Premier League

14 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးက ဘန်လေအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲထဲမှာ အမှန်တကယ် ရောက်ရှိနေပြီလို့ ခံစားနေရပေမယ့် ဖလားရရှိဖို့အတွက် ရေပန်းအစားဆုံးအသင်းမဟုတ်ဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလမှာ စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုကြောင့် ပြိုင်ပွဲစုံ ပွဲကစားခွင့် ပိတ်ခံထားရတဲ့ အသက် ၃၀ အရွယ် အင်္ဂလန်ညာနောက်ခံကစားသမား ကီရန် ထရစ်ပီယာကို ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သိရပြီး အာရွန် ဝန်ဘစ်ဆာကာထက် တိုက်စစ်စွမ်းရည်မြင့်မားသူကို အလိုရှိနေ။


-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ဟာ အင်္ဂါနေ့ညက ဘန်လေနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာပြဿနာရှိနေခဲ့ပေမယ့်လည်း ယခုအပတ် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေလိမ့်မယ်လို့ သိရ။


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား နီမန်ဂျာ မာတစ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘန်လေအသင်းကို အနိုင်ယူပြီး ၎င်းတို့ရဲ့ ဆုဖလားရယူနိုင်စွမ်းကို ပြခဲ့တာလို့ ယုံကြည်နေပြီး လီဗာပူးလ်နဲ့ပွဲစဉ်ဟာ အင်္ဂလန်ရဲ့ အကြီးမားဆုံးသော ဒါဘီပွဲကြီး ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့။


-ခရစ္စတယ်ပဲလေ့စ် နောက်ခံကစားသမားဟောင်း ဒေမီယန် ဒီလာနေးက မန်ချက်စတာယူနိုက်တက်အသင်းသာ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားခဲ့မယ်ဆိုရင် ၎င်းရဲ့ဖုန်းကို မြစ်ထဲ လွှင့်ပစ်မယ်လို့ ပြောကြားခဲ့ပြီး အိုလေဂန်နာဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဆုဖလားအောင်မြင်မှုတွေ ပြန်လည်ယူဆောင်ပေးနိုင်မယ့်သူမဟုတ်ဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမား ဂျက်ဆီ လင်ဂတ်ကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ထိန်းသိမ်းထားစေချင်နေတယ်လို့ The Telegraph ရဲ့ ဖော်ပြချက်အရ သိရပြီး ဆိုးလ်ရှားက လင်ဂတ်ဟာ အသင်းလူစာရင်းထဲမှာ အသုံးဝင်တဲ့အခန်းကဏ္ဍရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်။


-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီ ဘိခ်ကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဒီရာသီမှာ ဝေဖန်မှုများစွာနဲ့ ကြုံတွေ့နေရသလို ဝတ်ဖို့ဒ်နဲ့ပွဲမှာ ကစားခွင့်နဲ့ နှစ်သိမ့်ခဲ့ပေမယ့် ဘန်လေနဲ့ ပွဲမှာ ချန်လှပ်ခဲ့တာက သူ့အတွက် အဖြေမရှိသေးဘူးလို့ ဝေဖန်နေကြ။


-မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား မားကို့စ် ရိုဟိုနဲ့ ဂိုးသမား ဆာဂျီယို ရိုမဲရိုးတို့ဟာ ယခုလာမယ့်နွေရာသီထက်ကျော််လွန်ပြီး အသင်းမှာ ဆက်လက်ရှိနေတော့မှာမဟုတ်ဘူးလို့ နည်းပြဆိုးလ်ရှားက အတည်ပြုပြောကြားခဲ့။ ယူနိုက်တက်က ရိုဟိုအတွက် ဘိုကာဂျူနီယာအသင်းဆီကနေ တရားဝင်ကမ်းလှမ်းမှုရရှိဖို့ မျှော်လင့်နေသေးတယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပြီး အီဂါလိုလည်း ယခုလကုန်မှာ အသင်းကို စွန့်ခွာလိမ့်မယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ဂယ္ရီနဗီးက ဘန္ေလအသင္းကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲထဲမွာ အမွန္တကယ္ ေရာက္ရွိေနၿပီလို႔ ခံစားေနရေပမယ့္ ဖလားရရွိဖို႔အတြက္ ေရပန္းအစားဆုံးအသင္းမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယခုလမွာ စည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္ ၿပိဳင္ပြဲစုံ ပြဲကစားခြင့္ ပိတ္ခံထားရတဲ့ အသက္ ၃၀ အရြယ္ အဂၤလန္ညာေနာက္ခံကစားသမား ကီရန္ ထရစ္ပီယာကို ေခၚယူဖို႔အတြက္ စီစဥ္ေနတယ္လို႔ သိရၿပီး အာရြန္ ဝန္ဘစ္ဆာကာထက္ တုိက္စစ္စြမ္းရည္ျမင့္မားသူကို အလိုရွိေန။


-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ဟာ အဂၤါေန႔ညက ဘန္ေလနဲ႔ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာျပႆနာရွိေနခဲ့ေပမယ့္လည္း ယခုအပတ္ တနဂၤေႏြေန႔မွာ လီဗာပူးလ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္အတြက္ ႀကံ့ခိုင္မႈျပည့္ဝေနလိမ့္မယ္လို႔ သိရ။


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ကစားသမား နီမန္ဂ်ာ မာတစ္က မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဘန္ေလအသင္းကို အနိုင္ယူၿပီး ၎တို႔ရဲ့ ဆုဖလားရယူနိုင္စြမ္းကို ျပခဲ့တာလို႔ ယုံၾကည္ေနၿပီး လီဗာပူးလ္နဲ႔ပြဲစဥ္ဟာ အဂၤလန္ရဲ့ အႀကီးမားဆုံးေသာ ဒါဘီပြဲႀကီး ျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ခရစၥတယ္ပဲေလ့စ္ ေနာက္ခံကစားသမားေဟာင္း ေဒမီယန္ ဒီလာေနးက မန္ခ်က္စတာယူနိုက္တက္အသင္းသာ ပရီးမီးယားလိဂ္ဖလားကို ရရွိသြားခဲ့မယ္ဆိုရင္ ၎ရဲ့ဖုန္းကို ျမစ္ထဲ လႊင့္ပစ္မယ္လို႔ ေျပာၾကားခဲ့ၿပီး အိုေလဂန္နာဆိုးလ္ရွားဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ဆုဖလားေအာင္ျမင္မႈေတြ ျပန္လည္ယူေဆာင္ေပးနိုင္မယ့္သူမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက ယခုဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ကြင္းလယ္ကစားသမား ဂ်က္ဆီ လင္ဂတ္ကို မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ထိန္းသိမ္းထားေစခ်င္ေနတယ္လို႔ The Telegraph ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး ဆိုးလ္ရွားက လင္ဂတ္ဟာ အသင္းလူစာရင္းထဲမွာ အသုံးဝင္တဲ့အခန္းက႑ရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ နယ္သာလန္ကြင္းလယ္ကစားသမား ဒြန္နီ ဗန္ဒီ ဘိခ္ကို ကိုင္တြယ္ပုံနဲ႔ပတ္သက္ၿပီး ဒီရာသီမွာ ေဝဖန္မွဳမ်ားစြာနဲ႔ ႀကဳံေတြ႕ေနရသလို ဝတ္ဖို႔ဒ္နဲ႔ပြဲမွာ ကစားခြင္႔နဲ႔ ႏွစ္သိမ့္ခဲ့ေပမယ့္ ဘန္ေလနဲ႔ ပြဲမွာ ခ်န္လွပ္ခဲ့တာက သူ႕အတြက္ အေျဖမရွိေသးဘူးလို႔ ေဝဖန္ေနၾက။


-မန္ခ်က္စတာယူနိုက္တက္ ေနာက္ခံကစားသမား မားကို႔စ္ ရိုဟိုနဲ႔ ဂိုးသမား ဆာဂ်ီယို ရိုမဲရိုးတို႔ဟာ ယခုလာမယ့္ေႏြရာသီထက္ေက်ာ္္လြန္ၿပီး အသင္းမွာ ဆက္လက္ရွိေနေတာ့မွာမဟုတ္ဘူးလို႔ နည္းျပဆိုးလ္ရွားက အတည္ျပဳေျပာၾကားခဲ့။ ယူနိုက္တက္က ရိုဟိုအတြက္ ဘိုကာဂ်ဴနီယာအသင္းဆီကေန တရားဝင္ကမ္းလွမ္းမႈရရွိဖို႔ ေမၽွာ္လင့္ေနေသးတယ္လို႔ ဖက္ဘရီဇီယို ရိုမာနိုက ေျပာၾကားခဲ့ၿပီး အီဂါလိုလည္း ယခုလကုန္မွာ အသင္းကို စြန႔္ခြာလိမ့္မယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.