Premier League

ေတာ့တင္ဟမ္ေဟာ့စပါးစ္ကေန ထြက္ဖို႔ တိုက္စစ္မွဴး ဟာရီကိန္း စဥ္းစားလာ

UNICODE: အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ လာမယ့်နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးစ်အသင်းကနေ ထွက်ဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်လာပါတယ်။ သတင်းတွေအရ အသက် ၂၆ နှစ်ရှိလာပြီဖြစ်တဲ့ တိုက်စစ်မှူးကိုယ်တိုင်က သူ့ကစားသမားဘ၀ နောက်တစ်ဆင့်အတွက် စဉ်းစားလာတာကြောင့် အသင်းပြောင်းဖြစ်ဖို့များနေပါတယ်။

နည်းပြ ဟိုဆေး မော်ရင်ညိုနဲ့ အသင်းပိုင်ရှင် ဒန်နီယယ် လီဗိုင်းတို့နှစ်ယောက်စလုံးကတော့ ဟာရီကိန်းကို အသင်းမှာ ဆက်ကစားအောင် စည်းရုံးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် မြောက်လန်ဒန်အခြေစိုက် စပါးစ်အသင်းအနေနဲ့ သူ့ကို ဆက်ထိန်းနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ The Telegraphသတင်းစာက ရေးထားပါတယ်။

ပိုဆိုးတာက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် နည်းပြ မော်ရင်ညိုအတွက် ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၅၀ လောက်ပဲ သုံးခွင့်ရနိုင်တယ်လို့ သတင်းထွက်လာနေတာဖြစ်ပြီး လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၇ ကို ရောက်နေပြီး အဆင့် ၅ က မန်ချက်စတာယူနိုက်တက်နဲ့ ၂ မှတ်ကွာနေတဲ့ အနေအထားမှာ အတော်လေးကြိုးစားရဖွယ်လည်း ရှိနေတာပါ။

အဓိကကတော့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် တိုက်စစ်မှူး ဟာရီကိန်းကိုလည်း ဆက်ထိန်းနိုင်ဖို့ မလွယ်သလို သူ့ကို ခေါ်ချင်တဲ့ ထိပ်တန်းကလပ်အသင်းတွေလည်း များစွာရှိနေလို့ တော့တင်ဟမ်အသင်းမှာ တိုက်စစ်မှူးအပြောင်းအလဲ ဖြစ်လာဖွယ်ရှိနေပါတယ်။

အသက် ၁၁နှစ်အရွယ်ကတည်းက တော့တင်ဟမ်အသင်းကိုရောက်လာခဲ့တဲ့ ဟာရီကိန်းဟာ မြောက်လန်ဒန်ကလပ်အတွက် ၂၇၈ ပွဲမှာ ၁၈၁ ဂိုးအထိ သွင်းယူထားပြီး ပရီးမီးယားလိဂ်တစ်ခုတည်းမှာတော့ ၂၀၁ ပွဲကစား ၁၃၆ ဂိုးသွင်းထားပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ၂၀၁၇ ခုနှစ်ကတည်းက အသင်းခေါင်းဆောင်တာဝန်ပေးခံထားရပြီး နိုင်ငံတကာပွဲ ၄၅ ပွဲမှာ ၃၂ ဂိုးသွင်းထားတဲ့ သူ့အနေနဲ့ ဂိုးသွင်းအများဆုံးစံချိန်ဖြစ်တဲ့ ဝိန်းရွန်နီရဲ့ ၅၃ ဂိုးကို သိပ်မကြာခင်မှာ ချိုးဖျက်နိုင်မယ်လို့လည်း တစ်ပေးနေကြကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: အဂၤလန္တုိက္စစ္မွဴး ဟာရီကိန္းဟာ လာမယ့္ေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေန ထြက္ဖို႔ စဥ္းစားေနတယ္လို႔ သတင္းထြက္လာပါတယ္။ သတင္းေတြအရ အသက္ ၂၆ ႏွစ္ရွိလာၿပီျဖစ္တဲ့ တုိက္စစ္မွဴးကိုယ္တိုင္က သူ႔ကစားသမားဘ၀ ေနာက္တစ္ဆင့္အတြက္ စဥ္းစားလာတာေၾကာင့္ အသင္းေျပာင္းျဖစ္ဖို႔မ်ားေနပါတယ္။

နည္းျပ ဟိုေဆး ေမာ္ရင္ညိဳနဲ႔ အသင္းပိုင္ရွင္ ဒန္နီယယ္ လီဗိုင္းတို႔ႏွစ္ေယာက္စလံုးကေတာ့ ဟာရီကိန္းကို အသင္းမွာ ဆက္ကစားေအာင္ စည္းရံုးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ ဒါေပမယ့္ ေျမာက္လန္ဒန္အေျခစိုက္ စပါးစ္အသင္းအေနနဲ႔ သူ႕ကို ဆက္ထိန္းႏိုင္ဖို႔ ခက္ခဲႏိုင္တယ္လို႔ The Telegraphသတင္းစာက ေရးထားပါတယ္။

ပိုဆိုးတာက လာမယ့္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္မရခဲ့ရင္ နည္းျပ ေမာ္ရင္ညိဳအတြက္ ကစားသမားအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေပါင္သန္း ၅၀ ေလာက္ပဲ သံုးခြင့္ရႏိုင္တယ္လို႔ သတင္းထြက္လာေနတာျဖစ္ၿပီး လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၇ ကို ေရာက္ေနၿပီး အဆင့္ ၅ က မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၂ မွတ္ကြာေနတဲ့ အေနအထားမွာ အေတာ္ေလးႀကဳိးစားရဖြယ္လည္း ရွိေနတာပါ။

အဓိကကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္မရခဲ့ရင္ တိုက္စစ္မွဴး ဟာရီကိန္းကိုလည္း ဆက္ထိန္းႏိုင္ဖို႔ မလြယ္သလို သူ႔ကို ေခၚခ်င္တဲ့ ထိပ္တန္းကလပ္အသင္းေတြလည္း မ်ားစြာရွိေနလို႔ ေတာ့တင္ဟမ္အသင္းမွာ တိုက္စစ္မွဴးအေျပာင္းအလဲ ျဖစ္လာဖြယ္ရွိေနပါတယ္။

အသက္ ၁၁ႏွစ္အရြယ္ကတည္းက ေတာ့တင္ဟမ္အသင္းကိုေရာက္လာခဲ့တဲ့ ဟာရီကိန္းဟာ ေျမာက္လန္ဒန္ကလပ္အတြက္ ၂၇၈ ပြဲမွာ ၁၈၁ ဂိုးအထိ သြင္းယူထားၿပီး ပရီးမီးယားလိဂ္တစ္ခုတည္းမွာေတာ့ ၂၀၁ ပြဲကစား ၁၃၆ ဂိုးသြင္းထားပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းမွာလည္း ၂၀၁၇ ခုႏွစ္ကတည္းက အသင္းေခါင္းေဆာင္တာ၀န္ေပးခံထားရၿပီး ႏိုင္ငံတကာပြဲ ၄၅ ပြဲမွာ ၃၂ ဂိုးသြင္းထားတဲ့ သူ႔အေနနဲ႔ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ျဖစ္တဲ့ ဝိန္းရြန္နီရဲ႕ ၅၃ ဂိုးကို သိပ္မၾကာခင္မွာ ခ်ဳိးဖ်က္ႏုိင္မယ္လုိ႔လည္း တစ္ေပးေနၾကေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.