Premier League

13 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက တနင်္ဂနွေနေ့မှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ရင်ခုန်နေပြီး ၎င်းရဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အလွန်ကြီးမားတဲ့စမ်းသပ်မှုအတွက် အဆင်သင့်ဖြစ်နေကြပြီလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ လှပတဲ့ မြေမကျဘောကန်သွင်းချက်နဲ့အတူ ယူနိုက်တက်ကို အမှတ်ပေးဇယားထိပ်ဆုံးကို ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့လို့ ပျော်ရွှင်နေပေမယ့် လာမယ့် ပွဲကြီးပွဲကောင်းတွေအပေါ်မှာ အာရုံစိုက်ရတော့မယ်လို့ အသင်းကို သတိပေးခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းကို သွားကစားရမှာက ခုထက်ပိုကောင်းမွန်တဲ့ အချိန်မရှိတောာ့ဘူးလို့ ပြောကြားခဲ့ပြီး လီဗာပူးလ်နဲ့ နောက်ထပ်တစ်ကြိမ် အရည်အသွေးနဲ့ ကိုယ်ရည်ကိုယ်သွေး ဘယ်သူပိုကောင်းလဲ စမ်းသပ်မှုဖြစ်လာမယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးဟာ ဘန်လေအသင်းနဲ့ ၁-၀ နဲ့ အနိုင်ရရှိတဲ့အတွက် အမှတ်ပေးဇယားထိပ်ဆုံးကို ယူနိုက်တက်တို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ပရိသတ်တွေကို အရမ်းစိတ်မလှုပ်ရှားဖို့ အားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်လားဆိုတဲ့မေးခွန်းကို ဖြေဆိုဖို့ ငြင်းပယ်သွားခဲ့။


-မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်စေမယ့် ဘန်လေအသင်းနဲ့ပွဲစဉ်က အဆုံးအဖြတ်သွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ ပေါ့ဂ်ဘာဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ကြပြီး ပွဲစဉ်တလျှောက်လုံး ထက်မြက်တဲ့ ကစားပုံနဲ့ ကစားနိုင်ခဲ့တာကြောင့် ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခဲ့ကြ။


-ပေါလ် ပေါ့ဂ်ဘာဟာ အင်္ဂါနေ့ညက ဘန်လေအသင်းနဲ့ပွဲစဉ်အပြီးမှာ အသင်းဖော် အဲရစ်ဘိုင်လီရဲ့ ပို့စ်ကို တရားဝင်အင်စတာဂရမ်အကောင့်နဲ့ ပြန်လည်တုံ့ပြန်ခဲ့ပြီး အိုင်ဗရီကို့စ် နောက်ခံကစားသမားနဲ့ ဆက်ဆံရေးက ပြင်သစ်ကွင်းလယ်ကစားသမား အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့အတွက် အဓိကသော့ချက်ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြသခဲ့တာလို့ ပရိသတ်အချို့ ယုံကြည်နေ။


-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဘန်လေအသင်းနဲ့ပွဲစဉ်က အနိုင်ဂိုးသွင်းရှင် ပေါ့ဂ်ဘာဟာ အဝတ်လဲခန်းထဲမှာ ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပြီး ဒဏ်ရာရရှိခဲ့သလို ကိုဗစ်လည်း ဖြစ်ခဲ့ပြီးနောက် ပွဲစဉ်တိုင်းမှာ ကောင်းသည်ထက် ပိုကောင်းမွန်လာနေတယ်လို့ ယုံကြည်နေပြီး လက်ရှိအချိန်မှာ ပေါလ်ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့နေရတာဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား မာတစ်က အင်္ဂါနေ့ညက ဘန်လေအသင်းနဲ့ပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးမိခဲ့ပြီး ယူနိုက်တက်ဟာ ၎င်းတို့ရဲ့ နေရာဖြစ်တဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေရတာကို ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာက ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတဲ့ မက်ဂွိုင်းယားရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့သင့်တယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး အဲရစ် ပီတာကို မက်ဂွိုင်းယား ဖိပြီး ခေါင်းတိုက်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့တာကို သဘောမတူဘူးလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက တနဂၤေႏြေန႔မွာ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္အတြက္ ရင္ခုန္ေနၿပီး ၎ရဲ့ ကစားသမားေတြဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို သိမ္းပိုက္နိုင္ခဲ့ၿပီးေနာက္ အလြန္ႀကီးမားတဲ့စမ္းသပ္မႈအတြက္ အဆင္သင့္ျဖစ္ေနၾကၿပီလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာဟာ ဘန္ေလအသင္းနဲ႔ပြဲစဥ္မွာ လွပတဲ့ ေျမမက်ေဘာကန္သြင္းခ်က္နဲ႔အတူ ယူနိုက္တက္ကို အမွတ္ေပးဇယားထိပ္ဆုံးကို ပို႔ေဆာင္ေပးနိုင္ခဲ့ၿပီးေနာက္ အဆင့္ ၁ ေနရာမွာ ရပ္တည္နိုင္ခဲ့လို႔ ေပ်ာ္ရႊင္ေနေပမယ့္ လာမယ့္ ပြဲႀကီးပြဲေကာင္းေတြအေပၚမွာ အာ႐ုံစိုက္ရေတာ့မယ္လို႔ အသင္းကို သတိေပးခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလဂန္နာဆိုးလ္ရွားက ၃ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းနိုင္ခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းကို သြားကစားရမွာက ခုထက္ပိုေကာင္းမြန္တဲ့ အခ်ိန္မရွိေတာာ့ဘူးလို႔ ေျပာၾကားခဲ့ၿပီး လီဗာပူးလ္နဲ႔ ေနာက္ထပ္တစ္ႀကိမ္ အရည္အေသြးနဲ႔ ကိုယ္ရည္ကိုယ္ေသြး ဘယ္သူပိုေကာင္းလဲ စမ္းသပ္မႈျဖစ္လာမယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီနဗီးဟာ ဘန္ေလအသင္းနဲ႔ ၁-၀ နဲ႔ အနိုင္ရရွိတဲ့အတြက္ အမွတ္ေပးဇယားထိပ္ဆုံးကို ယူနိုက္တက္တို႔ တက္ေရာက္နိုင္ခဲ့ၿပီးေနာက္ ယူနိုက္တက္ပရိသတ္ေတြကို အရမ္းစိတ္မလႈပ္ရွားဖို႔ အားေပးခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားကို ရရွိနိုင္လားဆိုတဲ့ေမးခြန္းကို ေျဖဆိုဖို႔ ျငင္းပယ္သြားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးကို တက္ေရာက္နိုင္ေစမယ့္ ဘန္ေလအသင္းနဲ႔ပြဲစဥ္က အဆုံးအျဖတ္သြင္းဂိုးကို သြင္းယူေပးခဲ့တဲ့ ေပါ့ဂ္ဘာဟာ ကမၻာ့အဆင့္ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့ၾကၿပီး ပြဲစဥ္တေလၽွာက္လုံး ထက္ျမက္တဲ့ ကစားပုံနဲ႔ ကစားနိုင္ခဲ့တာေၾကာင့္ ပြဲစဥ္တေလၽွာက္အေကာင္းဆုံးကစားသမားလို႔ သတ္မွတ္ခဲ့ၾက။


-ေပါလ္ ေပါ့ဂ္ဘာဟာ အဂၤါေန႔ညက ဘန္ေလအသင္းနဲ႔ပြဲစဥ္အၿပီးမွာ အသင္းေဖာ္ အဲရစ္ဘိုင္လီရဲ့ ပို႔စ္ကို တရားဝင္အင္စတာဂရမ္အေကာင့္နဲ႔ ျပန္လည္တုံ႔ျပန္ခဲ့ၿပီး အိုင္ဗရီကို႔စ္ ေနာက္ခံကစားသမားနဲ႔ ဆက္ဆံေရးက ျပင္သစ္ကြင္းလယ္ကစားသမား အိုးထရက္ဖို႔ဒ္မွာ ဆက္ေနဖို႔အတြက္ အဓိကေသာ့ခ်က္ျဖစ္လာနိုင္ဖြယ္ရွိေၾကာင္း အရိပ္အႁမြက္ျပသခဲ့တာလို႔ ပရိသတ္အခ်ိဳ႕ ယုံၾကည္ေန။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ဘန္ေလအသင္းနဲ႔ပြဲစဥ္က အနိုင္ဂိုးသြင္းရွင္ ေပါ့ဂ္ဘာဟာ အဝတ္လဲခန္းထဲမွာ ေကာင္းမြန္တဲ့ကိုယ္ရည္ကိုယ္ေသြးရွိသူျဖစ္ၿပီး ဒဏ္ရာရရွိခဲ့သလို ကိုဗစ္လည္း ျဖစ္ခဲ့ၿပီးေနာက္ ပြဲစဥ္တိုင္းမွာ ေကာင္းသည္ထက္ ပိုေကာင္းမြန္လာေနတယ္လို႔ ယုံၾကည္ေနၿပီး လက္ရွိအခ်ိန္မွာ ေပါလ္ရဲ့ အေကာင္းဆုံးပုံစံကို ျမင္ေတြ႕ေနရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ကစားသမား မာတစ္က အဂၤါေန႔ညက ဘန္ေလအသင္းနဲ႔ပြဲစဥ္က အသင္းရဲ့ စြမ္းေဆာင္ရည္ကို အထင္ႀကီးမိခဲ့ၿပီး ယူနိုက္တက္ဟာ ၎တို႔ရဲ့ ေနရာျဖစ္တဲ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနရတာကို ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာက ဘန္ေလအသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္က ဂိုးအျဖစ္ ခြင့္ျပဳျခင္းမခံခဲ့ရတဲ့ မက္ဂြိဳင္းယားရဲ့သြင္းဂိုးကို ခြင့္ျပဳခဲ့သင့္တယ္လို႔ အခိုင္အမာေျပာၾကားခဲ့ၿပီး အဲရစ္ ပီတာကို မက္ဂြိဳင္းယား ဖိၿပီး ေခါင္းတိုက္ခဲ့တယ္ဆိုၿပီး ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ေဘာ သတ္မွတ္ခဲ့တာကို သေဘာမတူဘူးလို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.