Premier League

ပါဘလို မာရီအတွက် လာမယ့်ပွဲမှာ ယူရိုတစ်သန်း ကုန်ကျမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူ ပါဘလို မာရီအတွက် လာမယ့်ပွဲမှာ ဘတ်ဂျက်ထဲကနေ ယူရိုတစ်သန်း (ပေါင် ၉ သိန်း) ထပ်မံကုန်ကျဖွယ်ရှိနေပြီး ဒါကတော့ သူ့ကို ခေါ်ယူစဉ်က ဖလာမင်ဂိုအသင်းနဲ့ သဘောတူညီချက်အရ ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဇန်နဝါရီမှာ အငှားပြောင်းရွှေ့ကြေးနဲ့ လစာငွေ စုစုပေါင်း ယူရို ၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ စပိန်နောက်ခံလူဟာ ပွဲများများ မကစားရခင်မှာ ဒဏ်ရာရသွားခဲ့ပေမယ့် ခြေစွမ်းကို နှစ်သက်သဘောကျတဲ့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ ထောက်ခံမှုနဲ့ ခေါ်ယူဖြစ်ခဲ့ပြီး ကနဦးပြောင်းရွှေ့ကြေး ယူရို ၄ သန်း ပေးချေခဲ့ရပါတယ်။

တခြားအချက်အလက်တွေကတော့ ပွဲကစားခွင့်အပေါ် မူတည်ပြီး ထပ်မံပေးချေရတာဖြစ်ပြီး တစ်ပွဲကစားတိုင်း ယူရိုတစ်သိန်းနဲ့ ဆယ်ပွဲပြည့်ချိန်မှာ တစ်ဖြတ်စီ ယူရိုတစ်သန်း ပေးချေရတာဖြစ်ပြီး ပွဲ ၈၀ အထိ ယူရို ၈ သန်းကို ပေးချေသွားရမှာလည်းဖြစ်တယ်လို့ ဘရာဇီးလ် သတင်းဌာန ဂလိုဘို အက်စပိုတီက ဖော်ပြထားပါတယ်။

ဒီရာသီမှာ ဒဏ်ရာကနေ ပြန်ကောင်းမွန်လာပြီးနောက်ပိုင်း အသက် ၂၇ နှစ်အရွယ် နောက်ခံလူအနေနဲ့ ပရီးမီးယားလိဂ်-၂ မှာ ယူ-၂၃ အသင်းနဲ့ ၂ ပွဲ၊ ပရီးမီးယားလိဂ် ၃ ပွဲ၊ ယူရိုပါလိဂ် ၂ ပွဲနဲ့ အက်ဖ်အေဖလား ၁ ပွဲ စုစုပေါင်း ၉ ပွဲအထိ ကစားပြီးပြီဖြစ်လို့ လာမယ့် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ပွဲစဉ်ဟာ ပထမဆုံးအရစ်ကို ပေးချေရမယ့်ပွဲလည်း ဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်တို့အနေနဲ့ ဒီပွဲမှာ မာရီကို သုံးစွဲလိုက်တာနဲ့ ယူရိုတစ်သန်း ပေးချေရမှာဖြစ်လို့ တာဝန်ရှိသူတွေအနေနဲ့ ငွေမပေးချေချင်သေးရင် ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာတဲ့ ဘရာဇီးလ်နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို သူ့နေရာမှာ ပွဲထုတ်လာနိုင်ခြေလည်း ရှိနေပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ နောက်တန်းမှာ မာရီဟာ လာဘ်ကောင်းတဲ့ ကစားသမားတစ်ဦးလည်းဖြစ်နေပြီး သူပါဝင်တဲ့ ၉ ပွဲမှာ ၈ ပွဲ အနိုင်ရထားတာကြောင့် ငွေရေးကြေးရေးထက် နည်းပြ အာတီတာရဲ့ ပွဲထွက်လူစာရင်းတည်ငြိမ်မှုကသာ ပိုမိုအရေးကြီးတာကြောင့် ချန်လှပ်ထားဖို့တော့ ဖြစ်နိုင်ခြေ နည်းနေတာပါ။

နည်းပြ အာတီတာအနေနဲ့ ဗဟိုခံစစ်အတွဲမှာ ပါဘလို မာရီနဲ့ ဂါဘရီယယ်လ်တို့ကို ဘယ်သန်နှစ်ဦးဖြစ်လို့ နှစ်ဦးစလုံး သုံးစွဲမှာတော့ မဟုတ်သလို ဟိုးလ်ဒင်းကလည်း ခြေစွမ်းပြနေတာကြောင့် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာနဲ့ ဖလာမင်ဂိုတို့ ပထမဆုံးအရစ် ယူရိုတစ်သန်းကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေနာက္ခံလူ ပါဘလို မာရီအတြက္ လာမယ့္ပြဲမွာ ဘတ္ဂ်က္ထဲကေန ယူ႐ိုတစ္သန္း (ေပါင္ ၉ သိန္း) ထပ္မံကုန္က်ဖြယ္ရွိေနၿပီး ဒါကေတာ့ သူ႔ကို ေခၚယူစဥ္က ဖလာမင္ဂိုအသင္းနဲ႔ သေဘာတူညီခ်က္အရ ေပးေခ်ရမွာျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ဇန္နဝါရီမွာ အငွားေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာေငြ စုစုေပါင္း ယူ႐ို ၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ စပိန္ေနာက္ခံလူဟာ ပြဲမ်ားမ်ား မကစားရခင္မွာ ဒဏ္ရာရသြားခဲ့ေပမယ့္ ေျခစြမ္းကို ႏွစ္သက္သေဘာက်တဲ့ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ ေထာက္ခံမႈနဲ႔ ေခၚယူျဖစ္ခဲ့ၿပီး ကနဦးေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄ သန္း ေပးေခ်ခဲ့ရပါတယ္။

တျခားအခ်က္အလက္ေတြကေတာ့ ပြဲကစားခြင့္အေပၚ မူတည္ၿပီး ထပ္မံေပးေခ်ရတာျဖစ္ၿပီး တစ္ပြဲကစားတိုင္း ယူ႐ိုတစ္သိန္းနဲ႔ ဆယ္ပြဲျပည့္ခ်ိန္မွာ တစ္ျဖတ္စီ ယူ႐ိုတစ္သန္း ေပးေခ်ရတာျဖစ္ၿပီး ပြဲ ၈၀ အထိ ယူ႐ို ၈ သန္းကို ေပးေခ်သြားရမွာလည္းျဖစ္တယ္လို႔ ဘရာဇီးလ္ သတင္းဌာန ဂလိုဘို အက္စပိုတီက ေဖာ္ျပထားပါတယ္။

ဒီရာသီမွာ ဒဏ္ရာကေန ျပန္ေကာင္းမြန္လာၿပီးေနာက္ပိုင္း အသက္ ၂၇ ႏွစ္အ႐ြယ္ ေနာက္ခံလူအေနနဲ႔ ပရီးမီးယားလိဂ္-၂ မွာ ယူ-၂၃ အသင္းနဲ႔ ၂ ပြဲ၊ ပရီးမီးယားလိဂ္ ၃ ပြဲ၊ ယူ႐ိုပါလိဂ္ ၂ ပြဲနဲ႔ အက္ဖ္ေအဖလား ၁ ပြဲ စုစုေပါင္း ၉ ပြဲအထိ ကစားၿပီးၿပီျဖစ္လို႔ လာမယ့္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ပြဲစဥ္ဟာ ပထမဆုံးအရစ္ကို ေပးေခ်ရမယ့္ပြဲလည္း ျဖစ္ေနခဲ့ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ ဒီပြဲမွာ မာရီကို သုံးစြဲလိုက္တာနဲ႔ ယူ႐ိုတစ္သန္း ေပးေခ်ရမွာျဖစ္လို႔ တာဝန္ရွိသူေတြအေနနဲ႔ ေငြမေပးေခ်ခ်င္ေသးရင္ ကိုဗစ္ျဖစ္ၿပီး ျပန္လည္ေကာင္းမြန္လာတဲ့ ဘရာဇီးလ္ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္ကို သူ႔ေနရာမွာ ပြဲထုတ္လာႏိုင္ေျခလည္း ရွိေနပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းရဲ႕ ေနာက္တန္းမွာ မာရီဟာ လာဘ္ေကာင္းတဲ့ ကစားသမားတစ္ဦးလည္းျဖစ္ေနၿပီး သူပါဝင္တဲ့ ၉ ပြဲမွာ ၈ ပြဲ အႏိုင္ရထားတာေၾကာင့္ ေငြေရးေၾကးေရးထက္ နည္းျပ အာတီတာရဲ႕ ပြဲထြက္လူစာရင္းတည္ၿငိမ္မႈကသာ ပိုမိုအေရးႀကီးတာေၾကာင့္ ခ်န္လွပ္ထားဖို႔ေတာ့ ျဖစ္ႏိုင္ေျခ နည္းေနတာပါ။

နည္းျပ အာတီတာအေနနဲ႔ ဗဟိုခံစစ္အတြဲမွာ ပါဘလို မာရီနဲ႔ ဂါဘရီယယ္လ္တို႔ကို ဘယ္သန္ႏွစ္ဦးျဖစ္လို႔ ႏွစ္ဦးစလုံး သုံးစြဲမွာေတာ့ မဟုတ္သလို ဟိုးလ္ဒင္းကလည္း ေျခစြမ္းျပေနတာေၾကာင့္ ဘယ္သူ႔ကို ေ႐ြးခ်ယ္မလဲဆိုတာနဲ႔ ဖလာမင္ဂိုတို႔ ပထမဆုံးအရစ္ ယူ႐ိုတစ္သန္းကို ရရွိသြားမလားဆိုတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.