Premier League Transfer News

လီဗာပူးထက် အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်တဲ့ ကစားသမားကို ဆက်သွယ်ခဲ့တဲ့ အာဆင်နယ်


အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကြယ်ပွင့် ဘစ်ဆူးမားကို ခေါ်ယူဖို့ ပြိုင်ပွဲထဲမှာ အခိုင်အမာရပ်တည်နေပြီး ဘရိုက်တန်ကွင်းလယ်ကစားသမားရဲ့အေးဂျင့်ကို အပြောင်းအရွှေ့အတွက် ဆွေးနွေးဖို့ ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။


ဘစ်ဆူးမားဟာ ယခုရာသီကို ကောင်းကောင်းအစပြုနိုင်ခဲ့တာဖြစ်ပြီး ဘရိုက်တန်ကွင်းလယ်မှာ အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနေတာကြောင့် ဥရောပထိပ်တန်းအသင်းတွေကြားမှာ သတိမပြုဘဲမနေနိုင်အောင် ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ကစားသမားကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ဘစ်ဆူးမားကို ခေါ်ယူနိုင်ဖို့အတွက် အနီးစပ်ဆုံးအနေအားမှာရှိတယ်လို့ ထင်ခဲ့ရပေမယ့် Football.london ရဲ့သတင်းအရ မာလီလက်ရွေးစင်ကစားသမားဟာ ဘရိုက်တန်အသင်းကို စွန့်ခွာခဲ့မယ်ဆိုရင် အာဆင်နယ်ကို ပိုမိုပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။


တိုက်ပွဲဝင်စိတ်ပြင်းထန်တဲ့ ကွင်းလယ်ကစာသမားဟာ လိုင်လီအသင်းမှာတုန်းက အတူတူတွဲကစားခဲ့ဖူးတဲ့ အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ပေပေနဲ့ မာဂါလိုင်စ်တို့နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ရပြီး ၎င်းရဲ့အေးဂျင့်ကလည်း အာဆင်နယ်နဲ့ ဆွေးနွေးနွေးမှုတွေ ပြုလုပ်ထားပြီးဖြစ်တယ်လို့ မျှော်မှန်းရပါတယ်။ သတင်းတွေအရ ဘစ်ဆူးမားဟာ အာဆင်နယ်ကွင်းလယ်က ပါတေးကို ပြီးပြည့်စုံတဲ့တွဲဖက်ကစားသမားအဖြစ် ရှုမြင်ထားတယ်လို့ သိရပြီး အာဆင်နယ်အတွက်တော့ ယခုရာသီ အဝါကတ် ၅ ကတ်နဲ့ အနီကတ် ၁ ကတ်ပြသခံထားရတဲ့ ဘစ်ဆူးမားရဲ့စည်းကမ်းလိုက်နာမှုအပိုင်းဟာ အဓိက စိုးရိမ်စရာဖြစ်လာမယ့်ပုံပေါ်ပါတယ်။


ဒါပေမယ့်လည်း အာဆင်နယ်က ဖန်တီးမှုပိုမိုအားကောင်းပြီး တိုက်စစ်အမြင်ရှိတဲ့ ကွင်းလယ်ကစားသမား ခေါ်ယူဖို့ကို ဦးစားပေးရှာဖွေနေတာကြောင့် ဘစ်ဆူးမားဟာ ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မြောက်လန်ဒန်ကို အပြီးသတ်ပြောင်းရွှေ့နိုင်ဖွယ်မရှိပုံပေါ်ပါတယ်။ နောဝစ်ချ်ကွင်းလယ် ဖန်တီးရှင် ဘူအန်ဒီရာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အာဆင်နယ်နဲ့ သတင်းအခိုင်အမာထွက်ပေါ်နေခဲ့ပြီး ရီးရဲလ်မက်ဒရစ်က အစ္စကို၊ လိုက်ပ်ဇစ်က မာဆယ် ဆဘစ်ဇာ၊ ဒေါ့မွန်က ဂျူလီယန် ဘရန့်တ်၊ ဆီဗီလာက ဂျိုအန် ဂျော်ဒန်တို့ဟာ အာဆင်နယ် ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အာဆင္နယ္အသင္းဟာ ဘရိုက္တန္ၾကယ္ပြင့္ ဘစ္ဆူးမားကို ေခၚယူဖို႔ ၿပိဳင္ပြဲထဲမွာ အခိုင္အမာရပ္တည္ေနၿပီး ဘရိုက္တန္ကြင္းလယ္ကစားသမားရဲ့ေအးဂ်င့္ကို အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးဖို႔ ခ်ဥ္းကပ္ခဲ့တယ္လို႔ သိရပါတယ္။


ဘစ္ဆူးမားဟာ ယခုရာသီကို ေကာင္းေကာင္းအစျပဳနိုင္ခဲ့တာျဖစ္ၿပီး ဘရိုက္တန္ကြင္းလယ္မွာ အလြန္ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ျပသေနတာေၾကာင့္ ဥေရာပထိပ္တန္းအသင္းေတြၾကားမွာ သတိမျပဳဘဲမေနနိုင္ေအာင္ ျဖစ္ခဲ့တာျဖစ္ၿပီး အသက္ ၂၄ ႏွစ္အရြယ္ကစားသမားကို ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းက ဘစ္ဆူးမားကို ေခၚယူနိုင္ဖို႔အတြက္ အနီးစပ္ဆုံးအေနအားမွာရွိတယ္လို႔ ထင္ခဲ့ရေပမယ့္ Football.london ရဲ့သတင္းအရ မာလီလက္ေရြးစင္ကစားသမားဟာ ဘရိုက္တန္အသင္းကို စြန႔္ခြာခဲ့မယ္ဆိုရင္ အာဆင္နယ္ကို ပိုမိုေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။


တိုက္ပြဲဝင္စိတ္ျပင္းထန္တဲ့ ကြင္းလယ္ကစာသမားဟာ လိုင္လီအသင္းမွာတုန္းက အတူတူတြဲကစားခဲ့ဖူးတဲ့ အာဆင္နယ္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ေပေပနဲ႔ မာဂါလိုင္စ္တို႔နဲ႔ နီးကပ္တဲ့ဆက္ဆံေရးရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ရၿပီး ၎ရဲ့ေအးဂ်င့္ကလည္း အာဆင္နယ္နဲ႔ ေဆြးေႏြးေႏြးမႈေတြ ျပဳလုပ္ထားၿပီးျဖစ္တယ္လို႔ ေမၽွာ္မွန္းရပါတယ္။ သတင္းေတြအရ ဘစ္ဆူးမားဟာ အာဆင္နယ္ကြင္းလယ္က ပါေတးကို ၿပီးျပည့္စုံတဲ့တြဲဖက္ကစားသမားအျဖစ္ ရႈျမင္ထားတယ္လို႔ သိရၿပီး အာဆင္နယ္အတြက္ေတာ့ ယခုရာသီ အဝါကတ္ ၅ ကတ္နဲ႔ အနီကတ္ ၁ ကတ္ျပသခံထားရတဲ့ ဘစ္ဆူးမားရဲ့စည္းကမ္းလိုက္နာမႈအပိုင္းဟာ အဓိက စိုးရိမ္စရာျဖစ္လာမယ့္ပုံေပၚပါတယ္။


ဒါေပမယ့္လည္း အာဆင္နယ္က ဖန္တီးမႈပိုမိုအားေကာင္းၿပီး တိုက္စစ္အျမင္ရွိတဲ့ ကြင္းလယ္ကစားသမား ေခၚယူဖို႔ကို ဦးစားေပးရွာေဖြေနတာေၾကာင့္ ဘစ္ဆူးမားဟာ ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေျမာက္လန္ဒန္ကို အၿပီးသတ္ေျပာင္းေရႊ႕နိုင္ဖြယ္မရွိပုံေပၚပါတယ္။ ေနာဝစ္ခ်္ကြင္းလယ္ ဖန္တီးရွင္ ဘူအန္ဒီရာဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အာဆင္နယ္နဲ႔ သတင္းအခိုင္အမာထြက္ေပၚေနခဲ့ၿပီး ရီးရဲလ္မက္ဒရစ္က အစၥကို၊ လိုက္ပ္ဇစ္က မာဆယ္ ဆဘစ္ဇာ၊ ေဒါ့မြန္က ဂ်ဴလီယန္ ဘရန႔္တ္၊ ဆီဗီလာက ဂ်ိဳအန္ ေဂ်ာ္ဒန္တို႔ဟာ အာဆင္နယ္ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.