Premier League

14 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများစုစည်းမှု


-ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ဝါရင့်နောက်ခံကစားသမား သီယာဂို ဆေးလ်ဗားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် ၎င်းရဲ့ စာချုပ် ဒုတိယနှစ်ကို အသက်သွင်းဖို့အတွက် စီစဉ်နေပေမယ့် ယခုလာမယ့်နွေရာသီမှာ ဗဟိုခံစစ်ကစားသမားတစ်ဦးကို အဓိကအပြောင်းအရွှေ့ ပြုလုပ်သွားဖို့လည်း စဉ်းစားနေတယ်လို့ သိရ။


-ချဲလ်ဆီးအသင်းဟာ ယခု ပရီးမီးယားလိဂ်ရာသီမှာ အံ့အားသင့်စရာအများအပြားနဲ့ ပုံစံကောင်း တစ်ချက်လောက် ပြန်ရတာနဲ့ ဆုဖလားပြိုင်ပွဲထဲမှာ နေရာတစ်ရာ အခိုင်အမာရနိုင်ဆဲဖြစ်တယ်လို့ အာဆင်နယ်ဂန္တဝင် ပေါလ်မာဆန်က ပြောကြားခဲ့ပြီး လမ်းပတ်ကို ထုတ်ပယ်လိုက်မယ်ဆိုရင်လည်း နောက်လာမယ့် နည်းပြတွေလည်း အချိန်ပေးဖို့ လိုအပ်တာကြောင့် ဘာမှထူးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့။


-ချဲလ်ဆိးအသင်းဟာ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားချင်နေသေးတယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက Here We Go Podcast မှာ ပြောကြားခဲ့ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ယခုလာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာဖွယ်ရှိနေတာဖြစ်။


-ချဲလ်ဆီးအသင်းဟာ နည်းပြဟောင်း အေဗရန် ဂရန့်ကို ပြန်လည်ခေါ်ယူဖို့အတွက် စီစဉ်နေတာမရှိဘူးလို့ Daily Telegraph ရဲ့ ဖော်ပြချက်အရ သိရပြီး အေဗရန် ဂရန့်ဟာ နည်းပြလမ်းပတ်အတွက် အကြံပေးအနေနဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်လာဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ဂရန့်ကို ဘယ်နေရာအတွက်နဲ့မှ ခေါ်ယူဖို့ စီစဉ်ထားတာမရှိဘူးလို့ ချဲလ်ဆီးအသင်းက ငြင်းခဲ့တာဖြစ်။


-ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်ရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ အလားအလာရှိတဲ့ နည်းပြ ၂ ဦးနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ The Bild သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ပြောကြားချက်အရ သိရပြီး လမ်းပတ်ဟာ အနိမ့်ဆုံးမျှော်မှန်းချက်ဖြစ်တဲ့ ထိပ်ဆုံးလေးနေရာဝင်ရောက်နိုင်အောင်တောင် စွမ်းဆောင်နိုင်မယ့်ပုံ မပေါ်တော့တာကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအပေါ်ပိုင်းကို ပြန်လည်တက်ရောက်နိုင်ဖို့အတွက် အယ်လီဂရီ၊ သောမတ်စ် တူဟယ်တို့နဲ့ ပြောဆိုဆွေးနွေးခဲ့တာဖြစ်။


-ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ် နောက်ခံကစားသမား အူပါမီကာနိုကို ဘိုင်ယန်မြူးနစ်အသင်းကလည်း အပြိုင် ခေါ်ယူသွားဖို့အတွက် ပြင်ဆင်နေတယ်လို့ Tageszeitung ရဲ့ သတင်းအရ သိရပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်လျော်ကြေး ယူရိုသန်း ၄၀ ဝန်းကျင် တန်ကြေးရှိတဲ့ လိုက်ပ်ဇစ်နောက်ခံကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတယ်လို့ သိရ။


-ချဲလ်ဆီး နောက်ခံကစားသမား ကတ် ဇူးမားက ဘရာဇီးလ် ဝါရင့်နောက်ခံကစားသမား သီယာဂို ဆေးလ်ဗားနဲ့ တွဲဖက်ကစားနေရတဲ့ အတွေ့အကြုံကို ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပြီး ဘရာဇီးလ်နောက်ခံကစားသမားဟာ အလွန်အေးဆေးတည်ငြိမ်ပြီး ပွဲအကြောင်းကောင်းကောင်းသိနိုင်တဲ့ အတွေ့အကြုံများစွာရှိသလို အသင်းမှာလည်း ခေါင်းဆောင်တစ်ဦးဖြစ်နေတာကြောင့် ၎င်းဆီကနေ သင်ယူစရာအများကြီးရှိနေတယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းဟာ နည်းပြသစ်ခန့်အပ်ဖို့အတွက် ပစ်မှတ်စာရင်းထဲမှာ သောမတ်စ် တူဟယ်၊ မက်ဆီမီလီယာနို အယ်လီဂရီ၊ ဘရန်ဒန် ရော်ဂျာ၊ ရာ့ဖ် ဟာဆန် ဟူတယ်တို့အပြင် ဂျူလီယန် နေဂယ်စ်မန်းကိုလည်း နည်းပြလောင်း စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ The Bild သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ပြောကြားချက်အရ သိရပြီး ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်ကို အချိန်ပေးဦးမယ်ဆိုပေမယ့် ယခုရာသီကုန်မှာ အဆင့် ၄ မဝင်ရောက်နိုင်တော့ဘူးလို့ ယုံကြည်တာနဲ့ အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးအသင္းဟာ အသင္းရဲ့ ဝါရင့္ေနာက္ခံကစားသမား သီယာဂို ေဆးလ္ဗားကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားနိုင္ေအာင္ ၎ရဲ့ စာခ်ဳပ္ ဒုတိယႏွစ္ကို အသက္သြင္းဖို႔အတြက္ စီစဥ္ေနေပမယ့္ ယခုလာမယ့္ေႏြရာသီမွာ ဗဟိုခံစစ္ကစားသမားတစ္ဦးကို အဓိကအေျပာင္းအေရႊ႕ ျပဳလုပ္သြားဖို႔လည္း စဥ္းစားေနတယ္လို႔ သိရ။


-ခ်ဲလ္ဆီးအသင္းဟာ ယခု ပရီးမီးယားလိဂ္ရာသီမွာ အံ့အားသင့္စရာအမ်ားအျပားနဲ႔ ပုံစံေကာင္း တစ္ခ်က္ေလာက္ ျပန္ရတာနဲ႔ ဆုဖလားၿပိဳင္ပြဲထဲမွာ ေနရာတစ္ရာ အခိုင္အမာရနိုင္ဆဲျဖစ္တယ္လို႔ အာဆင္နယ္ဂႏၲဝင္ ေပါလ္မာဆန္က ေျပာၾကားခဲ့ၿပီး လမ္းပတ္ကို ထုတ္ပယ္လိုက္မယ္ဆိုရင္လည္း ေနာက္လာမယ့္ နည္းျပေတြလည္း အခ်ိန္ေပးဖို႔ လိုအပ္တာေၾကာင့္ ဘာမွထူးမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆိးအသင္းဟာ ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မႉး ဒီဘာလာကို လာမယ့္ေႏြရာသီမွာ ေခၚယူသြားခ်င္ေနေသးတယ္လို႔ အေျပာင္းအေရႊ႕အထူးကၽြမ္းက်င္သူ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုက Here We Go Podcast မွာ ေျပာၾကားခဲ့ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ ယခုလာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူနိုင္မယ့္ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာဖြယ္ရွိေနတာျဖစ္။


-ခ်ဲလ္ဆီးအသင္းဟာ နည္းျပေဟာင္း ေအဗရန္ ဂရန႔္ကို ျပန္လည္ေခၚယူဖို႔အတြက္ စီစဥ္ေနတာမရွိဘူးလို႔ Daily Telegraph ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး ေအဗရန္ ဂရန႔္ဟာ နည္းျပလမ္းပတ္အတြက္ အႀကံေပးအေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ျပန္လာဖြယ္ရွိတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းေတြထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ဂရန႔္ကို ဘယ္ေနရာအတြက္နဲ႔မွ ေခၚယူဖို႔ စီစဥ္ထားတာမရွိဘူးလို႔ ခ်ဲလ္ဆီးအသင္းက ျငင္းခဲ့တာျဖစ္။


-ခ်ဲလ္ဆီးအသင္းဟာ နည္းျပလမ္းပတ္ရဲ့ေနရာမွာ အစားထိုးခန႔္အပ္ဖို႔ အလားအလာရွိတဲ့ နည္းၿပ ၂ ဦးနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ The Bild သတင္းေထာက္ ခရစ္ရွန္ ေဖာ့ခ္ရဲ့ ေျပာၾကားခ်က္အရ သိရၿပီး လမ္းပတ္ဟာ အနိမ့္ဆုံးေမၽွာ္မွန္းခ်က္ျဖစ္တဲ့ ထိပ္ဆုံးေလးေနရာဝင္ေရာက္နိုင္ေအာင္ေတာင္ စြမ္းေဆာင္နိုင္မယ့္ပုံ မေပၚေတာ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအေပၚပိုင္းကို ျပန္လည္တက္ေရာက္နိုင္ဖို႔အတြက္ အယ္လီဂရီ၊ ေသာမတ္စ္ တူဟယ္တို႔နဲ႔ ေျပာဆိုေဆြးေႏြးခဲ့တာျဖစ္။


-ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ လိုက္ပ္ဇစ္ ေနာက္ခံကစားသမား အူပါမီကာနိုကို ဘိုင္ယန္ျမဴးနစ္အသင္းကလည္း အၿပိဳင္ ေခၚယူသြားဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ Tageszeitung ရဲ့ သတင္းအရ သိရၿပီး ဘိုင္ယန္ျမဴးနစ္အသင္းဟာ စာခ်ဳပ္ေလ်ာ္ေၾကး ယူရိုသန္း ၄၀ ဝန္းက်င္ တန္ေၾကးရွိတဲ့ လိုက္ပ္ဇစ္ေနာက္ခံကစားသမားကို ေခၚယူနိုင္ဖို႔အတြက္ အနီးစပ္ဆုံး အေျခအေနမွာ ရွိေနတယ္လို႔ သိရ။


-ခ်ဲလ္ဆီး ေနာက္ခံကစားသမား ကတ္ ဇူးမားက ဘရာဇီးလ္ ဝါရင့္ေနာက္ခံကစားသမား သီယာဂို ေဆးလ္ဗားနဲ႔ တြဲဖက္ကစားေနရတဲ့ အေတြ႕အၾကဳံကို ခ်ဲလ္ဆီးအသင္းဝက္ဘ္ဆိုက္ကို ေျပာၾကားခဲ့ၿပီး ဘရာဇီးလ္ေနာက္ခံကစားသမားဟာ အလြန္ေအးေဆးတည္ၿငိမ္ၿပီး ပြဲအေၾကာင္းေကာင္းေကာင္းသိနိုင္တဲ့ အေတြ႕အၾကဳံမ်ားစြာရွိသလို အသင္းမွာလည္း ေခါင္းေဆာင္တစ္ဦးျဖစ္ေနတာေၾကာင့္ ၎ဆီကေန သင္ယူစရာအမ်ားႀကီးရွိေနတယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းဟာ နည္းျပသစ္ခန႔္အပ္ဖို႔အတြက္ ပစ္မွတ္စာရင္းထဲမွာ ေသာမတ္စ္ တူဟယ္၊ မက္ဆီမီလီယာနို အယ္လီဂရီ၊ ဘရန္ဒန္ ေရာ္ဂ်ာ၊ ရာ့ဖ္ ဟာဆန္ ဟူတယ္တို႔အျပင္ ဂ်ဴလီယန္ ေနဂယ္စ္မန္းကိုလည္း နည္းျပေလာင္း စာရင္းထဲမွာ ထည့္သြင္းထားတယ္လို႔ The Bild သတင္းေထာက္ ခရစ္ရွန္ ေဖာ့ခ္ရဲ့ ေျပာၾကားခ်က္အရ သိရၿပီး ခ်ဲလ္ဆီးအသင္းဟာ နည္းျပလမ္းပတ္ကို အခ်ိန္ေပးဦးမယ္ဆိုေပမယ့္ ယခုရာသီကုန္မွာ အဆင့္ ၄ မဝင္ေရာက္နိုင္ေတာ့ဘူးလို႔ ယုံၾကည္တာနဲ႔ အေျပာင္းအလဲေတြ ျပဳလုပ္သြားဖို႔ စီစဥ္ေနတာျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.