Premier League Transfer News

13 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီကတည်းက ပစ်မှတ်ဖြစ်ခဲ့ပြီး ပေါင်သန်း ၄၀ ဈေးနှုန်းကို မနိုင်လို့ လက်လျှော့ခဲ့ရတဲ့ ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ပေါင် ၂၅ သန်းအထိ ဈေးနှုန်းလျှော့ချပေးလိုက်တဲ့ ဆောင်းရာသီမှာ နောက်ခံလူ ကီရန် တီယာနီရဲ့ အကူအညီနဲ့ ကမ်းလှမ်းသွားဖွယ်ရှိနေ။

– ပရီးမီးယားလိဂ်ကို တစ်ရာသီအတွင်း တန်းပြန်တက်ဖို့ မျှော်လင့်ချက်ကြီးကြီး ထားနေခဲ့တဲ့ နော့ဝစ်ချ်အသင်းက ရောင်းချလိုခြင်းမရှိတဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာကို ခေါ်ယူစဉ်က တန်ကြေး ယူရို ၁ သန်းခွဲ၊ လက်ရှိတန်ကြေး ယူရို ၁၆ သန်းတို့ထက် မတန်တဆ များပြားတဲ့ ပေါင်သန်း ၄၀ (ယူရို ၄၅ သန်း) ဈေးနှုန်းကို သတ်မှတ်လိုက်ပြီး အာဆင်နယ်တို့ လက်လျှော့သွားစေဖို့ ရည်ရွယ်နေ။

– ကွင်းလယ်ဖန်တီးရှင် မီဆွတ် အိုဇေးလ်အနေနဲ့ အာဆင်နယ်အသင်းကနေ လာမယ့်တစ်ပတ်အတွင်းမှာ ထွက်ခွာနိုင်ခြေရှိနေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဒေါက်တာ အာကွတ် ဆိုဂတ်က အရိပ်အမြွက်ပြောကြားသွားခဲ့သလို တူရကီမြေက ဖီနာဘာချီအသင်းပဲဖြစ်ဖို့ များနေ။

– အသင်းရဲ့ ကွင်းလယ်နဲ့ တောင်ပံတိုက်စစ်အတွက် ယူကရိန်းပရီးမီးယားလိဂ်ကလပ် ရှက်ခ်တာ ဒိုးနက်စ်ခ်အသင်းရဲ့ အစ္စရေးလက်ရွေးစင်ကွင်းလယ်လူ မေနာ ဆော်လမွန်ကို စိတ်ဝင်စား စုံစမ်းနေပြီး နော့ဝစ်ချ်ရဲ့ ဘွင်ဒီယာကို ဈေးကိုင်ထားချိန်မှာ အခြားရွေးချယ်စရာအဖြစ် ရှုမြင်ထား။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဗဟိုနောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းကို တစ်နှစ်သက်တမ်းတိုးစာချုပ်မှာ လစာတိုးမြှင့်ပြီး ချုပ်ဆိုခဲ့ကြောင်း တရားဝင်ကြေငြာလိုက်ပြီဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် နောက်ခံလူအနေနဲ့ အသင်းရဲ့ ခံစစ်ပိုင်းကို ရေရှည် ဦးဆောင်မှုပေးသွားဖို့ရှိနေ။

– အသင်းရဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီရဲ့ ခြေကျင်းဝတ်လည်သွားတဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်းမရှိဘဲ ရက်ပိုင်းအတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်လို့ ဆိုခဲ့တာကြောင့် သူတို့ရဲ့ အချစ်တော်ကစားသမားအတွက် ပရိသတ်တွေက ဒီလောက်ကောင်းတဲ့ သတင်း မရှိတော့ဘူးလို့ ပျော်ရွှင်နေကြ။

– ပီအက်စ်ဂျီအသင်းကွင်းလယ်လူ ဂျူလီယန် ဒရက်ဆလာကို ရာသီကုန်အထိ ခြောက်လအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ အာဆင်နယ် တာဝန်ရှိသူတွေက စဉ်းစားနေပြီး တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနှစ်သောင်းရရှိနေတဲ့ ဂျာမန်သားရဲ့ လစာနဲ့ အငှားပြောင်းရွှေ့ကြေးကို ညှိနှိုင်းသွားဖွယ်ရှိ။

– အာဆင်နယ်အသင်းက အငှားခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗီနီးရှပ်စ် ဂျူနီယာကို အသင်းနည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ ယုံကြည်မှု လျော့ကျနေတယ်လို့ သတင်းထွက်လာခဲ့ပြီး ဘရာဇီးလ်သားအနေနဲ့ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေ။

– ဘရိုက်တန်အသင်းမှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်အသင်းကြီးတော်တော်များများရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ခေါ်ယူဖို့ အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်က အရေးပါဖွယ်ရှိနေပြီး နီကိုလာ ပေပေထက် ပိုမိုရင်းနှီးတဲ့ ဘရာဇီးလ်သားက လိုင်လီကစားသမားဟောင်းတွေ ပြန်လည်ပေါင်းစည်းဖို့ အဓိကကျနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီကတည္းက ပစ္မွတ္ျဖစ္ခဲ့ၿပီး ေပါင္သန္း ၄၀ ေဈးႏႈန္းကို မႏိုင္လို႔ လက္ေလွ်ာ့ခဲ့ရတဲ့ ဆဲလ္တစ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကို ေပါင္ ၂၅ သန္းအထိ ေဈးႏႈန္းေလွ်ာ့ခ်ေပးလိုက္တဲ့ ေဆာင္းရာသီမွာ ေနာက္ခံလူ ကီရန္ တီယာနီရဲ႕ အကူအညီနဲ႔ ကမ္းလွမ္းသြားဖြယ္ရွိေန။

– ပရီးမီးယားလိဂ္ကို တစ္ရာသီအတြင္း တန္းျပန္တက္ဖို႔ ေမွ်ာ္လင့္ခ်က္ႀကီးႀကီး ထားေနခဲ့တဲ့ ေနာ့ဝစ္ခ်္အသင္းက ေရာင္းခ်လိုျခင္းမရွိတဲ့ ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာကို ေခၚယူစဥ္က တန္ေၾကး ယူ႐ို ၁ သန္းခြဲ၊ လက္ရွိတန္ေၾကး ယူ႐ို ၁၆ သန္းတို႔ထက္ မတန္တဆ မ်ားျပားတဲ့ ေပါင္သန္း ၄၀ (ယူ႐ို ၄၅ သန္း) ေဈးႏႈန္းကို သတ္မွတ္လိုက္ၿပီး အာဆင္နယ္တို႔ လက္ေလွ်ာ့သြားေစဖို႔ ရည္႐ြယ္ေန။

– ကြင္းလယ္ဖန္တီးရွင္ မီဆြတ္ အိုေဇးလ္အေနနဲ႔ အာဆင္နယ္အသင္းကေန လာမယ့္တစ္ပတ္အတြင္းမွာ ထြက္ခြာႏိုင္ေျခရွိေနၿပီး သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ေဒါက္တာ အာကြတ္ ဆိုဂတ္က အရိပ္အႁမြက္ေျပာၾကားသြားခဲ့သလို တူရကီေျမက ဖီနာဘာခ်ီအသင္းပဲျဖစ္ဖို႔ မ်ားေန။

– အသင္းရဲ႕ ကြင္းလယ္နဲ႔ ေတာင္ပံတိုက္စစ္အတြက္ ယူကရိန္းပရီးမီးယားလိဂ္ကလပ္ ရွက္ခ္တာ ဒိုးနက္စ္ခ္အသင္းရဲ႕ အစၥေရးလက္ေ႐ြးစင္ကြင္းလယ္လူ ေမနာ ေဆာ္လမြန္ကို စိတ္ဝင္စား စုံစမ္းေနၿပီး ေနာ့ဝစ္ခ်္ရဲ႕ ဘြင္ဒီယာကို ေဈးကိုင္ထားခ်ိန္မွာ အျခားေ႐ြးခ်ယ္စရာအျဖစ္ ရႈျမင္ထား။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဗဟိုေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းကို တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္မွာ လစာတိုးျမႇင့္ၿပီး ခ်ဳပ္ဆိုခဲ့ေၾကာင္း တရားဝင္ေၾကျငာလိုက္ၿပီျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ေနာက္ခံလူအေနနဲ႔ အသင္းရဲ႕ ခံစစ္ပိုင္းကို ေရရွည္ ဦးေဆာင္မႈေပးသြားဖို႔ရွိေန။

– အသင္းရဲ႕ လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ ေျခက်င္းဝတ္လည္သြားတဲ့ ဒဏ္ရာဟာ ျပင္းထန္ျခင္းမရွိဘဲ ရက္ပိုင္းအတြင္း ေလ့က်င့္ခန္းျပန္ဆင္းႏိုင္မယ္လို႔ ဆိုခဲ့တာေၾကာင့္ သူတို႔ရဲ႕ အခ်စ္ေတာ္ကစားသမားအတြက္ ပရိသတ္ေတြက ဒီေလာက္ေကာင္းတဲ့ သတင္း မရွိေတာ့ဘူးလို႔ ေပ်ာ္႐ႊင္ေနၾက။

– ပီအက္စ္ဂ်ီအသင္းကြင္းလယ္လူ ဂ်ဴလီယန္ ဒရက္ဆလာကို ရာသီကုန္အထိ ေျခာက္လအငွားစာခ်ဳပ္နဲ႔ ေခၚယူသြားဖို႔ အာဆင္နယ္ တာဝန္ရွိသူေတြက စဥ္းစားေနၿပီး တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းႏွစ္ေသာင္းရရွိေနတဲ့ ဂ်ာမန္သားရဲ႕ လစာနဲ႔ အငွားေျပာင္းေ႐ႊ႕ေၾကးကို ညႇိႏႈိင္းသြားဖြယ္ရွိ။

– အာဆင္နယ္အသင္းက အငွားေခၚယူဖို႔ စိတ္ဝင္စားေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား ဗီနီးရွပ္စ္ ဂ်ဴနီယာကို အသင္းနည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ ယုံၾကည္မႈ ေလ်ာ့က်ေနတယ္လို႔ သတင္းထြက္လာခဲ့ၿပီး ဘရာဇီးလ္သားအေနနဲ႔ ဇန္နဝါရီမွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေန။

– ဘ႐ိုက္တန္အသင္းမွာ ေျခစြမ္းျပေနၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတာ္ေတာ္မ်ားမ်ားရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ေခၚယူဖို႔ အာဆင္နယ္ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္က အေရးပါဖြယ္ရွိေနၿပီး နီကိုလာ ေပေပထက္ ပိုမိုရင္းႏွီးတဲ့ ဘရာဇီးလ္သားက လိုင္လီကစားသမားေဟာင္းေတြ ျပန္လည္ေပါင္းစည္းဖို႔ အဓိကက်ႏိုင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.