Premier League

ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး အသင့်သုံးနိုင်တဲ့ ကလော့ပ်တပည့်ဟောင်းကို ခေါ်ယူခွင့်ရှိနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းကို ပိုင်ဆိုင်ထားတဲ့ ဖန်းဝေး အားကစားအုပ်စုရဲ့ ဇန်နဝါရီမှာ ငွေသုံးနိုင်ဖို့ ခက်ခဲနေပြီး နွေရာသီအထိ စောင့်ဆိုင်းသွားမယ့် အခြေအနေကို နားလည်မှု ထားရှိကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က နည်းပြ ယာဂန် ကလော့ပ်က ပြောကြားသွားပြီး ဇန်နဝါရီမှာ ခံစစ်အတွက် ဈေးသက်သာမယ့် ကစားသမားတစ်ဦးကိုပဲ ရရှိနိုင်ဖို့ရှိနေပါတယ်။


ဈေးကွက်ထဲမှာ လီဗာပူးလ်နည်းပြ ကလော့ပ်အလိုရှိနေတဲ့ နောက်ခံလူတွေဖြစ်တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီ ၊ ဘိုင်ယန်မြူးနစ်ရဲ့ နောက်ခံလူ ဒေးဗစ် အလာဘာ အစရှိသူတို့ဟာ ပြောင်းရွှေ့ကြေးတွေ ၊ လုပ်ခလစာတွေမြင့်မားနေကြလို့ ခေါ်ယူနိုင်ဖို့ အခက်တွေ့နေပါတယ်။ ယခုအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းအနေနဲ့ နည်းပြကလော့ပ်နဲ့ ဒေါ့မွန်အသင်းမှာ လက်တွဲခဲ့တဲ့ တပည့်ဟောင်း ဆိုကရာတစ်ကို အရောင်းစာရင်းတင်ထားပြီး ဆိုကရာတစ်ကိုလည်း အသင်းသစ်ရှာဖို့ ခွင့်ပြုထားပါတယ်


လီဗာပူးလ်အသင်းဟာ အာဆင်နယ်နောက်ခံကစားသမား ဆိုကရာတစ်ကို ခေါ်ယူဖို့အတွက် ရေကန်အသင့် ကြာအသင့် အခွင့်အရေးရှိနေတယ်လို့ သိရပေမယ့် လီဗာပူးလ်အသင်းဘက်ကနေ လုံးဝကြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။


အဲဒီသတင်းကို နာမည်ကျော်ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက ‘Here We Go’ Podcast မှာ ပြောကြားခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းဟာ အာဆင်နယ်နောက်ခံကစားသမား ဆိုကရာတစ်ကို ခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ သို့မဟုတ် ရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရှိခဲ့တယ် သို့မဟုတ် ရှိနေတယ်လို့ ပြောရတဲ့အကြောင်းအရင်းကတော့ လီဗာပူးလ်ရဲ့ သဘောထားကြောင့် ရိုမာနိုက စိတ်ရှုပ်ထွေးနေတဲ့အတွက် ဖြစ်ပါတယ်။

ဆိုကရာတစ်ကို ခေါ်ယူဖို့အတွက် အခွင့်အရေးကရှိနေပေမယ့် လီဗာပူးလ်အသင်းကတော့ လက်ရှိမှာတော့ အဲဒီအခွင့်အရေးကို ယူချင်ပုံမရပါဘူး။ ပြီးတော့ လီဗာပူးလ်အသင်းဟာ ယခုလမှာ နောက်ခံကစားသမား ခေါ်ယူရမလားဆိုတာကိုလည်း အခုအချိန်အထိ မသိသေးတာကြောင့် ရွေးချယ်စရာအဖြစ်တော့ ရှိနေဆဲလို့ ပြောလို့ ရပါတယ်။


“သူ့ကို ရောင်းဖို့ လီဗာပူးလ်ကို ကမ်းလှမ်းခဲ့တယ်။ ခင်ဗျား အဲဒါကို သိလား။ လီဗာပူးလ်က အခွင့်အလမ်းကို စောင့်မျှော်နေခဲ့ပြီး ဆိုကရာတစ်က လီဗာပူးလ်ကို ရောင်းဖို့ ကမ်းလှမ်းတာခံခဲ့ရတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူက ရွေးချယ်စရာ မဟုတ်ခဲ့ဘူး”

“ဟုတ်ပါတယ်။ သူက အခွင့်အလမ်းဖြစ်ဖွယ်ရှိနေပါတယ်။ သူက ရောင်းချဖို့ ကမ်းလှမ်းခံထားရတဲ့အတွက် သူက အခွင့်အလမ်း ဖြစ်ခဲ့ပါတယ်”

“ဒါပေမယ့် အခုအချိန်မှာ လီဗာပူးလ်အသင်းက သူတို့တွေ ဗဟိုနောက်ခံကစားသမား ခေါ်မှာလား၊ မခေါ်ဘူးလားဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ သူတို့တွေ စဉ်းစားနေကြတုန်းပဲရှိသေးတယ်ဆိုတော့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာမျိုး ဘာမှမရှိပါဘူး”လို့ ရိုမာနိုက ပြောကြားခဲ့ပါတယ်။


လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ ဒေါ့မွန်အသင်းကို နည်းပြခဲ့စဉ်တုန်းက လီဗာပူးလ်အသင်းကို မပြောင်းရွှေ့မီ ဆိုကရာတစ်နဲ့ ၂ နှစ်ကြာ လက်တွဲအလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်မှာ ခံစစ်ကစားသမား မဖြစ်မနေခေါ်ယူဖို့ လိုအပ်နေချိန်မှာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ တပည့်ဟောင်းကို ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့စာရင်းထဲမှာ ထည့်သွင်းထားမယ်လို့ မျှော်မှန်းရပါတယ်။


အာဆင်နယ်က အရောင်းစာရင်းတင်ထားတဲ့ အသက် ၃၂ နှစ်အရွယ် ဂရိနောက်ခံလူကို သူရဲ့ အသင်းဟောင်း ဂျီနိုအာကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူတို့ရဲ့ စိတ်ဝင်စားမှုကို တရားဝင် အကောင်အထည်ဖော်ခဲ့ရင် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေ တယ်လို့ သတင်းများက ဖော်ပြနေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ယခုရာသီကြုံတွေ့နေရတဲ့ ခံစစ်အင်အားဖြည့်တင်းဖို့ ခေါ်ယူချင်တယ်ဆိုရင် ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး အသင့်သုံးနိုင်တဲ့ ပေါင် ၅ သန်းလောက်အသုံးပြုရုံနဲ့ ရရှိမယ့် ကလော့ပ်တပည့်ဟောင်း ဆိုကရာတစ်ကိုခေါ်ယူမယ်ဆိုရင်တော့ တွေဝေမနေပဲ ခပ်မြန်မြန်ဆုံးဖြတ်ချက်ဖို့တော့လိုအပ်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းကို ပိုင္ဆိုင္ထားတဲ့ ဖန္းေဝး အားကစားအုပ္စုရဲ႕ ဇန္နဝါရီမွာ ေငြသုံးႏိုင္ဖို႔ ခက္ခဲေနၿပီး ေႏြရာသီအထိ ေစာင့္ဆိုင္းသြားမယ့္ အေျခအေနကို နားလည္မႈ ထားရွိေၾကာင္း ၿပီးခဲ့တဲ့ အဂၤါေန႔က နည္းျပ ယာဂန္ ကေလာ့ပ္က ေျပာၾကားသြားၿပီး ဇန္နဝါရီမွာ ခံစစ္အတြက္ ေဈးသက္သာမယ့္ ကစားသမားတစ္ဦးကိုပဲ ရရွိႏိုင္ဖို႔ရွိေနပါတယ္။


ေဈးကြက္ထဲမွာ လီဗာပူးလ္နည္းျပ ကေလာ့ပ္အလိုရွိေနတဲ့ ေနာက္ခံလူေတြျဖစ္တဲ့ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီ ၊ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေနာက္ခံလူ ေဒးဗစ္ အလာဘာ အစရွိသူတို႔ဟာ ေျပာင္းေ႐ႊ႕ေၾကးေတြ ၊ လုပ္ခလစာေတြျမင့္မားေနၾကလို႔ ေခၚယူႏိုင္ဖို႔ အခက္ေတြ႕ေနပါတယ္။ ယခုအေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္အသင္းအေနနဲ႔ နည္းျပကေလာ့ပ္နဲ႔ ေဒါ့မြန္အသင္းမွာ လက္တြဲခဲ့တဲ့ တပည့္ေဟာင္း ဆိုကရာတစ္ကို အေရာင္းစာရင္းတင္ထားၿပီး ဆိုကရာတစ္ကိုလည္း အသင္းသစ္ရွာဖို႔ ခြင့္ျပဳထားပါတယ္


လီဗာပူးလ္အသင္းဟာ အာဆင္နယ္ေနာက္ခံကစားသမား ဆိုကရာတစ္ကို ေခၚယူဖို႔အတြက္ ေရကန္အသင့္ ၾကာအသင့္ အခြင့္အေရးရွိေနတယ္လို႔ သိရေပမယ့္ လီဗာပူးလ္အသင္းဘက္ကေန လုံးဝႀကီး ဆုံးျဖတ္ခ်က္ မခ်ရေသးဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။


အဲဒီသတင္းကို နာမည္ေက်ာ္ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ႐ိုမာႏိုက ‘Here We Go’ Podcast မွာ ေျပာၾကားခဲ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ အာဆင္နယ္ေနာက္ခံကစားသမား ဆိုကရာတစ္ကို ေခၚယူဖို႔ အခြင့္အေရးရွိခဲ့ သို႔မဟုတ္ ရွိေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ရွိခဲ့တယ္ သို႔မဟုတ္ ရွိေနတယ္လို႔ ေျပာရတဲ့အေၾကာင္းအရင္းကေတာ့ လီဗာပူးလ္ရဲ႕ သေဘာထားေၾကာင့္ ႐ိုမာႏိုက စိတ္ရႈပ္ေထြးေနတဲ့အတြက္ ျဖစ္ပါတယ္။

ဆိုကရာတစ္ကို ေခၚယူဖို႔အတြက္ အခြင့္အေရးကရွိေနေပမယ့္ လီဗာပူးလ္အသင္းကေတာ့ လက္ရွိမွာေတာ့ အဲဒီအခြင့္အေရးကို ယူခ်င္ပုံမရပါဘူး။ ၿပီးေတာ့ လီဗာပူးလ္အသင္းဟာ ယခုလမွာ ေနာက္ခံကစားသမား ေခၚယူရမလားဆိုတာကိုလည္း အခုအခ်ိန္အထိ မသိေသးတာေၾကာင့္ ေ႐ြးခ်ယ္စရာအျဖစ္ေတာ့ ရွိေနဆဲလို႔ ေျပာလို႔ ရပါတယ္။


“သူ႔ကို ေရာင္းဖို႔ လီဗာပူးလ္ကို ကမ္းလွမ္းခဲ့တယ္။ ခင္ဗ်ား အဲဒါကို သိလား။ လီဗာပူးလ္က အခြင့္အလမ္းကို ေစာင့္ေမွ်ာ္ေနခဲ့ၿပီး ဆိုကရာတစ္က လီဗာပူးလ္ကို ေရာင္းဖို႔ ကမ္းလွမ္းတာခံခဲ့ရတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္တုန္းက သူက ေ႐ြးခ်ယ္စရာ မဟုတ္ခဲ့ဘူး”

“ဟုတ္ပါတယ္။ သူက အခြင့္အလမ္းျဖစ္ဖြယ္ရွိေနပါတယ္။ သူက ေရာင္းခ်ဖို႔ ကမ္းလွမ္းခံထားရတဲ့အတြက္ သူက အခြင့္အလမ္း ျဖစ္ခဲ့ပါတယ္”

“ဒါေပမယ့္ အခုအခ်ိန္မွာ လီဗာပူးလ္အသင္းက သူတို႔ေတြ ဗဟိုေနာက္ခံကစားသမား ေခၚမွာလား၊ မေခၚဘူးလားဆိုတာကို မဆုံးျဖတ္ရေသးပါဘူး။ သူတို႔ေတြ စဥ္းစားေနၾကတုန္းပဲရွိေသးတယ္ဆိုေတာ့ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့တာမ်ိဳး ဘာမွမရွိပါဘူး”လို႔ ႐ိုမာႏိုက ေျပာၾကားခဲ့ပါတယ္။


လီဗာပူးလ္အသင္းနည္းျပ ယာဂင္ကေလာ့ပ္ဟာ ေဒါ့မြန္အသင္းကို နည္းျပခဲ့စဥ္တုန္းက လီဗာပူးလ္အသင္းကို မေျပာင္းေ႐ႊ႕မီ ဆိုကရာတစ္နဲ႔ ၂ ႏွစ္ၾကာ လက္တြဲအလုပ္လုပ္ခဲ့ဖူးသူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ခံစစ္ကစားသမား မျဖစ္မေနေခၚယူဖို႔ လိုအပ္ေနခ်ိန္မွာ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိတဲ့ တပည့္ေဟာင္းကို ျဖစ္ႏိုင္ဖြယ္အေျပာင္းအေ႐ႊ႕စာရင္းထဲမွာ ထည့္သြင္းထားမယ္လို႔ ေမွ်ာ္မွန္းရပါတယ္။


အာဆင္နယ္က အေရာင္းစာရင္းတင္ထားတဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ ဂရိေနာက္ခံလူကို သူရဲ႕ အသင္းေဟာင္း ဂ်ီႏိုအာကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး သူတို႔ရဲ႕ စိတ္ဝင္စားမႈကို တရားဝင္ အေကာင္အထည္ေဖာ္ခဲ့ရင္ ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေန တယ္လို႔ သတင္းမ်ားက ေဖာ္ျပေနပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ယခုရာသီႀကဳံေတြ႕ေနရတဲ့ ခံစစ္အင္အားျဖည့္တင္းဖို႔ ေခၚယူခ်င္တယ္ဆိုရင္ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိၿပီး အသင့္သုံးႏိုင္တဲ့ ေပါင္ ၅ သန္းေလာက္အသံုးျပဳရံုနဲ႔ ရရိွမယ့္ ကေလာ့ပ္တပည့္ေဟာင္း ဆိုကရာတစ္ကိုေခၚယူမယ္ဆိုရင္ေတာ့ ေတြေဝမေနပဲ ခပ္ျမန္ျမန္ဆုံးျဖတ္ခ်က္ဖို႔ေတာ့လိုအပ္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.