Premier League

လီဗာပူးလ်နဲ့ အနာဂတ်ကို ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ ရာမို့စ်နဲ့ လီဗာပူးလ်ရဲ့အပြောင်းအရွှေ့အစီအစဉ်ကို ပြောပြခဲ့တဲ့ ရိုမာနို


ရီးရဲလ်မက်ဒရစ်ဝါရင့်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ဟာ လာလီဂါမှာ ဆက်နေဖို့အတွက် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားလိမ့်မယ်လို့ The Athletic ကဖော်ပြခဲ့ပါတယ်။


လီဗာပူးလ်အသင်းဟာ ရီးရဲမက်ဒရစ်ကြယ်ပွင့်နောက်ခံကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ကောလာဟလတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယာဂင်ကလော့ပ်အတွက်ကလည်း ဗန်ဒိုက်၊ ဂိုးမက်ဇ်တို့ မရှိတဲ့ ခံစစ်အတွက် ဇန်နဝါရီလမှာ မဖြစ်မနေ နောက်ခံကစားသမား ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဆာဂျီယိုရာမို့စ်ရဲ့ အသက်အရွယ်နဲ့ အကျင့်စရိုက်ကို ထည့်မတွက်ဘူးဆိုရင် ကလော့ပ်အတွက် ခေါ်ယူဖို့ စဉ်းစားစရာ ကစားသမားတစ်ဦးဖြစ်ပြီး လီဗာပူးဂန္တဝင် ဂျွန်ဘန်းစ်ကလည်း ဇန်နဝါရီလမှာ နောက်ခံကစားသမားကောင်းကောင်းတစ်ဦးမခေါ်ယူဘူးဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ သတိပေးထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဆယ်စုနှစ် ၂ ခုနီးပါး ကစားပေးထားတဲ့ စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ယခုရာသီကုန်မှာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လီဂူးဝမ်းထိပ်သီးအသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရသူဖြစ်ပါတယ်။ လီဗာပူးလ်အသင်းပရိသတ်တွေအနေနဲ့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက မိုဟာမက်ဆာလားအပေါ် ပြုလုပ်ခဲ့တဲ့ ရာမို့စ်ရဲ့ အပြုအမူကြောင့် နှစ်သက်ဖို့ ခက်ခဲပေမယ့် အားနည်းနေတဲ့ ခံစစ်အတွက် အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့် အရည်အသွေးမြင့်ကစားသမားဖြစ်တဲ့အတွက် အပြောင်းအရွှေ့ဖြစ်မြောက်လာခဲ့ရင်တော့ မချစ်သော်လည်း အောင့်ကာနမ်းကြရမှာဖြစ်ပါတယ်။


အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက လီဗာပူးလ်ရဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့လှုပ်ရှားမှု နောက်ဆုံးရအခြေအနေကို ပြောကြားခဲ့ပြီး လီဗာပူးလ် ပရိသတ်တွေအတွက်တော့ သတင်းကောင်းမဟုတ်ခဲ့ပါဘူး။ လီဗာပူးလ်အသင်းဟာ အခွင့်အလမ်းတွေကို စောင့်မျှော်နေပြီး တကယ်လို့ အခွင့်အလမ်းတစ်စုံတရာရောက်လာခဲ့ရင် နောက်ခံကစားသမားသစ် ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။


ဒါပေမယ့်လည်း လီဗာပူးလ်အတွက် ယခုဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်ကြယ်ပွင့် အူပါမီကာနိုလို ဗဟိုခံစစ်ကစားသမားမျိုးအတွက် ယူရိုသန်း ၆၀၊ ၇၀ လောက်အထိ သုံးစွဲပြီး အပြောင်းအရွှေ့ပြုလုပ်ဖို့ကတော့ လုံးဝမဖြစ်နိုင်လုနီးပါးအခြေအနေမှာရှိတယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ယုံကြည်နေပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်အပတ်အတွင်း အခွင့်အလမ်းကောင်း ရရှိခဲ့မယ်ဆိုရင် စျေးသက်သာတဲ့ သာမန်ဗဟိုခံစစ်ကစားသမားမျိုးကို ခေါ်ယူဖို့ စဉ်းစားမှာဖြစ်ပြီး အဲဒီလိုမှ မဟုတ်ခဲ့ရင်တော့ ဒီလူစာရင်းအတိုင်း ဆက်သွားဖွယ်ရှိနေပါတယ်။


လီဗာပူးလ်ဟာ ဗန်ဒိုက်ကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ပြီး အဲဒါကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှ ဗဟိုခံစစ်ကစားသမားသစ် တစ်ယောက်ယောက်ကို ခေါ်ယူလိမ့်မယ်လို့ ရိုမာနိုက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ရီးရဲလ္မက္ဒရစ္ဝါရင့္ေနာက္ခံကစားသမား ဆာဂ်ီယိုရာမို႔စ္ဟာ လာလီဂါမွာ ဆက္ေနဖို႔အတြက္ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားလိမ့္မယ္လို႔ The Athletic ကေဖာ္ျပခဲ့ပါတယ္။


လီဗာပူးလ္အသင္းဟာ ရီးရဲမက္ဒရစ္ၾကယ္ပြင့္ေနာက္ခံကစားသမားကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ ေကာလာဟလေတြထြက္ေပၚေနခဲ့တာျဖစ္ၿပီး ယာဂင္ကေလာ့ပ္အတြက္ကလည္း ဗန္ဒိုက္၊ ဂိုးမက္ဇ္တို႔ မရွိတဲ့ ခံစစ္အတြက္ ဇန္နဝါရီလမွာ မျဖစ္မေန ေနာက္ခံကစားသမား ေခၚယူဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ ဆာဂ်ီယိုရာမို႔စ္ရဲ့ အသက္အရြယ္နဲ႔ အက်င့္စရိုက္ကို ထည့္မတြက္ဘူးဆိုရင္ ကေလာ့ပ္အတြက္ ေခၚယူဖို႔ စဥ္းစားစရာ ကစားသမားတစ္ဦးျဖစ္ၿပီး လီဗာပူးဂႏၲဝင္ ဂၽြန္ဘန္းစ္ကလည္း ဇန္နဝါရီလမွာ ေနာက္ခံကစားသမားေကာင္းေကာင္းတစ္ဦးမေခၚယူဘူးဆိုရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ထိန္းသိမ္းနိုင္မွာမဟုတ္ဘူးလို႔ သတိေပးထားတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဆယ္စုႏွစ္ ၂ ခုနီးပါး ကစားေပးထားတဲ့ စပိန္လက္ေရြးစင္အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္ဟာ ယခုရာသီကုန္မွာ အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး လီဂူးဝမ္းထိပ္သီးအသင္းႀကီးျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ့ စိတ္ဝင္စားမႈကိုလည္း ခံေနရသူျဖစ္ပါတယ္။ လီဗာပူးလ္အသင္းပရိသတ္ေတြအေနနဲ႔ ၂၀၁၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက မိုဟာမက္ဆာလားအေပၚ ျပဳလုပ္ခဲ့တဲ့ ရာမို႔စ္ရဲ့ အျပဳအမူေၾကာင့္ ႏွစ္သက္ဖို႔ ခက္ခဲေပမယ့္ အားနည္းေနတဲ့ ခံစစ္အတြက္ အေကာင္းဆုံးျဖည့္ဆည္းေပးနိုင္မယ့္ အရည္အေသြးျမင့္ကစားသမားျဖစ္တဲ့အတြက္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္လာခဲ့ရင္ေတာ့ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းၾကရမွာျဖစ္ပါတယ္။


အေျပာင္းအေရႊ႕အထူးကၽြမ္းက်င္သူ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုက လီဗာပူးလ္ရဲ့ ဇန္နဝါရီလ အေျပာင္းအေရႊ႕လႈပ္ရွားမႈ ေနာက္ဆုံးရအေျခအေနကို ေျပာၾကားခဲ့ၿပီး လီဗာပူးလ္ ပရိသတ္ေတြအတြက္ေတာ့ သတင္းေကာင္းမဟုတ္ခဲ့ပါဘူး။ လီဗာပူးလ္အသင္းဟာ အခြင့္အလမ္းေတြကို ေစာင့္ေမၽွာ္ေနၿပီး တကယ္လို႔ အခြင့္အလမ္းတစ္စုံတရာေရာက္လာခဲ့ရင္ ေနာက္ခံကစားသမားသစ္ ေခၚယူဖို႔အတြက္ အဆင္သင့္ျဖစ္နိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။


ဒါေပမယ့္လည္း လီဗာပူးလ္အတြက္ ယခုဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ လိုက္ပ္ဇစ္ၾကယ္ပြင့္ အူပါမီကာနိုလို ဗဟိုခံစစ္ကစားသမားမ်ိဳးအတြက္ ယူရိုသန္း ၆၀၊ ၇၀ ေလာက္အထိ သုံးစြဲၿပီး အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔ကေတာ့ လုံးဝမျဖစ္နိုင္လုနီးပါးအေျခအေနမွာရွိတယ္လို႔ ဖက္ဘရီဇီယို ရိုမာနိုက ယုံၾကည္ေနပါတယ္။ လီဗာပူးလ္အသင္းဟာ လာမယ့္အပတ္အတြင္း အခြင့္အလမ္းေကာင္း ရရွိခဲ့မယ္ဆိုရင္ ေစ်းသက္သာတဲ့ သာမန္ဗဟိုခံစစ္ကစားသမားမ်ိဳးကို ေခၚယူဖို႔ စဥ္းစားမွာျဖစ္ၿပီး အဲဒီလိုမွ မဟုတ္ခဲ့ရင္ေတာ့ ဒီလူစာရင္းအတိုင္း ဆက္သြားဖြယ္ရွိေနပါတယ္။


လီဗာပူးလ္ဟာ ဗန္ဒိုက္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အဲဒါေၾကာင့္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွ ဗဟိုခံစစ္ကစားသမားသစ္ တစ္ေယာက္ေယာက္ကို ေခၚယူလိမ့္မယ္လို႔ ရိုမာနိုက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.