Premier League

ဒီနှစ်တော့ ပရီးမီးယားလိဂ်ဖလား ရမှဖြစ်တော့မယ်လို့ အသင်းဖော်တွေကို ဒဟေးယား သတိပေး


မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဒေးဗစ် ဒဟေးယားဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိနိုင်တဲ့ အခွင့်အရေးကို လွဲချော်လို့ မရတော့ဘူးလို့ အသင်းဖော်တွေကို သတိပေးစကားပြောကြားခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ဖို့အတွက် ယနေ့ညမှာ ကစားရမယ့် ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ကစားသွားရမှာဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ လက်ရှိချန်ပီယံလီဗာပူးလ်ရဲ့ အန်းဖီးကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယင်းပွဲစဉ် ၂ ပွဲဟာ ယခုရာသီ အသင်းရဲ့ ဆုဖလားစိန်ခေါ်နိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာကို အဖြေထုတ်ရမယ့်ပွဲစဉ်တွေဖြစ်လာမှာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒဟေးယားဟာ အိုးထရက်ဖို့ဒ်မှာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့နောက်ဆုံးရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့ တစ်နှစ်သာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး အင်္ဂလန်ပြည်တွင်းအမှတ်ပေးဖလားနဲ့ ဝေးကွာနေခဲ့တာ ၈ နှစ်တောင် ရှိနေခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်ရာသီ ယခုလိုအခြေအနေမျိုးမှာ အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေတဲ့ အသင်းနဲ့ ဒီလောက်အထိ နီးစပ်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒဟေးယားက နောက်ထပ်တစ်ကြိမ် ဆုဖလားပြိုင်ပွဲထဲမှာ ရှိခွင့်ရဖို့အတွက် အကြာကြီး စောင့်ဆိုင်းခဲ့ရတာဖြစ်တဲ့အတွက် အခွင့်အရေးကို ဖြုန်းတီးပစ်လို့မရဘူးလို့ အသင်းဖော်တွေကို သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။


“ဆာအဲလက်စ် ဒီမှာရှိခဲ့တဲ့အချိန်တုန်းက ကျွန်တော် ရာသီတော်တော်များများကို ဆုဖလားအတွက် တိုက်ပွဲဝင်ခဲ့ရပါတယ်။ အခု ကျွန်တော်တို့ အဲဒီလိုအနေအထားမျိုး နောက်ထပ်တစ်ကြိမ် ရှိနေပါပြီ။ ရိုးရိုးသားသားပြောရရင် အဲဒီအနေအထားပြန်ရဖို့ အချိန်တွေအများကြီး ယူခဲ့ရပြီး ကျွန်တော်တို့ ဒီအခွင့်အရေးကို အလွဲမခံနိုင်တော့ပါဘူး”

“ကျွန်တော်တို့တွေ ပွဲစဉ်တိုင်းမှာ အရမ်းကို အာရုံစိုက်ပြီး ပွဲစဉ်အားလုံးကို အနိုင်ရရှိဖို့ ကြိုးပမ်းရမှာပါ။ ကျွန်တော်တို့သာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နိုင်မှာ သေချာပါတယ်”

“ကစားစရာပွဲတွေ အများကြီးရှိသေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အခုက အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးပါ။ လိဂ်ရဲ့ထိပ်ဆုံးမှာ ရှိနေနိုင်မယ့် အခွင့်အရေးပါ”

“ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့စိန်ခေါ်မှုပါ။ ကျွန်တော်တို့ ခက်ခဲတဲ့အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဝေးကွင်းမှာ ကစားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို လိုချင်တယ်ဆိုရင် ဒီလိုပွဲမျိုးတွေကို အနိုင်ရကို ရမှဖြစ်မှာပါ။ ကျွန်တော် ပြောခဲ့ဖူးတဲ့စကားအတိုင်းပဲ ပြောနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တာက တစ်ပွဲချင်းစီအပေါ်မှာ အာရုံစိုက်တာဖြစ်ပြီး တစ်ပွဲချင်းစီမှာ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်ခံစစ်ကစားသမားတွေဖြစ်တဲ့ လင်ဒီလော့ဖ်နဲ့ လုခ်ရှောတို့ဟာ စနေနေ့က ဝက်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက် ယနေ့ညပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ ေဒးဗစ္ ဒေဟးယားဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို အနိုင္ရရွိနိုင္တဲ့ အခြင့္အေရးကို လြဲေခ်ာ္လို႔ မရေတာ့ဘူးလို႔ အသင္းေဖာ္ေတြကို သတိေပးစကားေျပာၾကားခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးကို တက္ေရာက္နိုင္ဖို႔အတြက္ ယေန႔ညမွာ ကစားရမယ့္ ဘန္ေလအသင္းနဲ႔ ပြဲစဥ္မွာ မျဖစ္မေန အနိုင္ကစားသြားရမွာျဖစ္ၿပီး ေနာက္တစ္ပတ္မွာေတာ့ ဆိုးလ္ရွားရဲ့ယူနိုက္တက္ဟာ လက္ရွိခ်န္ပီယံလီဗာပူးလ္ရဲ့ အန္းဖီးကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ယင္းပြဲစဥ္ ၂ ပြဲဟာ ယခုရာသီ အသင္းရဲ့ ဆုဖလားစိန္ေခၚနိုင္စြမ္း ဘယ္ေလာက္ရွိလဲဆိုတာကို အေျဖထုတ္ရမယ့္ပြဲစဥ္ေတြျဖစ္လာမွာျဖစ္ပါတယ္။


မန္ခ်က္စတာယူနိုက္တက္ဂိုးသမား ဒေဟးယားဟာ အိုးထရက္ဖို႔ဒ္မွာ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ရဲ့ေနာက္ဆုံးရာသီမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ တစ္ႏွစ္သာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့သူျဖစ္ၿပီး အဂၤလန္ျပည္တြင္းအမွတ္ေပးဖလားနဲ႔ ေဝးကြာေနခဲ့တာ ၈ ႏွစ္ေတာင္ ရွိေနခဲ့ၿပီျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ၂၀၁၃ ခုႏွစ္ ေနာက္ပိုင္း ပရီးမီးယားလိဂ္ရာသီ ယခုလိုအေျခအေနမ်ိဳးမွာ အမွတ္ေပးဇယားထိပ္ဆုံးကို ဦးေဆာင္ေနတဲ့ အသင္းနဲ႔ ဒီေလာက္အထိ နီးစပ္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒေဟးယားက ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိခြင့္ရဖို႔အတြက္ အၾကာႀကီး ေစာင့္ဆိုင္းခဲ့ရတာျဖစ္တဲ့အတြက္ အခြင့္အေရးကို ျဖဳန္းတီးပစ္လို႔မရဘူးလို႔ အသင္းေဖာ္ေတြကို သတိေပးေျပာၾကားခဲ့တာျဖစ္ပါတယ္။


“ဆာအဲလက္စ္ ဒီမွာရွိခဲ့တဲ့အခ်ိန္တုန္းက ကၽြန္ေတာ္ ရာသီေတာ္ေတာ္မ်ားမ်ားကို ဆုဖလားအတြက္ တိုက္ပြဲဝင္ခဲ့ရပါတယ္။ အခု ကၽြန္ေတာ္တို႔ အဲဒီလိုအေနအထားမ်ိဳး ေနာက္ထပ္တစ္ႀကိမ္ ရွိေနပါၿပီ။ ရိုးရိုးသားသားေျပာရရင္ အဲဒီအေနအထားျပန္ရဖို႔ အခ်ိန္ေတြအမ်ားႀကီး ယူခဲ့ရၿပီး ကၽြန္ေတာ္တို႔ ဒီအခြင့္အေရးကို အလြဲမခံနိုင္ေတာ့ပါဘူး”

“ကၽြန္ေတာ္တို႔ေတြ ပြဲစဥ္တိုင္းမွာ အရမ္းကို အာ႐ုံစိုက္ၿပီး ပြဲစဥ္အားလုံးကို အနိုင္ရရွိဖို႔ ႀကိဳးပမ္းရမွာပါ။ ကၽြန္ေတာ္တို႔သာ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ ေကာင္းမြန္ခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးကို တက္ေရာက္နိုင္မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလားအတြက္ တိုက္ပြဲဝင္နိုင္မွာ ေသခ်ာပါတယ္”

“ကစားစရာပြဲေတြ အမ်ားႀကီးရွိေသးတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ အခုက အမွတ္ေပးဇယားကို ဦးေဆာင္နိုင္မယ့္ အခြင့္အေရးပါ။ လိဂ္ရဲ့ထိပ္ဆုံးမွာ ရွိေနနိုင္မယ့္ အခြင့္အေရးပါ”

“ကၽြန္ေတာ္တို႔အတြက္ ေကာင္းမြန္တဲ့စိန္ေခၚမႈပါ။ ကၽြန္ေတာ္တို႔ ခက္ခဲတဲ့အသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး အေဝးကြင္းမွာ ကစားရမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ပရီးမီးယားလိဂ္ဖလားကို လိုခ်င္တယ္ဆိုရင္ ဒီလိုပြဲမ်ိဳးေတြကို အနိုင္ရကို ရမွျဖစ္မွာပါ။ ကၽြန္ေတာ္ ေျပာခဲ့ဖူးတဲ့စကားအတိုင္းပဲ ေျပာေနတာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ လုပ္နိုင္တာက တစ္ပြဲခ်င္းစီအေပၚမွာ အာ႐ုံစိုက္တာျဖစ္ၿပီး တစ္ပြဲခ်င္းစီမွာ ၁၀၀ ရာခိုင္ႏႈန္း အာ႐ုံစိုက္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္ခံစစ္ကစားသမားေတြျဖစ္တဲ့ လင္ဒီေလာ့ဖ္နဲ႔ လုခ္ေရွာတို႔ဟာ စေနေန႔က ဝက္ဖို႔ဒ္ကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္ကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ ယေန႔ညပြဲစဥ္မွာေတာ့ ျပန္လည္ပါဝင္လာမယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.