Premier League Transfer News

14 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ဂျိုယယ်လ် မာတစ်ပ်ရဲ့ ဒဏ်ရာသွားအပြီး ခံစစ်မှူး ၄ ယောက် မဖြစ်မနေရှိရမယ့် ပုံသေနည်းကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ နည်းပြ ယာဂန် ကလော့ပ်၊ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်တို့ကို မေးခွန်းထုတ်ခံနေရသလို လက်ရှိအပြောင်းအရွှေ့မှာလည်း တုံ့နှေးနေတဲ့အတွက် ပရိသတ်တွေ ဝေဖန်နေကြ။

– အာဆင်နယ်အသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ဂရိနောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို ခေါ်ယူဖို့ အေးဂျင့်က တစ်ဆင့် ကမ်းလှမ်းလာခဲ့ပေမယ့် လီဗာပူးလ်အသင်းဘက်ကတော့ သူတို့မှာ တခြားရွေးချယ်စရာတွေ ရှိနေတယ်ဆိုပြီး ပယ်ချသွားခဲ့။

– နောက်ခံလူ မာတစ်ပ်နဲ့ ကွင်းလယ်လူ ကီးတားတို့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ ဆိုတဲ့အတွက် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ဒီထက်ပိုပြီး နှောင့်နှေးမနေဘဲ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို အပြည့်အဝသုံးစွဲဖို့ ကျွမ်းကျင်သူတွေ သတိပေး။

– ဆဲလ်တစ်အသင်းကို အားပေးသူတစ်ဦးဖြစ်တာကြောင့် ခါးသီးတဲ့ မြို့ခံပြိုင်ဘက် ရိန်းဂျားစ်အသင်းကို ကိုင်တွယ်နေခဲ့တဲ့ လီဗာပူးလ် အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်အပေါ် စိတ်ထားရတာက တော်တော်လေး ကသိကအောက်နိုင်ကြောင်းနဲ့ တစ်နေ့မှာ ဒီအသင်းကို ရောက်လာပြီး နည်းပြတော့မှပဲ သေသေချာချာ သဘောကျမိလိမ့်မယ်လို့ နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ပြောကြား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ်ရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက် ဆာလားကို ထိန်းချုပ်ဖို့ ဘယ်တောင်ပံခံစစ်မှာ ကစားသမားနှစ်ဦးအထိ သုံးပြုသွားဖွယ်ရှိနေပြီး ၃-၅-၂ ကစားကွက်မှာ လုခ်ရှောနဲ့ အဲလက်စ် တဲလက်စ်တို့ကို ပွဲထုတ်လာလိမ့်မယ်လို့ အိတ်စ်ပရက်စ် ရေးသား။

– အာဆင်နယ်ကို သွားချင်နေတဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ဘာဖြစ်လို့ ခေါ်ချင်နေလဲဆိုတာကို လီဗာပူးလ်ပရိသတ်တွေ နားမလည်နိုင်အောင်ဖြစ်နေကြပြီး လိုင်လီရဲ့ ရီနာတို ဆန်ချက်စ်ဟာ သူ့အစား အသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်သလို ဈေးနှုန်းလည်း ပိုမိုသက်သာနိုင်တယ်လို့ ထောက်ပြနေကြ။

– သူတို့ရဲ့ နောက်ခံလူအတွက် လီဗာပူးလ်အသင်းရဲ့ ဆက်သွယ်စုံစမ်းမှုကို ရရှိထားတယ်လို့ နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တီးစ်က ထုတ်ဖော်ပြောကြားလိုက်ပြီး အများထင်သလို ခါလီဒူး ကူလီဘေလီမဟုတ်ဘဲ ဆားဘီးယားသား နီကိုလာ မက်ဇင်မိုဗစ်ဖြစ်တယ်လို့ဆို။

– ရိန်းဂျားစ်အသင်းကို ဒီရာသီမှာ မြို့ခံပြိုင်ဘက် ဆဲလ်တစ်ထက် အပြတ်အသတ် သာလွန်စွာနဲ့ အောင်အောင်မြင်မြင်နည်းပြနေခဲ့တဲ့ စတီဗင် ဂျရတ်အနေနဲ့ အသင်းဟောင်း လီဗာပူးလ်ဆီကနေ ယူနီယန် ဘာလင်အသင်းမှာ အငှားချထားတဲ့ တောင်ပံကစားသမား တိုင်ဝို အဝိုနီယီကို ခေါ်ယူလိုနေ။

– ရီးရဲလ်မက်ဒရစ်အသင်းက အငှားဈေးကွက်တင်ထားခဲ့တဲ့ နောက်ခံလူ အယ်ဒါ မီလီတိုကသာ လီဗာပူးလ်အသင်းအတွက် အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်နိုင်ပြီး နည်းပြ ကလော့ပ်ကို ငွေမသုံးနိုင်ဘူးလို့ ပြောထားတဲ့ အသင်းပိုင်ရှင် FSG တို့အတွက် ဂျိုးဂိုမက်ဇ်နဲ့ ကစားပုံတူညီတဲ့ ဘရာဇီးလ်သားကို ကြိုးစားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူေတြျဖစ္တဲ့ ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ ဒဏ္ရာသြားအၿပီး ခံစစ္မႉး ၄ ေယာက္ မျဖစ္မေနရွိရမယ့္ ပုံေသနည္းကို လိုက္နာဖို႔ ပ်က္ကြက္ခဲ့တဲ့ နည္းျပ ယာဂန္ ကေလာ့ပ္၊ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္တို႔ကို ေမးခြန္းထုတ္ခံေနရသလို လက္ရွိအေျပာင္းအေ႐ႊ႕မွာလည္း တုံ႔ေႏွးေနတဲ့အတြက္ ပရိသတ္ေတြ ေဝဖန္ေနၾက။

– အာဆင္နယ္အသင္းကေန ထြက္ခြာခြင့္ ရရွိထားတဲ့ ဂရိေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို ေခၚယူဖို႔ ေအးဂ်င့္က တစ္ဆင့္ ကမ္းလွမ္းလာခဲ့ေပမယ့္ လီဗာပူးလ္အသင္းဘက္ကေတာ့ သူတို႔မွာ တျခားေ႐ြးခ်ယ္စရာေတြ ရွိေနတယ္ဆိုၿပီး ပယ္ခ်သြားခဲ့။

– ေနာက္ခံလူ မာတစ္ပ္နဲ႔ ကြင္းလယ္လူ ကီးတားတို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္ႏိုင္ဦးမွာ မဟုတ္ဘူးလို႔ ဆိုတဲ့အတြက္ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဒီထက္ပိုၿပီး ေႏွာင့္ေႏွးမေနဘဲ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကို အျပည့္အဝသုံးစြဲဖို႔ ကြၽမ္းက်င္သူေတြ သတိေပး။

– ဆဲလ္တစ္အသင္းကို အားေပးသူတစ္ဦးျဖစ္တာေၾကာင့္ ခါးသီးတဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ ရိန္းဂ်ားစ္အသင္းကို ကိုင္တြယ္ေနခဲ့တဲ့ လီဗာပူးလ္ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္အေပၚ စိတ္ထားရတာက ေတာ္ေတာ္ေလး ကသိကေအာက္ႏိုင္ေၾကာင္းနဲ႔ တစ္ေန႔မွာ ဒီအသင္းကို ေရာက္လာၿပီး နည္းျပေတာ့မွပဲ ေသေသခ်ာခ်ာ သေဘာက်မိလိမ့္မယ္လို႔ ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လီဗာပူးလ္ရဲ႕ အဓိကတိုက္စစ္မႉး မိုဟာမက္ ဆာလားကို ထိန္းခ်ဳပ္ဖို႔ ဘယ္ေတာင္ပံခံစစ္မွာ ကစားသမားႏွစ္ဦးအထိ သုံးျပဳသြားဖြယ္ရွိေနၿပီး ၃-၅-၂ ကစားကြက္မွာ လုခ္ေရွာနဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို ပြဲထုတ္လာလိမ့္မယ္လို႔ အိတ္စ္ပရက္စ္ ေရးသား။

– အာဆင္နယ္ကို သြားခ်င္ေနတဲ့ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ဘာျဖစ္လို႔ ေခၚခ်င္ေနလဲဆိုတာကို လီဗာပူးလ္ပရိသတ္ေတြ နားမလည္ႏိုင္ေအာင္ျဖစ္ေနၾကၿပီး လိုင္လီရဲ႕ ရီနာတို ဆန္ခ်က္စ္ဟာ သူ႔အစား အသင္းမွာ လိုအပ္ေနတဲ့ ကစားသမားမ်ိဳးျဖစ္သလို ေဈးႏႈန္းလည္း ပိုမိုသက္သာႏိုင္တယ္လို႔ ေထာက္ျပေနၾက။

– သူတို႔ရဲ႕ ေနာက္ခံလူအတြက္ လီဗာပူးလ္အသင္းရဲ႕ ဆက္သြယ္စုံစမ္းမႈကို ရရွိထားတယ္လို႔ နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္တီးစ္က ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး အမ်ားထင္သလို ခါလီဒူး ကူလီေဘလီမဟုတ္ဘဲ ဆားဘီးယားသား နီကိုလာ မက္ဇင္မိုဗစ္ျဖစ္တယ္လို႔ဆို။

– ရိန္းဂ်ားစ္အသင္းကို ဒီရာသီမွာ ၿမိဳ႕ခံၿပိဳင္ဘက္ ဆဲလ္တစ္ထက္ အျပတ္အသတ္ သာလြန္စြာနဲ႔ ေအာင္ေအာင္ျမင္ျမင္နည္းျပေနခဲ့တဲ့ စတီဗင္ ဂ်ရတ္အေနနဲ႔ အသင္းေဟာင္း လီဗာပူးလ္ဆီကေန ယူနီယန္ ဘာလင္အသင္းမွာ အငွားခ်ထားတဲ့ ေတာင္ပံကစားသမား တိုင္ဝို အဝိုနီယီကို ေခၚယူလိုေန။

– ရီးရဲလ္မက္ဒရစ္အသင္းက အငွားေဈးကြက္တင္ထားခဲ့တဲ့ ေနာက္ခံလူ အယ္ဒါ မီလီတိုကသာ လီဗာပူးလ္အသင္းအတြက္ အသင့္ေတာ္ဆုံး ေ႐ြးခ်ယ္မႈျဖစ္ႏိုင္ၿပီး နည္းျပ ကေလာ့ပ္ကို ေငြမသုံးႏိုင္ဘူးလို႔ ေျပာထားတဲ့ အသင္းပိုင္ရွင္ FSG တို႔အတြက္ ဂ်ိဳးဂိုမက္ဇ္နဲ႔ ကစားပုံတူညီတဲ့ ဘရာဇီးလ္သားကို ႀကိဳးစားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.