Match Report Premier League

ရန္သူတစ္ေယာက္ပိုလာေပမယ့္ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္တဲ့ အရသာအပါအ၀င္ ဘန္ေလ 0-1 ယူႏိုက္တက္ ပြဲအၿပီး မွတ္မွတ္ရရ ေျပာစရာ ၇ ခ်က္

Friend လား Enemy လား (သို)့ ကွင်းထဲမှာ ရန်သူတစ်ယောက်ပိုလာလေသလား
မန်ချက်စတာယူနိုက်တက်အတွက်တော့ ဒီနေ့ဒိုင်လူကြီး ကီဗင် ဖရန့်က အညှိုးရှိလို့ ခွင်ဝင်တာနဲ့ ပညာပြနေသလိုပါပဲ။ ကာဗာနီကို အပိုင်အနေအထားက ဖျက်ထုတ်တဲ့ ဘောလုံးကို အနီကတ် ပြရမယ့်အစား အဝါပဲ ပြခဲ့တယ်၊ ဒီအစား တစ်ဖက်ကွင်းခြမ်းက လုခ်ရှောကို အနီပြရမလား သွားစစ်နေခဲ့တယ်။ ပြီးတော့ မက်ဂွိုင်းယားရဲ့ ဂိုးကိုလည်း ပြစ်ဒဏ်ဆိုပြီး မပေးခဲ့ပြန်ဘူး။ အားလုံးထက် သူ့အမူအရာတွေက ရန်လိုနေခဲ့တာက ပြောစရာဖြစ်နေပြီး ဒိုင်လူကြီးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုင်တွယ်ပုံက မေးခွန်းထုတ်စရာပါ။

တကယ့်အချိန်တွေမှာ ခြေစွမ်းပြတဲ့ ပေါ့ဘာ
အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ တောက်လျှောက် ဘရူနို ဖာနန်ဒက်စ်က သယ်လာခဲ့ပြီးတဲ့နောက် ခက်ခဲနေတဲ့ အချိန်တွေမှာ ခြေစွမ်းပြတာကတော့ ပေါ့ဘာပဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲက အရေးပါတဲ့ ချေပဂိုးကို သွင်းယူခဲ့တဲ့ ပြင်သစ်သားအနေနဲ့ ဒီနေ့မှာလည်း လီဗာပူးလ်ကို အမှတ်ဖြတ်ထားဖို့ လုံလောက်တဲ့ သွင်းဂိုးကို သူက စတင်တဲ့ ဘောလုံးနဲ့ သူကိုယ်တိုင်ပဲ အဆုံးသတ်ပြီး ရယူပေးခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆိုတာ ကန်တိုနာလား
ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့ကို အမျိုးမျိုး ဗလောင်းဗလဲနိုင်လွန်းတယ်လို့ ဒီအချိန်မှာ ဝေဖန်ရင် ပြုံးပြုံးကြီးနဲ့ ငြိမ်ခံနေကြပါလိမ့်မယ်။ လွန်ခဲ့တဲ့ လပိုင်းက ဒီလောက်တောင် ဒဏ်ရာတွေ ရနေမှာတော့ လစာလိမ်ယူမနေဘဲ ထွက်သွားတော့လို့ ပြောခဲ့တာကို သူတို့တွေ အားနာနေကြမှာပါ။ ဘိုင်လီဆိုတဲ့ အိုင်ဗရီကို့စ်သား အဲရစ်နာမည်ရှင်ဟာ ယူနိုက်တက်ခံစစ်ရဲ့ ကန်တိုနာများ ဖြစ်နေမလား၊ ထင်ချင်သလိုထင်၊ ပြောချင်သလိုပြောပါ… ယူနိုက်တက်ပရိသတ်တွေကတော့ ရေပက်မဝင်တဲ့ သူတို့လူအတွက် ပျော်နေမှာပဲလေ။


ကျစ်လျစ်လွန်းတဲ့ ဘန်လေခံစစ်
ဒီနေ့ပွဲမှာ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်၊ ကာဗာနီနဲ့ ဖာနန်ဒက်စ်တို့ တိုက်စစ်ဆင်ခဲ့ကြပေမယ့် တာကော့ဗ်စကီးနဲ့ နစ်ခ် ပုပ်တို့ ဦးဆောင်တဲ့ ဘန်လေးနောက်တန်းက ကြံ့ကြံ့ခံ ဖျက်ထုတ်ကာကွယ်နိုင်ခဲ့ကြပြီး ပြင်သစ်တိုက်စစ်မှူးကိုတော့ ပရိသတ်တွေကပါ အပြစ်တင်မိအောင် ကောင်းလွန်းခဲ့တာပါ။ ရှောင်ဒိုက်ချ်ရဲ့ ခံစစ်တွေ ကောင်းလွန်းတာ နာမည်ကြီးပေးမယ့် တိုက်စစ်ကတော့ ဆန့်ကျင်ဘက်ဖြစ်နေပြီး ဒီရာသီမှာ တန်းဆင်းမယ်ဆို သူတို့တွေပဲ တရားခံဖြစ်ရပါလိမ့်မယ်။


အမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့ အရသာ
ဒီနေ့မှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့ အရသာကတော့ ချိုမြိန်လွန်းခဲ့မှာပါ။ ဆာအဲလက်စ် ဖာဂူဆန်နောက်ပိုင်းမှာ သူတို့တွေ နဖူးတောက်ကြေးကစားတုန်းလို့ ဆိုရမယ့် ၂၀၁၈-၁၉ ရာသီအစမှာ ပထမဆုံးပွဲကို ကစားပြီး အနိုင်ရချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖူးပေမယ့် ခုလိုမျိုး ပိုင်ပိုင်နိုင်နိုင် ကိုယ်စွမ်းကိုယ်စနဲ့ ထိပ်ဆုံးနေရာကို ရယူနိုင်တာနဲ့ကတော့ ဘယ်တူမှာလဲ။ ၂၀၁၂-၁၃ ရာသီက အရသာကို တူသလားလို့ ပြန်မေးလို့ရမယ့် ဒဟေးယားကို မေးကြည့်ရင်တော့ တစ်ခုခု ကြားရမှာပေါ့လေ။


ရန်သူတွေနဲ့တွေ့ဖို့ စိတ်ဓာတ်တက်ကြွနေမယ့် ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့ ရန်သူတွေနဲ့ အင်္ဂလန်ဒါဘီလို့ ပြောစမှတ်ပြုဖူးကြတဲ့ ပွဲနှစ်ပွဲကို ဆက်တိုက်ကစားဖို့ စိတ်ဓာတ်ကတော့ အမြင့်ဆုံးကို ရောက်နေလောက်ပါပြီ။ လီဗာပူးလ်နဲ့ သူတို့ကြားမှာ ပြိုင်ဆိုင်မှုက ပရီးမီးယားလိဂ်ဖလားကို လုဖို့တင် မဟုတ်ဘဲ အက်ဖ်အေဖလားအတွက်ပါ တိုက်ပွဲတွေ ဆင်နွှဲရဦးမှာပါ။ ယူနိုက်တက်တို့အနေနဲ့ အောင်သေအာင်သား စားချင်ရင် ဒီအချိန်က အခြေအနေ အကောင်းဆုံးဖြစ်ပြီး အခွင့်အရေး ယူတတ်ဖို့တော့ လိုပါလိမ့်မယ်။


ရာသီဝက် ထိပ်ဆုံးမှ
၁၇ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယားထိပ်မှာ ယူနိုက်တက်တို့ ရပ်တည်နိုင်တာမျိုးက ဆာအဲလက်စ် အနားယူပြီး နှစ်ပေါင်းအတော်ကြာမှ ရှိလာနိုင်ခဲ့တာပါ။ ရာသီအစ ၄ ပတ်လောက် ဦးဆောင်နိုင်တာမျိုး ကြားထဲမှာ ရှိဖူးပေမယ့် ခုလိုမျိုး အပြိုင်အဆိုင် ရုန်းနေရတဲ့ ပြိုင်ပွဲတစ်ဝက်ကျိုးချိန် ဆောင်းရာသီမှာ ယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ် မရှိတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ဒါဟာ အသင်းရဲ့ တိုက်ပွဲဝင်စိတ်ကို ပြလိုက်တာဆိုရင်လည်း မမှားသလို သူတို့အတွက်တော့ ရွှေခေတ်ကို ပြန်လှမ်းဖို့ အင်အားတစ်ခုဖြစ်ဖို့ သေချာနေမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Friend လား Enemy လား
မန္ခ်က္စတာယူႏိုက္တက္အတြက္ေတာ့ ဒီေန႔ဒိုင္လူႀကီး ကီဗင္ ဖရန႔္က အညႇိဳးရွိလို႔ ခြင္ဝင္တာနဲ႔ ပညာျပေနသလိုပါပဲ။ ကာဗာနီကို အပိုင္အေနအထားက ဖ်က္ထုတ္တဲ့ ေဘာလုံးကို အနီကတ္ ျပရမယ့္အစား အဝါပဲ ျပခဲ့တယ္၊ ဒီအစား တစ္ဖက္ကြင္းျခမ္းက လုခ္ေရွာကို အနီျပရမလား သြားစစ္ေနခဲ့တယ္။ ၿပီးေတာ့ မက္ဂြိဳင္းယားရဲ႕ ဂိုးကိုလည္း ျပစ္ဒဏ္ဆိုၿပီး မေပးခဲ့ျပန္ဘူး။ အားလုံးထက္ သူ႔အမူအရာေတြက ရန္လိုေနခဲ့တာက ေျပာစရာျဖစ္ေနၿပီး ဒိုင္လူႀကီးတစ္ေယာက္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ကိုင္တြယ္ပုံက ေမးခြန္းထုတ္စရာပါ။

တကယ့္အခ်ိန္ေတြမွာ ေျခစြမ္းျပတဲ့ ေပါ့ဘာ
အသင္းကို လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ ေတာက္ေလွ်ာက္ ဘ႐ူႏို ဖာနန္ဒက္စ္က သယ္လာခဲ့ၿပီးတဲ့ေနာက္ ခက္ခဲေနတဲ့ အခ်ိန္ေတြမွာ ေျခစြမ္းျပတာကေတာ့ ေပါ့ဘာပဲျဖစ္ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲက အေရးပါတဲ့ ေခ်ပဂိုးကို သြင္းယူခဲ့တဲ့ ျပင္သစ္သားအေနနဲ႔ ဒီေန႔မွာလည္း လီဗာပူးလ္ကို အမွတ္ျဖတ္ထားဖို႔ လုံေလာက္တဲ့ သြင္းဂိုးကို သူက စတင္တဲ့ ေဘာလုံးနဲ႔ သူကိုယ္တိုင္ပဲ အဆုံးသတ္ၿပီး ရယူေပးခဲ့တာျဖစ္ပါတယ္။

အဲရစ္ဆိုတာ ကန္တိုနာလား
ယူႏိုက္တက္ပရိသတ္ေတြကေတာ့ သူတို႔ကို အမ်ိဳးမ်ိဳး ဗေလာင္းဗလဲႏိုင္လြန္းတယ္လို႔ ဒီအခ်ိန္မွာ ေဝဖန္ရင္ ၿပဳံးၿပဳံးႀကီးနဲ႔ ၿငိမ္ခံေနၾကပါလိမ့္မယ္။ လြန္ခဲ့တဲ့ လပိုင္းက ဒီေလာက္ေတာင္ ဒဏ္ရာေတြ ရေနမွာေတာ့ လစာလိမ္ယူမေနဘဲ ထြက္သြားေတာ့လို႔ ေျပာခဲ့တာကို သူတို႔ေတြ အားနာေနၾကမွာပါ။ ဘိုင္လီဆိုတဲ့ အိုင္ဗရီကို႔စ္သား အဲရစ္နာမည္ရွင္ဟာ ယူႏိုက္တက္ခံစစ္ရဲ႕ ကန္တိုနာမ်ား ျဖစ္ေနမလား၊ ထင္ခ်င္သလိုထင္၊ ေျပာခ်င္သလိုေျပာပါ… ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ေရပက္မဝင္တဲ့ သူတို႔လူအတြက္ ေပ်ာ္ေနမွာပဲေလ။


က်စ္လ်စ္လြန္းတဲ့ ဘန္ေလခံစစ္
ဒီေန႔ပြဲမွာ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္၊ ကာဗာနီနဲ႔ ဖာနန္ဒက္စ္တို႔ တိုက္စစ္ဆင္ခဲ့ၾကေပမယ့္ တာေကာ့ဗ္စကီးနဲ႔ နစ္ခ္ ပုပ္တို႔ ဦးေဆာင္တဲ့ ဘန္ေလးေနာက္တန္းက ႀကံ့ႀကံ့ခံ ဖ်က္ထုတ္ကာကြယ္ႏိုင္ခဲ့ၾကၿပီး ျပင္သစ္တိုက္စစ္မႉးကိုေတာ့ ပရိသတ္ေတြကပါ အျပစ္တင္မိေအာင္ ေကာင္းလြန္းခဲ့တာပါ။ ေရွာင္ဒိုက္ခ်္ရဲ႕ ခံစစ္ေတြ ေကာင္းလြန္းတာ နာမည္ႀကီးေပးမယ့္ တိုက္စစ္ကေတာ့ ဆန႔္က်င္ဘက္ျဖစ္ေနၿပီး ဒီရာသီမွာ တန္းဆင္းမယ္ဆို သူတို႔ေတြပဲ တရားခံျဖစ္ရပါလိမ့္မယ္။


အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္တဲ့ အရသာ
ဒီေန႔မွာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္တဲ့ အရသာကေတာ့ ခ်ိဳၿမိန္လြန္းခဲ့မွာပါ။ ဆာအဲလက္စ္ ဖာဂူဆန္ေနာက္ပိုင္းမွာ သူတို႔ေတြ နဖူးေတာက္ေၾကးကစားတုန္းလို႔ ဆိုရမယ့္ ၂၀၁၈-၁၉ ရာသီအစမွာ ပထမဆုံးပြဲကို ကစားၿပီး အႏိုင္ရခ်ိန္မွာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ဖူးေပမယ့္ ခုလိုမ်ိဳး ပိုင္ပိုင္ႏိုင္ႏိုင္ ကိုယ္စြမ္းကိုယ္စနဲ႔ ထိပ္ဆုံးေနရာကို ရယူႏိုင္တာနဲ႔ကေတာ့ ဘယ္တူမွာလဲ။ ၂၀၁၂-၁၃ ရာသီက အရသာကို တူသလားလို႔ ျပန္ေမးလို႔ရမယ့္ ဒေဟးယားကို ေမးၾကည့္ရင္ေတာ့ တစ္ခုခု ၾကားရမွာေပါ့ေလ။


ရန္သူေတြနဲ႔ေတြ႕ဖို႔ စိတ္ဓာတ္တက္ႂကြေနမယ့္ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူတို႔ရဲ႕ ရန္သူေတြနဲ႔ အဂၤလန္ဒါဘီလို႔ ေျပာစမွတ္ျပဳဖူးၾကတဲ့ ပြဲႏွစ္ပြဲကို ဆက္တိုက္ကစားဖို႔ စိတ္ဓာတ္ကေတာ့ အျမင့္ဆုံးကို ေရာက္ေနေလာက္ပါၿပီ။ လီဗာပူးလ္နဲ႔ သူတို႔ၾကားမွာ ၿပိဳင္ဆိုင္မႈက ပရီးမီးယားလိဂ္ဖလားကို လုဖို႔တင္ မဟုတ္ဘဲ အက္ဖ္ေအဖလားအတြက္ပါ တိုက္ပြဲေတြ ဆင္ႏႊဲရဦးမွာပါ။ ယူႏိုက္တက္တို႔အေနနဲ႔ ေအာင္ေသအာင္သား စားခ်င္ရင္ ဒီအခ်ိန္က အေျခအေန အေကာင္းဆုံးျဖစ္ၿပီး အခြင့္အေရး ယူတတ္ဖို႔ေတာ့ လိုပါလိမ့္မယ္။


ရာသီဝက္ ထိပ္ဆုံးမွ
၁၇ ပြဲ ကစားၿပီးခ်ိန္မွာ အမွတ္ေပးဇယားထိပ္မွာ ယူႏိုက္တက္တို႔ ရပ္တည္ႏိုင္တာမ်ိဳးက ဆာအဲလက္စ္ အနားယူၿပီး ႏွစ္ေပါင္းအေတာ္ၾကာမွ ရွိလာႏိုင္ခဲ့တာပါ။ ရာသီအစ ၄ ပတ္ေလာက္ ဦးေဆာင္ႏိုင္တာမ်ိဳး ၾကားထဲမွာ ရွိဖူးေပမယ့္ ခုလိုမ်ိဳး အၿပိဳင္အဆိုင္ ႐ုန္းေနရတဲ့ ၿပိဳင္ပြဲတစ္ဝက္က်ိဳးခ်ိန္ ေဆာင္းရာသီမွာ ယူႏိုက္တက္တို႔ အမွတ္ေပးဇယားထိပ္ မရွိတာ ဘယ္ေလာက္ၾကာခဲ့ၿပီလဲ။ ဒါဟာ အသင္းရဲ႕ တိုက္ပြဲဝင္စိတ္ကို ျပလိုက္တာဆိုရင္လည္း မမွားသလို သူတို႔အတြက္ေတာ့ ေ႐ႊေခတ္ကို ျပန္လွမ္းဖို႔ အင္အားတစ္ခုျဖစ္ဖို႔ ေသခ်ာေနမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.