Match Report Premier League

အဖိုးတန် အဝေးကွင်းနိုင်ပွဲနဲ့ လီဗာပူးလ်ကို သုံးမှတ်စဖြတ်လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘန်လေအသင်းကို တာ့ဖ်မိုးရ်မှာ အနိုင်ကစားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံနဲ့ အဓိကပြိုင်ဘက် လီဗာပူးလ်ကို သုံးမှတ်ဖြတ်လိုက်သလို လှောင်ပြောင်နေကြသူအားလုံးကိုလည်း အသံတိတ်သွားစေခဲ့ပါတယ်။

ယူနိုက်တက်တို့ ဖိကစားခဲ့ပေမယ့် ပိတ်ကစားခဲ့တဲ့ ဘန်လေကြောင့် အပိုင်အခွင့်အရေးတွေတော့ နည်းပါးခဲ့တာကို တွေ့ရပြီး ပထမပိုင်းမှာ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ရဲ့ တိုက်စစ်တွေက ထက်မြက်မှု နည်းပါးနေခဲ့လို့ ဂိုးသမား နစ်ခ် ပုပ်နဲ့ ခံစစ်သမားတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ယူနိုက်တက်တို့ ထောင့်ကန်ဘောကနေ အဆင့်ဆင့်တိုက်စစ်ဆင်ရင်း လုခ်ရှောရဲ့ ဖြတ်တင်ဘောကို အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ခေါင်းတိုက်ပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘန်လေနောက်ခံလူ ပီတာစ်ကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး VAR နဲ့ ပယ်ဖျက်ခံခဲ့ရလို့ ပျော်ရွှင်ခွင့်နဲ့တော့ လွဲချော်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ပိုမိုဖိကစားလာခဲ့တဲ့ ယူနိုက်တက်တိုက်စစ်နဲ့ ဂိုးသမား ပုပ်တို့ရဲ့ အားပြိုင်မှုကိုလည်း မြင်ခဲ့ရပြီး ကာဗာနီလောက်တောင် မသွက်ဘဲ နှေးကွေးလေးလံသလို ဆုံးဖြတ်ချက်တွေ နှောင့်နှေးလွန်းတဲ့ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကတော့ ဒီနေ့ပွဲရဲ့ လက်ညှိုးထိုးစရာတွေလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖိုးတန်ဂိုးကို ရရှိခဲ့ပြီး ပေါ့ဘာ ခေါင်းတိုက်ချပေးတာကို ဖာနန်ဒက်စ်က ရယူပြီး ညာတောင်ပံက ရက်ရှ်ဖို့ဒ်ဆီကို ချပေးရာမှာ တစ်ပွဲလုံးအလုပ်မဖြစ်တဲ့ MBE ကြီးရဲ့ ဖြတ်တင်ပေးတဲ့ ဘောလုံးကို နောက်ကနေ ဂိုးဧရိယာထဲ ရောက်လာခဲ့တဲ့ ပေါ့ဘာက Volley ကန်သွင်းရာမှာ နောက်တန်းနဲ့ အနည်းငယ်ထိပြီး ဂိုးသမား ပေါင်ကြားက ဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရက်ရှ်ဖို့ဒ်ကို ဂရင်းဝုဒ်နဲ့ လဲကစားရာမှာ တိုက်စစ်က အနည်းငယ်ကျသွားခဲ့သလို ဘန်လေဘက်က ဗစ်ဒရာနဲ့ ရိုဒရီဂက်ဇ်တို့ကို ထည့်သွင်းတိုက်စစ်ဆင်မှုတွေကတော့ ယူနိုက်တက်တို့အဖို့ အသည်းအသန် ကာကွယ်နေခဲ့ရပြီး ဖာနန်ဒက်စ်ကိုပါ မက်တော်မီနေးနဲ့ လဲကစားပြီး ထိန်းကစားဖို့ ပြင်ဆင်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ကာဗာနီ တစ်ကိုယ်ကောင်းမဆန်ဘဲ ချပေးခဲ့တဲ့ ဘောလုံးကို အနည်းငယ် ဒဏ်ရာ ရနေပုံပေါ်တဲ့ မာစီယယ်လ်က ဂိုးသမားတည့်တည့်ကိုပဲ ကန်ခဲ့တာကြောင့် ယူနိုက်တက်တို့ ရင်အေးခွင့်နဲ့လွဲခဲ့ပြီး နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရပေမယ့် ပွဲအပြီးမှာတော့ အဖိုးတန်သုံးမှတ်ကို ပေါ့ဘာရဲ့ သွင်းဂိုးနဲ့ ထိန်းသိမ်းရယူနိုင်ခဲ့ပါတယ်။

ဘန်လေအသင်းရဲ့ တိုက်စစ်ကို ဂိုးပြန်မပေးရဖို့ ထိန်းသိမ်းသွားနိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ခံစစ်ကိုတော့ ချီးကျူးရမှာဖြစ်သလို နောက်ခံလူ ဘိုင်လီကတော့ တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းထက်မြက်လာပြီး ဒီနေ့ပွဲမှာ ဘောလုံး ၈ ကြိမ်လုယူ၊ ၄ ကြိမ်ရှင်းထုတ်၊ ၃ ကြိမ်ပိတ်ဆို့၊ ၂ ကြိမ်ဖြတ်ယူခဲ့သလို တခြားအကောင်းဆုံးတစ်ဦးဖြစ်ခဲ့ပြီး တိုက်စစ်မှာ ပိုပံ့ပိုးနိုင်ခဲ့တဲ့ လုခ်ရှောနဲ့အတူ စွမ်းဆောင်ရည်ကောင်းကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ အမှတ်ပေးဇယားထိပ်မှာ သုံးမှတ် ပြတ်ပြတ်သားသား ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို လာမယ့်ပွဲတွေမှာ ဆက်တိုက်ယှဉ်ပြိုင်ရမယ့် လီဗာပူးလ်အသင်းကိုတော့ စိတ်ဓာတ်ရေးရာအရ ထိုးနှက်နိုင်ခဲ့ပြီဖြစ်ပြီး နည်းပြ ဆိုးလ်ရှားနဲ့ ပရိသတ်တွေ အတွက်တော့ ပျော်ရွှင်စရာညတစ်ညဖြစ်ခဲ့ကြောင်း သုံးသပ်တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဘန္ေလအသင္းကို တာ့ဖ္မိုးရ္မွာ အႏိုင္ကစားၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လက္ရွိခ်န္ပီယံနဲ႔ အဓိကၿပိဳင္ဘက္ လီဗာပူးလ္ကို သုံးမွတ္ျဖတ္လိုက္သလို ေလွာင္ေျပာင္ေနၾကသူအားလုံးကိုလည္း အသံတိတ္သြားေစခဲ့ပါတယ္။

ယူႏိုက္တက္တို႔ ဖိကစားခဲ့ေပမယ့္ ပိတ္ကစားခဲ့တဲ့ ဘန္ေလေၾကာင့္ အပိုင္အခြင့္အေရးေတြေတာ့ နည္းပါးခဲ့တာကို ေတြ႕ရၿပီး ပထမပိုင္းမွာ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ရဲ႕ တိုက္စစ္ေတြက ထက္ျမက္မႈ နည္းပါးေနခဲ့လို႔ ဂိုးသမား နစ္ခ္ ပုပ္နဲ႔ ခံစစ္သမားေတြကို ကာကြယ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ ယူႏိုက္တက္တို႔ ေထာင့္ကန္ေဘာကေန အဆင့္ဆင့္တိုက္စစ္ဆင္ရင္း လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကို အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ေခါင္းတိုက္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဘန္ေလေနာက္ခံလူ ပီတာစ္ကို ျပစ္ဒဏ္က်ဴးလြန္တယ္ဆိုၿပီး VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရလို႔ ေပ်ာ္႐ႊင္ခြင့္နဲ႔ေတာ့ လြဲေခ်ာ္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ပိုမိုဖိကစားလာခဲ့တဲ့ ယူႏိုက္တက္တိုက္စစ္နဲ႔ ဂိုးသမား ပုပ္တို႔ရဲ႕ အားၿပိဳင္မႈကိုလည္း ျမင္ခဲ့ရၿပီး ကာဗာနီေလာက္ေတာင္ မသြက္ဘဲ ေႏွးေကြးေလးလံသလို ဆုံးျဖတ္ခ်က္ေတြ ေႏွာင့္ေႏွးလြန္းတဲ့ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကေတာ့ ဒီေန႔ပြဲရဲ႕ လက္ညႇိဳးထိုးစရာေတြလည္း ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖိုးတန္ဂိုးကို ရရွိခဲ့ၿပီး ေပါ့ဘာ ေခါင္းတိုက္ခ်ေပးတာကို ဖာနန္ဒက္စ္က ရယူၿပီး ညာေတာင္ပံက ရက္ရွ္ဖို႔ဒ္ဆီကို ခ်ေပးရာမွာ တစ္ပြဲလုံးအလုပ္မျဖစ္တဲ့ MBE ႀကီးရဲ႕ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ေနာက္ကေန ဂိုးဧရိယာထဲ ေရာက္လာခဲ့တဲ့ ေပါ့ဘာက Volley ကန္သြင္းရာမွာ ေနာက္တန္းနဲ႔ အနည္းငယ္ထိၿပီး ဂိုးသမား ေပါင္ၾကားက ဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ရက္ရွ္ဖို႔ဒ္ကို ဂရင္းဝုဒ္နဲ႔ လဲကစားရာမွာ တိုက္စစ္က အနည္းငယ္က်သြားခဲ့သလို ဘန္ေလဘက္က ဗစ္ဒရာနဲ႔ ႐ိုဒရီဂက္ဇ္တို႔ကို ထည့္သြင္းတိုက္စစ္ဆင္မႈေတြကေတာ့ ယူႏိုက္တက္တို႔အဖို႔ အသည္းအသန္ ကာကြယ္ေနခဲ့ရၿပီး ဖာနန္ဒက္စ္ကိုပါ မက္ေတာ္မီေနးနဲ႔ လဲကစားၿပီး ထိန္းကစားဖို႔ ျပင္ဆင္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ကာဗာနီ တစ္ကိုယ္ေကာင္းမဆန္ဘဲ ခ်ေပးခဲ့တဲ့ ေဘာလုံးကို အနည္းငယ္ ဒဏ္ရာ ရေနပုံေပၚတဲ့ မာစီယယ္လ္က ဂိုးသမားတည့္တည့္ကိုပဲ ကန္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ရင္ေအးခြင့္နဲ႔လြဲခဲ့ၿပီး ေနာက္ဆုံးအခ်ိန္အထိ ႐ုန္းကန္ခဲ့ရေပမယ့္ ပြဲအၿပီးမွာေတာ့ အဖိုးတန္သုံးမွတ္ကို ေပါ့ဘာရဲ႕ သြင္းဂိုးနဲ႔ ထိန္းသိမ္းရယူႏိုင္ခဲ့ပါတယ္။

ဘန္ေလအသင္းရဲ႕ တိုက္စစ္ကို ဂိုးျပန္မေပးရဖို႔ ထိန္းသိမ္းသြားႏိုင္ခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ခံစစ္ကိုေတာ့ ခ်ီးက်ဴးရမွာျဖစ္သလို ေနာက္ခံလူ ဘိုင္လီကေတာ့ တစ္ပြဲထက္တစ္ပြဲ ေျခစြမ္းထက္ျမက္လာၿပီး ဒီေန႔ပြဲမွာ ေဘာလုံး ၈ ႀကိမ္လုယူ၊ ၄ ႀကိမ္ရွင္းထုတ္၊ ၃ ႀကိမ္ပိတ္ဆို႔၊ ၂ ႀကိမ္ျဖတ္ယူခဲ့သလို တျခားအေကာင္းဆုံးတစ္ဦးျဖစ္ခဲ့ၿပီး တိုက္စစ္မွာ ပိုပံ့ပိုးႏိုင္ခဲ့တဲ့ လုခ္ေရွာနဲ႔အတူ စြမ္းေဆာင္ရည္ေကာင္းကို ထင္ထင္ရွားရွား ေတြ႕ျမင္ခဲ့ရပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ယူႏိုက္တက္တို႔အေနနဲ႔ အမွတ္ေပးဇယားထိပ္မွာ သုံးမွတ္ ျပတ္ျပတ္သားသား ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့သလို လာမယ့္ပြဲေတြမွာ ဆက္တိုက္ယွဥ္ၿပိဳင္ရမယ့္ လီဗာပူးလ္အသင္းကိုေတာ့ စိတ္ဓာတ္ေရးရာအရ ထိုးႏွက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး နည္းျပ ဆိုးလ္ရွားနဲ႔ ပရိသတ္ေတြ အတြက္ေတာ့ ေပ်ာ္႐ႊင္စရာညတစ္ညျဖစ္ခဲ့ေၾကာင္း သုံးသပ္တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.