Premier League

13 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ အင်္ဂါနေ့ညက ဘန်လေအသင်းနဲ့ပွဲစဉ်က ဟယ်ရီမက်ဂွိုင်းယားရဲ့သွင်းဂိုး ခွင့်ပြုခြင်းမခံခဲ့ရတဲ့ဖြစ်စဉ်မှာ ယူနိုက်တက်ပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ကြတာကို ပျော်ရွှင်ခဲ့ကြပြီး ခါတိုင်းလို VAR ရဲ့မျက်နှာသာပေးခြင်းမခံရတဲ့အချိန်မှာ မျက်နှာသာပေးခံရတုန်းကလို မဟုတ်ပါလားလို့ လှောင်ပြောင်ခဲ့ကြ။


-ဝုဗ်အသင်းဟာ ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး ဂျီရူးအပေါ် စိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီဖြစ်တယ်လို့ The Mirror က ဖော်ပြခဲ့ပြီး ရာအူးလ် ဂျီမီနက်ဇ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်တာကြောင့် နောက်ထပ်တိုက်စစ်မှူးသစ် ခေါ်ယူဖို့ မလိုအပ်တော့တာဖြစ်။


-ချဲလ်ဆီးအသင်းဂိုးသမား ကီပါဟာ နောက်ထပ် ဝေဖန်မှုတွေကို မခံနိုင်တော့တဲ့အတွက် ၎င်းရဲ့တွစ်တာလူမှုကွန်ရက်အကောင့်မှာ မှတ်ချက်ပေးခြင်းကို ပိတ်ထားခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းပရိသတ်တွေဟာ ဝမ်းနည်းခဲ့ကြပြီး ကီပါဟာ မိုကမ့်ဘ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ချဲလ်ဆီးအသင်းဝတ်စုံနဲ့ ပွဲ ၁၀၀ မြောက်ပါဝင်ကစားခွင့်ရရှိခဲ့အပေါ် ကျေးဇူးတင်ကြောင်း ပို့စ် တင်ထားခဲ့တာဖြစ်။


-ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် ကစားဖို့ရှိနေတဲ့ ဖူလ်ဟမ်၊ လက်စတာစီးတီးတို့နဲ့ပွဲစဉ်မတိုင်မီ အချိန်ကိုက် ရီးစ် ဂျိမ်းစ်နဲ့ ခရစ္စတင်ဆန်တို့ ၂ ဦးစလုံး အင်္ဂါနေ့က လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်နိုင်ခဲ့တဲ့အတွက် အားတက်စရာဖြစ်လာခဲ့ပြီဖြစ်ပြီး ဂျိမ်းစ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ဗီလာ၊ မန်စီးတီး၊ မိုကမ့်ဘ်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့သလို ခရစ္စတင်ဆန်ကလည်း ဒူးဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပေမယ့် စနေနေ့ညနေ ဖူလ်ဟမ်နဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေ။


-ချဲလ်ဆီးအသင်း ပရိသတ်တွေဟာ ရှက်ဖီးနဲ့ နယူးကာဆယ်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရှက်ဖီးကို အငှားချထားတဲ့ အန်ပါဒူရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်လာပြီး အကျိုးသက်ရောက်မှု ပြသနိုင်မယ့် အလားအလာနဲ့ပတ်သက်ပြီးတောင် ဆွေးနွေးခဲ့ကြပြီး သီယေဂို ဆေးလ်ဗား ခြေရာလိုက်နင်းနိုင်မယ့်သူလို့ ချီးကျူးခဲ့ကြ။


-လာဇီယိုအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ရာအူးလ် မိုိရိုကို စိတ်ဝင်စားကြောင်း ပြသထားတဲ့ ဥရောပအသင်းတွေထဲမှာ အခြားပရီးမီးယားလိဂ်အသင်းတွေနဲ့အတူ ချဲလ်ဆီးက စိတ်ဝင်စားမှုအများဆုံးပြသထားတယ်လို့ Express ရဲ့ သတင်းအရ သိရပြီး လွန်ခဲ့တဲ့ ၆ လကမှ ပရော်ဖက်ရှင်နယ်ကစားသမားဘဝပွဲဦးထွက် ကစားခွင့်ရခဲ့တဲ့ မိုရိုဟာ လာဇီယိုပထမအသင်းလူစာရင်းမှာ ပုံမှန်ပွဲထွက်ပါဝင်ခွင့် မရတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေတာဖြစ်။


-ချဲလ်ဆီးကြယ်ပွင့် ဟတ်ဒ်ဆန်-အိုဒွိုင်းဟာ ၎င်းရဲ့ ခြေစွမ်းကို တိုးတက်လာဖို့အတွက် လုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက်ကို ဝန်ခံပြောကြားခဲ့ပြီး ယခုရာသီ ၁၆ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားခဲ့ပေမယ့်လည်း ပွဲစဉ်အတွင်းက အပြစ်အနာအဆာတွေကို ပြုပြင်နေရဆဲဖြစ်တယ်လို့ ယုံကြည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










-ချဲလ်ဆီးအသင်း ပရိသတ်တွေဟာ ရှက်ဖီးနဲ့ နယူးကာဆယ်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရှက်ဖီးကို အငှားချထားတဲ့ အန်ပါဒူရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် စတန်းဖို့ဒ်ဘရစ်ဂ်ျကို ပြန်လာပြီး အကျိုးသက်ရောက်မှု ပြသနိုင်မယ့် အလားအလာနဲ့ပတ်သက်ပြီးတောင် ဆွေးနွေးခဲ့ကြပြီး သီယေဂို ဆေးလ်ဗား ခြေရာလိုက်နင်းနိုင်မယ့်သူလို့ ချီးကျူးခဲ့ကြ။


-လာဇီယိုအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ရာအူးလ် မိုရိုကို စိတ်ဝင်စားကြောင်း ပြသထားတဲ့ ဥရောပအသင်းတွေထဲမှာ အခြားပရီးမီးယားလိဂ်အသင်းတွေနဲ့အတူ ချဲလ်ဆီးက စိတ်ဝင်စားမှုအများဆုံးပြသထားတယ်လို့ Express ရဲ့ သတင်းအရ သိရပြီး လွန်ခဲ့တဲ့ ၆ လကမှ ပရော်ဖက်ရှင်နယ်ကစားသမားဘဝပွဲဦးထွက် ကစားခွင့်ရခဲ့တဲ့ မိုရိုဟာ လာဇီယိုပထမအသင်းလူစာရင်းမှာ ပုံမှန်ပွဲထွက်ပါဝင်ခွင့် မရတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေတာဖြစ်။



REF: INTERNET SOURCES
SPORTS A2Z.