်ဘောတွေကို လုံးဝမပေးဘဲ ထိန်းချုပ်သွားနိုင်ဖို့ လိုအပ်တယ်လို့ နောက်ခံလူဟောင်း မီခေးလ် ဆီဗက်စတာက အင်္ဂလန်ဒါဘီ နှစ်ပွဲဆက်ကစားရမယ့် အသင်းဟောင်းကို အကြံပေး။

– အသင်းနဲ့ နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ နောက်ခံလူ မားကို့စ် ရိုဟိုအနေနဲ့ လက်ကျန် ၆ လစာချုပ်ကို ဇန်နဝါရီမှာပဲ ဖျက်သိမ်းပေးစေဖို့ ဆန္ဒရှိနေပြီး သူ့အနေနဲ့ လွတ်လွတ်လပ်လပ် အပြောင်းအရွှေ့ဖြစ်လုပ်နိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းဆီ တောင်းဆိုထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေတာက္ေလွ်ာက္တိုက္ခိုက္ေနတဲ့ စပါးစ္နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ မိမိတို႔အသင္းမွာ ရွိခဲ့စဥ္က ပင္နယ္တီကို ဘယ္လိုရယူရမယ္ဆိုတာ သင္ေပးခဲ့ဖူးၿပီး ဧရိယာထဲမွာ ပါးနပ္ဖို႔နဲ႔ ဂိုးမသြင္းႏိုင္ရင္ လွဲခ်ဖို႔ သင္ေပးခဲ့လို႔ မိမိတို႔ အသင္းအေနနဲ႔ ပင္နယ္တီ ပိုရတာျဖစ္တာလို႔ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ေလွာင္ေျပာင္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေနရာမေပးႏိုင္တဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္အတြက္ အင္တာမီလန္အသင္းရဲ႕ အငွားနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းလာမႈကို ပယ္ခ်လိုက္ၿပီး နယ္သာလန္လက္ေ႐ြးစင္အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ အေရးပါတဲ့ အခန္းက႑ကို ေရာက္လာလိမ့္မယ္လို႔ အသင္းဘက္က ေမွ်ာ္လင့္ထား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ခ်န္ပီယံရွစ္ကလပ္ ဘုန္းေမာက္ကြင္းလယ္လူ ေဒးဗစ္ ဘ႐ြတ္ခ္စ္ကို အက္စတန္ဗီလာနဲ႔အၿပိဳင္ ေစာင့္ၾကည့္ေနၿပီး ၂၃ ႏွစ္သားအတြက္ ေပါင္သန္း ၃၀ ေက်ာ္ အသုံးျပဳသြားဖို႔ ရွိေနေပမယ့္ တန္းတက္ဖို႔ အင္အားစုေဆာင္းထားလိုတဲ့ အသင္းေၾကာင့္ ေခၚယူဖို႔ ခက္ခဲဖြယ္ရွိေန။

– ယူႏိုက္တက္ကြင္းလယ္လူေဟာင္း ေပါလ္ စခိုးလ္ကေတာ့ အသင္းရဲ႕ ဗဟိုခံစစ္အားျဖည့္မႈအတြက္ RB လိုက္ပ္ဇစ္အသင္းရဲ႕ ေနာက္ခံလူ ဒါယို အူပါမီကာႏိုထက္ လက္စတာစီးတီးအသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ျပင္သစ္သား ဝက္စ္လီ ဖိုဖာနာကိုပဲ ေခၚယူေစဖို႔ အႀကံေပးထား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားသစ္ အာမက္ ဂ်ယ္လို ထရာအိုေရးအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီး အသင္းကို လူငယ္အဆင့္မွာ ေကာင္းေကာင္း ဒုကၡေပးဖူးၿပီျဖစ္ၿပီး UEFA လူငယ္ၿပိဳင္ပြဲမွာ အႏိုင္ယူခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္းျပၿပီး တစ္ဂိုး ဖန္တီးေပးထားခဲ့။

– အသင္းမွာ ေျခစြမ္းျပေနေပမယ့္ ႀကံ့ခိုင္မႈနဲ႔ ဒဏ္ရာေတြေၾကာင့္ ယုံၾကည္စိတ္ခ်ႏိုင္ျခင္း မရွိေသးတဲ့ ေနာက္ခံလူ အဲရစ္ ဘိုင္လီဟာ ေႏြရာသီမွာ ယူႏိုက္တက္တာဝန္ရွိသူေတြအတြက္ နမူနာျဖစ္ေနၿပီး သူ႔လို စြမ္းေဆာင္ရည္နဲ႔ သူ႔ထက္ ႀကံ့ခိုင္မႈေကာင္းသူကို ရွာေဖြသြားရမယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– ေနာက္ခံလူ ဒါယို အူပါမီကာႏိုကို ေဈးကြက္နဲ႔ ဘဏၰာေရးအေျခအေနေတြေၾကာင့္ လက္ရွိမွာ မေခၚယူေသးဘဲ ေစာင့္ၾကည့္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ လႈပ္ရွားမႈေတြကိုလည္း မ်က္ေျချပတ္မခံဘဲ ရွိေနၿပီး သူတို႔ေတြ လႈပ္ရွားတာနဲ႔ တစ္ၿပိဳင္နက္ လက္ဦးမႈ ရယူႏိုင္ဖို႔ စီစဥ္ထား။

– ေပါင္ ၄ သန္းခြဲတည္းနဲ႔ ရရွိမယ့္ အသက္ ၁၉ ႏွစ္အ႐ြယ္ ႏိုင္ငံတကာလက္ေ႐ြးစင္ကို မေခၚယူခဲ့တာဟာ ဆုံးျဖတ္ခ်က္အမွား ျဖစ္လိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက သတိေပးလိုက္ၿပီး မြိဳက္ဆက္စ္ ကိုင္စီဒိုအေနနဲ႔ ယူႏိုက္တက္ဘက္က ေနာက္ဆုတ္ခဲ့အၿပီးမွာ အိဗ္စ္ ဘီဆူးမားကို ေရာင္းထုတ္မယ့္ ဘ႐ိုက္တန္ကို ေရာက္ဖြယ္ရွိေန။

– လီဗာပူးလ္ကို အႏိုင္ကစားဖို႔ဆိုရင္ သူတို႔ေတြအေနနဲ႔ ပုံမွန္ယွဥ္ၿပိဳင္ကစားပုံမွာ အႏၲရာယ္ႀကီးတဲ့ ဖရီးကစ္ေတြနဲ႔ ေထာင့္ကန္ေဘာေတြကို လုံးဝမေပးဘဲ ထိန္းခ်ဳပ္သြားႏိုင္ဖို႔ လိုအပ္တယ္လို႔ ေနာက္ခံလူေဟာင္း မီေခးလ္ ဆီဗက္စတာက အဂၤလန္ဒါဘီ ႏွစ္ပြဲဆက္ကစားရမယ့္ အသင္းေဟာင္းကို အႀကံေပး။

– အသင္းနဲ႔ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတဲ့ ေနာက္ခံလူ မားကို႔စ္ ႐ိုဟိုအေနနဲ႔ လက္က်န္ ၆ လစာခ်ဳပ္ကို ဇန္နဝါရီမွာပဲ ဖ်က္သိမ္းေပးေစဖို႔ ဆႏၵရွိေနၿပီး သူ႔အေနနဲ႔ လြတ္လြတ္လပ္လပ္ အေျပာင္းအေ႐ႊ႕ျဖစ္လုပ္ႏိုင္ဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေတာင္းဆိုထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.