Match Report Premier League

EPL ၄ ပွဲဆက်အနိုင်နဲ့အတူ ချန်ပီယံပြိုင်ပွဲထဲ ပြန်ရောက်လာပြီဖြစ်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အိမ်ကွင်းမှာ ဘရိုက်တန်နဲ့ ကစားခဲ့ရတာမို့ ဂိုးပြတ်မယ်လို့ ထင်ခဲ့ပေမယ့်လည်း တိုက်စစ်မှူးတွေရဲ့ အသုံးချမှုတွေက မစွံတာကြောင့် ပွဲတွင်းကန်ချက် ၁၆ ကြိမ်မှာ ၆ ကြိမ်သာ ဂိုးပေါက်တည့်ပြီး တစ်လုံးတည်းသောဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာ လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ဖြတ်ကျော်သွားတဲ့ ဒီဘရိုင်းနားရဲ့ ကန်ချက်က ဂိုးသမားပိတ်ဖို့အတွက် လွယ်လွန်းနေခဲ့သလို ၂၃ မိနစ်မှာလည်း ဂွန်ဒိုးဝမ် ကြိုးကြိုးစားစားနဲ့ ပြေးထွက်ရယူပေးခဲ့တဲ့ ဘောလုံးကို ဘယ်သူမှ အသုံးမချနိုင်ခဲ့တာ စီးတီးတို့အဖို့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ဘရိုက်တန်ကတော့ ဘယ်ခြမ်းက ထရော့ဆတ်ရဲ့ တစ်ကိုယ်တော် တန်ပြန်တိုက်စစ်တွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ ဘရိုက်တန်နောက်တန်းက ပြန်ပေးတဲ့ ဘောလုံးကို ဂိုးသမား ဖမ်းခဲ့တာကြောင့် ပင်နယ်တီဧရိယာထဲမှာ ဖရီးကစ် ကန်ခွင့် ရခဲ့ပေမယ့် ဒီဘရိုင်းနား အသုံးမချနိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ မိနစ် ၄၀ မှာ သူပဲ ကန်ခွင့်ရခဲ့သေးပေမယ့် Shot Technique တွေကတော့ ဂိုးသမားအတွက် လွယ်ကူစေဖို့ပဲ ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ပထမပိုင်းကို မချင့်မရဲနဲ့ အဆုံးသတ်ရတော့မယ်လို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၄၄ မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ပေးပို့မှုကနေ ဘရိုက်တန် နောက်တန်းရှေ့ ဘယ်ခြမ်း Half Space မှာ နေရာယူထားတဲ့ ဖိုဒန်က အတွင်းကို ဆွဲပြီး ညာခြေနဲ့ကန်သွင်းခဲ့ရာမှာ စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဖိုဒန်ရဲ့ ဘယ်သန်တစ်မျိုးတည်း မဟုတ်ဘူးဆိုတာ ပြသလိုက်တာဖြစ်သလို တိုင်ခြေတွေကို တိတိကျကျ ကန်သွင်းခဲ့တာကလည်း သူ့ရဲ့ Trade Mark ဖြစ်လာခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း စီးတီးတို့ပဲ ဖိကစားခဲ့ပြီး မာရက်ဇ်ရဲ့ အဆုံးသတ်မှုတွေကတော့ အဖြုန်းတွေပဲ များနေခဲ့သလို ဂွန်ဒိုးဝမ်ရဲ့ ကန်ချက်ကို ဂိုးသမားကာကွယ်ပြီး ပြန်ထွက်လာတာကို ဘာနာဒို ဆေးလ်ဗား ရယူ ပိတ်သွင်းရာမှာ ဂိုးဘားထောင့်စွန်းနဲ့ ထိထွက်ခဲ့လို့ နစ်နာခဲ့ရပြီး တိုက်စစ်မှူးတွေ မပါချိန်မှာ ကွင်းလယ်လူတွေရဲ့ အဆုံးသတ်ပိုင်းက ဒီထက် တိုးတက်လာဖို့တော့ လိုနေပြီလည်းဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာတော့ ဒီဘရိုင်းနားရဲ့ ကြိုးစားမှုက ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင် မကန်ဘဲ ဖိုဒန်အစားဝင်လာတဲ့ စတာလင်ကို ပေးကန်ခဲ့ရာမှာ အင်္ဂလန်သားရဲ့ ကန်ချက်က ဆိုးဆိုးရွားရွား ဂိုးဘားပေါ် ကျော်သွားခဲ့လို့ စီးတီးတို့ တစ်ဂိုးတည်းနဲ့ပဲ ကျေနပ်ခဲ့ရပြီး ပွဲအပြီးမှာတော့ တစ်ပွဲကျန် ရမှတ် ၃၂ မှတ်နဲ့ ပွဲပြည့်ကစားပြီး ၃၃ မှတ်ရထားတဲ့ လီဗာပူးလ်နဲ့ ထိပ်ဆုံးက ၃၆ မှတ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။

နည်းပြ ဂွါဒီယိုလာအတွက်တော့ ကွင်းလယ်လူတွေရဲ့ အဆုံးသတ်ပိုင်းကို အားကိုးတာကို လျှော့ချသင့်ပြီဖြစ်ပြီး အထူးသဖြင့် ဒီဘရိုင်းနားဟာ ဂိုးသွင်းတဲ့ တာဝန်ကိုပါ ယူပြီး ဖိအားတွေ ပိုများလာချိန်မှာ ကန်သွင်းမှုတွေက တိုက်စစ်မှူး မဆန်ဘဲ အလေအလွင့်များတတ်လို့ ယုံကြည်မှု လျော့ကျသွားနိုင်တဲ့ ပြဿနာကိုလည်း ရင်ဆိုင်ရနိုင်တာကြောင့် အဂွေရိုနဲ့ ဂျေဆူးစ်တို့ကို မသုံးချင်ဘူးဆိုရင် တိုက်စစ်မှူးသစ်တစ်ယောက်ကို ရှာဖွေဖို့လည်း လိုအပ်နေပြီဖြစ်ပါတယ်။

ဖီးလ် ဖိုဒန်ကတော့ ဂွါဒီယိုလာ စမ်းချင်တိုင်းစမ်းပြီး အလုပ်မဖြစ်တဲ့ တိုက်စစ်ကစားကွက်ရဲ့ ရွှေဖြစ်ပြီး အသင်းအတွက် အဖိုးတန်ဂိုးတွေကို ရယူနိုင်ခဲ့သလို လီယွန်နယ် မက်ဆီကို ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းတွေကို ထွက်ပေါ်စေသူဖြစ်လို့ သူ့ကို ပိုမိုအသုံးပြုပြီး တိုက်စစ်မှူးမပါဘဲ ကလေး ကစားသလို မလုပ်ဖို့နဲ့ ဒါမှသာ ချန်ပီယံဆုအတွက် အမှားအယွင်းမရှိ စိန်ခေါ်နိုင်မှာဖြစ်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အိမ္ကြင္းမွာ ဘ႐ိုက္တန္နဲ႔ ကစားခဲ့ရတာမို႔ ဂိုးျပတ္မယ္လို႔ ထင္ခဲ့ေပမယ့္လည္း တိုက္စစ္မႉးေတြရဲ႕ အသုံးခ်မႈေတြက မစြံတာေၾကာင့္ ပြဲတြင္းကန္ခ်က္ ၁၆ ႀကိမ္မွာ ၆ ႀကိမ္သာ ဂိုးေပါက္တည့္ၿပီး တစ္လုံးတည္းေသာဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာ လူကြၽံေထာင္ေခ်ာက္ကို ပါးပါးနပ္နပ္ ျဖတ္ေက်ာ္သြားတဲ့ ဒီဘ႐ိုင္းနားရဲ႕ ကန္ခ်က္က ဂိုးသမားပိတ္ဖို႔အတြက္ လြယ္လြန္းေနခဲ့သလို ၂၃ မိနစ္မွာလည္း ဂြန္ဒိုးဝမ္ ႀကိဳးႀကိဳးစားစားနဲ႔ ေျပးထြက္ရယူေပးခဲ့တဲ့ ေဘာလုံးကို ဘယ္သူမွ အသုံးမခ်ႏိုင္ခဲ့တာ စီးတီးတို႔အဖို႔ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး ဘ႐ိုက္တန္ကေတာ့ ဘယ္ျခမ္းက ထေရာ့ဆတ္ရဲ႕ တစ္ကိုယ္ေတာ္ တန္ျပန္တိုက္စစ္ေတြနဲ႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာ ဘ႐ိုက္တန္ေနာက္တန္းက ျပန္ေပးတဲ့ ေဘာလုံးကို ဂိုးသမား ဖမ္းခဲ့တာေၾကာင့္ ပင္နယ္တီဧရိယာထဲမွာ ဖရီးကစ္ ကန္ခြင့္ ရခဲ့ေပမယ့္ ဒီဘ႐ိုင္းနား အသုံးမခ်ႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ကေန မိနစ္ ၄၀ မွာ သူပဲ ကန္ခြင့္ရခဲ့ေသးေပမယ့္ Shot Technique ေတြကေတာ့ ဂိုးသမားအတြက္ လြယ္ကူေစဖို႔ပဲ ျဖစ္ေနခဲ့ပါတယ္။

ဒီလိုနဲ႔ ပထမပိုင္းကို မခ်င့္မရဲနဲ႔ အဆုံးသတ္ရေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားရဲ႕ ေပးပို႔မႈကေန ဘ႐ိုက္တန္ ေနာက္တန္းေရွ႕ ဘယ္ျခမ္း Half Space မွာ ေနရာယူထားတဲ့ ဖိုဒန္က အတြင္းကို ဆြဲၿပီး ညာေျခနဲ႔ကန္သြင္းခဲ့ရာမွာ စီးတီးတို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါဟာ ဖိုဒန္ရဲ႕ ဘယ္သန္တစ္မ်ိဳးတည္း မဟုတ္ဘူးဆိုတာ ျပသလိုက္တာျဖစ္သလို တိုင္ေျခေတြကို တိတိက်က် ကန္သြင္းခဲ့တာကလည္း သူ႔ရဲ႕ Trade Mark ျဖစ္လာခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း စီးတီးတို႔ပဲ ဖိကစားခဲ့ၿပီး မာရက္ဇ္ရဲ႕ အဆုံးသတ္မႈေတြကေတာ့ အျဖဳန္းေတြပဲ မ်ားေနခဲ့သလို ဂြန္ဒိုးဝမ္ရဲ႕ ကန္ခ်က္ကို ဂိုးသမားကာကြယ္ၿပီး ျပန္ထြက္လာတာကို ဘာနာဒို ေဆးလ္ဗား ရယူ ပိတ္သြင္းရာမွာ ဂိုးဘားေထာင့္စြန္းနဲ႔ ထိထြက္ခဲ့လို႔ နစ္နာခဲ့ရၿပီး တိုက္စစ္မႉးေတြ မပါခ်ိန္မွာ ကြင္းလယ္လူေတြရဲ႕ အဆုံးသတ္ပိုင္းက ဒီထက္ တိုးတက္လာဖို႔ေတာ့ လိုေနၿပီလည္းျဖစ္ပါတယ္။

ပြဲၿပီးခါနီးမွာေတာ့ ဒီဘ႐ိုင္းနားရဲ႕ ႀကိဳးစားမႈက ရတဲ့ ပင္နယ္တီကို သူကိုယ္တိုင္ မကန္ဘဲ ဖိုဒန္အစားဝင္လာတဲ့ စတာလင္ကို ေပးကန္ခဲ့ရာမွာ အဂၤလန္သားရဲ႕ ကန္ခ်က္က ဆိုးဆိုး႐ြား႐ြား ဂိုးဘားေပၚ ေက်ာ္သြားခဲ့လို႔ စီးတီးတို႔ တစ္ဂိုးတည္းနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ တစ္ပြဲက်န္ ရမွတ္ ၃၂ မွတ္နဲ႔ ပြဲျပည့္ကစားၿပီး ၃၃ မွတ္ရထားတဲ့ လီဗာပူးလ္နဲ႔ ထိပ္ဆုံးက ၃၆ မွတ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ဖိအားေပးႏိုင္ခဲ့ပါတယ္။

နည္းျပ ဂြါဒီယိုလာအတြက္ေတာ့ ကြင္းလယ္လူေတြရဲ႕ အဆုံးသတ္ပိုင္းကို အားကိုးတာကို ေလွ်ာ့ခ်သင့္ၿပီျဖစ္ၿပီး အထူးသျဖင့္ ဒီဘ႐ိုင္းနားဟာ ဂိုးသြင္းတဲ့ တာဝန္ကိုပါ ယူၿပီး ဖိအားေတြ ပိုမ်ားလာခ်ိန္မွာ ကန္သြင္းမႈေတြက တိုက္စစ္မႉး မဆန္ဘဲ အေလအလြင့္မ်ားတတ္လို႔ ယုံၾကည္မႈ ေလ်ာ့က်သြားႏိုင္တဲ့ ျပႆနာကိုလည္း ရင္ဆိုင္ရႏိုင္တာေၾကာင့္ အေဂြ႐ိုနဲ႔ ေဂ်ဆူးစ္တို႔ကို မသုံးခ်င္ဘူးဆိုရင္ တိုက္စစ္မႉးသစ္တစ္ေယာက္ကို ရွာေဖြဖို႔လည္း လိုအပ္ေနၿပီျဖစ္ပါတယ္။

ဖီးလ္ ဖိုဒန္ကေတာ့ ဂြါဒီယိုလာ စမ္းခ်င္တိုင္းစမ္းၿပီး အလုပ္မျဖစ္တဲ့ တိုက္စစ္ကစားကြက္ရဲ႕ ေ႐ႊျဖစ္ၿပီး အသင္းအတြက္ အဖိုးတန္ဂိုးေတြကို ရယူႏိုင္ခဲ့သလို လီယြန္နယ္ မက္ဆီကို ဘာလုပ္မွာလဲဆိုတဲ့ ေမးခြန္းေတြကို ထြက္ေပၚေစသူျဖစ္လို႔ သူ႔ကို ပိုမိုအသုံးျပဳၿပီး တိုက္စစ္မႉးမပါဘဲ ကေလး ကစားသလို မလုပ္ဖို႔နဲ႔ ဒါမွသာ ခ်န္ပီယံဆုအတြက္ အမွားအယြင္းမရွိ စိန္ေခၚႏိုင္မွာျဖစ္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.