Premier League Transfer News

11 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်ပိုင်းအတွက် ဗဟိုနောက်ခံလူကောင်းတစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေရာမှာတော့ သူတို့တွေနဲ့ ဆက်ဆံရေးကောင်းရှိထားတဲ့ RB လိုက်ပ်ဇစ်တို့နဲ့ပဲ အလုပ်လုပ်ဖို့ များနေပြီး တစ်ဖက်စီအီးအို မင့်ဇ်လတ်ဖ်ကလည်း သူတို့ရဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုကို လက်ခံနိုင်တဲ့ ဈေးရရင် ရောင်းချသွားဖို့ ပြောကြား။

– အသင်းရဲ့ ဆေးအဖွဲ့နဲ့ ပြန်လည်သန်စွမ်းရေးဘက်က တာဝန်ရှိသူတွေကိုတော့ ချီးကျူးရဖို့ ရှိနေပြီး ပျမ်းမျှ ၈ လကနေ ၉ လအထိ နားရလေ့ရှိတဲ့ ဒူးအရွတ် ACL ဒဏ်ရာ ရရှိထားခဲ့တဲ့ ဗန်ဒိုက်ကို ဖေဖော်ဝါရီလကနေ မတ်လကြား ပြန်ကစားနိုင်မယ်ဆိုတာကတော့ တော်တော့်ကို မြန်ဆန်တဲ့ သက်သာမှုလည်းဖြစ်နေ။

– အာဆင်နယ်အသင်းရဲ့ နယူးကာဆယ်လ်နဲ့ အက်ဖ်အေဖလား လူစာရင်းမှာ မပါဝင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ရဲ့ အသင်းနဲ့ ဆက်ဆံရေး ပျက်ပြားနေချိန်မှာ လီဗာပူးလ်ကို လာရောက်ကစားဖို့ ဆုံးဖြတ်သင့်ကြောင်း အန်းဖီးလ်ပရိသတ်တွေ တွစ်တာမှာ တိုက်တွန်းနေကြ။

– အက်စတန်ဗီလာနဲ့ပွဲမှာ သူတို့အသင်းသားတွေအနေနဲ့ တော်တော်လေး စိတ်ပျက်စရာအခြေအနေမျိုးကို လူးဝီးစ် ဘယ်ရီကြောင့် ခံစားခဲ့ကြရတယ်လို့ လီဗာပူးလ်ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်က ထုတ်ဖော်လိုက်ပြီး အကောင်းဆုံးပြန်ကစားနိုင်အောင် အချင်းချင်း အားပေးခဲ့ကြရတယ်လို့ ဝန်ခံသွားခဲ့။

– ဝါရင့်ကွင်းလယ်လူနဲ့ လက်ထောက်အသင်းခေါင်းဆောင် ဂျိမ်းစ် မီလ်နာအနေနဲ့ လာမယ့်ရာသီမှာ သူ့ရဲ့ ကစားသမားဘဝ စတင်ရာ လိဒ်စ်ယူနိုက်တက်အသင်းကို ပြန်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး လီဗာပူးလ်ကွင်းလယ်လူအနေနဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားနိုင်စွမ်းရှိသေးတယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ထားခဲ့။

– ၂၀၂၂ နွေရာသီအထိ စာချုပ်ရှိနေခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကို အသင်းတာဝန်ရှိသူတွေက နည်းပြသစ် မော်ရီစီယို ပိုချက်တီနိုကို ခန့်အပ်ခဲ့မှုနဲ့အတူ ပါရီမှာ ဆက်ရှိနေဖို့ စည်းရုံးနေကြပြီး လစာငွေ တိုးမြှင့်ပေးမယ့် စာချုပ်သစ်ကို ကမ်းလှမ်းဖို့ ရှိနေတာကြောင့် လီဗာပူးလ်အတွက် သတင်းဆိုးဖြစ်လာ။

– ဘရာဂါအသင်းရဲ့ ပေါ်တူဂီလူငယ်လက်ရွေးစင်နောက်ခံလူ ဒေးဗစ် ကာမိုကို စိတ်ဝင်စားနေခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ၂၀၂၅ အထိ ရှိနေတဲ့ စာချုပ်ကြောင့် တိုရီနိုအသင်းရဲ့ ဘရာဇီးလ်ကစားသမား ဂလေးဆန် ဘရီးမားကိုပဲ ပြောင်းလဲပစ်မှတ်ထားရဖွယ်ရှိနေ။

– အသင်းကနေ နွေရာသီမှာ ထွက်ခွာနိုင်တဲ့ MSF တိုက်စစ်ကစားသမားတွေကြောင့် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ တိုက်စစ်မှူး ပတ်ဆန် ဒါကာကို လီဗာပူးလ်အသင်းက စိတ်ဝင်စားနေပြီး ဇမ်ဘီယာတိုက်စစ်မှူးအနေနဲ့ မာနေးနဲ့ ဖာမီနိုတို့နေရာတွေကို ကောင်းကောင်း အစားထိုးနိုင်မယ်လို့ သုံးသပ်ထား။

– လီဗာပူးလ်အသင်းအနေနဲ့ ဟိုမရောက်ဒီမရောက် ကစားသမားတွေကို အချိန်ပေးမနေသင့်ဘူးလို့ ပရိသတ်တွေက ပြောကြားလိုက်ပြီး ဗြိတိန်အလုပ်ပါမစ်မရလို့ ဘွန်ဒက်စ်လီဂါကလပ် ယူနီယန် ဘာလင်ကို အငှားချထားခဲ့တဲ့ နိုင်ဂျီးရီးယားသား တိုင်ဝို အဝိုနီယီကို ရောင်းချသွားဖို့ တိုက်တွန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ခံစစ္ပိုင္းအတြက္ ဗဟိုေနာက္ခံလူေကာင္းတစ္ဦးကို ေခၚယူသြားဖို႔ ျပင္ဆင္ေနရာမွာေတာ့ သူတို႔ေတြနဲ႔ ဆက္ဆံေရးေကာင္းရွိထားတဲ့ RB လိုက္ပ္ဇစ္တို႔နဲ႔ပဲ အလုပ္လုပ္ဖို႔ မ်ားေနၿပီး တစ္ဖက္စီအီးအို မင့္ဇ္လတ္ဖ္ကလည္း သူတို႔ရဲ႕ ေနာက္ခံလူ ဒါယို အူပါမီကာႏိုကို လက္ခံႏိုင္တဲ့ ေဈးရရင္ ေရာင္းခ်သြားဖို႔ ေျပာၾကား။

– အသင္းရဲ႕ ေဆးအဖြဲ႕နဲ႔ ျပန္လည္သန္စြမ္းေရးဘက္က တာဝန္ရွိသူေတြကိုေတာ့ ခ်ီးက်ဴးရဖို႔ ရွိေနၿပီး ပ်မ္းမွ် ၈ လကေန ၉ လအထိ နားရေလ့ရွိတဲ့ ဒူးအ႐ြတ္ ACL ဒဏ္ရာ ရရွိထားခဲ့တဲ့ ဗန္ဒိုက္ကို ေဖေဖာ္ဝါရီလကေန မတ္လၾကား ျပန္ကစားႏိုင္မယ္ဆိုတာကေတာ့ ေတာ္ေတာ့္ကို ျမန္ဆန္တဲ့ သက္သာမႈလည္းျဖစ္ေန။

– အာဆင္နယ္အသင္းရဲ႕ နယူးကာဆယ္လ္နဲ႔ အက္ဖ္ေအဖလား လူစာရင္းမွာ မပါဝင္ခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ရဲ႕ အသင္းနဲ႔ ဆက္ဆံေရး ပ်က္ျပားေနခ်ိန္မွာ လီဗာပူးလ္ကို လာေရာက္ကစားဖို႔ ဆုံးျဖတ္သင့္ေၾကာင္း အန္းဖီးလ္ပရိသတ္ေတြ တြစ္တာမွာ တိုက္တြန္းေနၾက။

– အက္စတန္ဗီလာနဲ႔ပြဲမွာ သူတို႔အသင္းသားေတြအေနနဲ႔ ေတာ္ေတာ္ေလး စိတ္ပ်က္စရာအေျခအေနမ်ိဳးကို လူးဝီးစ္ ဘယ္ရီေၾကာင့္ ခံစားခဲ့ၾကရတယ္လို႔ လီဗာပူးလ္ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္က ထုတ္ေဖာ္လိုက္ၿပီး အေကာင္းဆုံးျပန္ကစားႏိုင္ေအာင္ အခ်င္းခ်င္း အားေပးခဲ့ၾကရတယ္လို႔ ဝန္ခံသြားခဲ့။

– ဝါရင့္ကြင္းလယ္လူနဲ႔ လက္ေထာက္အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ မီလ္နာအေနနဲ႔ လာမယ့္ရာသီမွာ သူ႔ရဲ႕ ကစားသမားဘဝ စတင္ရာ လိဒ္စ္ယူႏိုက္တက္အသင္းကို ျပန္ဖြယ္ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကၿပီး လီဗာပူးလ္ကြင္းလယ္လူအေနနဲ႔ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကစားႏိုင္စြမ္းရွိေသးတယ္လို႔ ေစာင့္ၾကည့္သူေတြက သုံးသပ္ထားခဲ့။

– ၂၀၂၂ ေႏြရာသီအထိ စာခ်ဳပ္ရွိေနခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပကို အသင္းတာဝန္ရွိသူေတြက နည္းျပသစ္ ေမာ္ရီစီယို ပိုခ်က္တီႏိုကို ခန႔္အပ္ခဲ့မႈနဲ႔အတူ ပါရီမွာ ဆက္ရွိေနဖို႔ စည္း႐ုံးေနၾကၿပီး လစာေငြ တိုးျမႇင့္ေပးမယ့္ စာခ်ဳပ္သစ္ကို ကမ္းလွမ္းဖို႔ ရွိေနတာေၾကာင့္ လီဗာပူးလ္အတြက္ သတင္းဆိုးျဖစ္လာ။

– ဘရာဂါအသင္းရဲ႕ ေပၚတူဂီလူငယ္လက္ေ႐ြးစင္ေနာက္ခံလူ ေဒးဗစ္ ကာမိုကို စိတ္ဝင္စားေနခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ၂၀၂၅ အထိ ရွိေနတဲ့ စာခ်ဳပ္ေၾကာင့္ တိုရီႏိုအသင္းရဲ႕ ဘရာဇီးလ္ကစားသမား ဂေလးဆန္ ဘရီးမားကိုပဲ ေျပာင္းလဲပစ္မွတ္ထားရဖြယ္ရွိေန။

– အသင္းကေန ေႏြရာသီမွာ ထြက္ခြာႏိုင္တဲ့ MSF တိုက္စစ္ကစားသမားေတြေၾကာင့္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ရဲ႕ တိုက္စစ္မႉး ပတ္ဆန္ ဒါကာကို လီဗာပူးလ္အသင္းက စိတ္ဝင္စားေနၿပီး ဇမ္ဘီယာတိုက္စစ္မႉးအေနနဲ႔ မာေနးနဲ႔ ဖာမီႏိုတို႔ေနရာေတြကို ေကာင္းေကာင္း အစားထိုးႏိုင္မယ္လို႔ သုံးသပ္ထား။

– လီဗာပူးလ္အသင္းအေနနဲ႔ ဟိုမေရာက္ဒီမေရာက္ ကစားသမားေတြကို အခ်ိန္ေပးမေနသင့္ဘူးလို႔ ပရိသတ္ေတြက ေျပာၾကားလိုက္ၿပီး ၿဗိတိန္အလုပ္ပါမစ္မရလို႔ ဘြန္ဒက္စ္လီဂါကလပ္ ယူနီယန္ ဘာလင္ကို အငွားခ်ထားခဲ့တဲ့ ႏိုင္ဂ်ီးရီးယားသား တိုင္ဝို အဝိုနီယီကို ေရာင္းခ်သြားဖို႔ တိုက္တြန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.