Match Report Premier League

အိမ်ကွင်းမှာ ဖန်တီးမှုနည်းပါးစွာနဲ့ ပဲလေ့စ်ကို သရေကျတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ထည့်ကစားရင် ယူရိုတစ်သန်းပေးရမယ့် ပါဘလို မာရီကို ချန်လှပ်ထားခဲ့သလို တောင်ပံခံစစ်မှူး ကီရန် တီယာနီလည်း မပါဝင်တဲ့ ကစားကွက်ကို ပွဲထုတ်လာခဲ့ပြီး ဒေးဗစ် လူးဝစ်ဇ်နဲ့ ကွင်းလယ်အဖျက်စစ်စစ် မပါဝင်တဲ့ ကစားကွက်မှာ အူဘာမီယန်း၊ စမစ်ရိုး၊ ဆာကာနဲ့ လာကာဇက်တို့အတွဲကို ရှေ့က အသုံးပြုလာခဲ့ပါတယ်။

မိတ်လန်းနိုင်းလ်စ်ဟာ ဘယ်ခြမ်းခံစစ်ကစားပုံကို မေ့နေလောက်ပြီဖြစ်လို့ အူဘာမီယန်းကို ချောင်အောင် လုပ်မပေးနိုင်သလို ဘယ်သန် Overlapping Center Back မပါချိန်မှာ ဟန်ချက်မညီတဲ့ ကစားကွက်နဲ့ အိမ်ကွင်းမှာ တိုက်စစ်လမ်းကြောင်းတွေ ရှာဖွေဖို့ အာဆင်နယ်တို့ ရုန်းကန်နေခဲ့ရပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ ဂိုးကန်သွင်းခွင့် နှစ်ကြိမ်သာရခဲ့သလို ကွင်းလယ်ရဲ့ မချိတ်ဆက်နိုင်မှုနဲ့ ဘောလုံးမဖြန့်နိုင်မှုက သိသာခဲ့ပြီး ခရစ္စတယ်လ် ပဲလေ့စ်ကတော့ ကိုးကြိမ်အထိ ကန်ခွင့်ရခဲ့သလို ဂိုးသမား လီနိုရဲ့ ကာကွယ်မှုနဲ့ ဘန်တီကီတို့ရဲ့ လွဲချော်မှုကြောင့်သာ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း သူ့ရဲ့ 4-3-3 to 3-4-3 ဆန်ဆန်ကစားကွက်ကို ပြန်ပြောင်းရမယ်မှန်း သတိမရသေးတဲ့ အာတီတာရဲ့ တိုက်စစ်ဖော်ဆောင်မှုနဲ့ ကွင်းလယ်ဖန်တီးမှုကတော့ သိပ်ခြားနားခြင်းမရှိခဲ့ဘဲ ဘောလုံးတွေက လိုရာမရောက်သလို ခံစစ်မှာ ချာကာကောင်းနေခဲ့လို့သာ ပဲလေ့စ်တို့ အပိုင်ကန်ခွင့်တွေ နည်းခဲ့တာလည်းဖြစ်ပါတယ်။

ပေပေကို ထည့်ပြီး ဆာကာကို ဘယ်တောင်ပံပို့ချိန်မှာမှ ကစားကွက်က 3-4-3 ဖြစ်သွားခဲ့ပြီး ပိုမိုထိုးဖောက်လာနိုင်ပေမယ့် ကုန်နေပြီဖြစ်တဲ့ လာကာဇက်နဲ့ အူဘာမီယန်းတို့ကတော့ ဂိုးရဖို့ အားမထုတ်နိုင်တော့ဘဲ ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတွေကိုတောင် အာဆင်နယ်တို့ မှီခိုခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပဲလေ့စ်တို့ တိုက်စစ်တွဲလုံးတွေ ညံ့ပြီး ဆုံးဖြတ်ချက် မမှန်ခဲ့လို့သာ အာဆင်နယ်တို့ သက်သာခဲ့တာဖြစ်ပြီး ဇာဟာရဲ့ ဒိုက်ဗင်ကိုလည်း ဒိုင်လူကြီး အန်ဒရီ မာရီနာက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့လို့သာ အန္တရာယ်က လွတ်မြောက်ခဲ့ရတာဖြစ်သလို ပွဲအပြီးမှာ ပရီးမီးယားလိဂ် သုံးပွဲဆက်နိုင်တဲ့ မှတ်တမ်းကို ရပ်တန့်ခဲ့ရပါတယ်။

ဒီပွဲကစားပြီးမှာ အာဆင်နယ်အသင်းအနေနဲ့ ၁၈ ပွဲကစား ၂၄ မှတ်နဲ့ အထက်မရောက် အောက်မရောက် အဆင့် ၁၁ မှာ ရပ်တည်နေခဲ့သလို နည်းပြ အာတီတာနဲ့ အသင်းရဲ့ လူအင်အားက ဒီလောက်နဲ့ ဘာမှမဖြစ်နိုင်သေးဘူးဆိုတာကို ပြသလိုက်တာဖြစ်ပြီး ဖန်တီးမှုတွေနဲ့ တိုက်စစ်အတွက် မဖြစ်မနေ အားဖြည့်မှသာ လာမယ့်ပွဲတွေမှာ အခြေနေကောင်းနိုင်လိမ့်မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ဒီေန႔မွာေတာ့ ထည့္ကစားရင္ ယူ႐ိုတစ္သန္းေပးရမယ့္ ပါဘလို မာရီကို ခ်န္လွပ္ထားခဲ့သလို ေတာင္ပံခံစစ္မႉး ကီရန္ တီယာနီလည္း မပါဝင္တဲ့ ကစားကြက္ကို ပြဲထုတ္လာခဲ့ၿပီး ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ကြင္းလယ္အဖ်က္စစ္စစ္ မပါဝင္တဲ့ ကစားကြက္မွာ အူဘာမီယန္း၊ စမစ္႐ိုး၊ ဆာကာနဲ႔ လာကာဇက္တို႔အတြဲကို ေရွ႕က အသုံးျပဳလာခဲ့ပါတယ္။

မိတ္လန္းႏိုင္းလ္စ္ဟာ ဘယ္ျခမ္းခံစစ္ကစားပုံကို ေမ့ေနေလာက္ၿပီျဖစ္လို႔ အူဘာမီယန္းကို ေခ်ာင္ေအာင္ လုပ္မေပးႏိုင္သလို ဘယ္သန္ Overlapping Center Back မပါခ်ိန္မွာ ဟန္ခ်က္မညီတဲ့ ကစားကြက္နဲ႔ အိမ္ကြင္းမွာ တိုက္စစ္လမ္းေၾကာင္းေတြ ရွာေဖြဖို႔ အာဆင္နယ္တို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ဂိုးကန္သြင္းခြင့္ ႏွစ္ႀကိမ္သာရခဲ့သလို ကြင္းလယ္ရဲ႕ မခ်ိတ္ဆက္ႏိုင္မႈနဲ႔ ေဘာလုံးမျဖန႔္ႏိုင္မႈက သိသာခဲ့ၿပီး ခရစၥတယ္လ္ ပဲေလ့စ္ကေတာ့ ကိုးႀကိမ္အထိ ကန္ခြင့္ရခဲ့သလို ဂိုးသမား လီႏိုရဲ႕ ကာကြယ္မႈနဲ႔ ဘန္တီကီတို႔ရဲ႕ လြဲေခ်ာ္မႈေၾကာင့္သာ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း သူ႔ရဲ႕ 4-3-3 to 3-4-3 ဆန္ဆန္ကစားကြက္ကို ျပန္ေျပာင္းရမယ္မွန္း သတိမရေသးတဲ့ အာတီတာရဲ႕ တိုက္စစ္ေဖာ္ေဆာင္မႈနဲ႔ ကြင္းလယ္ဖန္တီးမႈကေတာ့ သိပ္ျခားနားျခင္းမရွိခဲ့ဘဲ ေဘာလုံးေတြက လိုရာမေရာက္သလို ခံစစ္မွာ ခ်ာကာေကာင္းေနခဲ့လို႔သာ ပဲေလ့စ္တို႔ အပိုင္ကန္ခြင့္ေတြ နည္းခဲ့တာလည္းျဖစ္ပါတယ္။

ေပေပကို ထည့္ၿပီး ဆာကာကို ဘယ္ေတာင္ပံပို႔ခ်ိန္မွာမွ ကစားကြက္က 3-4-3 ျဖစ္သြားခဲ့ၿပီး ပိုမိုထိုးေဖာက္လာႏိုင္ေပမယ့္ ကုန္ေနၿပီျဖစ္တဲ့ လာကာဇက္နဲ႔ အူဘာမီယန္းတို႔ကေတာ့ ဂိုးရဖို႔ အားမထုတ္ႏိုင္ေတာ့ဘဲ ျပစ္ဒဏ္ေဘာနဲ႔ ေထာင့္ကန္ေဘာေတြကိုေတာင္ အာဆင္နယ္တို႔ မွီခိုခဲ့ရတာလည္းျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ပဲေလ့စ္တို႔ တိုက္စစ္တြဲလုံးေတြ ညံ့ၿပီး ဆုံးျဖတ္ခ်က္ မမွန္ခဲ့လို႔သာ အာဆင္နယ္တို႔ သက္သာခဲ့တာျဖစ္ၿပီး ဇာဟာရဲ႕ ဒိုက္ဗင္ကိုလည္း ဒိုင္လူႀကီး အန္ဒရီ မာရီနာက မွန္မွန္ကန္ကန္ ဆုံးျဖတ္ႏိုင္ခဲ့လို႔သာ အႏၲရာယ္က လြတ္ေျမာက္ခဲ့ရတာျဖစ္သလို ပြဲအၿပီးမွာ ပရီးမီးယားလိဂ္ သုံးပြဲဆက္ႏိုင္တဲ့ မွတ္တမ္းကို ရပ္တန႔္ခဲ့ရပါတယ္။

ဒီပြဲကစားၿပီးမွာ အာဆင္နယ္အသင္းအေနနဲ႔ ၁၈ ပြဲကစား ၂၄ မွတ္နဲ႔ အထက္မေရာက္ ေအာက္မေရာက္ အဆင့္ ၁၁ မွာ ရပ္တည္ေနခဲ့သလို နည္းျပ အာတီတာနဲ႔ အသင္းရဲ႕ လူအင္အားက ဒီေလာက္နဲ႔ ဘာမွမျဖစ္ႏိုင္ေသးဘူးဆိုတာကို ျပသလိုက္တာျဖစ္ၿပီး ဖန္တီးမႈေတြနဲ႔ တိုက္စစ္အတြက္ မျဖစ္မေန အားျဖည့္မွသာ လာမယ့္ပြဲေတြမွာ အေျခေနေကာင္းႏိုင္လိမ့္မွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.