Premier League

လီဗာပူးအသင်းကြောင့် ကစားသမားနားနေခန်းထဲမှာ ငိုကြွေးခဲ့ရတဲ့ အိုဝင်


ကစားသမားတွေဟာ ၎င်းတို့ရဲ့ ကစားသမားဘဝတလျှောက် လီဗာပူးအသင်းအတွက်ရော မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပါ ကစားပေးမယ်ဆိုရင် သတ္တိကောင်းတဲ့ ကစားသမားလို့ ပြောရမှာဖြစ်ပြီး မိုက်ကယ်အိုဝင်ကလည်း အဲဒီလို သတ္တိကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။


အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးမိုက်ကယ်အိုဝင်ဟာ အသက် ၁၈ နှစ်အရွယ်မှာ အန်းဖီးကွင်းထဲက ပရိသတ်တွေ မျက်စိရှေ့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီးနောက် လီဗာပူးလ်ဂန္တဝင်ဖြစ်ခဲ့ပေမယ့် ၎င်းရဲ့ကစားသမားဘဝ နှောင်းပိုင်းမှာ အကြီးမားဆုံးပြိုင်ဘက်တွေကို ပြောင်းရွှေ့ခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့အလွန်အမင်းဒေါသထွက်ခြင်းကို ခံယူခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်ခဲ့တဲ့အတွက် အိုဝင်ဟာ အန်းဖီးကို ဘယ်တော့မှ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လာနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ခဲ့ပြီး အဲဒါကလည်း ၎င်းကို အခုချိန်အထိ နာကျင်နေစေခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ကိစ္စဖြစ်ခဲ့ပါတယ်။


“အန်းဖီးကို ပြန်သွားရတာ အရမ်းနာကျင်ခဲ့ရပါတယ်။ ကစားသမားနားနေခန်းထဲမှာ ငိုကြွေးခဲ့ရပြီး ဘယ်သူမှ မမြင်တွေ့ခဲ့ဘူးလို့ မျှော်လင့်ပါတယ်။ အချိန်တော်တော်ကြာတဲ့အထိ အဲဒီခံစားချက်တွေရဲ့ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရပါတယ်”

“အဲဒါက ခင်ဗျားနဲ့ ဇနီးနဲ့ ခွဲပစ်လိုက်သလိုပဲ။ ကျွန်တော့်ကိုယ်ကိုပဲ ကျွန်တော် အပြစ်တင်ပါတယ်။ ကျွန်တော် ရီးရဲမက်ဒရစ်ကို ခေါင်းငြိမ့်ပြခဲ့တာလေ။ ကျွန်တော် လီဗာပူးလ်ကို ချစ်နေဆဲပါ။ ကာရေဂါနဲ့မတူတာက သူက အသင်းရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းကို ခံနေရသေးတာပါ။ သူ့နေရာမှာ ကျွန်တော် ဖြစ်ရမှာ”

“အခုအထိ အဲဒီမှာ ကျွန်တော့်ကြောင့် အမြင်ကွဲနေတဲ့ အုပ်စုတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော် ထွက်သွားတဲ့ တစ်နှစ်လောက်မှာ အားလုံးက ရုတ်တရက် ပျက်စီးသွားမယ်ဆိုတဲ့ အတွေးပေါ့”

“တကယ်လို့ ကျွန်တော် လီဗာပူးလ်နဲ့ ဆက်ရှိခဲ့မယ်ဆိုရင် သူတို့တွေက ‘မင်းက မန်ချက်စတာသား’ ဒါမှမဟုတ် ပြောချင်တာပြောကြမှာပဲ။ ကျွန်တော် အဲဒီလို စိတ်နဲ့ နေခဲ့ရတယ်။ အဲဒါက အသက်တွေကြီးလာတဲ့အထိ ကျွန်တော့်ကို နာကျင်စေတုန်းပဲ။ ဒဏ်ရာတွေက ဘယ်တော့မှ ပျောက်သွားမှာမဟုတ်ဘူး”လို့ ကာရေဂါရဲ့ The Greatest Game Podcast ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ကစားသမားေတြဟာ ၎တို႔ရဲ့ ကစားသမားဘဝတေလၽွာက္ လီဗာပူးအသင္းအတြက္ေရာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ပါ ကစားေပးမယ္ဆိုရင္ သတၱိေကာင္းတဲ့ ကစားသမားလို႔ ေျပာရမွာျဖစ္ၿပီး မိုက္ကယ္အိုဝင္ကလည္း အဲဒီလို သတၱိေကာင္းတဲ့ကစားသမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။


အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးမိုက္ကယ္အိုဝင္ဟာ အသက္ ၁၈ ႏွစ္အရြယ္မွာ အန္းဖီးကြင္းထဲက ပရိသတ္ေတြ မ်က္စိေရွ႕ ထိုးေဖာက္ဝင္ေရာက္လာခဲ့ၿပီးေနာက္ လီဗာပူးလ္ဂႏၲဝင္ျဖစ္ခဲ့ေပမယ့္ ၎ရဲ့ကစားသမားဘဝ ေႏွာင္းပိုင္းမွာ အႀကီးမားဆုံးၿပိဳင္ဘက္ေတြကို ေျပာင္းေရႊ႕ခဲ့တာေၾကာင့္ အသင္းပရိသတ္ေတြရဲ့အလြန္အမင္းေဒါသထြက္ျခင္းကို ခံယူခဲ့ရတာျဖစ္ပါတယ္။ အဲဒီလို ျပဳလုပ္ခဲ့တဲ့အတြက္ အိုဝင္ဟာ အန္းဖီးကို ဘယ္ေတာ့မွ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ျပန္လာနိုင္ေတာ့မွာမဟုတ္ဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ခဲ့ၿပီး အဲဒါကလည္း ၎ကို အခုခ်ိန္အထိ နာက်င္ေနေစခဲ့တယ္ဆိုတာ ရွင္းရွင္းလင္းလင္းျမင္နိုင္တဲ့ကိစၥျဖစ္ခဲ့ပါတယ္။


“အန္းဖီးကို ျပန္သြားရတာ အရမ္းနာက်င္ခဲ့ရပါတယ္။ ကစားသမားနားေနခန္းထဲမွာ ငိုေႂကြးခဲ့ရၿပီး ဘယ္သူမွ မျမင္ေတြ႕ခဲ့ဘူးလို႔ ေမၽွာ္လင့္ပါတယ္။ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ အဲဒီခံစားခ်က္ေတြရဲ့ညႇင္းပန္းႏွိပ္စက္တာကို ခံခဲ့ရပါတယ္”

“အဲဒါက ခင္ဗ်ားနဲ႔ ဇနီးနဲ႔ ခြဲပစ္လိုက္သလိုပဲ။ ကၽြန္ေတာ့္ကိုယ္ကိုပဲ ကၽြန္ေတာ္ အျပစ္တင္ပါတယ္။ ကၽြန္ေတာ္ ရီးရဲမက္ဒရစ္ကို ေခါင္းၿငိမ့္ျပခဲ့တာေလ။ ကၽြန္ေတာ္ လီဗာပူးလ္ကို ခ်စ္ေနဆဲပါ။ ကာေရဂါနဲ႔မတူတာက သူက အသင္းရဲ့ စံျပပုဂၢိဳလ္အျဖစ္ သတ္မွတ္ျခင္းကို ခံေနရေသးတာပါ။ သူ႔ေနရာမွာ ကၽြန္ေတာ္ ျဖစ္ရမွာ”

“အခုအထိ အဲဒီမွာ ကၽြန္ေတာ့္ေၾကာင့္ အျမင္ကြဲေနတဲ့ အုပ္စုေတြလည္း ရွိေနပါေသးတယ္။ ကၽြန္ေတာ္ ထြက္သြားတဲ့ တစ္ႏွစ္ေလာက္မွာ အားလုံးက ႐ုတ္တရက္ ပ်က္စီးသြားမယ္ဆိုတဲ့ အေတြးေပါ့”

“တကယ္လို႔ ကၽြန္ေတာ္ လီဗာပူးလ္နဲ႔ ဆက္ရွိခဲ့မယ္ဆိုရင္ သူတို႔ေတြက ‘မင္းက မန္ခ်က္စတာသား’ ဒါမွမဟုတ္ ေျပာခ်င္တာေျပာၾကမွာပဲ။ ကၽြန္ေတာ္ အဲဒီလို စိတ္နဲ႔ ေနခဲ့ရတယ္။ အဲဒါက အသက္ေတြႀကီးလာတဲ့အထိ ကၽြန္ေတာ့္ကို နာက်င္ေစတုန္းပဲ။ ဒဏ္ရာေတြက ဘယ္ေတာ့မွ ေပ်ာက္သြားမွာမဟုတ္ဘူး”လို႔ ကာေရဂါရဲ့ The Greatest Game Podcast ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.