Premier League

စပါးအတွက်ကစားမယ့်အစား အနားယူမယ်ပြောရအောင် ဘယ်သူခေါ်မယ်ပြောလဲလို့ ပြန်မေးခဲ့တဲ့ မော်ရင်ညို


တော့တင်ဟမ်ဟော့စပါးနည်းပြ မော်ရင်ညိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ကစားပေးမယ့်အစား ကစားသမားဘဝကနေ အနားယူလိုက်မယ်လို့ ပြောခဲ့တဲ့ အိုဇေးလ်ရဲ့ စကားကို ပညာသားပါပါနဲ့ ပြန်ပြီး တုံ့ပြန်သွားခဲ့ပါတယ်။


အာဆင်နယ်အသင်းမှာ အပယ်ခံဖြစ်နေတဲ့ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အသင်းအတွက် ကစားပေးရခြင်းမရှိတော့ပေမယ့် မြောက်လန်ဒန်မှာ အသင်းပေါ် သစ္စာရှိရှိနဲ့ ဆက်နေနေပေမယ့် စပါးနည်းပြ မော်ရင်ညိုက ရစရာမရှိအောင် တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ မှတ်ချက်စကားအကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခံခဲ့ရတဲ့အချိန်မှာ မော်ရင်ညိုက အခုလိုပဲ ပြန်လည်တုံ့ပြန် ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။


“သူ့ကို ခေါ်ဖို့ တော့တင်ဟမ်က စိတ်ဝင်စားနေတယ်လို့ ဘယ်သူက ပြောမိလို့လဲ”လို့ မော်ရင်ညိုက ပြောကြားခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲ့တဲ့မတ်လကနေ လက်ရှိအချိန်အထိ ပွဲကြည့်စင်ကနေ အသင်းရဲ့ပွဲစဉ်တွေကို ကြည့်ရှုနေရသူဖြစ်ပြီး အာတီတာရဲ့ ယူရိုပါလိဂ်လူစာရင်းမှာရော၊ ပရီးမီးယားလိဂ်လူစာရင်းမှာပါ ပါဝင်ခွင့်မရခဲ့ဘဲ ထုတ်ပယ်ခံထားရသူဖြစ်ပါတယ်။


အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လာမယ့်ဇွန်လအထိ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး အမ်းမရိတ်စ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေတာကြောင့် အာဆင်နယ်အသင်းက ၎င်းကို ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။ တွစ်တာအမေးအဖြေကဏ္ဍမှာ အိုဇေးလ်ဟာ စပါးအသင်းအတွက် ကစားပေးမလား ဒါမှမဟုတ် ကစားသမားဘဝကနေ အနားယူမှာလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ‘လွယ်လိုက်တဲ့ မေးခွန်း။ အနားယူမှာပေါ့”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ေတာ့တင္ဟမ္ေဟာ့စပါးနည္းၿပ ေမာ္ရင္ညိဳဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ ကစားေပးမယ့္အစား ကစားသမားဘဝကေန အနားယူလိုက္မယ္လို႔ ေျပာခဲ့တဲ့ အိုေဇးလ္ရဲ့ စကားကို ပညာသားပါပါနဲ႔ ျပန္ၿပီး တုံ႔ျပန္သြားခဲ့ပါတယ္။


အာဆင္နယ္အသင္းမွာ အပယ္ခံျဖစ္ေနတဲ့ ဂ်ာမန္ကြင္းလယ္ကစားသမား အိုေဇးလ္ဟာ အသင္းအတြက္ ကစားေပးရျခင္းမရွိေတာ့ေပမယ့္ ေျမာက္လန္ဒန္မွာ အသင္းေပၚ သစၥာရွိရွိနဲ႔ ဆက္ေနေနေပမယ့္ စပါးနည္းၿပ ေမာ္ရင္ညိဳက ရစရာမရွိေအာင္ တုံ႔ျပန္ေျပာဆိုလိုက္တာျဖစ္ပါတယ္။ အိုေဇးလ္ရဲ့ မွတ္ခ်က္စကားအေၾကာင္းကို သတင္းစာရွင္းလင္းပြဲမွာ ေမးျမန္းခံခဲ့ရတဲ့အခ်ိန္မွာ ေမာ္ရင္ညိဳက အခုလိုပဲ ျပန္လည္တုံ႔ျပန္ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။


“သူ႔ကို ေခၚဖို႔ ေတာ့တင္ဟမ္က စိတ္ဝင္စားေနတယ္လို႔ ဘယ္သူက ေျပာမိလို႔လဲ”လို႔ ေမာ္ရင္ညိဳက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အိုေဇးလ္ဟာ ၿပီးခဲ့တဲ့မတ္လကေန လက္ရွိအခ်ိန္အထိ ပြဲၾကည့္စင္ကေန အသင္းရဲ့ပြဲစဥ္ေတြကို ၾကည့္ရႈေနရသူျဖစ္ၿပီး အာတီတာရဲ့ ယူရိုပါလိဂ္လူစာရင္းမွာေရာ၊ ပရီးမီးယားလိဂ္လူစာရင္းမွာပါ ပါဝင္ခြင့္မရခဲ့ဘဲ ထုတ္ပယ္ခံထားရသူျဖစ္ပါတယ္။


အသက္ ၃၂ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ လာမယ့္ဇြန္လအထိ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးသူျဖစ္ၿပီး အမ္းမရိတ္စ္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၅၀၀၀၀ အထိ ရရွိေနတာေၾကာင့္ အာဆင္နယ္အသင္းက ၎ကို ေရာင္းထုတ္ခ်င္ေနတာျဖစ္ပါတယ္။ တြစ္တာအေမးအေျဖက႑မွာ အိုေဇးလ္ဟာ စပါးအသင္းအတြက္ ကစားေပးမလား ဒါမွမဟုတ္ ကစားသမားဘဝကေန အနားယူမွာလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ‘လြယ္လိုက္တဲ့ ေမးခြန္း။ အနားယူမွာေပါ့”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.