Premier League

ဘရူနို ဖာနန်ဒက်စ်ကို အိုးထရက်ဖို့ဒ်မြေမှာ လျင်မြန်စွာ အခြေကျအောင်မြင်မှု ရစေခဲ့တဲ့ ဝှက်ဖဲတချပ်

လွန်ခဲ့တဲ့ ၁၂ လ၊ ဒီလိုအချိန်မျိုးမှာ ယူနိုက်တက်ပရိသတ်တွေဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့မှာ မျှော်လင့်ချက်တွေအပြည့်နဲ့ ရင်အခုန်ဆုံး အချိန်တခုဖြစ်ခဲ့ပြီး တကယ်တမ်း ဘရူနို ဖာနန်ဒက်စ်တယောက် ယူနိုက်တက်ကစားသမားစစ်စစ် ဖြစ်လာခဲ့ချိန်မှာလည်း တကြိမ် သူနဲ့ ပေါ့ဘာအတွဲကို မြက်ခင်းစိမ်းပေါ်မှာ ခံစားကြည့်ရှုခွင့်ရဖို့ စိတ်ကူးပုံဖော်ရင်း မျှော်တော်မောခဲ့ရပြန်ပါတယ်။


ပေါ့ဘာရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ထားပြီး အနားယူနေရတဲ့အချိန်မှာ ဘရူနိုရောက်ရှိလာခဲ့တာဖြစ်ပြီး သူက အသင်းကို ရောက်ရောက်ချင်း ၂ ရက်အတွင်းမှာပဲ ယူနိုက်တက်ပွဲဦးထွက်ကို ကစားခဲ့ပေမယ့် ကိုရိုနာရောဂါကပ်ဆိုးကာလမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရလို့ ဇွန်လထဲရောက်မှသာ သူတို့နှစ်ဦးရဲ့ တွဲဖက်ကစားပုံကို မြင်တွေ့ခဲ့ကြရပါတယ်။


” ပေါ့ဘာနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးက ကောင်းမွန်ပါတယ်။ သူလည်း အီတလီစကားပြောတတ်တယ်။ ကျွန်တော်လည်း အီတလီ စကားပြောတတ်တယ်။ သူနဲ့ ကျွန်တော် စသိကျွမ်းခဲ့ကြတာလည်း အီတလီမှာပဲလေ။ သူနဲ့ တွဲကစားရတာ လွယ်ကူခဲ့ပါတယ်။ ”
” ကျွန်တော်အသင်းကို ရောက်ခါစမှာ သူ ဒဏ်ရာကြောင့် နားနေရတယ်။ ဒါပေမယ့် သူက ကျွန်တော့်ရဲ့ ကစားပုံကို အချိန်ပြည့် စေ့စေ့စပ်စပ် စောင့်ကြည့်နေခဲ့တာပါ။ ကျွန်တော် ထရိန်နင်ကို ရောက်နေရင် သူက ဖုန်းခေါ်လေ့ရှိတယ်။ ”


” သူက ဘာပြောလေ့ရှိလဲဆိုတော့ ပွဲစဉ်တွေကို ငါ သေချာစောင့်ကြည့်နေပါတယ်တဲ့။ ကွင်းထဲက မင်းရဲ့ ရွေ့လျားမှုတွေကို ငါတွေ့နေရတယ်တဲ့။ ကွင်းရဲ့ ညာဘက်ခြမ်း၊ ဘယ်ဘက်ခြမ်း၊ ပြိုင်ဘက်ခံစစ်ဇုန်ထဲက လိုင်းတွေကြားထဲ တိုးဝင်လို့ အသင့်နေရာယူပြီး ကွင်းရဲ့နေရာအနှံ့ လိုက်ကစားနေတာကို ငါမြင်နေရတယ်တဲ့။ ငါ ပြန်သက်သာလာတာနဲ့ မင်းကို ကွင်းထဲမှာရှာပြီး ငါ့ဆီက ထွက်လာမယ့် ဘောလုံးတွေကို မင်းဆီ အကောင်းဆုံး ပေးပို့ပြမယ်ကွာ။ မင်းကိုငါ ကွင်းထဲမှာ ဘယ်လောက်ထိ ရှာတွေ့နိုင်လဲဆိုတာ သက်သေပြမယ်တဲ့”


” သူ့ရဲ့ ဒီစကားဟာ ကျွန်တော့်အပေါ် ဘယ်လောက်ထိ ယုံကြည်ချက်ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ သူ ကွင်းထဲပြန်လာတာနဲ့ တယောက်နဲ့တယောက် ပိုကောင်းလာအောင် အပြန်အလှန် ကူညီပြီး ကစားကြမယ်ပေါ့လေ။ သူလည်း ကျွန်တော်ကြောင့် ပိုကောင်းလာရမယ်။ ကျွန်တော်လည်း သူ့ကြောင့် ပိုကောင်းလာရပါမယ်။ ဒါ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးပါ။” လို့ ဘရူနို ဖာနန်ဒက်စ်က သူနဲ့ ပေါ့ဘာတို့ကြားက ဆက်ဆံရေးက အများထင်သလိုမဟုတ်ပဲ အဆင်ပြေမှုရှိတယ်ဆိုတာ ပြောခဲ့ပြီး ၊ သူ့အနေနဲ့ အိုးထရက်ဖို့ဒ်မြေမှာ အမြန်အခြေကျပြီး အောင်မြင်စေဖို့ နောက်ကွယ်က ပေါ့ဘာက ဘယ်လို လမ်းညွှန်ခွန်အားပေး ကူညီခဲ့တယ်ဆိုတာ ဖွင့်ဟပြောလိုက်တာဖြစ်ပါတယ်။


ဆက်လက်ပြီး ရာသီအစမှာ ပေါ့ဘာတစ်ယောက် ဘာလို့ ခြေစွမ်းမပြနိုင်တာကိုလည်း ဘရူနို ဖာနန်ဒက်စ် အခုလိုရှင်းပြသွားခဲ့ပါတယ်။
“ကျွန်တော်တို့ နှစ်ယောက် အတူတကွ ကောင်းမွန်စွာ တွဲဖက်ကစားရင်း ၂၀၁၉-၂၀ ဘောလုံးရာသီကို အဆုံးသတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်ဗျာ ..ပေါလ်အနေနဲ့ ယခုရာသီအစမှာ ကိုဗစ်ကူးစပ်မှု ခံခဲ့ရပြီး သူအတွက် ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ခဲ့ရတယ်”

” ကစားသမားတစ်ယောက်အတွက် ဘာတစ်ခုမှ မပြုလုပ်နိုင်ပဲ (လေ့ကျင့်ခန်း ) ၁၅ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရတာ ခက်ခဲလွန်းပါတယ်။ အဲဒီနောက် ပေါလ်အတွက် သူရဲ့ အကောင်းဆုံးပုံစံကို ပြန်ရဖို့ ခက်ခဲခဲ့တယ်။ ဝေဖန်မှုတွေ ခံရပေမယ့် သူကောင်းသထက် ပြန်ကောင်းလာအောင် အမြဲ သူကြိုးစားခဲ့တယ်။”


“ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဝက်စ်ဟမ်းအသင်းဘက်ကို သူဂိုးသွင်းယူပြီးတဲ့နောက်မှာ သူယုံကြည်မှုပြန်ရခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ သူ့ကို လိုအပ်နေသလို သူ့ရဲ့ကောင်းမွန်လှတဲ့အရည်အချင်းက ကျွန်တော်တို့ကိုလည်း များစွာ အကူအညီပေး တိုးတက်မှုတွေ ရှိစေပါတယ် ” လို့ ဘရူနို ဖာနန်ဒက်စ်က ပေါ့ဘာ တစ်ယောက် ယူနိုက်တက်အသင်းအတွက် အရေးပါနေဆဲဖြစ်ကြောင်းနဲ့ အသင်းမပြောင်းစေလိုကြောင်းလည်း တစေ့တစောင်း ဖွင့်ဟပြောသွားခဲ့ပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

လြန္ခဲ့တဲ့ ၁၂ လ၊ ဒီလိုအခ်ိန္မ်ိဳးမွာ ယူႏိုက္တက္ပရိသတ္ေတြဟာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အေျပာင္းအေ႐ႊ႕မွာ ေမွ်ာ္လင့္ခ်က္ေတြအျပည့္နဲ႔ ရင္အခုန္ဆုံး အခ်ိန္တခုျဖစ္ခဲ့ၿပီး တကယ္တမ္း ဘ႐ူႏို ဖာနန္ဒက္စ္တေယာက္ ယူႏိုက္တက္ကစားသမားစစ္စစ္ ျဖစ္လာခဲ့ခ်ိန္မွာလည္း တႀကိမ္ သူနဲ႔ ေပါ့ဘာအတြဲကို ျမက္ခင္းစိမ္းေပၚမွာ ခံစားၾကည့္ရႈခြင့္ရဖို႔ စိတ္ကူးပုံေဖာ္ရင္း ေမွ်ာ္ေတာ္ေမာခဲ့ရျပန္ပါတယ္။


ေပါ့ဘာရဲ႕ ေျခက်င္းဝတ္ဒဏ္ရာကို ခြဲစိတ္ထားၿပီး အနားယူေနရတဲ့အခ်ိန္မွာ ဘ႐ူႏိုေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူက အသင္းကို ေရာက္ေရာက္ခ်င္း ၂ ရက္အတြင္းမွာပဲ ယူႏိုက္တက္ပြဲဦးထြက္ကို ကစားခဲ့ေပမယ့္ ကို႐ိုနာေရာဂါကပ္ဆိုးကာလမွာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ေ႐ႊ႕ဆိုင္းခဲ့ရလို႔ ဇြန္လထဲေရာက္မွသာ သူတို႔ႏွစ္ဦးရဲ႕ တြဲဖက္ကစားပုံကို ျမင္ေတြ႕ခဲ့ၾကရပါတယ္။


” ေပါ့ဘာနဲ႔ ကြၽန္ေတာ္နဲ႔ ဆက္ဆံေရးက ေကာင္းမြန္ပါတယ္။ သူလည္း အီတလီစကားေျပာတတ္တယ္။ ကြၽန္ေတာ္လည္း အီတလီ စကားေျပာတတ္တယ္။ သူနဲ႔ ကြၽန္ေတာ္ စသိကြၽမ္းခဲ့ၾကတာလည္း အီတလီမွာပဲေလ။ သူနဲ႔ တြဲကစားရတာ လြယ္ကူခဲ့ပါတယ္။ ”
” ကြၽန္ေတာ္အသင္းကို ေရာက္ခါစမွာ သူ ဒဏ္ရာေၾကာင့္ နားေနရတယ္။ ဒါေပမယ့္ သူက ကြၽန္ေတာ့္ရဲ႕ ကစားပုံကို အခ်ိန္ျပည့္ ေစ့ေစ့စပ္စပ္ ေစာင့္ၾကည့္ေနခဲ့တာပါ။ ကြၽန္ေတာ္ ထရိန္နင္ကို ေရာက္ေနရင္ သူက ဖုန္းေခၚေလ့ရွိတယ္။ ”


” သူက ဘာေျပာေလ့ရွိလဲဆိုေတာ့ ပြဲစဥ္ေတြကို ငါ ေသခ်ာေစာင့္ၾကည့္ေနပါတယ္တဲ့။ ကြင္းထဲက မင္းရဲ႕ ေ႐ြ႕လ်ားမႈေတြကို ငါေတြ႕ေနရတယ္တဲ့။ ကြင္းရဲ႕ ညာဘက္ျခမ္း၊ ဘယ္ဘက္ျခမ္း၊ ၿပိဳင္ဘက္ခံစစ္ဇုန္ထဲက လိုင္းေတြၾကားထဲ တိုးဝင္လို႔ အသင့္ေနရာယူၿပီး ကြင္းရဲ႕ေနရာအႏွံ႔ လိုက္ကစားေနတာကို ငါျမင္ေနရတယ္တဲ့။ ငါ ျပန္သက္သာလာတာနဲ႔ မင္းကို ကြင္းထဲမွာရွာၿပီး ငါ့ဆီက ထြက္လာမယ့္ ေဘာလုံးေတြကို မင္းဆီ အေကာင္းဆုံး ေပးပို႔ျပမယ္ကြာ။ မင္းကိုငါ ကြင္းထဲမွာ ဘယ္ေလာက္ထိ ရွာေတြ႕ႏိုင္လဲဆိုတာ သက္ေသျပမယ္တဲ့”


” သူ႔ရဲ႕ ဒီစကားဟာ ကြၽန္ေတာ့္အေပၚ ဘယ္ေလာက္ထိ ယုံၾကည္ခ်က္ရွိတယ္ဆိုတာကို ျပသလိုက္တာပါပဲ။ သူ ကြင္းထဲျပန္လာတာနဲ႔ တေယာက္နဲ႔တေယာက္ ပိုေကာင္းလာေအာင္ အျပန္အလွန္ ကူညီၿပီး ကစားၾကမယ္ေပါ့ေလ။ သူလည္း ကြၽန္ေတာ္ေၾကာင့္ ပိုေကာင္းလာရမယ္။ ကြၽန္ေတာ္လည္း သူ႔ေၾကာင့္ ပိုေကာင္းလာရပါမယ္။ ဒါ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးပါ။” လို႔ ဘ႐ူႏို ဖာနန္ဒက္စ္က သူနဲ႔ ေပါ့ဘာတို႔ၾကားက ဆက္ဆံေရးက အမ်ားထင္သလိုမဟုတ္ပဲ အဆင္ေျပမႈရိွတယ္ဆုိတာ ေျပာခဲ့ျပီး ၊ သူ႔အေနနဲ႔ အိုးထရက္ဖို႔ဒ္ေျမမွာ အျမန္အေျခက်ျပီး ေအာင္ျမင္ေစဖို႔ ေနာက္ကြယ္က ေပါ့ဘာက ဘယ္လို လမ္းညႊန္ခြန္အားေပး ကူညီခဲ့တယ္ဆိုတာ ဖြင့္ဟေျပာလိုက္တာျဖစ္ပါတယ္။


ဆက္လက္ျပီး ရာသီအစမွာ ေပါ့ဘာတစ္ေယာက္ ဘာလို႔ ေျခစြမ္းမျပနိုင္တာကိုလည္း ဘ႐ူႏို ဖာနန္ဒက္စ္ အခုလိုရွင္းျပသြားခဲ့ပါတယ္။
“ကြ်န္ေတာ္တို႔ ႏွစ္ေယာက္ အတူတကြ ေကာင္းမြန္စြာ တြဲဖက္ကစားရင္း ၂၀၁၉-၂၀ ေဘာလံုးရာသီကို အဆံုးသတ္နိုင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ဗ်ာ ..ေပါလ္အေနနဲ႔ ယခုရာသီအစမွာ ကိုဗစ္ကူးစပ္မႈ ခံခဲ့ရျပီး သူအတြက္ ခက္ခဲတဲ့ အခိုက္အတန္႔ ျဖစ္ခဲ့ရတယ္”

” ကစားသမားတစ္ေယာက္အတြက္ ဘာတစ္ခုမွ မျပဳလုပ္ႏိုင္ပဲ (ေလ့က်င့္ခန္း ) ၁၅ ရက္ၾကာ သီးသန္႔ခြဲျခားေနထိုင္ရတာ ခက္ခဲလြန္းပါတယ္။ အဲဒီေနာက္ ေပါလ္အတြက္ သူရဲ႔ အေကာင္းဆံုးပံုစံကို ျပန္ရဖို႔ ခက္ခဲခဲ့တယ္။ ေ၀ဖန္မႈေတြ ခံရေပမယ့္ သူေကာင္းသထက္ ျပန္ေကာင္းလာေအာင္ အျမဲ သူၾကိဳးစားခဲ့တယ္။”


“ျပီးခဲ့တဲ့ ဒီဇင္ဘာမွာ ၀က္စ္ဟမ္းအသင္းဘက္ကို သူဂိုးသြင္းယူျပီးတဲ့ေနာက္မွာ သူယံုၾကည္မႈျပန္ရခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ သူ႔ကို လိုအပ္ေနသလို သူ႔ရဲ႔ေကာင္းမြန္လွတဲ့အရည္အခ်င္းက ကြ်န္ေတာ္တို႔ကုိလည္း မ်ားစြာ အကူအညီေပး တိုးတက္မႈေတြ ရိွေစပါတယ္ ” လို႔ ဘ႐ူႏို ဖာနန္ဒက္စ္က ေပါ့ဘာ တစ္ေယာက္ ယူႏိုက္တက္အသင္းအတြက္ အေရးပါေနဆဲျဖစ္ေၾကာင္းနဲ႔ အသင္းမေျပာင္းေစလိုေၾကာင္းလည္း တေစ့တေစာင္း ဖြင့္ဟေျပာသြားခဲ့ပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z