Premier League

12 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးကတော့ ဒုတိယတန်းအသင်းဖြစ်တဲ့ ချဲလ်တန်ဟန်အသင်းနဲ့ တွေ့ဆုံရာမှာဖြစ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ဟာ ၂ ပတ်ဆက်တိုက် ပရီးမီးယားလိဂ်မှာရော၊ အက်ဖ်အေဖလားပြိုင်ပွဲမှာပါ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်။


-မန်ချက်စတာယူနိုက်တက် ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း လာမယ့်နွေရာသီမှာ ဒီကလန် ရိုက်စ်အနေနဲ့ အသင်းပြောင်းချင်တယ်ဆိုရင် ချဲလ်ဆီးကိုပဲ ရွေးချယ်သွားလိမ့်မယ်လို့ ယုံကြည်နေ။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ယနေ့ည ဘန်လေအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရပြီး သို့မဟုတ် သရေကျပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ကစားသမားတွေအနေနဲ့ အောင်မြင်မှုရရှိခဲ့ပြီလို့ တွေးစရာအကြောင်းမရှိဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဇန်နဝါရီကစားသမားသစ်ခေါ်ယူမှုဖြစ်တဲ့ အာမက် ဒီရယ်လိုဟာ ကမ္ဘာ့ချန်ပီယံဖြစ်နိုင်တဲ့ကစားသမားလို့ ချီးကျူးခဲ့ရာမှာ စပို့တင်းလစ္စဘွန်းကနေ ရော်နယ်ဒိုကို ခေါ်ယူခဲ့တဲ့အချိန်တုန်းကနဲ့ နှိုင်းယှဉ်ပြောကြားမှုတွေ ပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူခဲ့တုန်းကလည်း ပေါ်တူဂီက လူတွေလောက် ၎င်းရဲ့အကြောင်းကို မသိခဲ့ရဘဲ ခေါ်ယူခဲ့တာလို့ ပြောကြားခဲ့။


-ဘရိုက်တန်အသင်းဟာ အီကွေဒေါလူငယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆဲဒိုးကို မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့က စိတ်ဝင်စားမှု ရုတ်သိမ်းခဲ့ပြီးနောက် ပေါင် ၄.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တုန်းကလည်း ဘီလီ အာ့စ်အတွက် အင်ဒီပန်ဒီယန်တေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ဖူး။


-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အဝါကတ် ၄ ကတ်အထိ ထိထားပြီးဖြစ်တာကြောင့် နောက်တစ်ဝါထိလို့ မရတော့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားဟာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ပွဲပယ်ခံရနိုင်တယ်ဆိုတဲ့ ကြောက်ရွံ့မှုတွေကို ငြင်းပယ်ခဲ့ပြီး မက်ဂွိုင်းယားအနေနဲ့ ယနေ့ည ဘန်လေနဲ့ပွဲမှာ ကျိန်းသေပေါက်ပါဝင်ကစားမယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ဘရူနိုဖာနန်ဒက်စ်လို ကစားဟန်မျိုးနဲ့ နောက်ထပ် နာမည်ကြီးကစားသမားကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် ကြိုးပမ်းသွားမှာမဟုတ်ဘူးလို့ အိုလေဂန်နာဆိုးလ်ရှားက ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နဲ့ လေဗာကူဆင်အသင်းတို့ဟာ တီမိုသီ ဖိုဆူမန်ဆားရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖက်ဘရီဇီယိုရိုမာနိုက ပြောကြားခဲ့ပြီး အသက် ၂၃ နှစ်အရွယ်နောက်ခံကစားသမားဟာ ပွဲထွက်ကစားသမားအဖြစ် ကစားချင်တဲ့မျှော်လင့်ချက် ပြည့်မြောက်မယ့်အချိန် ရောက်လာပြီဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

















REF: INTERNET SOURCES
SPORTS A2Z.