Premier League Transfer News

15 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လန်ဒန်ကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်၊ ချဲလ်ဆီးတို့ရဲ့ ထိပ်ဆုံးက အလိုရှိနေတဲ့ ဘာဆာစပေါ်ရဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တိုက်စစ်မှူး အလီ အက်ခ်မန်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ဦးဆောင်နေပြီး ပြောင်းရွှေ့ကြေး ယူရို တစ်သန်းခွဲ၊ နောက်ထပ်ရောင်းချမှုရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေ။

– ဒေါ့မွန်နဲ့ လေဗာကူဆင်တို့က အပြိုင်ကြိုးစားနေပြီး ဂျာမန်မြေကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ လူငယ်တောင်ပံကစာသမား ဂျေဒင် ဘရာ့ဖ်အနေနဲ့ သူနဲ့ အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုတို့ကြား လေ့ကျင့်ရေးကွင်းမှာ ပြဿနာဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆိုသွားခဲ့။

– မန်ချက်စတာစီးတီးတို့အနေနဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ဇာကာရီးယားနဲ့ အသံတွေ တိတ်ဆိတ်သွားခဲ့ပြီးတဲ့နောက် ဖာနန်ဒင်ညိုရဲ့ ရေရှည်အစားထိုးမှုအဖြစ် ဆက်ဆူအိုလိုရဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား မန်ညူယယ် လိုကာတယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပရိသတ်တွေကလည်း သဘောကျနေ။

– အစ်တီဟတ်မှာ ခြေစွမ်းပြနေခဲ့ပြီး မန်စီးတီးအသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုတစ်ခုဖြစ်ခဲ့တဲ့ ရူဘင် ဒီယက်စ်ဟာ ပေါ်တူဂီနိုင်ငံရဲ့ အကောင်းဆုံးနောက်ခံလူလို့ ဝါရင့်လက်ရွေးစင်နောက်ခံလူ ပက်ပီက ချီးကျူးလိုက်ပြီး ဉာဏ်ရည်မြင့်မားတဲ့ ကစားဟန်ကိုလည်း သူ့အနေနဲ့ လေးစားမိတယ်လို့ဆို။

– မန်ချက်စတာစီးတီးရဲ့ လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်ဟာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုအတွက် စိန်ခေါ်နိုင်မယ့် တစ်ဦးတည်းသောသူဖြစ်တယ်လို့ Talk Sport ကျွမ်းကျင်သူ သုံးသပ်။

– နွေရာသီမှာ လီယွန်နယ် မက်ဆီကို လက်လွှတ်ရဖွယ်ရှိတဲ့ ဘာစီလိုနာအသင်းအနေနဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် ထည့်သွင်းထားပြီး ပီအက်စ်ဂျီအသင်းနဲ့အပြိုင် စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဆာဂျီယို အဂွေရို၊ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ကို တိုက်စစ်မှာ ချွေတာသုံးစွဲနေရချိန်မှာ လက်စတာ စီးတီးကို ရောင်းချထားတဲ့ အကယ်ဒမီထွက်တိုက်စစ်မှူးဟောင်း ကီလီချီ အီဟန်နာချိုကို ပေါင်သန်း ၅၀ နဲ့ ပြန်လည်ခေါ်ယူခွင့် ရှိနေပေမယ့် သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကြောင့် Buy Back Clause ကို အသုံးပြုဖို့ မသေချာကြောင်းဆို။

– နွေရာသီက ယူရို ၁၈ သန်းနဲ့ ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းဘက် သတ်မှတ်ထားခဲ့တဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာအတွက် ဘာစီလိုနာအသင်းအနေနဲ့ အကြိုသဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး သူ့ကို အစ်တီဟတ်မှာ လေ့ကျင့်ပေးခဲ့ရတဲ့ စရိတ်အဖြစ် ယူရို ၅ သန်း လျော်ကြေးငွေ ရရှိမည်။

– မန်ချက်စတာစီးတီးအသင်းအတွက် ပင်နယ်တီလွဲချော်မှုတွေဟာ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး ဂျေဆူးစ်နဲ့ စတာလင်တို့ရဲ့ ကန်သွင်းမှုတွေက မသေချာချိန်မှာ လီဗာပူးလ်နဲ့ပွဲမှာ လွဲချော်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားကြောင့် နည်းပြ ဂွါဒီယိုလာ အနေနဲ့ အရင်က ပုံမှန်ကန်သွင်းသူဖြစ်ခဲ့တဲ့ ဂွန်ဒိုးဝမ်ကိုပဲ ပြန်လည်တာဝန်ပေးရမလား ခေါင်းခဲစရာဖြစ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လန္ဒန္ကလပ္ေတြျဖစ္ၾကတဲ့ အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔ရဲ႕ ထိပ္ဆုံးက အလိုရွိေနတဲ့ ဘာဆာစေပၚရဲ႕ အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္တိုက္စစ္မႉး အလီ အက္ခ္မန္ကို ေခၚယူဖို႔ ထိပ္ဆုံးက ဦးေဆာင္ေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို တစ္သန္းခြဲ၊ ေနာက္ထပ္ေရာင္းခ်မႈရဲ႕ ၂၀ ရာခိုင္ႏႈန္းနဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေန။

– ေဒါ့မြန္နဲ႔ ေလဗာကူဆင္တို႔က အၿပိဳင္ႀကိဳးစားေနၿပီး ဂ်ာမန္ေျမကို ေျပာင္းေ႐ႊ႕ဖြယ္ရွိေနတဲ့ လူငယ္ေတာင္ပံကစာသမား ေဂ်ဒင္ ဘရာ့ဖ္အေနနဲ႔ သူနဲ႔ အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳတို႔ၾကား ေလ့က်င့္ေရးကြင္းမွာ ျပႆနာျဖစ္ခဲ့တယ္ဆိုတဲ့ သတင္းေတြအေပၚ ျငင္းဆိုသြားခဲ့။

– မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ဆြစ္ဇာလန္ကြင္းလယ္လူ ဇာကာရီးယားနဲ႔ အသံေတြ တိတ္ဆိတ္သြားခဲ့ၿပီးတဲ့ေနာက္ ဖာနန္ဒင္ညိဳရဲ႕ ေရရွည္အစားထိုးမႈအျဖစ္ ဆက္ဆူအိုလိုရဲ႕ အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမား မန္ညဴယယ္ လိုကာတယ္လီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ပရိသတ္ေတြကလည္း သေဘာက်ေန။

– အစ္တီဟတ္မွာ ေျခစြမ္းျပေနခဲ့ၿပီး မန္စီးတီးအသင္းရဲ႕ အေကာင္းဆုံး ေခၚယူမႈတစ္ခုျဖစ္ခဲ့တဲ့ ႐ူဘင္ ဒီယက္စ္ဟာ ေပၚတူဂီႏိုင္ငံရဲ႕ အေကာင္းဆုံးေနာက္ခံလူလို႔ ဝါရင့္လက္ေ႐ြးစင္ေနာက္ခံလူ ပက္ပီက ခ်ီးက်ဴးလိုက္ၿပီး ဉာဏ္ရည္ျမင့္မားတဲ့ ကစားဟန္ကိုလည္း သူ႔အေနနဲ႔ ေလးစားမိတယ္လို႔ဆို။

– မန္ခ်က္စတာစီးတီးရဲ႕ လူငယ္ကြင္းလယ္လူ ဖီးလ္ ဖိုဒန္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကို ပရီးမီးယားလိဂ္ အေကာင္းဆုံးကစားသမားဆုအတြက္ စိန္ေခၚႏိုင္မယ့္ တစ္ဦးတည္းေသာသူျဖစ္တယ္လို႔ Talk Sport ကြၽမ္းက်င္သူ သုံးသပ္။

– ေႏြရာသီမွာ လီယြန္နယ္ မက္ဆီကို လက္လႊတ္ရဖြယ္ရွိတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို အေျပာင္းအေ႐ႊ႕ ပစ္မွတ္အျဖစ္ ထည့္သြင္းထားၿပီး ပီအက္စ္ဂ်ီအသင္းနဲ႔အၿပိဳင္ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အလြတ္ေခၚယူႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ သိရ။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဆာဂ်ီယို အေဂြ႐ို၊ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔ကို တိုက္စစ္မွာ ေခြၽတာသုံးစြဲေနရခ်ိန္မွာ လက္စတာ စီးတီးကို ေရာင္းခ်ထားတဲ့ အကယ္ဒမီထြက္တိုက္စစ္မႉးေဟာင္း ကီလီခ်ီ အီဟန္နာခ်ိဳကို ေပါင္သန္း ၅၀ နဲ႔ ျပန္လည္ေခၚယူခြင့္ ရွိေနေပမယ့္ သူ႔ရဲ႕ ဂိုးသြင္းမွတ္တမ္းေၾကာင့္ Buy Back Clause ကို အသုံးျပဳဖို႔ မေသခ်ာေၾကာင္းဆို။

– ေႏြရာသီက ယူ႐ို ၁၈ သန္းနဲ႔ ေခၚယူဖို႔ မန္ခ်က္စတာစီးတီးအသင္းဘက္ သတ္မွတ္ထားခဲ့တဲ့ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ ဘာစီလိုနာအသင္းအေနနဲ႔ အႀကိဳသေဘာတူညီမႈ ရယူႏိုင္ခဲ့ၿပီျဖစ္ၿပီး သူ႔ကို အစ္တီဟတ္မွာ ေလ့က်င့္ေပးခဲ့ရတဲ့ စရိတ္အျဖစ္ ယူ႐ို ၅ သန္း ေလ်ာ္ေၾကးေငြ ရရွိမည္။

– မန္ခ်က္စတာစီးတီးအသင္းအတြက္ ပင္နယ္တီလြဲေခ်ာ္မႈေတြဟာ စိုးရိမ္ရတဲ့ ျပႆနာတစ္ခုအျဖစ္ ေပၚထြက္လာခဲ့ၿပီး ေဂ်ဆူးစ္နဲ႔ စတာလင္တို႔ရဲ႕ ကန္သြင္းမႈေတြက မေသခ်ာခ်ိန္မွာ လီဗာပူးလ္နဲ႔ပြဲမွာ လြဲေခ်ာ္ခဲ့တဲ့ ကြင္းလယ္လူ ဒီဘ႐ိုင္းနားေၾကာင့္ နည္းျပ ဂြါဒီယိုလာ အေနနဲ႔ အရင္က ပုံမွန္ကန္သြင္းသူျဖစ္ခဲ့တဲ့ ဂြန္ဒိုးဝမ္ကိုပဲ ျပန္လည္တာဝန္ေပးရမလား ေခါင္းခဲစရာျဖစ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.