Premier League Transfer News

13 Jan နံနက်အစောပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့ အချင်းချင်းပြိုင်ဆိုင်မှုကြောင့်ပဲ ခက်ခဲသွားဖို့ ရှိနေတယ်လို့ သူ့ရဲ့သွင်းဂိုးတွေရဲ့ ချန်ပီယံဆုကို ရပေးနိုင်စွမ်းရှိတဲ့ နော်ဝေလူငယ်အတွက် မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ခေါ်ယူနိုင်ခြေကို Talk Sport သုံးသပ်။

– ဘာစီလိုနာဥက္ကဌလောင်းတစ်ဦးဖြစ်တဲ့ ဂျိုအန်း လာပေါ်တာအနေနဲ့ လီယွန်နယ် မက်ဆီကို နူးကမ့်မှာ ဆက်လက်ရှိနေအောင် စည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး လက်ရှိမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကွင်းလယ်လူ ပက်ဒရီနဲ့အတူ အတွဲညီနေတဲ့ အသင်းဂန္ထဝင်ကို မန်စီးတီးဆီ မရောက်ဖို့ ထိန်းသိမ်းဖွယ်ရှိနေ။

– အသင်းရဲ့ ခြေစွမ်းကျဆင်းလာတဲ့ အင်္ဂလန်နောက်ခံလူ ရိုင်ယန် ဘာထရန်နေရာမှာ အဆင့်မြှင့်တင်သွားဖို့ မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်တောင်ပံကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုကို ဆောက်သမ်တန်အသင်းက ခေါ်ယူဖို့ ဝက်စ်ဟမ်းနဲ့အပြိုင် စိတ်ဝင်စားနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လက်ရှိအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ ဘယ်တောင်ပံကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုကို ရောင်းထုတ်နိုင်ခဲ့ရင် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ရီနန် လိုဒီနဲ့ အစားထိုးသွားဖို့ စောင့်ကြည့်နေပြီး ယူကရိန်းသားအတွက် ဘီဂီရီစတိန်းမှာ အစီအစဉ်မရှိတော့ဘူးလို့ဆို။

– အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ ဇက်ခ် စတက်ဖန်ဟာ နံပါတ်တစ် ပွဲထွက်နေရာအတွက် စိန်ခေါ်နိုင်သူတစ်ဦးဖြစ်ပြီး အခြားဝါရင့် ဂိုးသမားတစ်ဦးဖြစ်တဲ့ စကော့ ကာဆန်ကတော့ အဝတ်လဲခန်းထဲက နောက်ထပ်အသင်းခေါင်းဆောင်တစ်ယောက်လို့ ဂွါဒီယိုလာ ချီးကျူး။

– အက်ဖ်အေဖလားမှာ ဒုတိယတန်းကလပ် ချယ်လ်တင်ဟမ်နဲ့ စတုတ္ထအဆင့်ကို ကစားရမှာဖြစ်ပြီး နောက်တစ်ဆင့်တက်ရင်လည်း ဆွမ်းဆီးနဲ့ နော့တင်ဟမ်ဖောရက်စ်တို့နှစ်သင်းထဲက အနိုင်ရတဲ့သူနဲ့ တွေ့ဆုံရမယ့် မန်စီးတီးရဲ့ လမ်းကြောင်းကို မန်ယူနဲ့ လီဗာပူးလ် ပရိသတ်တွေ လှောင်ပြောင်နေကြ။

– အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်သေးတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယို အဂွေရိုဟာ ပီအက်စ်ဂျီအသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ်အဖြစ် ရှုမြင်ခံထားရပြီး ဒီဇင်ဘာကမှ နည်းပြသစ်ဖြစ်လာခဲ့တဲ့ စပါးစ်နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက အသင်းကို တောင်းဆိုထား။

– အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမား ဂျေဒင် ဘရာ့ဖ်ကို မန်ချက်စတာစီးတီးအသင်းအနေနဲ့ ထိန်းသိမ်းမထားနိုင်မယ့်အတူတူ အနာဂတ်အကျိုးခံစားခွင့်တွေနဲ့ ရောင်းချသွားဖို့ စီစဉ်နေပြီး ဂျာမန်ကလပ် ဒေါ့မွန်နဲ့ လေဗာကူဆင်တို့ အပြိုင်ဖြစ်နေကြ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဂန္ထဝင်တစ်ဦးလို့ သတ်မှတ်ခြင်းခံထားရတဲ့ ယာယာ တိုရေးကတော့ ကျူပီအာအသင်းမှာ သူ့ရဲ့ နည်းပြလိုင်စင်အတွက် အသင်းရဲ့ ထရိန်နင်တွေမှာ ပါဝင်နေပြီး အောင်မြင်တဲ့ နည်းပြတစ်ဦးဖြစ်လာဖို့ လမ်းကြောင်းကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










REF: INTERNET SOURCES
SPORTS A2Z.