Match Report Premier League

လျှော့တွက်လို့ မရတဲ့ ဆရာကြီး ကာလိုရဲ့ လူမစုံပေမယ့် အဆင့် ၄ တက်တဲ့ပွဲ

အဲဗာတန်အသင်းကတော့ ဒီနေ့မှာ ဝုလ်ဗ်စ်အသင်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒီပွဲမှာ လူမစုံတဲ့ မာဆေးဆိုက်သားတွေကို အားလုံးနီးပါးက သရေအမြင့်ဆုံးပဲ တွက်ထားခဲ့ကြပေမယ့် ထိထိရောက်ရောက်ကစားခဲ့ပြီး သုံးကြိမ်ဂိုးပေါက်တည့်ရာမှာ နှစ်ကြိမ်ဝင်ခဲ့တဲ့ နည်းပြကြီး အန်ဆယ်လော့တီရဲ့အသင်းက အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

တိုက်စစ်မှူးတစ်ယောက်မှ မပါဘဲ ဆီဂတ်ဆန်နဲ့ ဟားမက်စ်တို့ကို အထောင်ထားပြီး ပွဲထွက်လာခဲ့တဲ့ တော်ဖီတွေကို ဖာဘီယို ဆေးလ်ဗား ပါဝင်တဲ့ ဝုလ်ဗ်စ်တို့အနေနဲ့ ထိန်းချုပ်ရ ခက်ခဲ့ပြီး ကဲလ်ဗတ်-လူဝင်နဲ့ ရစ်ချာလစ်ဆန်တို့ မပါချိန်မှာ ၃-၇-၀ ကစားကွက်ဖြစ်နေတဲ့ အဲဗာတန်တို့က အလစ်အငိုက်တွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာပဲ ခံစစ်ကနေ စတင်ခဲ့တဲ့ ဘောလုံးကို ဟားမက်စ်က ဘယ်တောင်ပံက ဒီညီရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ရာမှာ ပြင်သစ်သား ပြန်ချိုးပေးတဲ့ ဘောလုံးကို အတွင်းဝင်လာခဲ့တဲ့ ညာတောင်ပံကစားသမား အီဝိုဘီက မနားတမ်းပိတ်သွင်းခဲ့ရာမှာ ဝုလ်ဗ်စ်နောက်တန်းနဲ့ ထိပြီး ဂိုးသမား ပက်ထရီစီယို မကာကွယ်နိုင်ခဲ့လို့ အဲဗာတန်တို့ အဖွင့်ဂိုး စရခဲ့ပါတယ်။

ဖာဘီယို ဆေးလ်ဗားကတော့ ယူရိုသန်း ၃၀ တန် ဂျင်းလို့ ပြောရမယ့်အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးတစ်ယောက်အဆင့်ကို ရှိမနေသေးတာကြောင့် အဲဗာတန်တို့ကို မထိုးဖောက်နိုင်ခဲ့ပေမယ့် ပွဲချိန် ၁၄ မိနစ်မှာတော့ အိုက်နူရီရဲ့ ဖြတ်တင်ဘောကို မထင်မှတ်ဘဲ ရူဘင် နီဗက်စ်က ဂိုးပြန်သွင်းသွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပက်ဒရို နီတို၊ နီဗက်စ်၊ မော်တင်ညို၊ ဒန်ဒွန့်ကာတို့ရဲ့ ဖန်တီးမှုအားနည်းပြီး ဂိုးဧရိယာအပြင်ကနေ လျှောက်ကန်နေခဲ့တဲ့ ဝုလ်ဗ်စ်တို့ ဒီထက်ပိုပြီး လုပ်မပြနိုင်ချိန်မှာ ကျစ်လျစ်တဲ့ ခံစစ်ပုံစံကောင်းကို ပြသပြီး အနိုင်ဂိုးရယူသွားတာကတော့ အဲဗာတန်ပဲဖြစ်ခဲ့ပါတယ်။

ဒီဂိုးကိုတော့ ပွဲချိန် ၇၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ကျလာတာကို ကွင်းလယ်လူ အန်ဒရေ ဂိုမက်စ်က ပြန်ရယူပြီး ဘယ်ခြမ်းကနေ ဖြတ်တင်ပေးတာကို နောက်ခံလူ မိုက်ကယ်ကီးန်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အဝေးကွင်း မိုလီနော့စ်မှာ အဖိုးတန်သုံးမှတ်နဲ့အတူ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ အဲဗာတန်တို့အနေနဲ့ အိမ်ကွင်းထက် ပိုကောင်းတဲ့ အဝေးကွင်းရလဒ်နဲ့အတူ ရမှတ် ၃၂ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ကြသလို လူမစုံလို့ အထင်အမြင်သေးခဲ့ကြသူတွေကိုတော့ အန်ဆယ်လော့တီက ကစားကွက်အဆန်းကြီးနဲ့ ပညာပြခဲ့ပြီး သုံးမှတ်ကို ရအောင်ယူပြသွားခဲ့တာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းကေတာ့ ဒီေန႔မွာ ဝုလ္ဗ္စ္အသင္းကို အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး ဒီပြဲမွာ လူမစုံတဲ့ မာေဆးဆိုက္သားေတြကို အားလုံးနီးပါးက သေရအျမင့္ဆုံးပဲ တြက္ထားခဲ့ၾကေပမယ့္ ထိထိေရာက္ေရာက္ကစားခဲ့ၿပီး သုံးႀကိမ္ဂိုးေပါက္တည့္ရာမွာ ႏွစ္ႀကိမ္ဝင္ခဲ့တဲ့ နည္းျပႀကီး အန္ဆယ္ေလာ့တီရဲ႕အသင္းက ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

တိုက္စစ္မႉးတစ္ေယာက္မွ မပါဘဲ ဆီဂတ္ဆန္နဲ႔ ဟားမက္စ္တို႔ကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့တဲ့ ေတာ္ဖီေတြကို ဖာဘီယို ေဆးလ္ဗား ပါဝင္တဲ့ ဝုလ္ဗ္စ္တို႔အေနနဲ႔ ထိန္းခ်ဳပ္ရ ခက္ခဲ့ၿပီး ကဲလ္ဗတ္-လူဝင္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ မပါခ်ိန္မွာ ၃-၇-၀ ကစားကြက္ျဖစ္ေနတဲ့ အဲဗာတန္တို႔က အလစ္အငိုက္ေတြကို ေကာင္းေကာင္းအသုံးခ်ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာပဲ ခံစစ္ကေန စတင္ခဲ့တဲ့ ေဘာလုံးကို ဟားမက္စ္က ဘယ္ေတာင္ပံက ဒီညီရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့ရာမွာ ျပင္သစ္သား ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို အတြင္းဝင္လာခဲ့တဲ့ ညာေတာင္ပံကစားသမား အီဝိုဘီက မနားတမ္းပိတ္သြင္းခဲ့ရာမွာ ဝုလ္ဗ္စ္ေနာက္တန္းနဲ႔ ထိၿပီး ဂိုးသမား ပက္ထရီစီယို မကာကြယ္ႏိုင္ခဲ့လို႔ အဲဗာတန္တို႔ အဖြင့္ဂိုး စရခဲ့ပါတယ္။

ဖာဘီယို ေဆးလ္ဗားကေတာ့ ယူ႐ိုသန္း ၃၀ တန္ ဂ်င္းလို႔ ေျပာရမယ့္အခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ တိုက္စစ္မႉးတစ္ေယာက္အဆင့္ကို ရွိမေနေသးတာေၾကာင့္ အဲဗာတန္တို႔ကို မထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ အိုက္ႏူရီရဲ႕ ျဖတ္တင္ေဘာကို မထင္မွတ္ဘဲ ႐ူဘင္ နီဗက္စ္က ဂိုးျပန္သြင္းသြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပက္ဒ႐ို နီတို၊ နီဗက္စ္၊ ေမာ္တင္ညိဳ၊ ဒန္ဒြန႔္ကာတို႔ရဲ႕ ဖန္တီးမႈအားနည္းၿပီး ဂိုးဧရိယာအျပင္ကေန ေလွ်ာက္ကန္ေနခဲ့တဲ့ ဝုလ္ဗ္စ္တို႔ ဒီထက္ပိုၿပီး လုပ္မျပႏိုင္ခ်ိန္မွာ က်စ္လ်စ္တဲ့ ခံစစ္ပုံစံေကာင္းကို ျပသၿပီး အႏိုင္ဂိုးရယူသြားတာကေတာ့ အဲဗာတန္ပဲျဖစ္ခဲ့ပါတယ္။

ဒီဂိုးကိုေတာ့ ပြဲခ်ိန္ ၇၇ မိနစ္မွာ ေထာင့္ကန္ေဘာကေန ျပန္က်လာတာကို ကြင္းလယ္လူ အန္ဒေရ ဂိုမက္စ္က ျပန္ရယူၿပီး ဘယ္ျခမ္းကေန ျဖတ္တင္ေပးတာကို ေနာက္ခံလူ မိုက္ကယ္ကီးန္က ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ အေဝးကြင္း မိုလီေနာ့စ္မွာ အဖိုးတန္သုံးမွတ္နဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ အဲဗာတန္တို႔အေနနဲ႔ အိမ္ကြင္းထက္ ပိုေကာင္းတဲ့ အေဝးကြင္းရလဒ္နဲ႔အတူ ရမွတ္ ၃၂ မွတ္အထိ စုေဆာင္းႏိုင္ခဲ့ၿပီး အဆင့္ ၄ ေနရာအထိ တက္လွမ္းႏိုင္ခဲ့ၾကသလို လူမစုံလို႔ အထင္အျမင္ေသးခဲ့ၾကသူေတြကိုေတာ့ အန္ဆယ္ေလာ့တီက ကစားကြက္အဆန္းႀကီးနဲ႔ ပညာျပခဲ့ၿပီး သုံးမွတ္ကို ရေအာင္ယူျပသြားခဲ့တာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.