Premier League Transfer News

12 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်ပြီး ကစားသမားရဲ့ အနေအထားကို စုံစမ်းဖြစ်ခဲ့ပြီး မာလီလက်ရွေးစင်အနေနဲ့ လိုင်လီက သူ့ရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ နီကိုလာ ပေပေနဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့နဲ့ ပူးပေါင်းလိုနေတယ်လို့ သိရ။

– ဟက်တာ ဘယ်လာရင်ကို လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးရရင် အာဆင်နယ်တို့ လက်လွှတ်သွားဖို့ ရှိနေပြီး ရာသီဝက်မှာလည်း လိုချင်တဲ့ ပြန်လည်အစားထိုးမှုကို ရနိုင်ခဲ့ရင် ရောင်းချနိုင်သလို သူ့နေရာအတွက် စောင့်ကြည့်နေတဲ့ ပစ်မှတ်အဖြစ် အိုင်းယက်စ်အသင်းရဲ့ မော်ရိုကိုသား နူဆဲရ် မာဇရာဝီကို သတ်မှတ်ထား။

– ဖီနာဘာချီအသင်းရဲ့ ဥက္ကဌ အလီ ကော့ချ်ကတော့ အာဆင်နယ်ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို ခေါ်ယူဖို့ အနီးဆုံး အနေအထားကို ရောက်ရှိနေခဲ့ပြီလို့ ပြောကြားလိုက်ပြီး ကိစ္စတွေ ရှင်းလင်းပြီးရင် အသင်းအနေနဲ့ တရားဝင်ကြေငြာနိုင်မယ့် အချိန်ကို စောင့်နေတယ်လို့ ပြောကြား။

– ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တိုနီ ကက်စ်ကာရီနိုက သူတို့အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားနှစ်လုံး ယူနိုင်ခဲ့တဲ့ ခြေစွမ်းနဲ့ အတွေ့အကြုံတွေ ဘယ်ပျောက်သွားသလဲလို့ အာဆင်နယ်ကွင်းလယ်လူ ဝီလီယန်ကို မေးခွန်းထုတ်လိုက်ပြီး လူငယ်တွေက ကျော်တက်ပြီး နမူနာပြန်ပြနေရတာမျိုးက မဖြစ်သင့်ဘူးလို့ ဝေဖန်။

– အာဆင်နယ်နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်အနေနဲ့တော့ သူ့ရဲ့ သိပ်မကျန်တော့တဲ့ ကစားသမားဘဝမှာ အသင်းဟောင်း ဂျီနိုအာထက် စွန့်စားခန်းသစ်တွေကိုပဲ ရွေးချယ်ဖို့ ရှိနေပြီး မန်ညူယယ် ပယ်လီဂရီနီရဲ့ ရီးရဲလ် ဘက်တစ်အသင်းနဲ့ ပူးပေါင်းလိုနေ။

– လူးကပ်စ် တော်ရဲရားရဲ့ အနေအထားအတွက် စိတ်ပူမိတာ မှန်ပေမယ့် အများကြီးတော့ စိုးရိမ်တာမျိုးမဖြစ်မိကြောင်း၊ ချန်ပီယံဆုအတွက် အခြေအနေကောင်းနေတဲ့ အက်သလက်တီကိုအနေနဲ့ ကွင်းလယ်ကို များများစားစား အပြောင်းအလဲမလုပ်ချင်တာကို နားလည်ပေးလို့ ရသလို ဥရုဂွေးသားအနေနဲ့လည်း သူ့ရဲ့နေရာအတွက် ကြိုးစားတိုက်ပွဲဝင်မယ်လို့ ယုံကြည်ကြောင်း နည်းပြ အာတီတာပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ မက်မေဆီကို ရောင်းထုတ်ခဲ့အပြီးမှာ နောက်ဂိုးသမားတစ်ဦးဖြစ်တဲ့ အဲလက်စ် ရူနာဆန်ကိုလည်း အငှားချဖို့ ရှိနေပြီး လူငယ်ဂိုးသမားတွေကို အသင်းကြီးဆီ နေရာပေးနိုင်သလို ဂိုးသမားသစ်တစ်ဦးလည်း ဇန်နဝါရီမှာ ထပ်မံခေါ်ယူသွားဖို့ ရှိနေ။

– အာဆင်နယ်အသင်းက အလိုရှိခဲ့ဖူးပြီး လက်စတာနဲ့ ဝက်စ်ဟမ်းတို့ကလည်း စောင့်ကြည့်နေခဲ့တဲ့ ကွင်းလယ်လူ အာမာဒူ ဒီယာဝါရာကို ပေါင် ၁၈ သန်းနဲ့ ရောင်းချဖို့ ရိုးမားအသင်းအထွေထွေမန်နေဂျာ တီယာဂို ပင်တိုက အေးဂျင့်ဖြစ်သူနဲ့ သဘောတူညီမှုပေးခဲ့တာကြောင့် အမ်းမရိတ်နဲ့ ကောလဟာလတွေ ပြန်လည်ထွက်ရှိလာ။

– ၂၀၂၃ နွေရာသီအထိ သက်တမ်းကျန်ရှိနေသေးမယ့် အာဆင်နယ်အသင်းအတွက် နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီလို့ သတင်းထွက်နေခဲ့တဲ့ နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းကို အသင်းခေါင်းဆောင်စွမ်းရည်မျိုး ပိုင်ဆိုင်သူလို့ အာတီတာနဲ့ အီဒူးတို့က ရှုမြင်ထားပြီး တာဝန်ယူမှုအထဲကို တရားဝင် ထည့်သွင်းသွားဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ ဆက္သြယ္ၿပီး ကစားသမားရဲ႕ အေနအထားကို စုံစမ္းျဖစ္ခဲ့ၿပီး မာလီလက္ေ႐ြးစင္အေနနဲ႔ လိုင္လီက သူ႔ရဲ႕ သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ နီကိုလာ ေပေပနဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔နဲ႔ ပူးေပါင္းလိုေနတယ္လို႔ သိရ။

– ဟက္တာ ဘယ္လာရင္ကို လက္ခံႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးရရင္ အာဆင္နယ္တို႔ လက္လႊတ္သြားဖို႔ ရွိေနၿပီး ရာသီဝက္မွာလည္း လိုခ်င္တဲ့ ျပန္လည္အစားထိုးမႈကို ရႏိုင္ခဲ့ရင္ ေရာင္းခ်ႏိုင္သလို သူ႔ေနရာအတြက္ ေစာင့္ၾကည့္ေနတဲ့ ပစ္မွတ္အျဖစ္ အိုင္းယက္စ္အသင္းရဲ႕ ေမာ္႐ိုကိုသား ႏူဆဲရ္ မာဇရာဝီကို သတ္မွတ္ထား။

– ဖီနာဘာခ်ီအသင္းရဲ႕ ဥကၠဌ အလီ ေကာ့ခ်္ကေတာ့ အာဆင္နယ္ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို ေခၚယူဖို႔ အနီးဆုံး အေနအထားကို ေရာက္ရွိေနခဲ့ၿပီလို႔ ေျပာၾကားလိုက္ၿပီး ကိစၥေတြ ရွင္းလင္းၿပီးရင္ အသင္းအေနနဲ႔ တရားဝင္ေၾကျငာႏိုင္မယ့္ အခ်ိန္ကို ေစာင့္ေနတယ္လို႔ ေျပာၾကား။

– ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း တိုနီ ကက္စ္ကာရီႏိုက သူတို႔အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားႏွစ္လုံး ယူႏိုင္ခဲ့တဲ့ ေျခစြမ္းနဲ႔ အေတြ႕အႀကဳံေတြ ဘယ္ေပ်ာက္သြားသလဲလို႔ အာဆင္နယ္ကြင္းလယ္လူ ဝီလီယန္ကို ေမးခြန္းထုတ္လိုက္ၿပီး လူငယ္ေတြက ေက်ာ္တက္ၿပီး နမူနာျပန္ျပေနရတာမ်ိဳးက မျဖစ္သင့္ဘူးလို႔ ေဝဖန္။

– အာဆင္နယ္ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္အေနနဲ႔ေတာ့ သူ႔ရဲ႕ သိပ္မက်န္ေတာ့တဲ့ ကစားသမားဘဝမွာ အသင္းေဟာင္း ဂ်ီႏိုအာထက္ စြန႔္စားခန္းသစ္ေတြကိုပဲ ေ႐ြးခ်ယ္ဖို႔ ရွိေနၿပီး မန္ညဴယယ္ ပယ္လီဂရီနီရဲ႕ ရီးရဲလ္ ဘက္တစ္အသင္းနဲ႔ ပူးေပါင္းလိုေန။

– လူးကပ္စ္ ေတာ္ရဲရားရဲ႕ အေနအထားအတြက္ စိတ္ပူမိတာ မွန္ေပမယ့္ အမ်ားႀကီးေတာ့ စိုးရိမ္တာမ်ိဳးမျဖစ္မိေၾကာင္း၊ ခ်န္ပီယံဆုအတြက္ အေျခအေနေကာင္းေနတဲ့ အက္သလက္တီကိုအေနနဲ႔ ကြင္းလယ္ကို မ်ားမ်ားစားစား အေျပာင္းအလဲမလုပ္ခ်င္တာကို နားလည္ေပးလို႔ ရသလို ဥ႐ုေဂြးသားအေနနဲ႔လည္း သူ႔ရဲ႕ေနရာအတြက္ ႀကိဳးစားတိုက္ပြဲဝင္မယ္လို႔ ယုံၾကည္ေၾကာင္း နည္းျပ အာတီတာေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ မက္ေမဆီကို ေရာင္းထုတ္ခဲ့အၿပီးမွာ ေနာက္ဂိုးသမားတစ္ဦးျဖစ္တဲ့ အဲလက္စ္ ႐ူနာဆန္ကိုလည္း အငွားခ်ဖို႔ ရွိေနၿပီး လူငယ္ဂိုးသမားေတြကို အသင္းႀကီးဆီ ေနရာေပးႏိုင္သလို ဂိုးသမားသစ္တစ္ဦးလည္း ဇန္နဝါရီမွာ ထပ္မံေခၚယူသြားဖို႔ ရွိေန။

– အာဆင္နယ္အသင္းက အလိုရွိခဲ့ဖူးၿပီး လက္စတာနဲ႔ ဝက္စ္ဟမ္းတို႔ကလည္း ေစာင့္ၾကည့္ေနခဲ့တဲ့ ကြင္းလယ္လူ အာမာဒူ ဒီယာဝါရာကို ေပါင္ ၁၈ သန္းနဲ႔ ေရာင္းခ်ဖို႔ ႐ိုးမားအသင္းအေထြေထြမန္ေနဂ်ာ တီယာဂို ပင္တိုက ေအးဂ်င့္ျဖစ္သူနဲ႔ သေဘာတူညီမႈေပးခဲ့တာေၾကာင့္ အမ္းမရိတ္နဲ႔ ေကာလဟာလေတြ ျပန္လည္ထြက္ရွိလာ။

– ၂၀၂၃ ေႏြရာသီအထိ သက္တမ္းက်န္ရွိေနေသးမယ့္ အာဆင္နယ္အသင္းအတြက္ ႏွစ္ရွည္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္ၿပီလို႔ သတင္းထြက္ေနခဲ့တဲ့ ေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းကို အသင္းေခါင္းေဆာင္စြမ္းရည္မ်ိဳး ပိုင္ဆိုင္သူလို႔ အာတီတာနဲ႔ အီဒူးတို႔က ရႈျမင္ထားၿပီး တာဝန္ယူမႈအထဲကို တရားဝင္ ထည့္သြင္းသြားဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.