Premier League Transfer News

14 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ဆောင်းရာသီအားဖြည့်မှုအတွက် နည်းပြ မီခယ်လ် အာတီတာကို တာဝန်ရှိသူတွေ ခွင့်ပြုထားတဲ့ ဘတ်ဂျက် ထွက်ပေါ်လာခဲ့ပြီး ပေါင် ၁၈ သန်း (ယူရိုသန်း ၂၀)နဲ့ လောက်ငအောင် စီမံရလိမ့်မယ်လို့ သတင်းတွေ ဖော်ပြ။

– အသင်းက ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို စည်းရုံးနိုင်ဖို့ မလွယ်တော့ဘူးလို့ သိရပြီး ကစားသမားအနေနဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် RB လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်ဖို့ မူအားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အပြီးသတ်ဖို့သာ ကျန်ရှိတော့။

– ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ကစားမယ့် အာဆင်နယ်အသင်းရဲ့ လူစာရင်းကို ကွင်းလယ်လူ သောမတ်စ် ပါတေး ပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေပြီး ဂါနာသားအနေနဲ့ ကြံ့ခိုင်မှု အပြည့်အဝ ရရှိနေပြီဖြစ်သလို ဂါဘရီယယ်လ် မာတီနယ်လီရဲ့ ဒဏ်ရာလည်း သက်သာနေပြီဖြစ်လို့ နည်းပြ အာတီတာအတွက်တော့ အားတက်စရာဖြစ်လာ။

– အာဆင်နယ်အသင်းအနေနဲ့ အရန်ဂိုးသမားနှစ်ဦး လိုအပ်နေခဲ့ရာမှာ အသင်းရဲ့ လူငယ်ဂိုးသမား ကားလ်ဟိန်းရဲ့ အနေအထားကိုလည်း စောင့်ကြည့်နေပြီး တတိယနေရာ ပေးလို့ရခဲ့ရင် အသုံးစရိတ်ကို ချွေတာပြီး တစ်ဦးသာ ခေါ်ဖို့ ရှိနေသလို အက်စတန်ဗီလာအသင်းမှာ မာတီနက်ဇ်နောက် နေရာပျောက်နေတဲ့ တွမ်ဟီတန်ကို စိတ်ဝင်စားနေ။

– အသင်းရဲ့ ဂိုးသမား ရှာပုံတော်မှာ အာဆင်နယ်အသင်းအနေနဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာကို မခေါ်ယူနိုင်တဲ့နောက် ဘရိုက်တန် အသင်းမှာ နေရာပျောက်ဆုံးနေတဲ့ သြစတေးလျဂိုးသမား မက်သယူး ရိုင်ယန်ကိုလည်း စိတ်ဝင်စားနေပြီး ရောင်းချနိုင်ခြေနဲ့ ဈေးနှုန်းအတွက် စောင့်ကြည့်နေ။

– အာဆင်နယ်အသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို ခေါ်ယူနိုင်ကြောင်း သူ့ရဲ့ အေးဂျင့်အနေနဲ့ လီဗာပူးလ်အသင်းဆီ ကမ်းလှမ်းခဲ့ကြောင်းနဲ့ စိတ်မဝင်စားဘဲ ပယ်ချခံခဲ့ရကြောင်း ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွား။

– စပါးစ်ကွင်းလယ်လူ ဟာရီဝင့်ခ်စ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ဗလင်စီယာအသင်းအနေနဲ့ အာဆင်နယ်ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို အက်သလက်တီကိုကနေ အငှားစာချုပ်ကို ဆက်ခံခေါ်ယူချင်နေပြီး သူတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးနဲ့ ဆွေးနွေးဖို့ရှိနေ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ကွင်းလယ်ကနေ ဖန်တီးမှုတွေ ပြုလုပ်နိုင်မယ့် နံပါတ် ၈၊ ဒါမှမဟုတ် နံပါတ် ၁၀ ကစားသမားတစ်ဦးပဲ အလိုရှိနေတယ်လို့ တွစ်တာပေါ်မှာ ရေးသားနေကြပြီး စိတ်ဝင်စားမှုပြသထားတဲ့ မေနာ ဆော်လမွန်လို တောင်ပံကစားသမားတစ်ဦးကို မလိုအပ်ဘူးလို့ သတင်းတွေအပေါ် တုံ့ပြန်ခဲ့ကြ။

– အသင်းခေါင်းဆောင်လက်ပတ်ဟာ တာဝန်ကြီးမားသလို ဖိအားတွေကြားမှာ တာဝန်ယူဖို့ရော ခြေစွမ်းပြဖို့ပါ ခက်ခဲတယ်လို့ ဝန်ခံခဲ့တဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ စကားကြောင့် နည်းပြ အာတီတာအနေနဲ့ ရာထူးကို အပြောင်းအလဲလုပ်သွားမလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပြီး နောက်ခံလူ ကီရန် တီယာနီနဲ့ ရော့ဘ် ဟိုးလ်ဒင်းတို့ ရေပန်းစားနေ။

– ပြင်သစ်လီဂူးဝမ်းကလပ် လီယွန်အသင်းရဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို မရခင် အာဆင်နယ်အသင်းအတွက်တော့ ကြီးမားတဲ့ ထိုးနှက်မှုတစ်ခုကို တစ်ဖက်က ပြန်လည်ယူဆောင်လာခဲ့ပြီး အမျိုးသမီးတိုက်စစ်မှူး ဗီဗီယန် မီဒမ်မာကို အလိုရှိနေတယ်လို့ ဆိုတာကြောင့် အမျိုးသမီးဘောလုံးလောကမှာ ဘာစီလိုနာလိုအသင်းဆီက ကမ်းလှမ်းခဲ့ရင် တားဆီးဖို့ မလွယ်နိုင်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ေဆာင္းရာသီအားျဖည့္မႈအတြက္ နည္းျပ မီခယ္လ္ အာတီတာကို တာဝန္ရွိသူေတြ ခြင့္ျပဳထားတဲ့ ဘတ္ဂ်က္ ထြက္ေပၚလာခဲ့ၿပီး ေပါင္ ၁၈ သန္း (ယူ႐ိုသန္း ၂၀)နဲ႔ ေလာက္ငေအာင္ စီမံရလိမ့္မယ္လို႔ သတင္းေတြ ေဖာ္ျပ။

– အသင္းက ထြက္ခြာလိုေနတဲ့ တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို စည္း႐ုံးႏိုင္ဖို႔ မလြယ္ေတာ့ဘူးလို႔ သိရၿပီး ကစားသမားအေနနဲ႔ ဂ်ာမန္ ဘြန္ဒက္စ္လီဂါကလပ္ RB လိုက္ပ္ဇစ္အသင္းနဲ႔ စာခ်ဳပ္ဖို႔ မူအားျဖင့္ သေဘာတူညီမႈ ရယူႏိုင္ခဲ့ၿပီး အၿပီးသတ္ဖို႔သာ က်န္ရွိေတာ့။

– ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ကစားမယ့္ အာဆင္နယ္အသင္းရဲ႕ လူစာရင္းကို ကြင္းလယ္လူ ေသာမတ္စ္ ပါေတး ျပန္လည္ပါဝင္လာႏိုင္ဖို႔ ရွိေနၿပီး ဂါနာသားအေနနဲ႔ ႀကံ့ခိုင္မႈ အျပည့္အဝ ရရွိေနၿပီျဖစ္သလို ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ ဒဏ္ရာလည္း သက္သာေနၿပီျဖစ္လို႔ နည္းျပ အာတီတာအတြက္ေတာ့ အားတက္စရာျဖစ္လာ။

– အာဆင္နယ္အသင္းအေနနဲ႔ အရန္ဂိုးသမားႏွစ္ဦး လိုအပ္ေနခဲ့ရာမွာ အသင္းရဲ႕ လူငယ္ဂိုးသမား ကားလ္ဟိန္းရဲ႕ အေနအထားကိုလည္း ေစာင့္ၾကည့္ေနၿပီး တတိယေနရာ ေပးလို႔ရခဲ့ရင္ အသုံးစရိတ္ကို ေခြၽတာၿပီး တစ္ဦးသာ ေခၚဖို႔ ရွိေနသလို အက္စတန္ဗီလာအသင္းမွာ မာတီနက္ဇ္ေနာက္ ေနရာေပ်ာက္ေနတဲ့ တြမ္ဟီတန္ကို စိတ္ဝင္စားေန။

– အသင္းရဲ႕ ဂိုးသမား ရွာပုံေတာ္မွာ အာဆင္နယ္အသင္းအေနနဲ႔ ဘရန႔္ဖို႔ဒ္ဂိုးသမား ေဒးဗစ္ ရာယာကို မေခၚယူႏိုင္တဲ့ေနာက္ ဘ႐ိုက္တန္ အသင္းမွာ ေနရာေပ်ာက္ဆုံးေနတဲ့ ၾသစေတးလ်ဂိုးသမား မက္သယူး ႐ိုင္ယန္ကိုလည္း စိတ္ဝင္စားေနၿပီး ေရာင္းခ်ႏိုင္ေျခနဲ႔ ေဈးႏႈန္းအတြက္ ေစာင့္ၾကည့္ေန။

– အာဆင္နယ္အသင္းကေန ထြက္ခြာခြင့္ ရရွိထားတဲ့ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို ေခၚယူႏိုင္ေၾကာင္း သူ႔ရဲ႕ ေအးဂ်င့္အေနနဲ႔ လီဗာပူးလ္အသင္းဆီ ကမ္းလွမ္းခဲ့ေၾကာင္းနဲ႔ စိတ္မဝင္စားဘဲ ပယ္ခ်ခံခဲ့ရေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြား။

– စပါးစ္ကြင္းလယ္လူ ဟာရီဝင့္ခ္စ္ကို ေခၚယူဖို႔ မေအာင္ျမင္ခဲ့တဲ့ ဗလင္စီယာအသင္းအေနနဲ႔ အာဆင္နယ္ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို အက္သလက္တီကိုကေန အငွားစာခ်ဳပ္ကို ဆက္ခံေခၚယူခ်င္ေနၿပီး သူတို႔ရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးနဲ႔ ေဆြးေႏြးဖို႔ရွိေန။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ကြင္းလယ္ကေန ဖန္တီးမႈေတြ ျပဳလုပ္ႏိုင္မယ့္ နံပါတ္ ၈၊ ဒါမွမဟုတ္ နံပါတ္ ၁၀ ကစားသမားတစ္ဦးပဲ အလိုရွိေနတယ္လို႔ တြစ္တာေပၚမွာ ေရးသားေနၾကၿပီး စိတ္ဝင္စားမႈျပသထားတဲ့ ေမနာ ေဆာ္လမြန္လို ေတာင္ပံကစားသမားတစ္ဦးကို မလိုအပ္ဘူးလို႔ သတင္းေတြအေပၚ တုံ႔ျပန္ခဲ့ၾက။

– အသင္းေခါင္းေဆာင္လက္ပတ္ဟာ တာဝန္ႀကီးမားသလို ဖိအားေတြၾကားမွာ တာဝန္ယူဖို႔ေရာ ေျခစြမ္းျပဖို႔ပါ ခက္ခဲတယ္လို႔ ဝန္ခံခဲ့တဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ စကားေၾကာင့္ နည္းျပ အာတီတာအေနနဲ႔ ရာထူးကို အေျပာင္းအလဲလုပ္သြားမလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနၿပီး ေနာက္ခံလူ ကီရန္ တီယာနီနဲ႔ ေရာ့ဘ္ ဟိုးလ္ဒင္းတို႔ ေရပန္းစားေန။

– ျပင္သစ္လီဂူးဝမ္းကလပ္ လီယြန္အသင္းရဲ႕ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို မရခင္ အာဆင္နယ္အသင္းအတြက္ေတာ့ ႀကီးမားတဲ့ ထိုးႏွက္မွဳတစ္ခုကို တစ္ဖက္က ျပန္လည္ယူေဆာင္လာခဲ့ၿပီး အမ်ဳိးသမီးတုိက္စစ္မွဴး ဗီဗီယန္ မီဒမ္မာကို အလိုရွိေနတယ္လို႔ ဆုိတာေၾကာင့္ အမ်ဳိးသမီးေဘာလုံးေလာကမွာ ဘာစီလိုနာလိုအသင္းဆီက ကမ္းလွမ္းခဲ့ရင္ တားဆီးဖို႔ မလြယ္ႏုိင္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.