Premier League Transfer News

15 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် ဟက်တာ ဘယ်လာရင်နဲ့ နည်းပြ မီခယ်လ် အာတီတာတို့က သူတို့အတွက် နောက်ခံလူတွေဖြစ်ကြတဲ့ ကီရန် တီယာနီနဲ့ ပါဘလို မာရီတို့ မပါဝင်နိုင်ခဲ့တဲ့ ကွက်လပ်က ကြီးမားခဲ့ကြောင်း ဝန်ခံလိုက်ပြီး စကော့တလန်သားကတော့ ကြွက်သားမာကျောနေတဲ့ ဒဏ်ရာကို MRI Scan ရိုက်ဖို့ ရှိနေသလို ပေါင်ဒဏ်ရာဖြစ်ဖွယ်ရှိကြောင်း ခန့်မှန်းရ။

– ပရိသတ်တွေအနေနဲ့ အာဆင်နယ်အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ အသင်းအပေါ် ပေးဆပ်မှုနဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လိုက်ပြီး ကပ္ပတိန်လက်ပတ်နဲ့ မသင့်တော်ဘူးလို့ ဝေဖန်ခဲ့ကြသလို နောက်ခံလူ တီယာနီကို လွှဲပြောင်းပေးအပ်ဖို့ တောင်းဆိုနေကြ။

– ရှက်ခ်တာဒိုးနက်စ်ခ်အသင်းရဲ့ အစ္စရေးလ်တောင်ပံကစားသမား မေနာ ဆော်လမွန်အနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း အေးဂျင့်ရဲ့ လမ်းခင်းမှုအောက်မှာ ဝန်ခံလိုက်ပြီဖြစ်ပြီး ဂန်းနားတွေအနေနဲ့ သူ့ကို ခေါ်ယူဖို့အတွက် ဆောင်းရာသီ ဘတ်ဂျက်အားလုံးကို အသုံးပြုရဖွယ်ရှိနေ။

– အသင်းရဲ့ ဒုတိယဂိုးသမားနေရာမှာ ရပ်တည်ဖို့ ထိုက်တန်တဲ့ လက်စွမ်းမျိုး မရှိတဲ့ ဂိုးသမား အဲလက်စ် ရူနာဆန်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာအသင်းရဲ့ အရန်ဂိုးသမား နီတိုကို ခေါ်ယူဖို့ အငှားနဲ့ ကမ်းလှမ်းသွားဖွယ်ရှိနေပြီး နူးကမ့်မှာ နေရာမရတဲ့ ဘရာဇီးလ်သားကို စည်းရုံးဖို့ကတော့ နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ တာဝန်ပဲဖြစ်နေ။

– ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ အသင်းအနေနဲ့ စွမ်းဆောင်ရည် ဆိုးရွားခဲ့ချိန်မှာ ရှုံးသွားနိုင်တဲ့ အနေအထားကနေ တစ်ဖက်အသင်းရဲ့ အပိုင်အခွင့်အရေး နှစ်ကြိမ်ကို ကာကွယ်တားဆီးနိုင်ခဲ့တဲ့ ဂိုးသမား ဘန်းဒ် လီနိုကို အာဆင်နယ်ပရိသတ်တွေ ကျေးဇူးတင်နေကြ။

– မိတ်လန်းနိုင်းလ်စ်ဟာ တောင်ပံခံစစ်မှာ ကစားဖို့ လိုအပ်တဲ့ အမြန်နှုန်း ပျောက်ဆုံးနေတယ်လို့ အာဆင်နယ်အမျိုးသမီးအသင်း ခံစစ်မှူးဟောင်း အဲလက်စ် စကော့က ဝေဖန်လိုက်ပြီး ပဲလေ့စ်နဲ့ သရေပွဲအတွက် အားလုံးစိတ်ပျက်ရပေမယ့် ဒီလိုမျိုး အသင်းရဲ့ အရည်အချင်းကို အရှိကို အရှိအတိုင်း တွေ့မြင်ခဲ့ရတာကို အဆိုးထဲက အကောင်းအဖြစ် တန်ဖိုးထားပြီး အားဖြည့်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ သတိပေး။

– အက်သလက်တီကို မက်ဒရစ်အသင်းမှာ နေရာမရတဲ့ အာဆင်နယ်က အငှားချထားသူ လူးကပ်စ် တော်ရဲရားကို ခေါ်ယူဖို့ လာလီဂါကလပ် ဗလင်စီယာနဲ့ စီးရီးအေကလပ် လာဇီယိုတို့က စိတ်ဝင်စားနေပြီး ကွင်းလယ်လူရဲ့ အေးဂျင့်ကလည်း အသင်းပြောင်းရွှေ့ဖို့ အရိပ်အမြွက်ပြောကြားထား။

– အသင်းကနေ ထွက်ခွာဖို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ရဲ့ သတင်းဟာ မဟုတ်မှန်ကြောင်းနဲ့ သူ့အတွက် ကမ်းလှမ်းမှု ၁၅ ခုလောက် ရရှိထားပေမယ့် ဘယ်အသင်းနဲ့မှ သဘောမတူညီသေးတာကြောင့် အာဆင်နယ်ပရိသတ်တွေအနေနဲ့ မျှော်လင့်ချက် ထားနိုင်သေးကြောင်း ဖာဘရီဇီယို ရိုမာနို ထုတ်ပြန်။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ အသင်းရဲ့ အထိနာခဲ့ရတဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းသရေပွဲအတွက် ပွဲပန်းမှုအပေါ် အပြစ်တင်လိုက်ပြီး သူ့ရဲ့ ကစားသမားတွေအနေနဲ့ လန်းဆန်းမှုဆိုတဲ့ အရာကို ရှာမတွေ့ခဲ့ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ဖြေကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ဟက္တာ ဘယ္လာရင္နဲ႔ နည္းျပ မီခယ္လ္ အာတီတာတို႔က သူတို႔အတြက္ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ကီရန္ တီယာနီနဲ႔ ပါဘလို မာရီတို႔ မပါဝင္ႏိုင္ခဲ့တဲ့ ကြက္လပ္က ႀကီးမားခဲ့ေၾကာင္း ဝန္ခံလိုက္ၿပီး စေကာ့တလန္သားကေတာ့ ႂကြက္သားမာေက်ာေနတဲ့ ဒဏ္ရာကို MRI Scan ႐ိုက္ဖို႔ ရွိေနသလို ေပါင္ဒဏ္ရာျဖစ္ဖြယ္ရွိေၾကာင္း ခန႔္မွန္းရ။

– ပရိသတ္ေတြအေနနဲ႔ အာဆင္နယ္အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ အသင္းအေပၚ ေပးဆပ္မႈနဲ႔ စြမ္းေဆာင္ရည္ကို ေမးခြန္းထုတ္လိုက္ၿပီး ကပၸတိန္လက္ပတ္နဲ႔ မသင့္ေတာ္ဘူးလို႔ ေဝဖန္ခဲ့ၾကသလို ေနာက္ခံလူ တီယာနီကို လႊဲေျပာင္းေပးအပ္ဖို႔ ေတာင္းဆိုေနၾက။

– ရွက္ခ္တာဒိုးနက္စ္ခ္အသင္းရဲ႕ အစၥေရးလ္ေတာင္ပံကစားသမား ေမနာ ေဆာ္လမြန္အေနနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေၾကာင္း ေအးဂ်င့္ရဲ႕ လမ္းခင္းမႈေအာက္မွာ ဝန္ခံလိုက္ၿပီျဖစ္ၿပီး ဂန္းနားေတြအေနနဲ႔ သူ႔ကို ေခၚယူဖို႔အတြက္ ေဆာင္းရာသီ ဘတ္ဂ်က္အားလုံးကို အသုံးျပဳရဖြယ္ရွိေန။

– အသင္းရဲ႕ ဒုတိယဂိုးသမားေနရာမွာ ရပ္တည္ဖို႔ ထိုက္တန္တဲ့ လက္စြမ္းမ်ိဳး မရွိတဲ့ ဂိုးသမား အဲလက္စ္ ႐ူနာဆန္ရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ ဘာစီလိုနာအသင္းရဲ႕ အရန္ဂိုးသမား နီတိုကို ေခၚယူဖို႔ အငွားနဲ႔ ကမ္းလွမ္းသြားဖြယ္ရွိေနၿပီး ႏူးကမ့္မွာ ေနရာမရတဲ့ ဘရာဇီးလ္သားကို စည္း႐ုံးဖို႔ကေတာ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ တာဝန္ပဲျဖစ္ေန။

– ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ အသင္းအေနနဲ႔ စြမ္းေဆာင္ရည္ ဆိုး႐ြားခဲ့ခ်ိန္မွာ ရႈံးသြားႏိုင္တဲ့ အေနအထားကေန တစ္ဖက္အသင္းရဲ႕ အပိုင္အခြင့္အေရး ႏွစ္ႀကိမ္ကို ကာကြယ္တားဆီးႏိုင္ခဲ့တဲ့ ဂိုးသမား ဘန္းဒ္ လီႏိုကို အာဆင္နယ္ပရိသတ္ေတြ ေက်းဇူးတင္ေနၾက။

– မိတ္လန္းႏိုင္းလ္စ္ဟာ ေတာင္ပံခံစစ္မွာ ကစားဖို႔ လိုအပ္တဲ့ အျမန္ႏႈန္း ေပ်ာက္ဆုံးေနတယ္လို႔ အာဆင္နယ္အမ်ိဳးသမီးအသင္း ခံစစ္မႉးေဟာင္း အဲလက္စ္ စေကာ့က ေဝဖန္လိုက္ၿပီး ပဲေလ့စ္နဲ႔ သေရပြဲအတြက္ အားလုံးစိတ္ပ်က္ရေပမယ့္ ဒီလိုမ်ိဳး အသင္းရဲ႕ အရည္အခ်င္းကို အရွိကို အရွိအတိုင္း ေတြ႕ျမင္ခဲ့ရတာကို အဆိုးထဲက အေကာင္းအျဖစ္ တန္ဖိုးထားၿပီး အားျဖည့္ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔ သတိေပး။

– အက္သလက္တီကို မက္ဒရစ္အသင္းမွာ ေနရာမရတဲ့ အာဆင္နယ္က အငွားခ်ထားသူ လူးကပ္စ္ ေတာ္ရဲရားကို ေခၚယူဖို႔ လာလီဂါကလပ္ ဗလင္စီယာနဲ႔ စီးရီးေအကလပ္ လာဇီယိုတို႔က စိတ္ဝင္စားေနၿပီး ကြင္းလယ္လူရဲ႕ ေအးဂ်င့္ကလည္း အသင္းေျပာင္းေ႐ႊ႕ဖို႔ အရိပ္အႁမြက္ေျပာၾကားထား။

– အသင္းကေန ထြက္ခြာဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီဆိုတဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ရဲ႕ သတင္းဟာ မဟုတ္မွန္ေၾကာင္းနဲ႔ သူ႔အတြက္ ကမ္းလွမ္းမႈ ၁၅ ခုေလာက္ ရရွိထားေပမယ့္ ဘယ္အသင္းနဲ႔မွ သေဘာမတူညီေသးတာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ေမွ်ာ္လင့္ခ်က္ ထားႏိုင္ေသးေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ထုတ္ျပန္။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ အသင္းရဲ႕ အထိနာခဲ့ရတဲ့ ပရီးမီးယားလိဂ္အိမ္ကြင္းသေရပြဲအတြက္ ပြဲပန္းမႈအေပၚ အျပစ္တင္လိုက္ၿပီး သူ႔ရဲ႕ ကစားသမားေတြအေနနဲ႔ လန္းဆန္းမႈဆိုတဲ့ အရာကို ရွာမေတြ႕ခဲ့ေၾကာင္း ပြဲအၿပီး အင္တာဗ်ဴးမွာ ေျဖၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.