Premier League

အူဘာမီယန်းနေရာမှာ အသင်းခေါင်းဆောင်ဖြစ်လာနိုင်တဲ့ ကစားသမား ၃ ဦးထဲမှာ တီယာနေး ဦးဆောင်နေ


အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးဟာ အဆိပ်ရည်သုတ်လိမ်းထားတဲ့ ဝိုင်ခွက်တစ်ခွက်ဖြစ်နေခဲ့ပြီး နောက်ဆုံးအဆိပ်သင့်ခဲ့ရသူကတော့ အူဘာမီယန်းပဲ ဖြစ်ပါတယ်။

ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်သေးတဲ့ အူဘာမီယန်းဟာ ပုံမှန်ခြေစွမ်းနဲ့ ယုံကြည်မှု ပြန်လည်ရရှိဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေရသူဖြစ်ပြီး ၎င်းရဲ့အသင်းဖော်တွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆွဲခေါ်ဖို့က ပိုပြီး ခက်ခဲစေတယ်လို့ ဝန်ခံပြောကြားခဲ့သူဖြစ်ပါတယ်။


“တစ်ဦးချင်းအနေနဲ့ရော အသင်းခေါင်းဆောင်အနေနဲ့ပါ ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ခင်ဗျား အကောင်းမြင်နိုင်သလောက်တော့ မြင်ရမှာပါ။ ဘာလို့လဲဆိုတော့ အသင်းက ခင်ဗျားကို လိုအပ်နေလို့ပါ”

“ကျွန်တော် အမြဲတမ်း အကောင်းဆုံးကို ပေးဖို့ ကြိုးပမ်းနေပါတယ်။ ကွင်းထဲမှာတင်မဟုတ်ဘဲ အဝတ်လဲခန်းထဲမှာပါ အသင်းဖော်တွေအတွက် ပေးဖို့ ကြိုးပမ်းနေပါတယ်။ တစ်ခါတရံမှာ အဲဒါက ခက်ခဲပြီး ခင်ဗျားက ပုံမှန်စိတ်အခြေအနေမှာ မရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဲဒါကို ပြောင်းလဲဖို့ ခင်ဗျား နည်းလမ်းရှာဖွေရမှာဖြစ်ပြီး အသင်းဖော်တွေအတွက် အကောင်းမြင်စိတ်ကို ပေးရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


အူဘာမီယန်းပြောချင်တဲ့ အကောင်းမြင်စိတ်ဆိုတာက ယခုရာသီ အာဆင်နယ်အသင်းဟာ ၁၄ ပွဲကစားပြီးချိန်အထိ ၁၄ မှတ်သာ ရရှိထားခဲ့တာက ၁၉၇၄-၁၉၇၅ ရာသီနောက်ပိုင်း အင်္ဂလန်ထိပ်တန်းပြိုင်ပွဲမှာ အဆိုးရွားဆုံး ရမှတ်စံချိန် ဖြစ်လာခဲ့တာကို ဆိုလိုတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်အနိုင်ရရှိပြီး ပြန်လည်အသက်ဝင်လာခဲ့ပြီဖြစ်ပေမယ့်လည်း အူဘာမီယန်းကတော့ အဲဒီလို မဟုတ်နေပါဘူး။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ကိုယ့်ပရိသတ်တွေနဲ့ ပြန်ပြီး ရန်ဖြစ်ခဲ့တဲ့ ချာကာကို နည်းပြ အူနိုင်း အမ်မရီက အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ပစ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့ရတာဖြစ်ပါတယ်။ နည်းပြ အမ်မရီ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အာတီတာ နည်းပြသစ် ဖြစ်လာချိန်မှာလည်း အဝတ်လဲခန်းအတွင်း သဟဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အူဘာမီယန်းကိုပဲ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ ၎င်းရဲ့တာဝန်ဝတ္တရာတွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့အကြောင်းကို စိုးရိမ်ဖွယ် မှတ်ချက်ပေးခဲ့ပြီးနောက်မှာတော့ အသင်းလူစာရင်းထဲမှာ အသင်းခေါင်းဆောင်သစ်ဖြစ်လာနိုင်တဲ့ ကစားသမား ၃ ဦး ပေါ်ထွက်လာခဲ့ပါတယ်။

၁။ ကီရန် တီယာနေး


တီယာနေးရဲ့ အာဆင်နယ်ကစားသမားဘဝအစဟာ ဒဏ်ရာပြဿနာတွေကြောင့် နှောင့်နှေးခဲ့ရပေမယ့်လည်း ၂၀၁၉ နွေရာသီမှာ ဆဲလ်တစ်အသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အမ်းမရိတ်စ်က ပထမဆုံးရာသီမှာ အလားအလာများစွာရှိတဲ့ ကစားသမားဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ ပြသထားခဲ့သူဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ ယခုရာသီမှာ အဲဒီအလားအလာဟာ အမှန်တကယ်ဖြစ်ကြောင်း လက်တွေ့ပြသခဲ့ပြီး အာတီတာရဲ့ ပွဲထွက်လူစာရင်းမှာ အဓိကကစားသမားတစ်ဦးအဖြစ် သက်သေပြသထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုရာသီအစောပိုင်း ဆိုးရွားလွန်းတဲ့ ရလဒ်တွေ ရင်ဆိုင်ခဲ့ရပေမယ့်လည်း တီယာနေးဟာ ကွင်းထဲမှာ အရာအားလုံးပေးခဲ့ပါတယ်လို့ လိပ်ပြာသန့်သန့်နဲ့ ပြောနိုင်တဲ့ ကစားသမားအနည်းငယ်ထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ စကော့တလန်လက်ရွေးစင်ကြယ်ပွင့်ပိုင်ဆိုင်ထားတဲ့ စိတ်ဆန္ဒပြင်းပြမှု၊ အင်တိုက်အားတိုက်ကစားနိုင်မှု၊ ရှေ့ရေးကို မျှော်တွေးနိုင်မှု၊ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှု စတဲ့ စွမ်းရည်တွေဟာ အာဆင်နယ်အသင်းမှာ ပျောက်ဆုံးနေခဲ့တဲ့ အရာတွေဖြစ်ပါတယ်။ အီယန်ရိုက်၊ ပေါလ်မာဆန်တို့အပါအဝင် အာဆင်နယ်ဂန္တဝင်ကစားသမားအများအပြားက တီယာနေးမှာ အဲဒီလိုစိတ်ဓာတ်ရှိတယ်လို့ သဘောတူညီထားကြပြီး အသင်းရဲ့အနာဂတ်ခေါင်းဆောင်ဖြစ်လာမယ့် စွမ်းရည်တွေက တီယာနေးရဲ့ ဒီအင်န်အေထဲမှာ ပါလာကြောင်း ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

၂။ ဟက်တာ ဘယ်လာရင်


၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာကနေ အာဆင်နယ်အကယ်ဒမီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမအသင်းမှာ ပါဝင်ကစားခွင့်ရရှိခဲ့တာ ၆ နှစ်ကျော်ပြီဖြစ်တဲ့ ဘယ်လာရင်ဟာ အိုဇေးလ်ပြီးရင် အာဆင်နယ်လူစာရင်းထဲမှာ ဒုတိယမြောက် လုပ်သက်အရင့်ဆုံးကစားသမားဖြစ်ပါတယ်။ စပိန်နောက်ခံကစားသမားဟာ လက်ရှိမှာ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသူဖြစ်ပြီး အာစင်ဝင်းဂါး၊ အူနိုင်းအမ်မရီနဲ့ လက်ရှိ နည်းပြအာတီတာလက်ထက်အထိပါ ယင်းတာဝန်ကို ထမ်းဆောင်လာခဲ့တာဖြစ်ပါတယ်။ ဘယ်လာရင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လစာ ၁၂.၅ ရာခိုင်နှုန်းလျှော့ယူကြဖို့ အသင်းသားတွေကို စည်းရုံးပြီး အာတီတာကို ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး အဝတ်လဲခန်းအတွင်းမှာ အစတုန်းက တကွဲတပြားဖြစ်ခဲ့ကြပေမယ့် ဘယ်လာရင်က ကစားသမားတွေနဲ့ အသင်းကြား ဘုံသဘောတူညီမှုရရှိအောင် ညှိနှိုင်းဆွေးနွေးပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ညာနောက်ခံကစားသမားဟာ ကွင်းပြင်ပက လုပ်ရပ်တွေကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ရရှိခဲ့သူဖြစ်ပြီး One Tree Planted ပရဟိတအဖွဲ့အစည်းနဲ့ လက်တွဲခဲ့ပြီးနောက် ယခုရာသီ အာဆင်နယ်အသင်းတစ်ပွဲအနိုင်ရပြီးတိုင်း သစ်ပင် ၃၀၀၀ စိုက်ပျိုးပေးသွားမယ်လို့ ကတိပြုပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့သူဖြစ်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

၃။ ရော့ဘ် ဟိုးလ်ဒင်း


၂၀၁၆ ခုနှစ်က ဘော်လ်တန်အသင်းကနေ အာစင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး ဟိုးဒင်းရဲ့ အာဆင်နယ်က ကစားသမားဘဝဟာ ကြားဖြတ်နှောင့်ယှက်မှုတွေနဲ့ ခရီးဆက်နေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာမှာ ဒူးရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့ပြီးနောက် ၈ လကျော်အထိ အနားယူခဲ့ရပေမယ့် အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမားဟာ ၎င်းရဲဲ့ အကောင်းဆုံးပုံစံကိ ပြန်လည်ရရှိဖို့ တိုက်ပွဲဝင်ခဲ့ပြီးနောက် လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့်ရတဲ့ ကစားသမားဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ဟိုဒင်းဟာ ဂါဘရီရယ်နဲ့အတူ အာဆင်နယ်အသင်းရဲ့ ခံစစ်မှာ ကျစ်လစ်တောင့်တင်းတဲ့ ခံစစ်တံတိုင်းကို တည်ဆောက်နိုင်ခဲ့ပုံပေါ်ပြီး ၎င်းရဲ့ထိပ်တန်းစွမ်းဆောင်ရည်ကြောင့်ပဲ ၂၀၂၄ အထိ အသင်းမှာ ဆက်ရှိနေစေမယ့် ကာလရှည်စာချုပ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ နောက်တန်းမှာ ပါးစပ်ပိတ်မနေဘဲ ၎င်းရဲ့ထင်မြင်ယူဆချက်ကို လူကြားအောင် အော်ဟစ်ပြောဆိုဖို့ ရှက်ရွံ့ခြင်းမရှိတဲ့ ဟိုးဒင်းဟာ အသင်းခံစစ်ကို များစွာတိုးတက်လာအောင် စီမံခန့်ခွဲပေးနိုင်ခဲ့ပါတယ်။ ဆလီဘာက နွေရာသီအထိ အငှားနဲ့ထွက်၊ ဒေးဗစ် လူးဝစ်ဇ်က ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်၊ ဆိုခရာတစ်က အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေတာက ဟိုးဒင်းအတွက် ၎င်းရဲ့ကိုယ်ပိုင် ဗဟိုခံစစ်နေရာကို အခိုင်အမာရရှိတော့မယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။ ဟိုးဒင်းသာ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ကစားနိုင်မယ်ဆိုရင် အာတီတာအနေနဲ့ အသင်းခေါင်းဆောင်ပြောင်းဖို့ စဉ်းစားမယ့်အထဲမှာ ဟိုးဒင်းက မြင်သာတဲ့ရွေးချယ်မှုဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အာဆင္နယ္အသင္းရဲ့ အသင္းေခါင္းေဆာင္ရာထူးဟာ အဆိပ္ရည္သုတ္လိမ္းထားတဲ့ ဝိုင္ခြက္တစ္ခြက္ျဖစ္ေနခဲ့ၿပီး ေနာက္ဆုံးအဆိပ္သင့္ခဲ့ရသူကေတာ့ အူဘာမီယန္းပဲ ျဖစ္ပါတယ္။

ယခုရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၃ ဂိုးသာ သြင္းယူထားနိုင္ေသးတဲ့ အူဘာမီယန္းဟာ ပုံမွန္ေျခစြမ္းနဲ႔ ယုံၾကည္မႈ ျပန္လည္ရရွိဖို႔အတြက္ ျပင္းျပင္းထန္ထန္ ႀကိဳးစားေနရသူျဖစ္ၿပီး ၎ရဲ့အသင္းေဖာ္ေတြကို သတ္မွတ္ထားတဲ့ လမ္းေၾကာင္းအတိုင္း ဆြဲေခၚဖို႔က ပိုၿပီး ခက္ခဲေစတယ္လို႔ ဝန္ခံေျပာၾကားခဲ့သူျဖစ္ပါတယ္။


“တစ္ဦးခ်င္းအေနနဲ႔ေရာ အသင္းေခါင္းေဆာင္အေနနဲ႔ပါ ကိုင္တြယ္ေျဖရွင္းဖို႔ဆိုတာ တကယ္ကို ခက္ခဲပါတယ္။ ဒါေပမယ့္ ခင္ဗ်ား အေကာင္းျမင္နိုင္သေလာက္ေတာ့ ျမင္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ အသင္းက ခင္ဗ်ားကို လိုအပ္ေနလို႔ပါ”

“ကၽြန္ေတာ္ အျမဲတမ္း အေကာင္းဆုံးကို ေပးဖို႔ ႀကိဳးပမ္းေနပါတယ္။ ကြင္းထဲမွာတင္မဟုတ္ဘဲ အဝတ္လဲခန္းထဲမွာပါ အသင္းေဖာ္ေတြအတြက္ ေပးဖို႔ ႀကိဳးပမ္းေနပါတယ္။ တစ္ခါတရံမွာ အဲဒါက ခက္ခဲၿပီး ခင္ဗ်ားက ပုံမွန္စိတ္အေျခအေနမွာ မရွိေနတာလည္း ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ အဲဒါကို ေျပာင္းလဲဖို႔ ခင္ဗ်ား နည္းလမ္းရွာေဖြရမွာျဖစ္ၿပီး အသင္းေဖာ္ေတြအတြက္ အေကာင္းျမင္စိတ္ကို ေပးရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။


အူဘာမီယန္းေျပာခ်င္တဲ့ အေကာင္းျမင္စိတ္ဆိုတာက ယခုရာသီ အာဆင္နယ္အသင္းဟာ ၁၄ ပြဲကစားၿပီးခ်ိန္အထိ ၁၄ မွတ္သာ ရရွိထားခဲ့တာက ၁၉၇၄-၁၉၇၅ ရာသီေနာက္ပိုင္း အဂၤလန္ထိပ္တန္းၿပိဳင္ပြဲမွာ အဆိုးရြားဆုံး ရမွတ္စံခ်ိန္ ျဖစ္လာခဲ့တာကို ဆိုလိုတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ၿပိဳင္ပြဲစုံ ၄ ပြဲဆက္တိုက္အနိုင္ရရွိၿပီး ျပန္လည္အသက္ဝင္လာခဲ့ၿပီျဖစ္ေပမယ့္လည္း အူဘာမီယန္းကေတာ့ အဲဒီလို မဟုတ္ေနပါဘူး။

ဂါဘြန္လက္ေရြးစင္တိုက္စစ္မႉးဟာ ကိုယ့္ပရိသတ္ေတြနဲ႔ ျပန္ၿပီး ရန္ျဖစ္ခဲ့တဲ့ ခ်ာကာကို နည္းၿပ အူနိုင္း အမ္မရီက အသင္းေခါင္းေဆာင္ရာထူးကေန ျဖဳတ္ပစ္ခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္ နိုဝင္ဘာလမွာ အသင္းေခါင္းေဆာင္ရာထူးကို ဆက္ခံခဲ့ရတာျဖစ္ပါတယ္။ နည္းၿပ အမ္မရီ အသင္းနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ အာတီတာ နည္းျပသစ္ ျဖစ္လာခ်ိန္မွာလည္း အဝတ္လဲခန္းအတြင္း သဟဇာတျဖစ္မႈကို ဆက္လက္ထိန္းသိမ္းဖို႔အတြက္ အူဘာမီယန္းကိုပဲ အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ခန႔္အပ္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းဟာ ၎ရဲ့တာဝန္ဝတၱရာေတြေၾကာင့္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတဲ့အေၾကာင္းကို စိုးရိမ္ဖြယ္ မွတ္ခ်က္ေပးခဲ့ၿပီးေနာက္မွာေတာ့ အသင္းလူစာရင္းထဲမွာ အသင္းေခါင္းေဆာင္သစ္ျဖစ္လာနိုင္တဲ့ ကစားသမား ၃ ဦး ေပၚထြက္လာခဲ့ပါတယ္။

၁။ ကီရန္ တီယာေနး


တီယာေနးရဲ့ အာဆင္နယ္ကစားသမားဘဝအစဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ေႏွာင့္ေႏွးခဲ့ရေပမယ့္လည္း ၂၀၁၉ ေႏြရာသီမွာ ဆဲလ္တစ္အသင္းကေန ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႕လာၿပီးေနာက္ပိုင္း အမ္းမရိတ္စ္က ပထမဆုံးရာသီမွာ အလားအလာမ်ားစြာရွိတဲ့ ကစားသမားျဖစ္ေၾကာင္း အႀကိမ္ေပါင္းမ်ားစြာ ျပသထားခဲ့သူျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ဘယ္ေနာက္ခံကစားသမားဟာ ယခုရာသီမွာ အဲဒီအလားအလာဟာ အမွန္တကယ္ျဖစ္ေၾကာင္း လက္ေတြ႕ျပသခဲ့ၿပီး အာတီတာရဲ့ ပြဲထြက္လူစာရင္းမွာ အဓိကကစားသမားတစ္ဦးအျဖစ္ သက္ေသျပသထားတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ယခုရာသီအေစာပိုင္း ဆိုးရြားလြန္းတဲ့ ရလဒ္ေတြ ရင္ဆိုင္ခဲ့ရေပမယ့္လည္း တီယာေနးဟာ ကြင္းထဲမွာ အရာအားလုံးေပးခဲ့ပါတယ္လို႔ လိပ္ျပာသန႔္သန႔္နဲ႔ ေျပာနိုင္တဲ့ ကစားသမားအနည္းငယ္ထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ စေကာ့တလန္လက္ေရြးစင္ၾကယ္ပြင့္ပိုင္ဆိုင္ထားတဲ့ စိတ္ဆႏၵျပင္းျပမႈ၊ အင္တိုက္အားတိုက္ကစားနိုင္မႈ၊ ေရွ႕ေရးကို ေမၽွာ္ေတြးနိုင္မႈ၊ ျပင္းျပင္းထန္ထန္ အလုပ္ႀကိဳးစားမႈ စတဲ့ စြမ္းရည္ေတြဟာ အာဆင္နယ္အသင္းမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ အရာေတြျဖစ္ပါတယ္။ အီယန္ရိုက္၊ ေပါလ္မာဆန္တို႔အပါအဝင္ အာဆင္နယ္ဂႏၲဝင္ကစားသမားအမ်ားအျပားက တီယာေနးမွာ အဲဒီလိုစိတ္ဓာတ္ရွိတယ္လို႔ သေဘာတူညီထားၾကၿပီး အသင္းရဲ့အနာဂတ္ေခါင္းေဆာင္ျဖစ္လာမယ့္ စြမ္းရည္ေတြက တီယာေနးရဲ့ ဒီအင္န္ေအထဲမွာ ပါလာေၾကာင္း ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။

၂။ ဟက္တာ ဘယ္လာရင္


၂၀၁၁ ခုႏွစ္မွာ ဘာစီလိုနာကေန အာဆင္နယ္အကယ္ဒမီကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ ပထမအသင္းမွာ ပါဝင္ကစားခြင့္ရရွိခဲ့တာ ၆ ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ ဘယ္လာရင္ဟာ အိုေဇးလ္ၿပီးရင္ အာဆင္နယ္လူစာရင္းထဲမွာ ဒုတိယေျမာက္ လုပ္သက္အရင့္ဆုံးကစားသမားျဖစ္ပါတယ္။ စပိန္ေနာက္ခံကစားသမားဟာ လက္ရွိမွာ ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားသူျဖစ္ၿပီး အာစင္ဝင္းဂါး၊ အူနိုင္းအမ္မရီနဲ႔ လက္ရွိ နည္းျပအာတီတာလက္ထက္အထိပါ ယင္းတာဝန္ကို ထမ္းေဆာင္လာခဲ့တာျဖစ္ပါတယ္။ ဘယ္လာရင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လစာ ၁၂.၅ ရာခိုင္ႏႈန္းေလၽွာ့ယူၾကဖို႔ အသင္းသားေတြကို စည္း႐ုံးၿပီး အာတီတာကို ကူညီေပးနိုင္ခဲ့သူျဖစ္ၿပီး အဝတ္လဲခန္းအတြင္းမွာ အစတုန္းက တကြဲတျပားျဖစ္ခဲ့ၾကေပမယ့္ ဘယ္လာရင္က ကစားသမားေတြနဲ႔ အသင္းၾကား ဘုံသေဘာတူညီမႈရရွိေအာင္ ညႇိႏွိုင္းေဆြးေႏြးေပးခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ညာေနာက္ခံကစားသမားဟာ ကြင္းျပင္ပက လုပ္ရပ္ေတြေၾကာင့္လည္း ပရိသတ္ေတြရဲ့ ခ်စ္ခင္ျမတ္နိုးမႈကို ရရွိခဲ့သူျဖစ္ၿပီး One Tree Planted ပရဟိတအဖြဲ႕အစည္းနဲ႔ လက္တြဲခဲ့ၿပီးေနာက္ ယခုရာသီ အာဆင္နယ္အသင္းတစ္ပြဲအနိုင္ရၿပီးတိုင္း သစ္ပင္ ၃၀၀၀ စိုက္ပ်ိဳးေပးသြားမယ္လို႔ ကတိျပဳၿပီး သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္တဲ့သူျဖစ္ေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

၃။ ေရာ့ဘ္ ဟိုးလ္ဒင္း


၂၀၁၆ ခုႏွစ္က ေဘာ္လ္တန္အသင္းကေန အာစင္ဝင္းဂါး ေခၚယူခဲ့တဲ့ ကစားသမားျဖစ္ၿပီး ဟိုးဒင္းရဲ့ အာဆင္နယ္က ကစားသမားဘဝဟာ ၾကားျဖတ္ေႏွာင့္ယွက္မႈေတြနဲ႔ ခရီးဆက္ေနခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာမွာ ဒူးရြတ္စုတ္ျပဲ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ၈ လေက်ာ္အထိ အနားယူခဲ့ရေပမယ့္ အသက္ ၂၅ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ၎ရဲဲ့ အေကာင္းဆုံးပုံစံကိ ျပန္လည္ရရွိဖို႔ တိုက္ပြဲဝင္ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ အာဆင္နယ္အသင္းရဲ့ ပြဲထြက္လူစာရင္းမွာ ပုံမွန္ပါဝင္ခြင့္ရတဲ့ ကစားသမားျဖစ္ေနခဲ့ၿပီျဖစ္ပါတယ္။ ဟိုဒင္းဟာ ဂါဘရီရယ္နဲ႔အတူ အာဆင္နယ္အသင္းရဲ့ ခံစစ္မွာ က်စ္လစ္ေတာင့္တင္းတဲ့ ခံစစ္တံတိုင္းကို တည္ေဆာက္နိုင္ခဲ့ပုံေပၚၿပီး ၎ရဲ့ထိပ္တန္းစြမ္းေဆာင္ရည္ေၾကာင့္ပဲ ၂၀၂၄ အထိ အသင္းမွာ ဆက္ရွိေနေစမယ့္ ကာလရွည္စာခ်ဳပ္ကို ရရွိခဲ့တာျဖစ္ပါတယ္။ ေနာက္တန္းမွာ ပါးစပ္ပိတ္မေနဘဲ ၎ရဲ့ထင္ျမင္ယူဆခ်က္ကို လူၾကားေအာင္ ေအာ္ဟစ္ေျပာဆိုဖို႔ ရွက္ရြံ့ျခင္းမရွိတဲ့ ဟိုးဒင္းဟာ အသင္းခံစစ္ကို မ်ားစြာတိုးတက္လာေအာင္ စီမံခန႔္ခြဲေပးနိုင္ခဲ့ပါတယ္။ ဆလီဘာက ေႏြရာသီအထိ အငွားနဲ႔ထြက္၊ ေဒးဗစ္ လူးဝစ္ဇ္က ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္၊ ဆိုခရာတစ္က အသင္းကေန ထြက္ခြာဖို႔ျပင္ဆင္ေနတာက ဟိုးဒင္းအတြက္ ၎ရဲ့ကိုယ္ပိုင္ ဗဟိုခံစစ္ေနရာကို အခိုင္အမာရရွိေတာ့မယ္ဆိုတာ ရွင္းရွင္းလင္းလင္းျပသေနတာျဖစ္ပါတယ္။ ဟိုးဒင္းသာ ေျခစြမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ ပြဲထြက္ကစားသမားအျဖစ္ ဆက္လက္ကစားနိုင္မယ္ဆိုရင္ အာတီတာအေနနဲ႔ အသင္းေခါင္းေဆာင္ေျပာင္းဖို႔ စဥ္းစားမယ့္အထဲမွာ ဟိုးဒင္းက ျမင္သာတဲ့ေရြးခ်ယ္မႈျဖစ္လာနိုင္ဖြယ္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.