Premier League Transfer News

31 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟယ်ရီမက်ဂွိုင်းယားအတွက် ပထမဦးစားပေး တွဲဘက်ရွေးချယ်မှုအသစ်ကို ခေါ်ယူဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို နံပါတ်တစ် အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပြီး ယူနိုက်တက်ဟာ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့လို အသင်းမျိုးတွေက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အူပါမီကာနိုကို စိတ်ဝင်စားမှု အေးစက်သွားပြီလို့ The Mirror က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘောလုံးသမားတွေကို လူမှုကွန်ရက်ပေါ်မှာ စိတ်ပျက်ဖွယ်ရာ ပစ်မှတ်ထားပြီး လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်လာခဲ့ပြီးနောက် လူသားဆန်မှုနဲ့ လူမှုကွန်ရက်က အဆိုးဆုံးအခြေအနေမှာ ရှိနေတယ်လို့ ပြောကြားခဲ့ပြီး ၎င်းကို အရောင်အသွေးစုံတဲ့ ကလေးတွေက Followed လုပ်ထားပြီး လူမျိုးရေး ခွဲခြားတဲ့သူတွေအနေနဲ့ ဖတ်ဖို့ မလိုဘူးလို့ ပြောကြားခဲ့။

-စပိန်ဝါရင့်နောက်ခံကစားသမား ဆာဂျီယို ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပြီး The Mirror ရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းက ရာမို့စ်ကို ဆက်သွယ်ခဲ့ပေမယ့် ကမ္ဘာ့ဖလားချန်ပီယံနောက်ခံကစားသမားက ငြင်းပယ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှုသစ်တွေ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အာဆင်နယ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ အနိုင်ရရှိဖို့အတွက် ကြီးမားတဲ့အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့ ခံစစ်ကစားပုံရှိခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ကြီးမားတဲ့အခွင့်အရေး ၂ ခုကို အသုံးမချနိုင်ခဲ့တာကြောင့် ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ကွင်းလယ်ကစားသမား ရွိုင်ကိန်းက ၎င်းရဲ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ စိန်ခေါ်ရမှာကို ကြောက်ရွံ့နေခဲ့တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဟာ အဓိကကစားသမားအနည်းငယ်ပျောက်ဆုံးနေတဲ့ အာဆင်နယ်နဲ့ ပွဲစဉ်မှာ အနိုင်ရယူမယ်ဆိုတဲ့ ယုံကြည်မှုမျိုး ကင်းမဲ့လုနီးဖြစ်နေတာက ၎င်းအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးက စနေနေ့ညနေမှာ အာဆင်နယ်အသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ယူနိုင်ခဲ့ခြင်းမရှိခဲ့တဲ့နောက် ဘရူနို ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုကို ထုတ်ဖော်ပြောကြားခဲ့ရာမှာ ပေါ်တူဂီကြယ်ပွင့်ဟာ စိတ်ပျက်စရာဖြစ်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး နောက်ဆုံးအသင်းကြီးတွေနဲ့ကစားခဲ့တဲ့ ၅ ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသလို ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ဘူးလို့ ဝေဖန်ခဲ့။

-မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား လုခ်ရှောက အာဆင်နယ်အသင်းနဲ့ သရေကျခဲ့တဲ့ စနေနေ့ညနေပွဲစဉ်အပြီးမှာ အဝေးကွင်းမှာ ၁ မှတ်ရတာက လက်ခံနိုင်စရာဖြစ်တယ်လို့ မထင်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယပိုင်းမှာ ခြေစွမ်းကျဆင်းနေပြီး ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ဘဲ ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်းမရှိတာကြောင့် ၂ မှတ် ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ညည်းတွားခဲ့။

-လီဗာပူးလ်ဂန္တဝင် နောက်ခံကစားသမား ဂျေမီ ကာရေဂါက စနေနေ့ညနေမှာ ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာ အူဘာမီယန်းနဲ့ ဆာကာတို့သာဆိုရင် ၎င်းတို့ရဲ့ အသင်းဖော်တွေ မရယူနိုင်ခဲ့တဲ့ အခွင့်အရေးတွေကို ရယူနိုင်ခဲ့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အဲဒါက အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး ကွာခြားချက် ဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အာဆင်နယ်နဲ့ကစားခဲ့တဲ့ စနေနေ့ညပွဲစဉ်မှာ ဂိုးမသွင်းယူနိုင်ခဲ့တဲ့ ၎င်းရဲ့ တိုက်စစ်ကစားသမားတွေကို သတိပေးစကားပြောကြားခဲ့ပြီး အမ်းမရိတ်စ်မှာ ကြီးမားတဲ့အခွင့်အရေး ၂ ခုကို ကာဗာနီ လွဲချော်ခဲ့ပြီးနောက် လေ့ကျင့်ရေးမှာ အဆုံးသတ်ကို ပိုပြီး တိကျသေချာအောင် လေ့ကျင့်ကြတာကို မြင်ချင်နေတယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဟယ္ရီမက္ဂြိဳင္းယားအတြက္ ပထမဦးစားေပး တြဲဘက္ေရြးခ်ယ္မႈအသစ္ကို ေခၚယူဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ဆီဗီလာေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒးကို နံပါတ္တစ္ အေျပာင္းအေရႊ႕ပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့တယ္လို႔ သိရၿပီး ယူနိုက္တက္ဟာ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔လို အသင္းမ်ိဳးေတြက ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ အူပါမီကာနိုကို စိတ္ဝင္စားမႈ ေအးစက္သြားၿပီလို႔ The Mirror က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ေဘာလုံးသမားေတြကို လူမႈကြန္ရက္ေပၚမွာ စိတ္ပ်က္ဖြယ္ရာ ပစ္မွတ္ထားၿပီး လူမ်ိဳးေရးခြဲျခားမႈေတြ ျပဳလုပ္လာခဲ့ၿပီးေနာက္ လူသားဆန္မႈနဲ႔ လူမႈကြန္ရက္က အဆိုးဆုံးအေျခအေနမွာ ရွိေနတယ္လို႔ ေျပာၾကားခဲ့ၿပီး ၎ကို အေရာင္အေသြးစုံတဲ့ ကေလးေတြက Followed လုပ္ထားၿပီး လူမ်ိဳးေရး ခြဲျခားတဲ့သူေတြအေနနဲ႔ ဖတ္ဖို႔ မလိုဘူးလို႔ ေျပာၾကားခဲ့။

-စပိန္ဝါရင့္ေနာက္ခံကစားသမား ဆာဂ်ီယို ရာမို႔စ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ဆႏၵရွိေနတယ္လို႔ သိရၿပီး The Mirror ရဲ့ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းက ရာမို႔စ္ကို ဆက္သြယ္ခဲ့ေပမယ့္ ကမၻာ့ဖလားခ်န္ပီယံေနာက္ခံကစားသမားက ျငင္းပယ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ စိန္ေခၚမႈသစ္ေတြ ရွာေဖြဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အာဆင္နယ္အသင္းနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အနိုင္ရရွိဖို႔အတြက္ ႀကီးမားတဲ့အခြင့္အေရး ၂ ႀကိမ္ ရရွိခဲ့ၿပီး ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္နဲ႔ ေကာင္းမြန္တဲ့ ခံစစ္ကစားပုံရွိခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ပဲ ဒုတိယပိုင္းမွာ ရရွိခဲ့တဲ့ ႀကီးမားတဲ့အခြင့္အေရး ၂ ခုကို အသုံးမခ်နိုင္ခဲ့တာေၾကာင့္ ရမွတ္ ၂ မွတ္ ဆုံးရႈံးခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ကြင္းလယ္ကစားသမား ရြိဳင္ကိန္းက ၎ရဲ့အသင္းေဟာင္းဟာ ပရီးမီးယားလိဂ္ဖလားကို အနိုင္ရရွိဖို႔ စိန္ေခၚရမွာကို ေၾကာက္ရြံ့ေနခဲ့တယ္လို႔ စြပ္စြဲ ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ဟာ အဓိကကစားသမားအနည္းငယ္ေပ်ာက္ဆုံးေနတဲ့ အာဆင္နယ္နဲ႔ ပြဲစဥ္မွာ အနိုင္ရယူမယ္ဆိုတဲ့ ယုံၾကည္မႈမ်ိဳး ကင္းမဲ့လုနီးျဖစ္ေနတာက ၎အတြက္ စိုးရိမ္စရာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ေပါလ္စခိုးက စေနေန႔ညေနမွာ အာဆင္နယ္အသင္းကို မန္ခ်က္စတာယူနိုက္တက္အသင္းက အနိုင္ယူနိုင္ခဲ့ျခင္းမရွိခဲ့တဲ့ေနာက္ ဘ႐ူနို ဖာနန္ဒက္စ္နဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ရာမွာ ေပၚတူဂီၾကယ္ပြင့္ဟာ စိတ္ပ်က္စရာျဖစ္ခဲ့တဲ့ ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ခဲ့ၿပီး ေနာက္ဆုံးအသင္းႀကီးေတြနဲ႔ကစားခဲ့တဲ့ ၅ ပြဲမွာ ဂိုးသြင္းယူနိုင္ျခင္းမရွိသလို ဂိုးဖန္တီးမႈလည္း မျပဳလုပ္နိုင္ခဲ့ဘူးလို႔ ေဝဖန္ခဲ့။

-မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား လုခ္ေရွာက အာဆင္နယ္အသင္းနဲ႔ သေရက်ခဲ့တဲ့ စေနေန႔ညေနပြဲစဥ္အၿပီးမွာ အေဝးကြင္းမွာ ၁ မွတ္ရတာက လက္ခံနိုင္စရာျဖစ္တယ္လို႔ မထင္ေၾကာင္း ေျပာၾကားခဲ့ၿပီး ဒုတိယပိုင္းမွာ ေျခစြမ္းက်ဆင္းေနၿပီး ကစားခ်င္တဲ့ပုံစံအတိုင္း မကစားနိုင္ဘဲ ဂိုးသြင္းယူနိုင္ခဲ့ျခင္းလည္းမရွိတာေၾကာင့္ ၂ မွတ္ ဆုံးရႈံးခဲ့ရတာျဖစ္တယ္လို႔ ညည္းတြားခဲ့။

-လီဗာပူးလ္ဂႏၲဝင္ ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါက စေနေန႔ညေနမွာ ကစားခဲ့ၾကတဲ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ အာဆင္နယ္တို႔ရဲ့ပြဲစဥ္မွာ အူဘာမီယန္းနဲ႔ ဆာကာတို႔သာဆိုရင္ ၎တို႔ရဲ့ အသင္းေဖာ္ေတြ မရယူနိုင္ခဲ့တဲ့ အခြင့္အေရးေတြကို ရယူနိုင္ခဲ့မွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အဲဒါက အရည္အေသြးပိုင္းနဲ႔ပတ္သက္ၿပီး ကြာျခားခ်က္ ျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အာဆင္နယ္နဲ႔ကစားခဲ့တဲ့ စေနေန႔ညပြဲစဥ္မွာ ဂိုးမသြင္းယူနိုင္ခဲ့တဲ့ ၎ရဲ့ တိုက္စစ္ကစားသမားေတြကို သတိေပးစကားေျပာၾကားခဲ့ၿပီး အမ္းမရိတ္စ္မွာ ႀကီးမားတဲ့အခြင့္အေရး ၂ ခုကို ကာဗာနီ လြဲေခ်ာ္ခဲ့ၿပီးေနာက္ ေလ့က်င့္ေရးမွာ အဆုံးသတ္ကို ပိုၿပီး တိက်ေသခ်ာေအာင္ ေလ့က်င့္ၾကတာကို ျမင္ခ်င္ေနတယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.