Premier League

မက်ဂွိုင်းယားရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့ဘဲ ဘောလုံးရသကို ဖျက်ဆီးခဲ့ပြန်တဲ့ VAR


VAR ဟာ အင်္ဂါနေ့ညက မန်ချက်စတာယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ရဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဘောလုံးပွဲရဲ့ ရသကို ဖျက်ဆီးခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပထမပိုင်းပြီးဆုံးခါနီးအချိန်မှာ ရော်ဘီ ဘရက်ဒီကို အနီကတ်ပြသရမယ့်အရေးကနေ VAR က ကြားဝင်တားဆီးခဲ့ပါတယ်။ ဘရက်ဒီဟာ နောက်ဆုံးခံစစ်မှူးအနေနဲ့ ကာဗာနီကို ဖျက်ထုတ်ခဲ့တာ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် တိုက်စစ်စတင်ချိန်မှာ လုခ်ရှောက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ဘရက်ဒီကို အနီကတ်ပြသရမယ့် ကိစ္စကို လစ်လျူရှုခဲ့တာဖြစ်ပါတယ်။


အချိန်အတော်ကြာ ပွဲကို ဆိုင်းငံ့ထားခဲ့ရပြီးနောက် ယင်းဆုံးဖြတ်ချက်ဟာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး စတော့ကလေပါ့ခ်မှာရှိတဲ့လူတွေတောင် သူတို့ရဲ့ အလုပ်တာဝန်ကနေ အနားယူဖို့ ပြင်ဆင်နေကြပုံတောင် ပေါ်ခဲ့ပါတယ်။ VAR ဟာ ဟယ်ရီမက်ဂွိုင်းယားဖြစ်စဉ်မှာလည်း နောက်ထပ်တစ်ကြိမ် ဖြစ်စဉ်ကို သေချာသုံးသပ်နိုင်ခြင်းမရှိခဲ့ဘဲ အဲရစ် ပီတာကို မက်ဂွိုင်းယားက ဂိုးသွင်းယူဖို့ ကြိုးပမ်းတဲ့အချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး မန်ချက်စတာယူနိုက်တက်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။


ရုပ်သံအနှေးပြကွက်ကို ပြန်လည်ကြည့်ရှုချိန်မှာ ဟယ်ရီမက်ဂွိုင်းယားဟာ ဘောလုံးကို ခေါင်းခုန်တိုက်ရာမှာ ပီတာကို အနိုင်ယူဖို့အတွက် စောစောခုန်ခဲ့တာကလွဲရင် ပြစ်ဒဏ်ဘောသတ်မှတ်ရလောက်တဲ့ အပြစ်မျိုး ကျူးလွန်ခဲ့ခြင်းမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း VAR ဟာ ယခုရာသီမှာ သွင်းဂိုးတွေကို ဖျက်ဆီးရာမှာ အလွန်ထက်မြက်ကြောင်း နောက်ထပ်တစ်ကြိမ် ပြသခဲ့ပြီး မက်ဂွိုင်းယားက ပီတာကို ဖိပြီး ခေါင်းတိုက်သွင်းယူခဲ့တယ်လို့ ဆုံးဖြတ်ပြီး ယူနိုက်တက်ရဲ့ သွင်းဂိုးကို အငြင်းပွားဖွယ် ငြင်းပယ်ခဲ့ပြန်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားရဲ့ သွင်းဂိုးကို VAR က ငြင်းပယ်ခဲ့တာနဲ့ပတ်သက်ပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ပီတာခရောက်ချ်က အဲဒီလိုအနေအထားနဲ့ သွင်းယူတဲ့ ဂိုးတိုင်းကိုသာ ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ၎င်းရဲ့ကစားသမားဘဝသွင်းဂိုးတွေ တစ်ဂိုးမှတောင် ကျန်ရှိတော့မှာမဟုတ်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


VAR ဟာ အဂၤါေန႔ညက မန္ခ်က္စတာယူနိုက္တက္နဲ႔ ဘန္ေလအသင္းတို႔ရဲ့ပြဲစဥ္မွာ အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ကို ျပဳလုပ္ခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ ေဘာလုံးပြဲရဲ့ ရသကို ဖ်က္ဆီးခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္နဲ႔ ဘန္ေလအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ပထမပိုင္းၿပီးဆုံးခါနီးအခ်ိန္မွာ ေရာ္ဘီ ဘရက္ဒီကို အနီကတ္ျပသရမယ့္အေရးကေန VAR က ၾကားဝင္တားဆီးခဲ့ပါတယ္။ ဘရက္ဒီဟာ ေနာက္ဆုံးခံစစ္မႉးအေနနဲ႔ ကာဗာနီကို ဖ်က္ထုတ္ခဲ့တာ ရွင္းရွင္းလင္းလင္းျမင္ေတြ႕ခဲ့ရေပမယ့္ VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ တိုက္စစ္စတင္ခ်ိန္မွာ လုခ္ေရွာက ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္ဆိုၿပီး ဘရက္ဒီကို အနီကတ္ျပသရမယ့္ ကိစၥကို လစ္လ်ဴရႈခဲ့တာျဖစ္ပါတယ္။


အခ်ိန္အေတာ္ၾကာ ပြဲကို ဆိုင္းငံ့ထားခဲ့ရၿပီးေနာက္ ယင္းဆုံးျဖတ္ခ်က္ဟာ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ၿပီး စေတာ့ကေလပါ့ခ္မွာရွိတဲ့လူေတြေတာင္ သူတို႔ရဲ့ အလုပ္တာဝန္ကေန အနားယူဖို႔ ျပင္ဆင္ေနၾကပုံေတာင္ ေပၚခဲ့ပါတယ္။ VAR ဟာ ဟယ္ရီမက္ဂြိဳင္းယားျဖစ္စဥ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ ျဖစ္စဥ္ကို ေသခ်ာသုံးသပ္နိုင္ျခင္းမရွိခဲ့ဘဲ အဲရစ္ ပီတာကို မက္ဂြိဳင္းယားက ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းတဲ့အခ်ိန္မွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္ဆိုၿပီး မန္ခ်က္စတာယူနိုက္တက္ရဲ့ သြင္းဂိုးကို ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။


႐ုပ္သံအေႏွးျပကြက္ကို ျပန္လည္ၾကည့္ရႈခ်ိန္မွာ ဟယ္ရီမက္ဂြိဳင္းယားဟာ ေဘာလုံးကို ေခါင္းခုန္တိုက္ရာမွာ ပီတာကို အနိုင္ယူဖို႔အတြက္ ေစာေစာခုန္ခဲ့တာကလြဲရင္ ျပစ္ဒဏ္ေဘာသတ္မွတ္ရေလာက္တဲ့ အျပစ္မ်ိဳး က်ဴးလြန္ခဲ့ျခင္းမရွိတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း VAR ဟာ ယခုရာသီမွာ သြင္းဂိုးေတြကို ဖ်က္ဆီးရာမွာ အလြန္ထက္ျမက္ေၾကာင္း ေနာက္ထပ္တစ္ႀကိမ္ ျပသခဲ့ၿပီး မက္ဂြိဳင္းယားက ပီတာကို ဖိၿပီး ေခါင္းတိုက္သြင္းယူခဲ့တယ္လို႔ ဆုံးျဖတ္ၿပီး ယူနိုက္တက္ရဲ့ သြင္းဂိုးကို အျငင္းပြားဖြယ္ ျငင္းပယ္ခဲ့ျပန္ပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားရဲ့ သြင္းဂိုးကို VAR က ျငင္းပယ္ခဲ့တာနဲ႔ပတ္သက္ၿပီး အဂၤလန္လက္ေရြးစင္တိုက္စစ္မႉးေဟာင္း ပီတာခေရာက္ခ်္က အဲဒီလိုအေနအထားနဲ႔ သြင္းယူတဲ့ ဂိုးတိုင္းကိုသာ ဂိုးအျဖစ္ ခြင့္ျပဳဖို႔ ျငင္းဆန္ခဲ့မယ္ဆိုရင္ ၎ရဲ့ကစားသမားဘဝသြင္းဂိုးေတြ တစ္ဂိုးမွေတာင္ က်န္ရွိေတာ့မွာမဟုတ္ဘူးလို႔ ေဝဖန္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.