Match Report Premier League

13 Jan ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ဈေးသက်သာတဲ့ နောက်ခံလူတွေကို ရင်းနှီးမြှပ်နှံမယ့်အစား နွေရာသီအတွက်ပါ တစ်ခါတည်း စဉ်းစားတဲ့ အနေနဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို အံ့အားသင့်ဖွယ်ရာ ချိတ်ဆက်လိုက်ပြီး နေပယ်လ်ကလပ်ဘက်ကတော့ ပေါင်သန်း ၁၀၀ လို့ တုံ့ပြန်သွားခဲ့။

– IFFHS နိုင်ငံတကာ ဘောလုံးစာရင်းအင်းပြုစုရေးအဖွဲ့ရဲ့ ၁၀ နှစ် အတွင်း အကောင်းဆုံးနည်းပြဆုမှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကို အလဲထိုးသွားခဲ့သူက ဂွါဒီယိုလာနဲ့ ဇီဒန်းတို့လို အောင်မြင်မှုများတဲ့ နည်းပြတွေ မဟုတ်ဘဲ သူ့ကို အန်းဖီးလ်မှာ အနိုင်ယူသွားခဲ့တဲ့ အက်သလက်တီကိုရဲ့ ဒီယေဂို ဆီမီယွန်နီဖြစ်နေ။

– ရီးရဲလ်မက်ဒရစ်ရဲ့ များပြားလှတဲ့ နောက်ခံလူတွေကြားထဲမှာ ကစားခွင့် နည်းပါးနေသူဖြစ်တဲ့ ဘရာဇီးလ်နောက်ခံလူ အယ်ဒါ မီလီတိုကို ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ စီစဉ်နေပြီး အငှားချထားဖို့ အစီအစဉ်မှာ လီဗာပူးလ်အသင်းအနေနဲ့ စမ်းသပ်ခေါ်ယူဖို့ စောင့်ကြည့်သူတွေ အကြံပေးခဲ့ကြပြီး အငှားကြေး ယူရိုနှစ်သန်းခွဲနဲ့ ရရှိနိုင်မည်။

– လီဗာပူးလ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ နောက်ခံလူ ဒေးဗစ် အလာဘာကို တခြားအသင်းတွေလို စွယ်စုံအသုံးပြုနိုင်မယ့်သူအဖြစ် ရှုမြင်ထားခြင်း မရှိဘဲ ဗဟိုနောက်ခံလူအဖြစ်သာ သုံးသပ်ထားပြီး လက်ရှိ ၅ ပေ ၉ လက်မ အရပ်အမောင်းက စံနှုန်းနဲ့ မကိုက်ညီတာမို့ မခေါ်ယူတော့ဘူးလို့ ဆိုနေကြ။

– မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ရော အက်ဖ်အေဖလားပွဲစဉ်တွေကိုပါ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်အနေနဲ့ ပြန်လည်ပါဝင်နိုင်ဖို့ မသေချာသေးဘဲ နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ဖာဘင်ညိုကို အမာခံထားပြီး ဘယ်သူနဲ့ တွဲဖက်ပေးရမယ်ဆိုတာ ခေါင်းကိုက်ရဦးမယ်လို့ သိရ။

– ဘာစီလိုနာအသင်းမှာ ဆက်ရှိနိုင်တဲ့ နည်းပြ ရော်နယ်လ် ကိုးမန်းကတော့ သူ့ရဲ့ နယ်သာလန်လက်ရွေးစင်အသင်းက တပည့်ဟောင်း ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်နေပြီး ကစားသမားအနေနဲ့လည်း လက်ရှိ ဆက်ဆံရေးနဲ့ ဆွေးနွေးမှုတွေအရ လီဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်နိုင်ခြေ အလွန်နည်းပါးနေ။

– လီဗာပူးလ်အသင်းရဲ့ နောက်ခံလူတစ်ဖြစ်လဲ ကွင်းလယ်လူ ဖာဘင်ညိုက အသင်းရဲ့ ဂိုးသွင်းဘုရင် မိုဟာမက် ဆာလားနဲ့ ပတ်သက်တဲ့ ကောလဟာတွေအားလုံးကို ပယ်ချလိုက်ပြီး အီဂျစ်တိုက်စစ်မှူးအနေနဲ့ အန်းဖီးလ်မှာ အလွန်ပျော်ရွှင်လျက်ရှိကြောင်း ရှင်းလင်းသွား။

– လီဗာပူးလ်ပရိသတ်တွေအနေနဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ရဲ့ ခြေစွမ်းပြနိုင်တဲ့ ပုံစံတွေကို ချစ်ပေမယ့် ယုံကြည်လို့တော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ မန်စီးတီးအသင်းရဲ့ နောက်ခံလူ ရူဘင် ဒီယက်စ်လို အသင်းမှာ အမြဲတမ်းပါဝင်နိုင်မယ့် ကြံ့ခိုင်မှုနဲ့ ခြေစွမ်းမျိုးရှိတဲ့သူကို ရှာဖွေရတော့မယ်လို့ လီဗာပူးလ်ပရိသတ်နဲ့ အင်ဒီပန်းဒန့်ရဲ့ ဂျာနယ်လစ် မယ်လစ်ဆာ ရက်ဒီ သတိပေး။

– တူရကီကလပ် အစ္စတန်ဘူလ် ဘာရှက်ရှီဟီယာအသင်းမှာ ကစားနေပြီး ဒဏ်ရာရရှိနေတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း မာတင် စကာတယ်လ်က သူ့ကို ဘောလုံးသမားဘဝက အနားယူတော့မယ်လို့ ရေးသားခဲ့တဲ့ ဒေးလီးမေးလ်ကို သတင်းအတုအယောင်တွေ ရေးနေတယ်လို့ ဒေါသတကြီး တုံ့ပြန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ေဈးသက္သာတဲ့ ေနာက္ခံလူေတြကို ရင္းႏွီးျမႇပ္ႏွံမယ့္အစား ေႏြရာသီအတြက္ပါ တစ္ခါတည္း စဥ္းစားတဲ့ အေနနဲ႔ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို အံ့အားသင့္ဖြယ္ရာ ခ်ိတ္ဆက္လိုက္ၿပီး ေနပယ္လ္ကလပ္ဘက္ကေတာ့ ေပါင္သန္း ၁၀၀ လို႔ တုံ႔ျပန္သြားခဲ့။

– IFFHS ႏိုင္ငံတကာ ေဘာလုံးစာရင္းအင္းျပဳစုေရးအဖြဲ႕ရဲ႕ ၁၀ ႏွစ္ အတြင္း အေကာင္းဆုံးနည္းျပဆုမွာ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကို အလဲထိုးသြားခဲ့သူက ဂြါဒီယိုလာနဲ႔ ဇီဒန္းတို႔လို ေအာင္ျမင္မႈမ်ားတဲ့ နည္းျပေတြ မဟုတ္ဘဲ သူ႔ကို အန္းဖီးလ္မွာ အႏိုင္ယူသြားခဲ့တဲ့ အက္သလက္တီကိုရဲ႕ ဒီေယဂို ဆီမီယြန္နီျဖစ္ေန။

– ရီးရဲလ္မက္ဒရစ္ရဲ႕ မ်ားျပားလွတဲ့ ေနာက္ခံလူေတြၾကားထဲမွာ ကစားခြင့္ နည္းပါးေနသူျဖစ္တဲ့ ဘရာဇီးလ္ေနာက္ခံလူ အယ္ဒါ မီလီတိုကို ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ စီစဥ္ေနၿပီး အငွားခ်ထားဖို႔ အစီအစဥ္မွာ လီဗာပူးလ္အသင္းအေနနဲ႔ စမ္းသပ္ေခၚယူဖို႔ ေစာင့္ၾကည့္သူေတြ အႀကံေပးခဲ့ၾကၿပီး အငွားေၾကး ယူ႐ိုႏွစ္သန္းခြဲနဲ႔ ရရွိႏိုင္မည္။

– လီဗာပူးလ္အသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို တျခားအသင္းေတြလို စြယ္စုံအသုံးျပဳႏိုင္မယ့္သူအျဖစ္ ရႈျမင္ထားျခင္း မရွိဘဲ ဗဟိုေနာက္ခံလူအျဖစ္သာ သုံးသပ္ထားၿပီး လက္ရွိ ၅ ေပ ၉ လက္မ အရပ္အေမာင္းက စံႏႈန္းနဲ႔ မကိုက္ညီတာမို႔ မေခၚယူေတာ့ဘူးလို႔ ဆိုေနၾက။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ေရာ အက္ဖ္ေအဖလားပြဲစဥ္ေတြကိုပါ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္အေနနဲ႔ ျပန္လည္ပါဝင္ႏိုင္ဖို႔ မေသခ်ာေသးဘဲ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဖာဘင္ညိဳကို အမာခံထားၿပီး ဘယ္သူနဲ႔ တြဲဖက္ေပးရမယ္ဆိုတာ ေခါင္းကိုက္ရဦးမယ္လို႔ သိရ။

– ဘာစီလိုနာအသင္းမွာ ဆက္ရွိႏိုင္တဲ့ နည္းျပ ေရာ္နယ္လ္ ကိုးမန္းကေတာ့ သူ႔ရဲ႕ နယ္သာလန္လက္ေ႐ြးစင္အသင္းက တပည့္ေဟာင္း ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကို ေခၚယူႏိုင္ဖို႔ ယုံၾကည္ေနၿပီး ကစားသမားအေနနဲ႔လည္း လက္ရွိ ဆက္ဆံေရးနဲ႔ ေဆြးေႏြးမႈေတြအရ လီဗာပူးလ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ေျခ အလြန္နည္းပါးေန။

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူတစ္ျဖစ္လဲ ကြင္းလယ္လူ ဖာဘင္ညိဳက အသင္းရဲ႕ ဂိုးသြင္းဘုရင္ မိုဟာမက္ ဆာလားနဲ႔ ပတ္သက္တဲ့ ေကာလဟာေတြအားလုံးကို ပယ္ခ်လိုက္ၿပီး အီဂ်စ္တိုက္စစ္မႉးအေနနဲ႔ အန္းဖီးလ္မွာ အလြန္ေပ်ာ္႐ႊင္လ်က္ရွိေၾကာင္း ရွင္းလင္းသြား။

– လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ ေျခစြမ္းျပႏိုင္တဲ့ ပုံစံေတြကို ခ်စ္ေပမယ့္ ယုံၾကည္လို႔ေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘဲ မန္စီးတီးအသင္းရဲ႕ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္လို အသင္းမွာ အၿမဲတမ္းပါဝင္ႏိုင္မယ့္ ႀကံ့ခိုင္မႈနဲ႔ ေျခစြမ္းမ်ိဳးရွိတဲ့သူကို ရွာေဖြရေတာ့မယ္လို႔ လီဗာပူးလ္ပရိသတ္နဲ႔ အင္ဒီပန္းဒန႔္ရဲ႕ ဂ်ာနယ္လစ္ မယ္လစ္ဆာ ရက္ဒီ သတိေပး။

– တူရကီကလပ္ အစၥတန္ဘူလ္ ဘာရွက္ရွီဟီယာအသင္းမွာ ကစားေနၿပီး ဒဏ္ရာရရွိေနတဲ့ လီဗာပူးလ္ေနာက္ခံလူေဟာင္း မာတင္ စကာတယ္လ္က သူ႔ကို ေဘာလုံးသမားဘဝက အနားယူေတာ့မယ္လို႔ ေရးသားခဲ့တဲ့ ေဒးလီးေမးလ္ကို သတင္းအတုအေယာင္ေတြ ေရးေနတယ္လို႔ ေဒါသတႀကီး တုံ႔ျပန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.