Premier League

12 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-အေစီမီလန်အသင်းဟာ ချဲလ်ဆီးနောက်ခံကစားသမား တိုမိုရီကို အငှားနဲ့ ခေါ်ယူနိုင်ခြေရှိ၊ မရှိ စုံစမ်းမေးမြန်းခဲ့တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပြီး စီးရီးအေထိပ်သီးအသင်းဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ပွဲကစားချိန် အကန့်အသတ်နဲ့သာရရှိနေတဲ့ နောက်ခံကစားသမားကို ချဉ်းကပ်ခဲ့ပေမယ့် စထရက်ဘော့နောက်ခံကစားသမား မိုဟာမက်ဆီမာကန်ကိုတော့ ပထမဦးစားပေးရွေးချယ်မှုအဖြစ် သတ်မှတ်ထားတယ်လို့ သိရ။


-ချဲလ်ဆီး အပယ်ခံ ဘာကာရိုကိုရဲ့ အေးဂျင့်က ပြင်သစ်ကွင်းလယ်ကစားသမားဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ နာပိုလီအသင်းကို အပြီးသတ်ပြောင်းရွှေ့ချင်နေတယ်လို့ ပြောကြားခဲ့ပြီး နေပယ်မှာ ပျော်ရွှင်နေတာကြောင့် ဇွန်လအတွက် ၎င်းရဲ့ ဦးစားပေးဟာ နာပိုလီဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဟာ တူရကီယူ-၂၁ တိုက်စစ်မှူး အလီ အက်ခ်မန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ်အသင်းတွေထဲက ၂ သင်းဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာဆာစပေါ်အသင်းရဲ့ ပထမအသင်းအတွက် ယခုရာသီ ၁၆ ပွဲမှာ ၉ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ခံနေရသူဖြစ်။


-ချဲလ်ဆီး ကစားသမားဟောင်း အလန်ဟတ်ဒ်ဆန်က ယခုအပတ် ဖူလ်ဟမ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီး အသင်းဟောင်းကို စိတ်ပူနေတဲ့အကြောင်းကို CaughtOffside ကို ပြောကြားခဲ့ပြီး ဖူလ်ဟမ်အသင်းဟာ လမ်းပတ်ထက် ပိုပြီး ဒေသတွင်းဒါဘီပွဲကို စောင့်မျှော်နေမှာဖြစ်ပြီး မကြာသေးမီက အထင်ကြီးဖွယ်ရလဒ်တွေကို ပိုင်ဆိုင်ထားတာကြောင့် ယုံကြည်ချက်ရှိရှိနဲ့ ထိပ်သီးအသင်းတွေကို အနိုင်ယူနိုင်မယ့် အခွင့်အရေးကို ရယူသွားမှာဖြစ်တယ်လို့ သတိပေးပြောကြားခဲ့။


-ယူအက်စ်အေလက်ရွေးစင်ကစားသမားဟောင်း အလက်ဆီ လာလက်စ်က ပူလီရှစ်ဘေးနားက ကစားသမားတွေက ပိုမိုကောင်းမွန်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး ယူအက်စ်အေတောင်ပံကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ကောင်းလွန်းနေတာကြောင့် အသင်းအနေနဲ့ ပူလီရှစ်ရဲ့ပါရမီတွေကို မဖြုန်းတီးပစ်မိစေဖို့ ၎င်းရဲ့အနားမှာ ပိုကောင်းတဲ့ကစားသမားတွေနဲ့ ဝန်းရံထားသင့်တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ ၎င်းရဲ့ နည်းဗျူးဟာက ချဲလ်ဆီးတိုက်စစ်ကို ဖွင့်လှစ်ပေးနိုင်တဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ယုံကြည်နေကြောင်း The Independent က ဖော်ပြခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ဟာ ပိုပြီးအန္တရာယ်ပေးနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် အဲဒီလိုအရာတွေအတွက် အချိန်လိုအပ်တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ၂၀၂၁ ခုနှစ်အတွက် ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမား ၂ ဦးနဲ့ပတ်သက်တဲ့ အစီအစဉ်ကို ပြောပြခဲ့ပြီး ဘီလီ ဂီးလ်မိုးနဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းတို့ကို အခုထက်ပိုပြီး မကြာခဏ အသုံးပြုသွားချင်နေတယ်လို့ မိုကမ့်ဘ်အသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့။


ချဲလ်ဆီးအသင်းပစ်မှတ် မွိုက်စ် ကိုင်ဆဲဒိုးဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတော့မယ်လို့ အင်ဒီပန်ဒီယန်တေအသင်း အားကစားဒါရိုက်တာရဲ့ ပြောကြားချက်အရ သိရပြီး အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားနဲ့ သဘောတူညီမှုရရှိခဲ့တဲ့အသင်းကတော့ ချဲလ်ဆီးမဟုတ်ခဲ့ဘဲ ဘရိုက်တန်အသင်းက ပေါင် ၄.၅ သန်းနဲ့ သဘောတူညီမှုရခဲ့တာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ေအစီမီလန္အသင္းဟာ ခ်ဲလ္ဆီးေနာက္ခံကစားသမား တိုမိုရီကို အငွားနဲ႔ ေခၚယူနိုင္ေျခရွိ၊ မရွိ စုံစမ္းေမးျမန္းခဲ့တယ္လို႔ ဖက္ဘရီဇီယို ရိုမာနိုရဲ့ ေျပာၾကားခ်က္အရ သိရၿပီး စီးရီးေအထိပ္သီးအသင္းဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ပြဲကစားခ်ိန္ အကန႔္အသတ္နဲ႔သာရရွိေနတဲ့ ေနာက္ခံကစားသမားကို ခ်ဥ္းကပ္ခဲ့ေပမယ့္ စထရက္ေဘာ့ေနာက္ခံကစားသမား မိုဟာမက္ဆီမာကန္ကိုေတာ့ ပထမဦးစားေပးေရြးခ်ယ္မႈအျဖစ္ သတ္မွတ္ထားတယ္လို႔ သိရ။


-ခ်ဲလ္ဆီး အပယ္ခံ ဘာကာရိုကိုရဲ့ ေအးဂ်င့္က ျပင္သစ္ကြင္းလယ္ကစားသမားဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ နာပိုလီအသင္းကို အၿပီးသတ္ေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး ေနပယ္မွာ ေပ်ာ္ရႊင္ေနတာေၾကာင့္ ဇြန္လအတြက္ ၎ရဲ့ ဦးစားေပးဟာ နာပိုလီျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ဟာ တူရကီယူ-၂၁ တိုက္စစ္မႉး အလီ အက္ခ္မန္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ပရီးမီးယားလိဂ္အသင္းေတြထဲက ၂ သင္းျဖစ္တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ၿပီး အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ဘာဆာစေပၚအသင္းရဲ့ ပထမအသင္းအတြက္ ယခုရာသီ ၁၆ ပြဲမွာ ၉ ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ ဥေရာပထိပ္သီးအသင္းႀကီးေတြရဲ့ အာ႐ုံစိုက္မႈကို ခံေနရသူျဖစ္။


-ခ်ဲလ္ဆီး ကစားသမားေဟာင္း အလန္ဟတ္ဒ္ဆန္က ယခုအပတ္ ဖူလ္ဟမ္အသင္းနဲ႔ ကစားရမယ့္ပြဲစဥ္နဲ႔ပတ္သက္ၿပီး အသင္းေဟာင္းကို စိတ္ပူေနတဲ့အေၾကာင္းကို CaughtOffside ကို ေျပာၾကားခဲ့ၿပီး ဖူလ္ဟမ္အသင္းဟာ လမ္းပတ္ထက္ ပိုၿပီး ေဒသတြင္းဒါဘီပြဲကို ေစာင့္ေမၽွာ္ေနမွာျဖစ္ၿပီး မၾကာေသးမီက အထင္ႀကီးဖြယ္ရလဒ္ေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ယုံၾကည္ခ်က္ရွိရွိနဲ႔ ထိပ္သီးအသင္းေတြကို အနိုင္ယူနိုင္မယ့္ အခြင့္အေရးကို ရယူသြားမွာျဖစ္တယ္လို႔ သတိေပးေျပာၾကားခဲ့။


-ယူအက္စ္ေအလက္ေရြးစင္ကစားသမားေဟာင္း အလက္ဆီ လာလက္စ္က ပူလီရွစ္ေဘးနားက ကစားသမားေတြက ပိုမိုေကာင္းမြန္ဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ယူအက္စ္ေအေတာင္ပံကစားသမားဟာ ခ်ဲလ္ဆီးအသင္းအတြက္ ေကာင္းလြန္းေနတာေၾကာင့္ အသင္းအေနနဲ႔ ပူလီရွစ္ရဲ့ပါရမီေတြကို မျဖဳန္းတီးပစ္မိေစဖို႔ ၎ရဲ့အနားမွာ ပိုေကာင္းတဲ့ကစားသမားေတြနဲ႔ ဝန္းရံထားသင့္တယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းနည္းၿပ ဖရန႔္လမ္းပတ္ဟာ ၎ရဲ့ နည္းဗ်ဴးဟာက ခ်ဲလ္ဆီးတိုက္စစ္ကို ဖြင့္လွစ္ေပးနိုင္တဲ့ အဓိကေသာ့ခ်က္ျဖစ္တယ္လို႔ ယုံၾကည္ေနေၾကာင္း The Independent က ေဖာ္ျပခဲ့ၿပီး ခ်ဲလ္ဆီးအသင္းရဲ့တိုက္စစ္ဟာ ပိုၿပီးအႏၲရာယ္ေပးနိုင္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ေပမယ့္ အဲဒီလိုအရာေတြအတြက္ အခ်ိန္လိုအပ္တယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးနည္းျပဖရန႔္လမ္းပတ္က ၂၀၂၁ ခုႏွစ္အတြက္ ခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမား ၂ ဦးနဲ႔ပတ္သက္တဲ့ အစီအစဥ္ကို ေျပာျပခဲ့ၿပီး ဘီလီ ဂီးလ္မိုးနဲ႔ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကို အခုထက္ပိုၿပီး မၾကာခဏ အသုံးျပဳသြားခ်င္ေနတယ္လို႔ မိုကမ့္ဘ္အသင္းကို အနိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အၿပီးမွာ ေျပာၾကားသြားခဲ့။


ခ်ဲလ္ဆီးအသင္းပစ္မွတ္ မြိဳက္စ္ ကိုင္ဆဲဒိုးဟာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕လာေတာ့မယ္လို႔ အင္ဒီပန္ဒီယန္ေတအသင္း အားကစားဒါရိုက္တာရဲ့ ေျပာၾကားခ်က္အရ သိရၿပီး အသက္ ၁၉ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားနဲ႔ သေဘာတူညီမႈရရွိခဲ့တဲ့အသင္းကေတာ့ ခ်ဲလ္ဆီးမဟုတ္ခဲ့ဘဲ ဘရိုက္တန္အသင္းက ေပါင္ ၄.၅ သန္းနဲ႔ သေဘာတူညီမႈရခဲ့တာျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.