Premier League

အက္ဒရီယန္ရဲ႕ အမွားကို ေဘာလံုးအေပၚ ကေလာ့ပ္ အျပစ္ပံုခ်

UNICODE: ချဲလ်ဆီးကို နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဂိုးသမား အက်ဒရီယန်ဖမ်းရင်း ဂိုးဝင်သွားခဲ့တဲ့ ချဲလ်ဆီးရဲ့ပထမဂိုးနဲ့ ပတ်သက်လို့ လီဗာပူးနည်းပြ ယာဂန် ကလော့ပ်ရဲ့ မှတ်ချက်ပြုမှုက ကြားရသူတိုင်း အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်လောက်မှာ ဂိုးဧရိယာအပြင်ကနေ ဝီလီယန် ကန်လိုက်တဲ့ဘောလုံးက အားပါတာမှန်ပေမယ့် သူ့တည့်တည့်လာာကို ဂိုးသမား အက်ဒရီယန် ကာကွယ်တာမှာ အံ့အားသင့်ရလောက်အောင် ဂိုးထဲ ပုတ်မိလျက်သားဖြစ်ခဲ့ပြီး ဘယ်လိုမှ လက်မခံနိုင်စရာအမှားတစ်ရပ်ဖြစ်ပေမယ့် လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကတော့ သူ့ဂိုးသမားရဲ့ အားနည်းချက်ကြောင့်မဟုတ်ဘဲ ဘောလုံးအနေအထားကိုက ဖမ်းရခက်တာကြောင့်လို့ ဆင်ခြေပေးလိုက်ပါတယ်။

အက်ဒရီယန်ဟာ ဂိုးမပေးရခင် စက္ကန့်ပိုင်းအလိုကမှ ဝီလီယန်ရဲ့ ကန်ချက်တစ်ကြိမ်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဂိုးလွန်ဘောကို လူငယ်နောက်ခံလူ နီကို ဝီလီယမ်စ်က ကွင်းလယ်လူ ဖာဘင်ညိုဆီပေးရာမှာ နားလည်မှုလွဲပြီး ချဲလ်ဆီးအသင်းခြေထဲ ဘောလုံးရောက်သွားရာကတဆင့် ဝီလီယန်က အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ယာဂန်ကလော့ပ်က “ပထမဂိုးက ကျွန်တော်တို့ခြေထဲက ဘောလုံးဆုံးရှုံးသွားတာကြောင့်ပါ။ ဘောလုံးဆုံးရှုံးတဲ့နေရာကလည်း ဂိုးရှေ့ ၁၈ ကိုက် ၁၉ ကိုက် အကွာလောက်ပဲလားမသိဘူး။ ဘောလုံးရဲ့အနေအထားကြောင့်ရော ကန်လိုက်တဲ့နည်းစနစ်ကြောင့်ပါ ဖမ်းရတာ အရမ်းခက်ခဲသွားပါတယ်။ အဲဒီမတိုင်ခင်ကတော့ အက်ဒရီယန်ဟာ အံ့အားသင့်ရလောက်တဲ့ ကန်ချက်တစ်ကြိမ်ကို ကာကွယ်ခဲ့ပါသေးတယ်။ ဘောလုံးကို အမိဖမ်းပြီး စပေးဘောကို အမြန်ပေးရာမှာ အသင်းဖော်တွေ တစ်ယောက်မှ အဆင်သင့်မဖြစ်သေးတော့ ဖာဘင်ညိုလည်း အံ့အားသင့်သွားပါတယ်။ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံဖြစ်ပေမယ့် ဘောလုံးဆုံးရှုံးသွားပြီး ဒါကို သူတို့က အမိအရ အသုံးချသွားနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲမှာ သုံးတဲ့ဘောလုံးဟာ မီတာဒယ်လ်တာမက်စ် အက်ဖ်အေဘောလုံးဖြစ်ပြီး အသုံးပြုတဲ့ သားရေသားရော အရွယ်အစားပါ ထူးထူးခြားခြား အပြောင်းအလဲမရှိတာဖြစ်လို့ နည်းပြ ယာဂန် ကလော့ပ်ပေးခဲ့တဲ့ ဆင်ခြေက ယုတ္တိမဲ့သလိုဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးခ့ဲတဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ ဂိုးသမား အက္ဒရီယန္ဖမ္းရင္း ဂိုးဝင္သြားခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ပထမဂိုးနဲ႔ ပတ္သက္လို႔ လီဗာပူးနည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ မွတ္ခ်က္ျပဳမွဳက ၾကားရသူတိုင္း အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္ေလာက္မွာ ဂိုးဧရိယာအျပင္ကေန ၀ီလီယန္ ကန္လိုက္တဲ့ေဘာလံုးက အားပါတာမွန္ေပမယ့္ သူ႔တည့္တည့္လာာကို ဂိုးသမား အက္ဒရီယန္ ကာကြယ္တာမွာ အံ့အားသင့္ရေလာက္ေအာင္ ဂိုးထဲ ပုတ္မိလ်က္သားျဖစ္ခဲ့ၿပီး ဘယ္လိုမွ လက္မခံႏိုင္စရာအမွားတစ္ရပ္ျဖစ္ေပမယ့္ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ သူ႔ဂိုးသမားရဲ႕ အားနည္းခ်က္ေၾကာင့္မဟုတ္ဘဲ ေဘာလံုးအေနအထားကိုက ဖမ္းရခက္တာေၾကာင့္လို႔ ဆင္ေျခေပးလိုက္ပါတယ္။

အက္ဒရီယန္ဟာ ဂိုးမေပးရခင္ စကၠန္႔ပိုင္းအလိုကမွ ၀ီလီယန္ရဲ႕ ကန္ခ်က္တစ္ႀကိမ္ကို အေကာင္းဆံုးကာကြယ္ႏိုင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ဂိုးလြန္ေဘာကို လူငယ္ေနာက္ခံလူ နီကို ဝီလီယမ္စ္က ကြင္းလယ္လူ ဖာဘင္ညိဳဆီေပးရာမွာ နားလည္မႈလြဲၿပီး ခ်ဲလ္ဆီးအသင္းေျခထဲ ေဘာလံုးေရာက္သြားရာကတဆင့္ ၀ီလီယန္က အျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ယာဂန္ကေလာ့ပ္က “ပထမဂိုးက ကၽြန္ေတာ္တို႔ေျခထဲက ေဘာလံုးဆံုးရႈံးသြားတာေၾကာင့္ပါ။ ေဘာလံုးဆံုးရႈံးတဲ့ေနရာကလည္း ဂိုးေရွ႕ ၁၈ ကိုက္ ၁၉ ကိုက္ အကြာေလာက္ပဲလားမသိဘူး။ ေဘာလံုးရဲ႕အေနအထားေၾကာင့္ေရာ ကန္လိုက္တဲ့နည္းစနစ္ေၾကာင့္ပါ ဖမ္းရတာ အရမ္းခက္ခဲသြားပါတယ္။ အဲဒီမတိုင္ခင္ကေတာ့ အက္ဒရီယန္ဟာ အ့ံအားသင့္ရေလာက္တဲ့ ကန္ခ်က္တစ္ႀကိမ္ကို ကာကြယ္ခဲ့ပါေသးတယ္။ ေဘာလံုးကို အမိဖမ္းၿပီး စေပးေဘာကို အျမန္ေပးရာမွာ အသင္းေဖာ္ေတြ တစ္ေယာက္မွ အဆင္သင့္မျဖစ္ေသးေတာ့ ဖာဘင္ညိဳလည္း အံ့အားသင့္သြားပါတယ္။ ကၽြန္ေတာ္တို႔ ကစားခ်င္တဲ့ပံုစံျဖစ္ေပမယ့္ ေဘာလံုးဆံုးရွဳံးသြားၿပီး ဒါကို သူတို႔က အမိအရ အသံုးခ်သြားႏိုင္ခဲ့ပါတယ္”လို႔ ေျပာပါတယ္။

အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ သံုးတဲ့ေဘာလံုးဟာ မီတာဒယ္လ္တာမက္စ္ အက္ဖ္ေအေဘာလံုးျဖစ္ၿပီး အသံုးျပဳတဲ့ သားေရသားေရာ အရြယ္အစားပါ ထူးထူးျခားျခား အေျပာင္းအလဲမရွိတာျဖစ္လို႔ နည္းျပ ယာဂန္ ကေလာ့ပ္ေပးခဲ့တဲ့ ဆင္ေျခက ယုတၱိမဲ့သလိုျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.