Premier League Transfer News

12 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အသင်းရဲ့ နွေရာသီ အဓိကပစ်မှတ်ဖြစ်တဲ့ ခိုင်လျန် အမ်ဘာပေကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ဘက်က ကြိုးစားနေပြီး မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်သွားဖို့ ကြံစည်နေသလို ဈေးကွက်ထဲမှာ လီဗာပူးလ်တို့ အကွက်ရွှေ့နိုင်မှ ဆာလားကို ထိုးကျွေးပြီး ပြင်သစ်သားကို ရယူနိုင်ဖို့ရှိနေ။

– ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားမှာ လီဗာပူးလ်အသင်းနဲ့ ဆက်တိုက်ရင်ဆိုင်ရမယ့် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ ပွဲစဉ် ၁၆ ပွဲသာ ကစားပြီးချိန်မှာ အဝါကတ် ၄ ကတ်ရှိနေပြီး ဒီနေ့ည ဘန်လေနဲ့ ပွဲမှာ အဝါထိရင် တစ်ပွဲပယ် ခံရနိုင်တာကြောင့် အဓိက ပြိုင်ဘက်နဲ့ပွဲအတွက် စဉ်းစားရဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းရဲ့ နောက်ဆုံးပစ်မှတ်ဖြစ်လာခဲ့တဲ့ ဗဟိုနောက်ခံလူ လွိခ် ဘာဒီကို ခေါ်ယူဖို့ အေစီမီလန်အသင်းကလည်း ပြိုင်ဆိုင် စောင့်ကြည့်နေပြီး လွန်းစ်အသင်းရဲ့ အသက် ၂၀ အရွယ် ပြင်သစ်ကစားသမားကို ခေါ်ယူဖို့ ထင်တာထက် ခက်ခဲဖွယ်ရှိနေ။

– အသင်းကို ပိုင်ဆိုင်ထားတဲ့ ဖန်းဝေး အားကစားအုပ်စုရဲ့ ဇန်နဝါရီမှာ ငွေသုံးနိုင်ဖို့ ခက်ခဲနေပြီး နွေရာသီအထိ စောင့်ဆိုင်းသွားမယ့် အခြေအနေကို နားလည်မှု ထားရှိကြောင်း နည်းပြ ယာဂန် ကလော့ပ်က ပြောကြားသွားပြီး ဇန်နဝါရီမှာ ခံစစ်အတွက် ဈေးသက်သာမယ့် ကစားသမားတစ်ဦးကိုပဲ ရရှိနိုင်ဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် ဂျိမ်းစ် မီလ်နာဟာ အီဘရာဟီမိုဗစ်ချ်လိုပဲ အသက် ၄၀ အရွယ်အထိ ဘောလုံးကစားသွားနိုင်လိမ့်မယ်လို့ မန်ချက်စတာစီးတီးအသင်းဖော်ဟောင်း မီကာ ရစ်ချတ်က ကွင်းလယ်လူရဲ့ ကြံ့ခိုင်မှုအပေါ် ချီးကျူးသွား။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ ဘရူနို ဖာနန်ဒက်စ် မပါဝင်နိုင်တာနဲ့ ခြေစွမ်းမပြနိုင်တာမျိုး ကြုံရရင် သူတို့ဟာ ဘာမှ မဟုတ်တော့ကြောင်းနဲ့ လီဗာပူးလ်အသင်းကသာ တွေ့ဆုံမယ့် ပွဲစဉ်တွေကို သာလွန်ကောင်းမွန်တဲ့ပုံစံနဲ့ အနိုင်ကစားသွားလိမ့်မယ်လို့ အသင်းဂန္ထဝင် ဂျွန် အယ်လ်ဒရစ်ချ် ပြောကြား။

– လီဗာပူးလ်အသင်းအနေနဲ့ ဒန်နီအင်းစ်ကို ဘန်လေ၊ ဆိုလန်ကီကို ချဲလ်ဆီးအသင်းတွေကနေ ခေါ်ယူပြီး ပြန်လည်ရောင်းချခဲ့တဲ့ ပုံစံမျိုးကို အာဆင်နယ်ရဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်နဲ့ ထပ်မံပြုလုပ်သွားဖွယ်ရှိနေပြီး ဘွန်ဒက်စ်လီဂါအသင်းတွေကတော့ သူတို့ရဲ့ အစီအစဉ်ကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ပြိုင်ဆိုင်လာဖွယ်ရှိ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲမှာ ညာနောက်ခံလူနဲ့ ဗဟိုနောက်ခံလူတို့ကြားထဲက ကွက်လပ်ကို သတိထားဖို့ ဂျွန် အယ်လ်ဒရစ်ချ်က သတိပေးလိုက်ပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို တွဲဖက်မယ့် နာသန် ဖိလစ်နဲ့ ရီးစ် ဝီလီယမ်စ်တို့ရဲ့ စိတ်ချဖို့ မလွယ်တဲ့ ပုံစံကို ညွှန်ပြသွားခဲ့။

– ဇန်နဝါရီမှာ လီဗာပူးလ်တို့ ငွေသုံးမယ့် ပမာဏက ပေါင်သန်း ၂၀ အောက်ပဲဖြစ်နိုင်ပြီး ဈေးကြီးတဲ့ နောက်ခံလူတွေထက် လိုင်လီ နောက်ခံလူ ဆဗင် ဘော့တ်မန်နဲ့ တိုရီနိုနောက်ခံလူ ဂလေးဆန် ဘရီးမားတို့ကို ခေါ်ယူနိုင်ပြီး ကျန်ကစားသမားတွေကိုတော့ မေ့ပစ်ရနိုင်ကြောင်း ကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ ေႏြရာသီ အဓိကပစ္မွတ္ျဖစ္တဲ့ ခိုင္လ်န္ အမ္ဘာေပကို ပီအက္စ္ဂ်ီအသင္းကေန ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္ဘက္က ႀကိဳးစားေနၿပီး မလိုအပ္တဲ့ ကစားသမားေတြကို ရွင္းထုတ္သြားဖို႔ ႀကံစည္ေနသလို ေဈးကြက္ထဲမွာ လီဗာပူးလ္တို႔ အကြက္ေ႐ႊ႕ႏိုင္မွ ဆာလားကို ထိုးေကြၽးၿပီး ျပင္သစ္သားကို ရယူႏိုင္ဖို႔ရွိေန။

– ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားမွာ လီဗာပူးလ္အသင္းနဲ႔ ဆက္တိုက္ရင္ဆိုင္ရမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ ပြဲစဥ္ ၁၆ ပြဲသာ ကစားၿပီးခ်ိန္မွာ အဝါကတ္ ၄ ကတ္ရွိေနၿပီး ဒီေန႔ည ဘန္ေလနဲ႔ ပြဲမွာ အဝါထိရင္ တစ္ပြဲပယ္ ခံရႏိုင္တာေၾကာင့္ အဓိက ၿပိဳင္ဘက္နဲ႔ပြဲအတြက္ စဥ္းစားရဖြယ္ရွိေန။

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ဆုံးပစ္မွတ္ျဖစ္လာခဲ့တဲ့ ဗဟိုေနာက္ခံလူ လြိခ္ ဘာဒီကို ေခၚယူဖို႔ ေအစီမီလန္အသင္းကလည္း ၿပိဳင္ဆိုင္ ေစာင့္ၾကည့္ေနၿပီး လြန္းစ္အသင္းရဲ႕ အသက္ ၂၀ အ႐ြယ္ ျပင္သစ္ကစားသမားကို ေခၚယူဖို႔ ထင္တာထက္ ခက္ခဲဖြယ္ရွိေန။

– အသင္းကို ပိုင္ဆိုင္ထားတဲ့ ဖန္းေဝး အားကစားအုပ္စုရဲ႕ ဇန္နဝါရီမွာ ေငြသုံးႏိုင္ဖို႔ ခက္ခဲေနၿပီး ေႏြရာသီအထိ ေစာင့္ဆိုင္းသြားမယ့္ အေျခအေနကို နားလည္မႈ ထားရွိေၾကာင္း နည္းျပ ယာဂန္ ကေလာ့ပ္က ေျပာၾကားသြားၿပီး ဇန္နဝါရီမွာ ခံစစ္အတြက္ ေဈးသက္သာမယ့္ ကစားသမားတစ္ဦးကိုပဲ ရရွိႏိုင္ဖြယ္ရွိေန။

– လီဗာပူးလ္အသင္းရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ မီလ္နာဟာ အီဘရာဟီမိုဗစ္ခ်္လိုပဲ အသက္ ၄၀ အ႐ြယ္အထိ ေဘာလုံးကစားသြားႏိုင္လိမ့္မယ္လို႔ မန္ခ်က္စတာစီးတီးအသင္းေဖာ္ေဟာင္း မီကာ ရစ္ခ်တ္က ကြင္းလယ္လူရဲ႕ ႀကံ့ခိုင္မႈအေပၚ ခ်ီးက်ဴးသြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဘ႐ူႏို ဖာနန္ဒက္စ္ မပါဝင္ႏိုင္တာနဲ႔ ေျခစြမ္းမျပႏိုင္တာမ်ိဳး ႀကဳံရရင္ သူတို႔ဟာ ဘာမွ မဟုတ္ေတာ့ေၾကာင္းနဲ႔ လီဗာပူးလ္အသင္းကသာ ေတြ႕ဆုံမယ့္ ပြဲစဥ္ေတြကို သာလြန္ေကာင္းမြန္တဲ့ပုံစံနဲ႔ အႏိုင္ကစားသြားလိမ့္မယ္လို႔ အသင္းဂႏၴဝင္ ဂြၽန္ အယ္လ္ဒရစ္ခ်္ ေျပာၾကား။

– လီဗာပူးလ္အသင္းအေနနဲ႔ ဒန္နီအင္းစ္ကို ဘန္ေလ၊ ဆိုလန္ကီကို ခ်ဲလ္ဆီးအသင္းေတြကေန ေခၚယူၿပီး ျပန္လည္ေရာင္းခ်ခဲ့တဲ့ ပုံစံမ်ိဳးကို အာဆင္နယ္ရဲ႕ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္နဲ႔ ထပ္မံျပဳလုပ္သြားဖြယ္ရွိေနၿပီး ဘြန္ဒက္စ္လီဂါအသင္းေတြကေတာ့ သူတို႔ရဲ႕ အစီအစဥ္ကို ဖ်က္လိုဖ်က္ဆီးလုပ္ဖို႔ ၿပိဳင္ဆိုင္လာဖြယ္ရွိ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ကစားမယ့္ပြဲမွာ ညာေနာက္ခံလူနဲ႔ ဗဟိုေနာက္ခံလူတို႔ၾကားထဲက ကြက္လပ္ကို သတိထားဖို႔ ဂြၽန္ အယ္လ္ဒရစ္ခ်္က သတိေပးလိုက္ၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို တြဲဖက္မယ့္ နာသန္ ဖိလစ္နဲ႔ ရီးစ္ ဝီလီယမ္စ္တို႔ရဲ႕ စိတ္ခ်ဖို႔ မလြယ္တဲ့ ပုံစံကို ၫႊန္ျပသြားခဲ့။

– ဇန္နဝါရီမွာ လီဗာပူးလ္တို႔ ေငြသုံးမယ့္ ပမာဏက ေပါင္သန္း ၂၀ ေအာက္ပဲျဖစ္ႏိုင္ၿပီး ေဈးႀကီးတဲ့ ေနာက္ခံလူေတြထက္ လိုင္လီ ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္နဲ႔ တိုရီႏိုေနာက္ခံလူ ဂေလးဆန္ ဘရီးမားတို႔ကို ေခၚယူႏိုင္ၿပီး က်န္ကစားသမားေတြကိုေတာ့ ေမ့ပစ္ရႏိုင္ေၾကာင္း ကြၽမ္းက်င္သူေတြ ခန႔္မွန္းခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.